၁၁၈။ ခန္ဓာကိုယ်တုံ့ပြန်မှု
ရှုချင်းရီက သူ့မကျက်နှာကို ပုတ်လိုက်သည်။
“ဟာ. . .ကိုကြီး. . .မအိပ်နဲ့လေ. . .အခန်းထဲရောက်မှအိပ် ဟုတ်ပြီလား?”
မော့ဟန်က ဘာမှပြန်မပြောနိုင်တော့ဘဲ သူ့ကိုယ်ကြီးက သူမပုခုံးလေးပေါ်သို့ မှီကျလာသည်။ ရှုချင်းရီက သူ့ခါးကို လက်တစ်ဖက်ဖြင့်ထိန်းကာ သူ့လက်များအား သူမပုခုံးပေါ်သို့တင်လိုက်ပြီးနောက် မနိုင်မနင်းဖြင့် အိပ်ခန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။
“အားလေးသုံးပြီး. . .လမ်းကို. . .လျှောက်ပါဦး. . .ကိုကြီးက. . .အလေးကြီးပဲ. . .”
ရှုချင်းရီက ဆူလေသည်။
ခနလေးသယ်ရသေးသော်လည်း သူမမှာ မောနေလေပြီ။ ဆိုဖာကျော်လာသည့်အထိ ရှုချင်းရီက သတိမထားမိဘဲ ဆွဲလျှောက်လာခဲ့သည်။ ထို့နောက် သူမမော့ဟန်အား ပြန်လှည့်ကြည့်လိုက်သည့်အခါ ခလုတ်တိုက်မိပြီး နှစ်ယောက်သား ဆိုဖာပေါ်သို့ လဲကျသွားသည်။
သူတို့အိမ်ကဆိုဖာမှာ လက်တန်းပါသည်။ ရှုချင်းရီက ထိုအပေါ်သို့ ခါးဖြင့်ကျကာ သူမကိုယ်အပေါ်ပိုင်းက ဆိုဖာပေါ်တွင်လဲသွားပြီး မော့ဟန်က သူမ၏အပေါ်တွင် ထပ်လျှက်ကျနေသည်။ မော့ဟန်၏ခေါင်းမှာ သူမ၏လည်ပင်းနားတွင် ဖြစ်သည်။ သူမသည် မော့ဟန်ကိုယ်ကြီးပိနေသောကြောင့် ထ၍မရသလို သူမခြေထောက်မှာလည်း ကြမ်းပြင်ပေါ်သို့မထိဘဲ တန်းလန်းဖြစ်နေသည်။
ရှုချင်းရီမှာ အသက်ရှုကြပ်လာသောကြောင့် မော့ဟန်အား ဖယ်ပေးပါရန် ပြောနေသော်လည်း မော့ဟန်မှာ မလှုပ်မယှက်အိပ်ပျော်နေသည်။ ရှုချင်းရီမှာ အားသုံးကာ ဖယ်ကြည့်သော်လည်း သူမအားများမှာ ခုနတုန်းက မော့ဟန်ကို သယ်လာသောကြောင့် မောပန်းနေကာ အားသိပ်မရှိပေ။ ထို့ကြောင့် သူမသည် ဆိုဖာနှင့် မော့ဟန်ကြားမှာ ညှပ်နေကာ ရုန်းထွက်မရ ဖြစ်နေသည်။
ထိုအချိန်မှ သူမအရေးကြီးတာတစ်ခုကို သတိရတော့သည်။ သူမက အတွင်းခံဝတ်မထားမိခြင်းပင်။ ညလယ်ခေါင်ကြီးမှာ မော့ဟန်ဖုန်းဆက်နှိုးသောကြောင့် သူမဖြစ်သလို အမြန်ထွက်လာမိခြင်း ဖြစ်သည်။ မော့ဟန်ကိုလည်း သူမဘယ်လိုမှ ဖယ်မရသည့်အခါ သူမသက်ပြင်းချမိပြီ။ သူမကိုယ်တိုင်လည်း ပင်ပန်းသွားသောကြောင့် သူမတို့မှာ ဒီအခြေအနေအတိုင်းသာ ဒီမှာပဲဆက်အိပ်ရတော့မည်။
အခန်းက တိတ်ဆိတ်နေသောကြောင့် ရှုချင်းရီမှာ အိပ်ချင်လာသည်။ သူမသည် မနက်ဖြန် နိုးလာလျှင် ဘယ်လိုရှင်းပြရမလဲကိုတွေးရင်း လက်ဖြင့် မီးရောင်ကိုကွယ်ကာ အိပ်ပျော်သွားသည်။
နောက်နေ့မနက်တွင် ရှုချင်းရီက အရင်နိုးလာသည်။ သူမခါးတွေမှာ ဆိုဖာပေါ်အိပ်ရာတွင် အနေအထားမမှန်သောကြောင့် ကိုက်ခဲနေပြီ။ မော့ဟန်ကလည်း သူမအပေါ်တွင် ပိနေဆဲဖြစ်သောကြောင့် သူမနှိုးရမကောင်းမကောင်းတွေးနေမိသည်။ သူမတွန်းနှိုးမည်လုပ်သည့်အချိန်တွင်ပဲ သူမရင်ဘတ်ပေါ်တွင် လှဲအိပ်နေသည့် မော့ဟန်က နိုးလာသည်။ သူက ရှုချင်းရီအား မျက်လုံးပွင့်ပွင့်ချင်း ကြောင်အစွာ ကြည့်နေသည်။
‘ဒီကောင်မလေးနှိုးတာတောင် မနေ့ညက ငါမနှိုးဘူးလား? ငါဒီလောက် လွယ်လွယ်ကူကူအိပ်ပျော်တက်နေတာလား?’
“နှိုးပြီလား?”
ရှုချင်းရီက မေးသည်။
ထိုအခါမှ မော့ဟန်က ပတ်ဝန်းကျင်ကို သတိထားမိလာသည်။ သူငုံကြည့်သည့်အခါ ရှုချင်းရီ၏ အတွင်းခံမပါသည့်ရင်ဘတ်မှာ အနည်းငယ်ပေါ်နေသည်ကို တွေ့သည်နှင့် သူ့မျက်နှာက ပူထူသွားသည်။ ထို့နောက် အရေးကြီးတာကို သူသတိထားမိသွားပြန်သည်။ သူ့၏မနက်ခင်းဖြစ်လေ့ရှိသည့်ကိစ္စမှာ ရှုချင်းရီ၏ခြေထောက်ကြားထဲတွင် ဖြစ်နေသည်။ သူကအမြန်ထကာ ဟိုဘက်သို့လှည့်ပြီး ကွယ်လိုက်ရသည်။ ထို့နောက်တွင်မှ သူတစ်ညလုံး ရှုချင်းရီအပေါ်မှာ အိပ်ခဲ့သည်ကို သတိပြုမိသွားသည်။
“အား . . .အား . . .”
ရှုချင်းရီသည် သူမခါးကိုဆန့်ရင်းဖြင့် ဆိုဖာပေါ်တွင် ညည်းနေသည်။ အခုမှ မော့ဟန်က သူမကိုယ်ပေါ်က ထသွားခြင်းဖြစ်သောကြောင့် သူမတစ်ကိုယ်လုံးမှာ နာကျင်ကာညောင်းညာနေသည်။
မော့ဟန်ကတော့ ရှုချင်းရီ၏ညည်းသံကိုကြားသည့်အခါ နားရွက်ဖျားများအထိ ရဲတက်လာသည်။ သူဒီနားမှာ ဆက်မနေရဲတော့သဖြင့် ရှုချင်းရီ၏မျက်နှာကိုတောင် လှည့်မကြည့်ရဲတော့ဘဲ ရှောင်ပြေးသည်။
“ဟို . . .ငါ. . . မျက်နှာသွားသစ်လိုက်ဦးမယ်”
“ဟင်. . .ထူပေးဦး! ညီမလေးခါးနာနေပြီ. . . ထမရဘူး!”
ရှုချင်းရီကတော့ သူမခါးနာလွန်းသောကြောင့် နောက်ကနေ သနားစဖွယ် အကူအညီတောင်းနေသည်။
နောက်ရက်တွေမှာတော့ ရှုချင်းရီဟာ မော့ဟန်၏သွေးအေးလွန်းပုံကို တဗြစ်ဗြစ်တတောက်တောက် အပြစ်ပြောနေတော့သည်။ သူမအပေါ်တွင် တစ်ညလုံးအိပ်သွားသော်လည်း နိုးလာသည့်အခါ သူမကိုတောင် ထူမပေးဘဲ ထွက်သွားသည့်အကြောင်းတို့ ဖြစ်သည်။
မော့ဟန်ကတော့ သူမအပေါ်တွင် တစ်ညလုံးအိပ်မိခဲ့ရုံသာမက သူ့ခန္ဓာကိုယ်ကတုံ့ပြန်မှုအပေါ် သူလန့်နေမိသည်။ သူဟာတစ်ချို့အရာတွေမှာ မူလသူတို့သဘောတူထားသည့် လမ်းကြောင်းကနေ သွေဖီနေကြောင်းကို သူသတိထားနေမိပြီ။ ထိုသို့ဖြစ်ရခြင်းမှာလည်း ရှုချင်းရီက သူသနားသောကြောင့် ကယ်ထားမိသည့် ကောင်မလေးဟု သူမမြင်တော့ခြင်းကြောင့် ဖြစ်နိုင်သည်။