၁၉၃။ နာခံပါ့မယ်
ရှုချင်းရီက မေးလိုက်သည်။
“တတိယသခင်လေး ကျွန်မတစ်ခု မေးချင်လို့။ ရှောင်ယဲ့က ဘယ်လိုသေသွားတာလဲ?”
ရှုချင်းရီက ရှောင်ယဲ့၏ သေဆုံးခြင်းကြောင့် အပြစ်မကင်းဖြစ်ကာ ညတွင်အိပ်မက်ဆိုးများ မက်တက်နေသည်။ ထို့ကြောင့် အတိအကျကို သူမသိရန် လိုအပ်လေသည်။
“သူက. . .ငါသူသေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဝမ်ရှန်က သူ့ကိုကြိုက်နေတာကို ငါသိတယ်. . .ဝမ်ရှန်က ရှောင်ယဲ့ကိုကြည့်တိုင်း သူ့စိတ်တွေကိုမှ ဖုံးမရတာ။ အဲ့ဒါကြောင့် ငါသိလာတာ။ ဝမ်ရှန်က တကယ်မကောင်းတဲ့သူပဲ. . .ရှောင်ယဲ့ကိုတော့ သေသွားလိမ့်မယ် မထင်ခဲ့ဘူး. . .အနည်းဆုံးတော့ ရှောင်ယဲ့ကိုလွှတ်ပေးလိမ့်မယ်လို့ ငါထင်ခဲ့တာ. . .ဒါပင်မယ့် သူကိုယ်တိုင် သတ်ပစ်လိုက်တယ်. . .”
တတိယသခင်လေးက ခေါင်းငုံ့သွားကာ
“သူ့လက်နဲ့ ရှောင်ယဲ့ရဲ့ဗိုက်ကို ဓားနဲ့ထိုးခဲ့တာ။ ဝမ်ရှန်က သူသဘောကျတာကို မပိုင်ဆိုင်ရရင် သူကိုယ်တိုင် ဖျက်စီးပစ်တက်တဲ့ စိတ်ဓာတ်မျိုးရှိမှန်း ငါတကယ် မသိခဲ့ဘူး။ အဲ့ဒါကြောင့် ရှောင်ယဲ့က သူ့လက်ထဲမှာ သေရတာပဲ”
“မသေခင် တစ်ခုခုမှာသွားသေးလား?”
တတိယသခင်လေးက သူမကိုကြည့်ကာ
“သူဘယ်လိုသေလဲ နင့်ကိုမပြောဖို့ ပြောသွားတယ်။ ပြီးတော့ နင့်ဘဝကို နင်ကိုယ်တိုင် ဦးဆောင်ပြီး နေဖို့ပေါ့။ နင့်အတွက်ပဲ သူပြောသွားတာ”
ရှုချင်းရီက နှုတ်ခမ်းလေးကို ကိုက်ကာ ခေါင်းကိုငုံသွားသည်။
“ရှောင်ယဲ့ဖြစ်ခဲ့တဲ့အတွက်. . .”
တတိယသခင်လေးက မေးသည်။
“နင်ငါ့ကို မုန်းသွားပြီလား?”
“မုန်းတဲ့အထိ မဟုတ်ပါဘူး။ အဲ့အချိန်တုန်းက သခင်လေးက တစ်ခုခုလုပ်လိုက်တယ်လို့ ထင်ခဲ့မိတာ။ တကယ်တော့လည်း ကျွန်မအရန်းပင်ပန်းနေတော့ ကိစ္စအများစုကို ကျွန်မကိုယ်တိုင် သတိမထားမိတော့ဘဲ အဲ့ဒီပတ်ဝန်းကျင်က ထွက်သွားဖို့ပဲ တွေးနေမိခဲ့လို့ပါ”
ရှုချင်းရီက သက်ပြင်းချကာ
“သခင်လေးက ကျွန်မနဲ့ ရှောင်ယဲ့တို့ ဘာတွေလဲလို့ သိချင်နေခဲ့တာမလား? တကယ်တော့ ၆နှစ်လုံး သခင်လေးကိုပဲ ချစ်ခဲ့တာ”
ရှုချင်းရီက ခေါင်းငုံကာ ဆက်ပြောသည်။
“တကယ်တော့ ကိုယ့်ကိုယ်ကိုလည်း သေချာမသိပါဘူး။ ၆နှစ်လုံးကြိုက်ခဲ့တာက ရပ်လို့မရခဲ့ဘူး။ ဒီအကြောင်းကို ရှောင်ယဲ့ကလည်း သေချာသိပါတယ်။ ရှောင်ယဲ့နဲ့ ကျွန်မကြားမှာ မောင်နှမသံယောဇဥ်ပဲ ရှိတာပါ။ သူက ကျွန်မကို အမကြီးတစ်ယောက်လို အားထားတယ်။ ကျွန်မလည်း မောင်လေးတစ်ယောက်လို ဂရုစိုက်တယ်။ အဲ့ဒါပဲ”
“တစ်ခါတစ်လေ ဆွေမျိုးတစ်ယောက်လိုတောင် ခံစားမိတာ။ အဲ့ဒါက အရမ်းနွေးထွေးလွန်းတယ်”
ရှုချင်းရီက ပြောသည်။
တတိယသခင်လေးက သူမကိုကြည့်ကာ
“အခုရော ငါ့အပေါ် ခံစားချက်ရှိသေးလား?”
ရှုချင်းရီက ခေါင်းမော့ကာ စိတ်ရင်းဖြင့် ကြည့်လိုက်သည်။ ပြန်မဖြေပေ။
တတိယသခင်လေးက သူမ၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ သူ့ရင်ကို ဓားနဲ့ထိုးသလို နာကျင်သွားသည်။ သူမဘာကိုဆိုလိုကြောင်း သူသိလိုက်သည်။ ထို့နောက် အားတင်းကာ သူပြုံးလိုက်ပြီး
“ငါနားလည်ပြီ။ နင်ပြောစရာ မလိုပါဘူး”
ထိုအချိန်မှာပဲ အစောင့်က အချိန်ပြည့်ကြောင်းပြောကာ တတိယသခင်လေးကို ပြန်ခေါ်သွားတော့သည်။ ရှုချင်းရီကထကာ ပြန်လာခဲ့သည်။
မော့ဟန်က အိမ်မှာ စောင့်နေလိမ့်မည်။ တတိယသခင်လေးနှင့် ပတ်သက်သမျှ ဒီမှာပဲ အဆုံးသတ်သွားတော့မှာ ဖြစ်သည်။
အပြန်လမ်းတွင် ရှုချင်းရီက စိုးရိမ်မှုများကို လွှတ်ချနိုင်ခဲ့ပြီ။ သူမသည် မော့ဟန်အား ပြောပြတော့မည်ဖြစ်ကာ မော့ဟန်၏ ဆုံးဖြတ်ချက်ကိုလည်း လေးစားကာ သူမနာခံပေးလိုက်မည်။
သို့သော်လည်း မော့ဟန်က ထွက်သွားမှာကိုလည်း သူမကြိုတွေးထားသည်။ မော့ဟန်က လူကောင်းတစ်ယောက်ဖြစ်သောကြောင့် သူမထက် ပိုကောင်းသည့်သူနှင့် လိုက်ဖက်ပါသည်။ ဒီလိုတွေးမိသည့်အခါ သူမငိုချင်လာသည်။
ဒါပင်မယ့် မော့ဟန်ကိုတော့ သူမအပြစ်မတင်ပါ။ မော့ဟန်က သူမအတိတ်ကို မသိသောကြောင့် ချစ်ခဲ့ခြင်းသာ ဖြစ်သည်။ ဒီလိုမျိုးက လက်ခံရန် ခက်ခဲမည့်အကြောင်းကို သူမနားလည်ပါသည်။
ရှုချင်းရီက တံခါးဖွင့် ဝင်လိုက်သည့်အခါ ဆိုဖာပေါ်တွင် ထိုင်နေသည့် မော့ဟန်ကို တွေ့လိုက်သည်။ ထိုအခါ သူမကြောက်လာသည်။
“ပြန်လာပြီလား?”
မော့ဟန်က မေးသည်။
“အင်း”
ရှုချင်းရီက ခေါင်းငြိမ့်ပြကာ တံခါးပြန်ပိတ်ပြီးနောက် ဖိနပ်လဲကာ ဝင်လာသည်။
“အဆင်ပြေလား?”
ရှုချင်းရီက မော့ဟန်၏ အနားတွင်လည်း မထိုင်ရဲတော့သလို မော့ဟန်ကိုလည်း မကြည့်ရဲပေ။ သူမသည် ခအ်လှမ်းလှမ်းတွင် ရပ်နေရင်း
“အင်း အဆင်ပြေပါတယ်”
နောက်ဆုံးတော့ မော့ဟန်က မေးလာပြီ။
“တစ်ခုခု ဖြစ်လို့လား?”
ရှုချင်းရီက ဆက်ဖုံးကွယ် မထားချင်သောကြောင့် သက်ပြင်းချကာ မော့ဟန်ကို စိုက်ကြည့်ရင်း
“အင်း ဖြစ်ခဲ့တယ်”
ရှုချင်းရီက မော့ဟန်ဘေးသို့ ဝင်ထိုင်လိုက်ကာ
“ညီမလေး. . .အကုန်မှတ်မိပြီ”
မော့ဟန်က အံ့သြသွားပုံမပေါ်ပေ။ သူရိပ်မိပြီးသား ဖြစ်လောက်သည်။
“အကုန်မှတ်မိပြီ. . .အဲ့ဒါက. . .”
ရှုချင်းရီက မော့ဟန်ကို စေ့စေ့ကြည့်ကာ
“ညီမလေး ပြောမှာက ကိုကြီးထင်ထားတာနဲ့ လုံးဝကွဲပြားနေနိုင်တယ်နော်”
မော့ဟန်က သူမ၏ခေါင်းကိုပုတ်ကာ မျက်မှောင်ကြီး ကုပ်ထားရင်း
“ဘယ်လိုမျိုးလဲ? မင်းက အိမ်ထောင်နဲ့လား?”
ရှုချင်းရီက ခေါင်းခါသည်။
“ချစ်သူရှိနေခဲ့တာလား?”
ရှုချင်းရီက ခေါင်းခါကာ
“တစ်ခုမှ မဟုတ်ပါဘူး”
သူမက ချီတုံချတုံဖြစ်နေကာ
“ညီမလေးရဲ့အတိတ်က လက်ခံဖို့ ခက်လောက်တယ်”
“ဘာဖြစ်လို့ ပြောမပြတာလဲ?”
မော့ဟန်က သူမကိုကြည့်ကာ
“ငါက အရမ်းမဆိုးဝါးပါဘူး။ သက်သောင့်သက်သာပြော။ ငါမင်းဘေးမှာ နားထောင်ပေးနေတယ်”
ရှုချင်းရီက စိတ်သက်သာသွားကာ မော့ဟန်ကို အကုန်ပြောပြလိုက်သည်။ သို့သော်လည်း တတိယသခင်လေးကို သူမ၆နှစ်လုံး ကြိုက်ခဲ့သည့် အကြောင့်ကိုတော့ ပြောမပြတော့ပေ။ ပြောပြရန် မလိုအပ်ဘူးလို့လည်း သူမထင်တာဖြစ်သည်။ တတိယသခင်လေးက အတိမှာ နာကျင်စွာ ချစ်ခဲ့ရသူဖြစ်သော်လည်း အခုတော့ သူမတွင် မော့ဟန်သာ ရှိသည်။
ရှုချင်းရီက အတိတ်အကြောင်းကို လည်ချောင်းခြောက်မတက် ပြောပြပြီးသည့်အခါ မော့ဟန်ကို ကြည့်လိုက်သည်။
မော့ဟန်က သူမကိုပြုံးကြည့်ကာ
“တခြားသူတစ်ယောက်ရဲ့ အကြောင်းလိုပဲ”
“ဒါပေမယ့်. . .အဲ့ဒါက အမှန်ပဲ”
မော့ဟန်က သူမ၏ခေါင်းလေးကို ပုတ်ပေးကာ
“အဆင်ပြေပါတယ်။ အခုပြီးသွားပြီပဲ။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ”
ရှုချင်းရီက မော့ဟန်ကို မော့ကြည့်လိုက်သည်။
“ဒါပင်မယ့်. . .မင်းအတွက် စိတ်မကောင်းဘူး”
မော့ဟန်က ပြောသည်။
“အခုမှပဲ မင်းကိုယ်က ဒဏ်ရာတွေက ဘယ်လိုရလာလဲ သိရတော့တယ်။ အရင်တည်းက ဆရာဝန်က မင်းဒဏ်ရာတွေက ကြာနေပြီလို့ ပြောပြတယ်။ အိပ်ရာပေါ်မှာ မအိပ်တက်တော့လည်း မင်းဘဝက ခက်ခဲခဲ့မယ်ဆိုတာကို ရိပ်မိပါတယ်”
ရှုချင်းရီက မော့ဟန်၏ ပုံမှန်အမူအယာကို မြင်သည့်အခါ
“ဒါဆိုရင် အရင်တုန်းက တခြားယောက်ျားတွေကို မြူဆွယ်ဖျားယောင်းခဲ့ရတာကို စိတ်မဆိုးဘူးလား?”
မော့ဟန်က သူမကို မျက်မှောင်ကျုံ့ကြည့်ကာ
“စိတ်ဆိုးစေချင်လို့လား?”
“ကိုကြီးကို ကြည့်ရတာ. . .ဘယ်လိုမှ မနေသလိုပဲ။ ညီမလေးကို ဂရုမစိုက်တာလား!”
မော့ဟန်က သူမကို ဖက်ထားလိုက်ကာ
“ဂရုစိုက်ပါတယ်ကွာ. . .ဒါပင်မယ့်. . .အတိတ်ကြောင့် ငါတို့အခုဘဝလေးကို မထိခိုက်စေချင်တာပါ”
ရှုချင်းရီက ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်ကာ
“ဒါပင်မယ့် ကိုကြီးချစ်သူက အရင်တုန်းက မြေအောက်လောကထဲကပါဆို! အန္တရာယ်များတဲ့လူလေ။ စိတ်ထဲဘယ်လိုမှ မနေဘူးလား?”
မော့ဟန်ကပြုံးကာ သူမ၏နှာခေါင်းလေးကို ဆွဲဖျစ်လိုက်ပြီး
“မြေအောက်လောကထဲက လူဆိုးမလေး. . .ကြားရတာ ဆွဲဆောင်မှုရှိသားပဲ”
ရှုချင်းရီက နှုတ်ခမ်းလေးကိုဆူကာ
“ဒီလိုသာ ဆက်လုပ်နေတော့။ တစ်ခုခုဖြစ်မှာ မကြောက်ဘူးလား? ညီမလေးက အရင်ကလို လူတွေက ခုတ်ပိုင်းပြီးတော့ လိုချင်တာရအောင် လျှောက်လိမ်နေရင် ဘယ်လိုလုပ်မလဲ?”
“စိတ်ပူမနေနဲ့။ ဒီလိုမျိုးတွေမဖြစ်အောင် ငါစောင့်ရှောက်ပေးမှာပါ”
ရှုချင်းရီက ဆွံ့အသွားလေပြီ။ သူမသည် မော့ဟန်က သူမကို ထားသွားမလား စိုးရိမ်ခဲ့ရတာ ဖြစ်သည်။
“ဒါဆိုရင်လည်း. . .နောက်နောင် သေချာဂရုစိုက်ပြီး စောင့်ရှောက်ပေးနော်”
ရှုချင်းရီက မော့ဟန်ကို မှီလိုက်ကာ
“ညီမလေးလည်း ကိုကြီးစကားကို နားထောင်ပြီး အရှုပ်တွေ မလုပ်တော့ပါဘူး”
ရှုချင်းရီက ချိုသာစွာ ပြောလိုက်သည်။