May Honey Logo May Honey
Previous Next

၁၂၄။ နာကျင်မှု

ထိုအခါမှသာ တစ်ခုခုလွဲနေမှန်းကို မော့ဟန်သိတော့သည်။ နောက်ထပ်ခေါ်နေသော်လည်း ဖုန်းကပြန်မပွင့်လာသေးပေ။ ထိုအခါ သူ့အတွေးများမှာ ရှုပ်ကုန်ပြီ။ တစ်ခုခုဖြစ်တော့မည်ဟုလည်း သူခံစားမိနေသည်။ ထို့ကြောင့် မော့ဟန်မှာ သူ့ကုတ်အကျီကို ဆွဲယူပြီး အခန်းထဲမှ ထွက်ပြေးသွားမိသည်။ သူ့အတွင်းရေးမှူးအားလည်း ဘာကိုမှမှာမနေနိုင်တော့ပေ။ သူထိုနေရာကို ချက်ချင်းသွားရန် လိုအပ်နေပြီ။ ရှုချင်းရီက သူ့ကိုပို့ထားသည့်လိပ်စာတွင် တစ်ခုခုတော့ ဖြစ်နေသည်။ ထိုအတွေးများကြောင့် သူ့ခြေလှမ်းများမှာ ပိုမြန်လာသည်။

သူရုံးထဲမှအပြင်သို့ ရောက်ကာမှ မိုးရွာနေမှန်းသိတော့သည်။ တစ်မြို့လုံးတွင် သည်းထန်စွာရွာနေသည့် မိုးပေါက်များကြောင့် လမ်းများတွင် ဗွက်ထနေတော့သည်။ မိုးတဖွဲဖွဲရွာသံတို့မှာ ကျယ်လောင်လွန်းသောကြောင့် မော့ဟန်သည် ပြေးနေရင်းမှာကို လမ်းမက ကားသံများကို ခပ်တိုးတိုးသာ ကြားရတော့သည်။

သူကမိုးရွာထဲတွင် ဖုန်းကိုလက်ဖြင့်ကာ၍ ရှုချင်းရီအား အဆက်မပြတ်ခေါ်နေသော်လည်း ဖုန်းပိတ်ထားသည်ဟုသည့်အသံကသာ ထွက်ပေါ်လာသည်။ မော့ဟန်မှာ ရှုချင်းရီဖုန်းမကိုင်လေလေ သူ့ရင်ခုန်သံတွေက ပိုမြန်လာလေလေသာ ဖြစ်နေတော့သည်။ သူထိုနေရာသို့ မြန်မြန်ရောက်ချင်နေပြီ။ အမြန်ရောက်ပြီး ရှုချင်းရီအား မြင်ချင်လှပြီ။

“ထွက်သွား. . .သွား!”
ရှုချင်းရီမှာ အားကုန်သုံးကာ သူမအား ချုပ်ထားသည့်သူဆီမှ အတင်းရုန်းကန်နေသည်။

“တောက်! ခွေးမ. . . ငြိမ်ငြိမ်နေစမ်း!”
ထိုလူမှာ သူမလက်တွေကိုချုပ်ကာ သူမအားမနည်းဖိထားရသည်။ ထို့နောက် သူ့ဘေးမှလူအား
“ဒီကောင်မက အရမ်းသွက်တယ်ကွ!”

ရှုချင်းရီမှာ ကော်ဖီဆိုင်ကို ဝင်ကတည်းက သူမအနောက်သို့ လိုက်နေသည့်သူရှိကြောင်း သတိထားမိသည်။ ထိုဆိုင်ကမှန်မှတစ်ဆင့် မသိမသာသူမကြည့်လိုက်သည့်အခါ သူမအနောက်တွင် အနက်ရောင်ဦးထုပ်ဖြင့် လူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်သည်။ ထိုလူ၏အကြည့်များမှာ တစ်ခုခုလွဲမှားနေသလို ဖြစ်သောကြောင့် သူမထိုလူအား မကြည့်ရဲပေ။ သူစိမ်းတစ်ယောက်က သူမကို ဒီလိုကြည့်နေစရာ အကြောင်းပြချက် မရှိဘူး။

ရှုချင်းရီက ဒီလူအား သူမကိုမျက်ခြေပျက်သွားအောင်လုပ်ရန် ကြိုးစားပါသေးသည်။ သို့သော်လည်း လမ်းဒေါင့်ချိုးကိုရောက်ကာမှ သူမကိုလိုက်နေသည့်သူမှာ တစ်ယောက်တည်း မဟုတ်ကြောင်း သိတော့သည်။ သူမတစ်ယောက်တည်း ဒီလူများကို မကိုင်တွယ်နိုင်သောကြောင့် နားကြပ်အမြန်တက်ကာ မော့ဟန်အား ဖုန်းခေါ်လိုက်သည်။ ဖုန်းကို မော့ဟန်က မကိုင်သလို သူမလိုက်ကိုလိုက်သည့်သူများကလည်း အရမ်းနီးနေပြီ။ ထို့ကြောင့် တစ်ခုခုဖြစ်လာလျှင် အကူအညီသာ အော်တောင်းရန်ရှိတော့သည်။

သို့သော်လည်း သူမသည် မျက်ခြေပျက်ရန်လုပ်ရင်း သူမလမ်းပျောက်နေလေပြီ။ သူမလျှောက်နေသည့်လမ်းမှာ လမ်းမီးတိုင်ဝါကျင့်ကျင့်များနှင့် ဘေးတွင် အဆောက်အဦးဟောင်းနှင့် ရေမြောင်းတို့သာ ရှိသည်။ ထိုလမ်း၏အဆုံးမှာတော့ မီးထိန်ထိန်လင်းကာ လူရှုပ်နေသည့် လမ်းမကြီးရှိသည်။ ထိုလမ်းမပေါ်က လျှောက်သွားရင်တော့ မော့ဟန်၏ရုံးကို ရောက်နိုင်သည်။

ထိုအချိန်တွင်ပဲ ရုတ်တရပ်မိုးခြိမ်းသံနှင့်အတူ မိုးသီးမိုးပေါက်တို့က ကျဆင်းလာသည်။ ရှုချင်းရီမှာ ကြောက်လန့်လွန်းသောကြောင့် တဒိန်းဒိန်းခုန်နေသည့် ရင်ခုန်သံများဖြင့် မနည်းစိတ်ငြိမ်အောင်ထားကာ ပြေးတော့သည်။ အိတ်ကပ်ထဲမှဖုန်းကိုနှိုက်ကာ မှိန်ပြပြ လမ်းမီးများအောက်တွင် သူမရောက်နေသည့်နေရာကို မနည်းပြန်တွေးကြည့်ကာ မော့ဟန်ဆီသို့ ပြေးနေရင်းမှ စာပို့လိုက်သည်။

မိုးတဖွဲဖွဲရွာသံက ကျယ်လာကာ သူမအနောက်သို့ လိုက်လာသည့် လူများ၏ခြေသံတို့မှာလည်း နီးကပ်လာလေပြီ။ ရှုချင်းရီက သူမနှင့် သိပ်မဝေးတော့သည့် လမ်းမကြီးကိုကြည့်ကာ ပိုမြန်သထက်မြန်အောင် ပြေးလေသည်။ သူမသာ ထိုလမ်းမပေါ်သို့ရောက်လျှင် အရာအားလုံးမှာ အဆင်ပြေနိုင်မည် ဖြစ်သည်။

သူမ၏ဆံပင်တိုလေးများက မိုးရေကြောင့် ရွဲနေကာ မျက်နှာတွင် ဆံပင်တစ်ချို့ကပ်နေသည်။ မိုးပေါက်တွေက သူမမျက်လုံးထဲသို့ဝင်သောကြောင့် သူမမြင်ကွင်းများမှာလည်း ဝေဝါးနေပြီ။ သူမလုပ်သည်ဟူ၍ အလင်းရောင်ရှိရာသို့ ပြေးရုံသာ ဖြစ်သည်။

ထို့နောက်တွင်တော့ မှောင်နေသည့်လမ်းအလည်ခေါင်တွင် လူတစ်ယောက်က ပေါ်လာသည်။ ထိုလူက ယုတ်မာစွာပြုံးကာ ရှုချင်းရီအား ကြည့်နေသည်။ ဒီအပြုံးကို ရှုချင်းရီမှာ တစ်သက်လုံးကြောက်ရွံကာ မမေ့နိုင်တော့ပေ။

ထိုလူက သူမအား ဖမ်းမိသွားသည်။ ထိုလူက သူမ၏ဗိုက်ကိုကန်လိုက်သောကြောင့် ကြမ်းပြင်ပေါ်သို့လဲသွားသည်။ ရှုချင်းရီမှာ ပြန်ထရပ်ပြီးပြေးချိန်မရအောင်ကို ထိုလူက သူမဗိုက်အား တရစပ်ကန်ကာ ရေမြောင်းနားသို့ပင် ရောက်နေပြီ။

ရှုချင်းရီမှာ ကွဲထွက်တော့မတက်ဖြစ်နေသည့်ဗိုက်ကို အုပ်ကိုင်ကာ လဲနေသည်။ သူမသည် လမ်းပေါ်က ကြမ်းပြင်မှာ ချွေးအေးများထွက်ကာ နာကျင်လွန်းသောကြောင့် မလှုပ်ရှားနိုင်တော့ပေ။ မိုးရေများက သူမတစ်ကိုယ်လုံးကို စိုရွှဲနေသလို အခုတော့ ရွံဗွက်ရေများပေကာ လဲနေသည်။

သူမ၏ဒီလိုအခြေအနေလို အခွင့်ကောင်းယူကာ နောက်လူတစ်ယောက်က ပါးကိုလာရိုက်သည်။ ထို့သို့ပါးရိုက်ခံလိုက်ရသောကြောင့် ရှုချင်းရီမှာ ခေါင်းတောင် တစ်ဖက်သို့ လည်ထွက်သွားပြီး အသက်ကိုမနည်းရှုနေရသည်။ သူမဗိုက်၊ခါးနှင့် ခြေလက်တို့မှာ အလွန်အမင်း နာကျင်နေပြီ။ ဒီလိုနာကျင်လွန်းသောကြောင့် ဘာအသံကိုမှ သူမမကြားနိုင်တော့ပေ။

Previous Chapter 124 of 199 Next