May Honey Logo May Honey
Previous Next

၉၇။ ထပ်နမ်းခြင်း

မော့ဟန်က သူမ၏အပြုံးကိုကြည့်ကာ သူ့နှလုံးသားမှာ နှစ်မြုပ်သွားလေသည်။
‘ထပ်ဖြစ်ပြန်ပြီ!’

“နိုးနေပြီလား?”
မော့ဟန်က သူမအား မေးလိုက်သည်။

ရှုချင်းရီက ဆိုဖာပေါ်တွင် အပြုံးကြီးပြုံးနေသောလည်း သူမကိုယ်လေးကတော့ ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်ဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျမတက် ဖြစ်နေသည်။

“အရက်ရှိသေးလား? ထပ်သောက်ချင်သေးတယ်!”

မော့ဟန်က မျက်မှောင်ကျုံရင်းသာ သူမအား ထိန်းပေးလိုက်ရသည်။ ထိုကောင်မလေးအား သူ့ပုခုံးပေါ်တွင် မှီစေရင်း
“အရက်နည်းနည်းလေးဝင်သွားရုံနဲ့ မင်းဒီလိုဖြစ်သွားတာပဲ”

ရှုချင်းရီက မော့ဟန်၏ ပုခုံးကို မှီထားရင်း လည်ပင်းကိုပါ သိုင်းဖက်လိုက်သည်။
“သောက်ချင်သေးတယ်လို့”

မော့ဟန်က သူမ၏လက်များကိုဖယ်ကာ စိတ်မရှည်စွာဖြင့်
“ငါထပ်ပြောမယ်။ ငါမင်းကို ဒီနေ့ည အိမ်ပေါ်ကနေ ကန်ချမှာကို ယုံတယ်မလား?”

“မယုံပါဘူး”
ရှုချင်းရီက ပြုံးရင်းပြောကာ သူ့ကိုလည်း လက်မလွှတ်ချေ။

မော့ဟန်က သူမကိုချီသွားရရင်း သူမ၏ ပေါက်ကရပြောနေသည်များကိုလည်း နားထောင်နေရသည်။ သူက မျက်မှောင်ကျုံကာ သူမအား အပြင်သို့ ခေါ်လာသည်။ သူမအိမ်ပြန်ရောက်လျှင် အိပ်ပျော်နိုင်စေဖို့လည်း အရက်နာကျသက်သာဆေးကို ဝယ်ချင်သေးသည်။

ကားဘေးနားသို့ ရောက်လာသည့်အခါ ရှုချင်းရီကို ကားထဲထည့်ဖို့ ပြင်သည်နှင့် သူမက ထရုန်းပြန်သည်။
“စက်ဘီးပြန်စီးချင်တယ်!”

“ဘယ်စက်ဘီးကို စီးမလို့လဲ? ကားထဲကိုသာဝင်”
မော့ဟန်က ရှုချင်းရီအား ချုပ်ထားရသည်။

ရှုချင်းရီက ခေါင်းကို တလှုပ်လှုပ်ခါကာ
“မဝင်ဘူး။ စက်ဘီးပဲ စီးချင်တာ”

မော့ဟန်က သက်ပြင်းချကာ သူမကို လက်တစ်ဖက်ဖြင့် ချုပ်ထားရင်းကနေ နောက်လက်တစ်ဖက်ဖြင့် ကားတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူမအား ကားအရှေ့ခုံတွင် ချလိုက်ကာ တံခါးပြန်ပိတ်လိုက်သည်။ သူကတော့ ကားတစ်ဖက်ခြမ်းသို့ အမြန်သွားလိုက်သည်။

ကားထဲဝင်ပြီးတော့ သူသေချာတောင် မထိုင်ရသေးခင်မှာပဲ ရှုချင်းရီမှာ ကားတံခါးဖွင့်ကာ ထွက်ပြေးသွားသည်။

“ဘယ်သွားတာလဲ?”
မော့ဟန်မှာ သူမနောက်သို့ လိုက်ရပြန်သည်။

ရှုချင်းရီ ပြေးသွားသည်ကတော့ လမ်းဘေးတွင် စက်ဘီးတွန်းနေသည့် ကောင်လေးတစ်ယောက်ဆီကို ဖြစ်သည်။ သူမက ထိုကောင်လေး၏ စက်ဘီးကို သွားဆွဲနေကာ ထိုကောင်လေးအား ကြည့်ရင်း

“ငါနင့်စက်ဘီးကို စီးချင်တယ်!”
သူမက နှုတ်ခမ်းလေးဆူကာ ပြောနေသည်။

မော့ဟန်က အမြန်ပြေးသွားကာ သူမအား ပဟေဌိဖြစ်စွာ ကြည့်နေသည့် ကောင်လေးအား
“တောင်းပန်ပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ညီမလေးက မူးနေလို့ပါ။ သူပြောတာကို စိတ်ထဲမထားပါနဲ့”
မော့ဟန်က ရှင်းပြရသည်။

“မမူးဘူး! သောက်ခဲ့ရလို့လား? သောက်ချင်ပါတယ်ဆိုတာကိုတောင် မတိုက်ဘဲနဲ့!”
ရှုချင်းရီက သူ့အားပြန်ကြည့်လာသည်။ သူမက ထိုကောင်လေး မယုံမှာကို ကြောက်ကာ ပါးစပ်လေးဟပြီး လေမှုတ်ထုတ်ကာ ပြောသည်။
“ငါ့ကို မယုံဘူးလား? အနံ့ရလား?”

မော့ဟန်က ခေါင်းကိုက်လာသလို ဖြစ်လာသောကြောင့် သူမလက်ကိုဆွဲလိုက်သည်။
“ရုတ်ရုတ်သဲသဲလုပ်နေတာ မပြီးနိုင်တော့ဘူးလား? အိမ်ကို မြန်နိုင်သမျှ မြန်မြန်ပြန်မှပဲ”

“ဟင့်အင်း! ဟင့်အင်း! စက်ဘီးစီးချင်တာ!”

“ဆော့မနေနဲ့တော့။ မြန်မြန်ပြန်ရအောင်”

ရှုချင်းရီက စက်ဘီးကို မလွှတ်ချင်သည့်ပုံဖြင့် ဆွဲထားကာ
“ဟင့်အင်း! စက်ဘီးစီးချင်တာပါဆို! ခနလေးဆိုရင်တောင် ရတယ်!”

မော့ဟန်က သက်ပြင်းချလိုက်သည်။ သူမ၏စကားတွေကြောင့် သူခေါင်းတွေ ကိုက်နေပြီ။ သူ့ဘဝတွင် ဒီလိုအခြေအနေမျိုးကို တစ်ခေါက်မှ မရောက်ဖူးပါ။ အခုဖြစ်သည်မှာလည်း ဆိုးဝါးသည့် အရက်ကြောင့်ပင်။ ရှုချင်းရီမှာ မူးသွားလျှင် ဒီလိုမျိုးဖြစ်တက်သည်ကို သူသိပါက သူမအား အရက်ခွက်ကို လက်ဖျားနဲ့တောင် မထိစေရန် သူတားဆီးမှာ ဖြစ်သည်။

ဘေးကကောင်လေးမှာ မော့ဟန်၏အမှုအယာကို ကြည့်ပြီးနောက် သူ့အားတောင်းဆိုနေသည့် ရှုချင်းရီ၏ အမူအယာကိုကြည့်ပြီးနောက် သူ့ရင်ထဲတွင် နူးညံ့သွားကာ
“ဒီလိုလုပ်ပါလား? ဒီနေ့ ကျွန်တော် အိမ်ပြန်ဖို့ အလျှင်မလိုဘူး။ သူကစက်ဘီးစီးချင်တယ်ဆိုရင် သူ့ကိုနောက်မှာတင်ခေါ်သွားပါလား? ခင်ဗျားလိပ်စာကို ရေးပေးခဲ့လေ။ မနက်ဖြန်မှ ကျွန်တော် စက်ဘီးကို လာယူမယ်”

“မဟုတ်တာ။ မင်းအလုပ်ရှုပ်မှာပေါ့”

“ရပါတယ်ဗျာ။ ခင်ဗျားသူ့ကို စက်ဘီးမစီးခိုင်းရင် အိမ်ပြန်ခေါ်သွားဖို့ ဒီနေ့အရမ်း ခက်လိမ့်မယ်”
ကောင်လေးက ပြုံးကာ ပြောသည်။ သူကစက်ဘီးကိုလွှတ်ပေးလိုက်ကာ ရှုချင်းရီအား အနောက်တွင်ထိုင်ဖို့ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။

ရှုချင်းရီက အပြုံးကြီးပြုံးလိုက်ပြန်သည်။ ထို့နောက် ထိုကောင်လေး ထင်မထားသည့်အချိန်မှာပဲ သွားဖက်ကာ နမ်းလိုက်ပြန်သည်။

Previous Chapter 97 of 199 Next