May Honey Logo May Honey
Previous Next

၁၁၀။ လက်ဆောင်

မော့ဟန်က ထိုနေ့တွင် စောစောရုံးတက်ကာ စောစောရုံးဆင်းဖို့ ပြင်နေခဲ့သည်။ သူပစ္စည်းသိမ်းနေသည့် အချိန်တွင်ပဲ ရှုချင်းရီက ဖုန်းခေါ်လာသည်။ ဒါဟာ နှစ်ရက်အတွင်းမှာ ပထမဆုံး သူမဖုန်းခေါ်လာခြင်း ဖြစ်သည်။
“ဟယ်လို? ကိုကြီး အလုပ်ပြီးပြီလား?”

“ဘာဖြစ်လို့လဲ?”
မော့ဟန်က ထူးမခြားနားလေသံဖြင့် မေးသည်။

“အပြင်ခနလောက်ထွက်ခဲ့ပါလား?”
ရှုချင်းရီက ရွှင်မြူးစွာ ပြောသည်။

“ဘာလုပ်မလို့လဲ?”

“ကိုကြီးကို လက်ဆောင်ပေးမလို့”
ရှုချင်းရီက ဖုန်းကိုကိုင်ရင်းက ပြုံးရွှင်စွာ ပြောသည်။

မော့ဟန်က တွေဝေသွားသည်။ ရှုချင်းရီက သူ့အတွက် လက်ဆောင်ဝယ်ပေးလိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ပါ။

“ဒီနေ့က ငါ့မွေးနေ့မှ မဟုတ်တာ”

“သိသားပဲ။ ဒီတိုင်း လက်ဆောင်လေးပါ”

“ဘာလဲ?”
မော့ဟန်က မေးသည်။

“မှန်းကြည့်လေ”
ရှုချင်းရီ၏ ရယ်သံကို ကြားနေရသည့်အခါ တစ်ခုခုက ဟုတ်မနေဘူးဆိုတာကို သူသိသွားသည်။ ဖုန်းကိုခွာပြီး သူ့ရုံးခန်းပတ်လည်ကို သတိထားနားထောင်ကြည့်သည့်အခါ ရယ်သံလေးကို ကြားနေရသေးသည်။

“ဘယ်မှာလဲ?”

“တံခါးဖွင့်လိုက်ရင် သိရမှာပေါ့”

သူမစကားကိုကြားမှ သူနားလည်သွားသည်။ ဖုန်းကိုကိုင်ရင်းဖြင့် သူတံခါးကို ဖွင့်လိုက်သည့် အခါရှုချင်းရီကို အပြင်မှာ တွေ့လိုက်သည်။

သူမက ပုခုံးပျောက်ဂါဝန်အဝါရောင်လေးကိုဝတ်ထားကာ လွယ်အိတ်ကြီး လွယ်လာသောကြောင့် ဖြူစင်ရိုးသားသည့် အထက်တန်းကျောင်းသူလေးလိုပင်။

သူမက သူ့အားမျက်လုံးတစ်ဖက်မှိတ်ပြကာ ဖုန်းကိုချလိုက်ပြီးနောက် ပြောသည်။
“သွားရအောင်”

“ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?”
မော့ဟန်က ခေါင်းရှုပ်နေပြီ။

“အလုပ်ပြီးသွားပြီမလား။ ညီမလေးနဲ့ လက်ဆောင် လိုက်ယူလေ။ နောက်ကျသွားရင် မရတော့ဘူးနော်”

မော့ဟန်က လွယ်အိတ်ကြီးလွယ်လာသည့် သူမကို ထူးဆန်းစွာကြည့်ကာ
“ဘာဖြစ်လို့ အိတ်ကြီးက လွယ်လာတာလဲ?”

ရှုချင်းရီက ပြုံးလို့သာနေသည်။

“ဘာအတွက်လဲဆိုတာ နောက်ကျရင် သိရမှာပေါ့”
သူမက ပြောပြီးသည်နှင့် မော့ဟန်၏လက်မောင်းကို တွဲကာ အပြင်သို့ လျှောက်လာသည်။

“လာပါ ကိုကြီးရဲ့ လက်ဆောင်ကို သွားကြည့်ရအောင်”

“ဘယ်ကိုသွားမလို့လဲ?”
မော့ဟန်က မေးလိုက်သည်။

ရှုချင်းရီက ဘာမှပြန်မပြောပေ။ သူကားမောင်းဖို့ လုပ်သည့်အခါတွင်လည်း သူမကတားသည်။ ထို့နောက် တက်စီတစ်စီးခေါ်ကာ ဝင်ထိုင်လိုက်ရသည်။

“လေဆိပ်ကို”
ရှုချင်းရီက တံခါးပိတ်ကာပြောသည်။

“လေဆိပ်?”
မော့ဟန်က နားမလည်နိုင်တော့ပါ။

“ခနစောင့်ပါဦး။ ဟိုကိုရောက်ရင် သိရမှာပါ”
သူမက နာရီကိုကြည့်ကာ စိတ်လောနေသည့်ပုံဖြင့် ပြောသည်။

မော့ဟန်က စကားမပြောဖို့ပဲ ရွေးလိုက်သည်။ သူကနောက်ကိုမှီလိုက်ကာ မျက်လုံးမှိတ်နားလိုက်ပြီး ရှုချင်းရီက သူ့အတွက် ဘာလက်ဆောင်ပြင်ထားမလဲဆိုသည်ကိုပဲ တွေးနေမိသည်။

၁၀မိနစ်ခန့်ကြာသည့်အခါ သူတို့သည် လေဆိပ်ဝင်ပေါက်သို့ ရောက်လာသည်။ ရှုချင်းရီက မော့ဟန်အား ကားပေါ်ကနေ အမြန်ဆင်းစေကာ လေဆိပ်ထဲသို့ အမြန်ဆွဲသွားသည်။ သူမက ဆိုင်းဘုတ်များကိုကြည့်ကာ မော့ဟန်ကိုဆွဲရင်း အခြားတစ်ဖက်သို့ ပြေးနေပြန်သည်။

“မြန်မြန် နာရီဝက်လောက်ပဲ ကျန်တော့တယ်။ မမှီတော့မှာစိုးတယ်”

လေဆိပ်တွင် ဒီလိုမျိုး သူမပျာယာနေသည်ကို မြင်သည့်အခါ ပိုထူးဆန်းလာသောကြောင့် မော့ဟန်က ရပ်လိုက်ပြီး မေးလိုက်သည်။
“ဘာလဲ? ဘာဖြစ်လို့ ပြေးနေတာလဲ? လက်ဆောင်က လေဆိပ်နဲ့ ဘာဆိုင်လို့လဲ?”

ရှုချင်းရီက သူ့ကိုပြန်ရပ်ကြည့်ပြီးနောက် အိတ်ကိုဖွင့်ကာ စာအိတ်လေးနှစ်ခု သူ့အားပေးလိုက်သည်။

“လေယာဉ်လတ်မှတ်”
သူမက တည်ငြိမ်စွာ ဖြေလိုက်သည်။

မော့ဟန်က သူ့လက်ထဲက စာအိတ်များကို ကြည့်ရင်း ပိုအံ့သြသွားသည်။
‘ဘယ်တုန်းက Fမြို့တော်အတွက် လေယာဉ်လတ်မှတ် ဝယ်လိုက်တာလဲ? ပိုအရေးကြီးတဲ့အပိုင်းက တစ်စောင်က သူမအတွက်နဲ့ တစ်စောင်က သူ့အတွက် ဖြစ်နေတာလား!’

Previous Chapter 110 of 199 Next