May Honey Logo May Honey
Previous Next

၁၅၁။ အိပ်မရခြင်း

“မဟုတ်ပါဘူး။ ဒီတိုင်း အိပ်နေမကျလို့ပါ။ ကျွန်မက အတိတ်မေ့နေသေးတာကို သိတယ်မလား။ ကိုမာဖြစ်ပြီးနိုးလာကတည်းက တစ်ယောက်တည်း အိပ်နေကျဖြစ်နေလို့ပါ”

“တကယ်လို့ စိတ်မချဖြစ်နေတာဆိုရင် ကိုယ်ညန်ညန်ရဲ့ ခွင့်ပြုချက်မရှိဘဲ မထိပါဘူး”

ရှုချင်းရီက ပြုံးကာ
“မဟုတ်ပါဘူး။ အခုတစ်ယောက်တည်းပဲ အိပ်ချင်လို့ပါ”

ဟန်လျန်က သူမအား ဖျောင်းဖျချင်နေသည့်ပုံပေါ်သောကြောင့်
“ကျွန်မပြန်မှတ်မိတဲ့အချိန်အထိ ရှင်ခနလောက် ကျွန်မကို စောင့်ပေးပါလား? အချိန်အကြာကြီးမဟုတ်ပါဘူး”

ဟန်လျန်က ပြောသည်။
“အင်း. . .ကိုယ်စောင့်ပါ့မယ်”

သူက တံခါးနားမှာရပ်နေသည့် ရှုချင်းရီအား ကြည့်ကာ ရယ်ပြီးနောက်
“ညန်ညန် ဒီကိုခနလာပါဦး”

ရှုချင်းရီက
“ဟမ် ဘာဖြစ်လို့လဲ?”

“လာပါကွ”

ရှုချင်းရီက အိပ်ရာပေါ်တွင် စာအုပ်ထိုင်ဖတ်နေသည့် ဟန်လျန်၏အနားသို့ သွားလိုက်သည်။ ဟန်လျန်က ခါးကိုမတ်ကာ သူမ၏လည်ပင်းကို သိုင်းဖက်ပြီး ဆွဲကိုင်းစေသည်။ ထို့နောက် သူ့နှုတ်ခမ်းတို့က သူမနှုတ်ခမ်းနားသို့ နမ်းရန် တိုးကပ်လာသည်။

ရှုချင်းရီက လန့်သွားကာ အများကြီးတွေးချိန်မရဘဲ ဟန်လျန်အား ချက်ချင်း တွန်းထုတ်ပစ်လိုက်သည်။ ဟန်လျန်က သူ့ကိုသူမဒီလောက်အထိ လုပ်မယ်မထင်သောကြောင့် တအံ့တသြကြည့်လာသည်။

ရှုချင်းရီမှာ အရမ်းလန့်သွားသဖြင့် အရူးလိုခုန်နေသည့် ရင်ခုန်သံတွေကိုထိန်းကာ
“တောင်းပန်ပါတယ်. . .ကျွန်မ မရည်ရွယ်ပါဘူး”

ဟန်လျန်က စိတ်ပျက်သွားကာ
“ရပါတယ်။ ကိုယ်တို့ရဲ့ ညတိုင်းမအိပ်ခင်ပေးနေကြအနမ်းကို မှတ်မိမယ်ထင်ခဲ့တာ”

ဘယ်လိုပြန်ပြောရမလဲမသိသည့် ရှုချင်းရီက ကုတင်ဘေးတွင် ကသီးကအောင့်ဖြစ်စွာ ရပ်နေသည်။

“ထားလိုက်ပါတော့။ နောက်ကျနေပြီပဲ။ သွားအိပ်တော့လေ”
ဟန်လျန်က ပြောသည်။

သို့သော်လည်း ရှုချင်းရီမှာ အိပ်မပျော်ခဲ့ပေ။ ဧည့်သည်အခန်းက ကုတင်ပေါ်တွင် သူမလှဲလိုက်သည့်အခါ မျက်စိကြောင်နေသည်။ နောက်ဆုံးမှာတော့ အိပ်မပျော်သည့် ရှုချင်းရီသည် မနက်၁နာရီလောက်အထိ ကုတင်ပေါ်တွင် လှဲနေသည်။

သူမမှာ မော့ဟန်နှင့်ခွဲရတာ ၂၄နာရီတောင် မပြည့်သေးပင်မယ့် လွမ်းနေမိပြီ။ မော့ဟန်က သူမအတွက် ချက်ပြုတ်ကျွေးတာတွေ၊ သူမကြိုက်တက်သည့်မုန့် ဝယ်လာတာမျိုးတွေ၊ သူမအိပ်မပျော်လျှင် သူမဘေးမှာ အိပ်ပျော်သည့်အထိ လာထိုင်စောင့်ပေးတက်တာတွေကို သူမပြန်တွေးနေမိသည်။ မော့ဟန်က လမ်းလျှောက်နှေးသည့် သူမအား အမြန်လျှောက်ရန် မျက်မှောင်ကြီးကျုံကာ ပြောတက်ခြင်းများ အပါအဝင်ပေါ့။

ရှုချင်းရီက ကုတင်ပေါ်မှထကာ ပြတင်းပေါက်မှ လိုက်ကာကို ဖယ်လိုက်သည်။ ထိုအခါ လရောင်က အခန်းထဲသို့ ဝင်လာသည်။ ရှုချင်းရီသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ပြတင်းပေါက်မှ လမင်းကြီးကို ကြည့်နေသည်။

ထိုအခါတွင်လည်း သူမနှင့်အတူ လထိုင်ကြည့်ပေးတက်သည့် မော့ဟန်ကို လွမ်းပြန်သည်။ သူမ၏မိသားစုကို ပြန်မတွေ့ခင်အချိန်အထိ သူမအနားတွင် အမြဲရှိနေပေးမည်ဟု မော့ဟန်က ပြောလေ့ရှိခဲ့သည်။ အခုတော့လည်း သူမ၏မိသားစုဆီကို သူမပြန်ရောက်သွားပြီ ဖြစ်တာကြောင့်မလို့ မော့ဟန်လည်း အဆင်ပြေစွာနေလောက်မလား သူမတွေးမိပြန်သည်။

ထို့နောက် ရှုချင်းရီသည် ဧည့်သည်အခန်းထဲမှ ထွက်လာကာ ဧည့်ခန်းထဲသို့ သွားလိုက်သည်။ သူမက ပြတင်းပေါက်မှ လိုက်ကာများကို သွားဖွင့်ကာ အခန်းကို ပိုလင်းစေသည်။ ထို့နောက် အခန်းထဲမှ ဆိုဖာတွေ၊ စားပွဲတွေနှင့် အရာရာတိုင်းကို လိုက်ကိုင်ကြည့်သည်။ သူမသည် နံရံတွေကအစ လိုက်ကိုင်နေခြင်း ဖြစ်သည်။ သူမဒီအိမ်ထဲတွင် တစ်ယောက်တည်း အသေးစိတ်လိုက်ကြည့်နေသည်။ အရာအားလုံးဟာ သူမဒီအိမ်မှာ နေခဲ့ဖူးသလို ရင်းနှီးနေသည်။

ရှုချင်းရီဟာ TV၏အောက်မှအံဆွဲ၏ ညာဘက်အကန့်တွင် ကပ်ကြေးထားကြောင်း သူမမှတ်မိသလို ဖြစ်လာသည်။ ထို့ကြောင့် သူမတကယ်ဟုတ်မဟုတ် ဖွင့်ကြည့်လိုက်သည့်အခါ တကယ်ပဲရှိနေသည်။ ရှုချင်းရီဟာ ကပ်ကြေး၏ အေးစက်သည့် အထိအတွေ့တို့ကလည်း ပြောင်းလဲမှုမရှိသလို ခံစားရသည်။

ထို့နောက် ဒီနေရာတွင် သေတ္တာတစ်ခုရှိနေရမည်ကို သူမရေးတေးတေး သတိရသွားသည်။ သူမ၏ပစ္စည်းများကို ထည့်ထားသည့် သေတ္တာတစ်ခု ဖြစ်သည်။ သို့သော် ဘယ်နေရာမှာ ထားမိမှန်းတော့ သူမလည်း မသိတော့ပါ။

“ဘာဖြစ်လို့ မအိပ်သေးတာလဲ?”
အမှောင်ထဲမှာ သူမ၏အမေအသံက ထွက်လာသည်။

“သမီး အိပ်မပျော်လို့ အပြင်ကိုခနထွက်လာတာ”
ရှုချင်းရီက အနည်းငယ်လန့်သွားသည်။

“ဘာဖြစ်လို့လဲ? အိပ်ရာအပြောင်းအလဲကြောင့်လား?”

“မဟုတ်ပါဘူး။ အိပ်မရလို့ပါ။ ရောက်ကတည်းက ဒီအိမ်နဲ့ အကျွမ်းတဝင်လည်း သိပ်မရှိသေးတော့ ထွက်လာကြည့်လိုက်တာ”

“အိပ်မရတာ တော်တော်ဆိုးလား? မနက်ဖြန်ကျရင် သမီးအတွက် အမေဆေးဝယ်ပေးမယ်”

“မဟုတ်တာ. . .ရပါတယ်။ နေသားကျနေပါပြီ”

Previous Chapter 151 of 199 Next