May Honey Logo May Honey
Previous Next

၁၅၆။ ထပ်မတွေ့ဘဲနေကြရအောင်

ရှုချင်းရီက ဖုန်းကိုမကိုင်ဘဲ ဆက်မြည်စေလိုက်သော်လည်း ဟန်လျန်ခေါ်နေတာဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ထို့နောက်
“ပြန်ဖို့လိုနေပြီ”

မော့ဟန်က ကုတင်ပေါ်က ထိုင်နေဆဲဖြစ်သည်။ ရှုချင်းရီက ထိုကုတင်ပေါ်က သူမ၏အိတ်ကို လာယူမှပြောလာသည်။

“မင်းထွက်သွားတာနဲ့ ငါတို့အဆက်အသွယ်လုပ်စရာ မလိုတော့ဘူး။ ဒီမှာပြီးပြီပဲ”

ရှုချင်းရီက အိတ်ကိုလှမ်းလိုက်သည့် သူမလက်တို့က လေထဲတွင် ခနတန့်သွားသည်။ ထို့နောက် သူမ၏မျက်လုံးက အရောင်မှိုင်းသွားကာ အိတ်ကိုယူလိုက်ပြီး ချက်ချင်းသဘောတူသည်။
“ရတယ်လေ!”

ထို့နောက် သူမသည် အခန်းဝကို ရောက်ကာမှ မော့ဟန်ကို ပြန်လှည့်ကြည့်လာသည်။ သူမ၏မျက်လုံးထဲတွင် ခါးသီးမှုအပြည့်ဖြင့် ဖြစ်ကာ
“အလုပ်တွေပဲ ဖိလုပ်မနေနဲ့။ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦး”

မော့ဟန်က သူမကို ပြန်မပြောသလို ခေါင်းတောင် ထောင်မကြည့်လာပေ။ သူမ၏ခြေလှမ်းများ တဖြည်းဖြည်းဝေးသွားကာ အိမ်တံခါးပိတ်လိုက်သံကို ကြားလိုက်ရသည့်အထိ နားထောင်နေမိသည်။ သူမသည် ဒီကိုပြန်လာတော့မှာ မဟုတ်ပေ။ ကောင်းဖို့အတွက် ရှုချင်းရီသည် သူ့ကိုထားသွားခဲ့သည်မှာ သူထင်သလိုသာ ဖြစ်တော့သည်။

ရှုချင်းရီသည် ဟိုဘက်မြို့ကို ဟန်လျန်အား ကတိပေးခဲ့သလို ၈နာရီမှ ပြန်မရောက်ခဲ့ပေ။ မော့ဟန်၏အိမ်က ထွက်လာသည့်အချိန်မှာတောင် ၆နာရီရှိနေပြီ။ သူမသည် ဟန်လျန်တို့ဆီကို ပြန်ရမည်ကိုတောင်မေ့ကာ စိတ်နှင့်လူမကပ်ဘဲ လမ်းမထက်တွင် အထုတ်ကိုသယ်ကာ လျှောက်နေမိသည်။

ဟန်လျန်က သူမအား နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်သည့်အခါ ၇နာရီရှိနေပြီဖြစ်သည်။

“ဘာဖြစ်လို့ အခုမှ ပြန်လာတာလဲ? တစ်ခုခုဖြစ်လို့လား”
ဟန်လျန်က စိတ်ပူစွာမေးသည်။

“မဖြစ်ပါဘူး။ ဖုန်းကို စတိုးဆိုင်မှာ မေ့ကျန်ခဲ့လို့ အခုမှသွားပြန်ယူလိုက်ရတာ”
ရှုချင်းရီက သူမကိုယ်သူမ လိမ်သည့်နေရာမှာ ပိုတော်လာကြောင်း သတိထားလိုက်မိသည်။ သူမကိုယ်တိုင်တောင် သူမ၏အလိမ်တွေထဲတွင် မျောပါနေမိသည်။

ဟန်လျန်က နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။
“အခုဘယ်မှာလဲ? ကိုယ်တို့မြို့ကို ပြန်ရောက်ပြီလား?”

“ဟင့်အင်း လမ်းမှာပဲရှိသေးတယ်။ အခုပြန်လာခဲ့မယ်”

“ဘာဖြစ်လို့လဲ?”

ရှုချင်းရီက သူမအတွေးလွန်သွားပြီကို သတိထားမိလိုက်သည်။ ဒါပင်မယ့်လည်း ဟန်လျန်က သူမနှင့်ပတ်သက်သမျှကို သိချင်နေပုံရသည်။

“လမ်းမှားသွားလို့။ လမ်းပြန်ရှာနေရတာ။ အခုတော့ ပြန်လာနေပါပြီ”
အမှန်တကယ်တော့ ရှုချင်းရီသည် ဟိုဘက်မြို့ကို သွားမည့်ကားကို မစီးရသေးတာဖြစ်သည်။

“ဪ ပြန်လာတာကို ကိုယ်တို့စောင့်နေမယ်။ အမေက ကြက်စွပ်ပြုပ်ချက်ထားတယ်။ ပြန်ရောက်ရင် အတူစားကြရအောင်”

ရှုချင်းရီက အင်းလို့ ပြောပြီးသည်နှင့် ဟန်လျန်ထပ်ပြောမည်ကို မကြားချင်သောကြောင့် ဖုန်းချလိုက်သည်။

သူမဟိုဘက်မြို့ကို ပြန်ရသည့်အကြောင်းမှာ သူမမှတ်ညဏ်တွေ ပြန်မရသေးတာကြောင့် ဖြစ်သည်။ ထိုနေရာမှ သူမ၏မှတ်ညဏ်များ မြန်မြန်ပြန်ရဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်နေသောကြောင့်ပင်။

ဟိုဘက်မြို့ကို ပြန်ရောက်သည့်အခါ ၁၀နာရီလောက်ရှိသွားသည်။ ထိုအချိန်မှာပဲ ဟန်လျန်က သူမအား ဖုန်းကိုတောက်လျှောက်ခေါ်လာသည်။ သို့သော်လည်း သူမသည် အရမ်းစိတ်နောက်နေသောကြောင့် မကိုင်တော့ပေ။ သူမနောက်ကျမည်ဖြစ်ကြောင်း စာပို့ပြီးနောက် ဖုန်းကိုအသံပိတ်ပစ်လိုက်တော့သည်။

သူမပြန်ရောက်သည့်အခါ ဟန်လျန်နှင့် သူမ၏အမေတို့က ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်နေကြသည်ကို သူမတွေ့လိုက်ရသည်။ ထို့ကြောင့် ရှုချင်းရီက
“ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ?”

သူတို့နှစ်ယောက်က သူမကိုတွေ့ကာမှ စိတ်သက်သာရာရသွားသည်။
“ပြန်လာပြီပဲ”

“ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?”
ရှုချင်းရီမှာ နားမလည်နိုင်ဖြစ်သွားသည်။

“နောက်ဆိုရင် ဒီလိုမလုပ်နဲ့။ ကိုယ်ဖုန်းခေါ်ရင်ကိုင် ပြီးတော့ အိမ်ပြန်ရောက်ရင်လည်း ရောက်ပြီလို့အရင်အကြောင်းကြား”
ဟန်လျန်က သူမအား အလေးအနက်ထားကာ ပြောလာသည်။

“ဒါပင်မယ့်. . .စာပို့လိုက်တယ်လေ. . .နောက်ကျမယ်လို့”

ဟန်လျန်က ပြန်ပြောသည်။
“နောက်ကျမှာက ဘယ်အချိန်လဲ? နာရီအတိအကျပြောလို့မရဘူးလား? စာပို့တဲ့သူက ညန်ညန်မဟုတ်ခဲ့ရင်ရော၊ အပြင်မှာတစ်ခုခုဖြစ်နေရင်ရော?”

ရှုချင်းရီမှာ သူဒီလောက် စိတ်ပူနေသည်ကို နားမလည်နိုင်ပေ။
“ဘာဖြစ်မှာမလို့လဲ? ကျွန်မကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်။ ပြီးတော့ အခုကလည်း အရမ်းနောက်ကျတာမှ မဟုတ်တာ။ ၁၀နာရီကျော်ပဲ ရှိသေးတာလေ”

Previous Chapter 156 of 199 Next