May Honey Logo May Honey
Previous Next

၁၃၉။ လက်ထပ်ခြင်း

ရှုချင်းရီ၏ အလိုလိုသိစိတ်မှာ သူများတွေထက် ပိုသာတက်သည်။ လူတွေက ထိုအကြောင်းကို သူမအားမေးသည့်အခါ ဘာကြောင့်မှန်းတော့ သူမလည်းမသိပင်မယ့် ထိုအရာများကို သူမရင်ထဲက ခံစားနေမိခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ရှုချင်းရီသည် လမ်းမှာတွေ့လိုက်ရသည် ထိုလူမှာ မြင်ရသလောက် မရိုးရှင်းဘူးဆိုသည်ကို သူမကြိုသိလိုက်သည်။

ထို့နောက် သူမကျောင်းတက်နေစဉ် အတန်းချိန်ပြီးသည့်အခါ သူမနာမည်ကို ခေါ်ကာ လာရှာသည့်သူ တစ်ယောက်ရှိသောကြောင့် ထွက်ကြည့်လိုက်သည့်အခါ ထိုလူဖြစ်နေသည်။ ဟိုတစ်နေ့က တွေ့ခဲ့ရသလို ဒီလူသည် စိတ်ထောင်းကိုယ်ကျေရုပ် မပေါက်တော့ပေ။ သူ့နှုတ်ခမ်းတွေတို့ကို သေချာရှင်းလာသလို ရွှေကိုင်းမျက်မှန်လည်းတပ်လာသောကြောင့် သူ့အကြည့်တို့က စူးရဲနေသည်။ ဒီလိုစူးရှသည့်အကြည့်ကြောင့်ပဲ သူ့အားလူချောတစ်ယောက်မှန်း သိသာစေသည် ဖြစ်သည်။

“ဟိုနေ့ကကိစ္စကြောင့် ရှင်ကျွန်မကို လာရှာတာဆိုရင် ဘာအကျိုးမှ မရှိဘူး။ ကျွန်မတို့ကြားမှာ ဘာပြောစရာမှ မရှိဘူး”
ရှုချင်းရီက တွေ့တွေ့ချင်းပိတ်ပြောလိုက်သည်။

“ရှုချင်းရီဆိုတာ မှတ်ပုံတင်အတုမှန်း ကိုယ်သိပါတယ်”
ထိုလူက အပြုံးတစ်ခုဖြင့် ပြောလာသည်။

ရှုချင်းရီက ခနကြောင်သွားသော်လည်း
“ရှင့်မှာတခြားဘာပြောစရာရှိလို့လဲ?”

“ညန်ညန် မှတ်ညဏ်တွေ ပျောက်သွားတယ်ဆိုတာ ကိုယ်သိပါပြီ။ အဲ့ဒါကြောင့် ကိုယ့်ကိုမမှတ်မိတာမလား? အရင်တုန်းကအကြောင်း ဘာကိုမှ မသိတော့ဘူးပေါ့”

ထိုလူက ရှုချင်းရီအား နူးညံ့စွာကြည့်ကာ
“နောက်ဆုံးတော့ ကိုယ့်ညန်ညန်ကို တွေ့ခဲ့ပြီ”

ရှုချင်းရီက ဒေါသထွက်လာလေပြီ။
“ကျွန်မကို ညန်ညန်လို့ လာမခေါ်နဲ့! ရှင့်ကိုပြောပြီးသားမလား? ကျွန်မနာမည်က ရှုချင်းရီလို့။ ရှင်ခေါ်နေတဲ့ညန်ညန်နဲ့ ဘာမှမဆိုင်ဘူး။ ဒီလောကကြီးမှာ ရုပ်ချင်းဆင်တဲ့သူတွေအောလို့။ ရှင်သိတဲ့ညန်ညန်က ကျွန်မဆိုတာ ရှင်ဘာလို့ သေချာနေတာလဲ?”

ထိုလူက ရှုချင်းရီ၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုကြည့်နေပြီးမှ သူ့အိတ်ထဲက အနီရောင်စာရွက်ဖိုင်တစ်ခုကို ကမ်းပေးသည်။ ထိုအရာက လက်ထပ်မှတ်ပုံတင် ဖြစ်ရမည်။

မှန်ပါသည်။ ရှုချင်းရီထင်သည်က မမှားပေ။

ထိုလူက စာရွက်ဖိုင်ကိုဖွင့်လိုက်သည့်အခါ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာမှီတွဲရင်း ပြုံးပျော်နေကြသည့် ပုံက တစ်ဖက်တွင် ကပ်ထားသည်။ ထိုအမျိုးသားက ရှုချင်းရီ၏အရှေ့ကလူနှင့် တစ်ယောက်တည်းဖြစ်ကာ အမျိုးသမီးကတော့ သူမနှင့် တစ်ရုပ်တည်းသာ ဖြစ်သည်။ ရှုချင်းရီက ပုံထဲမှာပြုံးရွှင်နေသည့် အမျိုးသမီးကို သူမမှန်ကြည့်နေရသလို တူညီသောကြောင့် ကြောင်အစွာ ကြည့်နေမိသည်။

“ဒါကိုယ့်မိန်းမ စုန့်ယွဲ့ညန်ပဲ။ ကိုယ်ကတော့ ညန့်ညန့်ရဲ့ယောက်ျား ဟန်လျန်။ ကိုယ့်ကိုဘယ်လိုလုပ် မမှတ်မိရတာလဲ?”
ထိုလူကပြောသည်။

ဟန်လျန်က သံသယအပြည့်ဖြင့် သူမအားကြည့်ကာ
“ညန်ညန် မင်းခါးအနောက်ဘက်မှာ တက်တူးရှိတယ်လေ။ အဲ့ဒီအချိန်တုန်းက အရမ်းနာမှာမလို့ ကိုယ်တားပင်မယ့်လည်း ဒီလိုထိုးထားမှ ကိုယ်ကအမြဲအနားမှာရှိနေသလို ခံစားရမှာလို့ ပြောခဲ့တာလေ”

ရှုချင်းရီ၏ဦးနှောက်ထဲတွင် ဘာမှပေါ်မလာသောကြောင့် သူမငြိမ်ကာ နားထောင်နေလိုက်သည်။

ဟန်လျန်က သူမအားဖက်ရန် ခြေတစ်လှမ်းတိုးလာသည့်အခါ သူမရှောင်လိုက်သည်။ သူမအနောက်သို့ ခြေလှမ်းတစ်ချို့ ထပ်ဆုတ်သွားမိကာ ဟန်လျန်အား မကြည့်ရဲတော့ဘဲ အသံတိုးတိုးလေးဖြင့်
“ကျွန်မကို ခနလောက် လွှတ်ထားပေးပါလား?”

“ကိုယ်စောင့်နေမှာပါ။ ကိုယ့်ကိုမှတ်မိတဲ့အချိန်အထိ စောင့်နေပေးပါ့မယ်”

ရှုချင်းရီက သူမရင်ထဲတွင် လမ်းပျောက်နေသလို ခံစားရသောကြောင့် အခုအခြေအနေကနေ ထွက်ပေးချင်နေပြီ။ ထိုအချိန်တွင် ဘဲလ်တီးသံထွက်လာသည့်အခါ ရှုချင်းရီအတွက် အကြောင်းပြချက် ရသွားလေပြီ။

“ရှင်. . .ရှင်ပြန်လိုက်တော့။ ကျွန်မအတန်းတက်ရဦးမယ်”

ဟန်လျန်က သူမကိုကြည့်ကာ
“အတိတ်မေ့သွားခဲ့တဲ့တစ်ချိန်လုံး ကိုယ့်ကိုတစ်ချိန်လုံး စောင့်နေခဲ့ရမှာပဲ။ အခုက ကိုယ်စောင့်ရမယ့်အလှည့်။ အတန်းချိန်ပြီးတဲ့အထိ စောင့်နေမယ်”

ရှုချင်းရီပြောလိုက်သည်က
“ရှင့်သဘောပဲ”

Previous Chapter 139 of 199 Next