၁၅၈။ အတူအိပ်ချင်တယ်
သူမ၏စိတ်ကျဉ်းကျပ်နေသည့် အမူအယာကို မြင်သည့်အခါ သူမ၏အမေက ပြုံးကာ
“အဆင်ပြေပါတယ်။ နောက်ပိုင်းဟာတွေကို နောက်မှပဲ ပြန်မှတ်မိအောင်လုပ်။ အခုအိမ်ပြန်ရောက်နေပြီပဲ။ အချိန်တွေ အများကြီးရှိပါသေးတယ်”
ရှုချင်းရီကလည်း ပြုံးလိုက်ကာ
“သိပါတယ်”
ရှုချင်းရီမှာ ဒီလိုပြဿနာတွေ ပြီးသွားသည့်နောက်မှာ သူမ၏မိသားစုနှင့် ဒီလိုပြန်လည်ဆုံတွေ့ရသည့်အတွက် စိတ်သက်သောင့်သက်သာဖြစ်နေသည်။ သူမ၏အမေကို ဒီလိုပန်းကန်ကူဆေးပေးနေရခြင်းက ကံကောင်းခြင်းတစ်ခုလို ခံစားရသည်။ သူမသည် ငယ်ငယ်တုန်းက ဖြစ်ရပ်လောက်ကိုပဲ မှတ်မိသေးတာဖြစ်သော်လည်း အခြားသူတွေလိုမျိုး သူမတွင်လည်း မိသားစုရှိသည်ဟု ခံစားနေရပြီ။
ညအိပ်ရာမဝင်ခင် သူမစာဖတ်နေချိန်မှာ ဟန်လျန်က သူမ၏ဘေးကစားပွဲတွင် အလုပ်ထိုင်လုပ်နေသည်။ ထို့နောက် သူမအိပ်ချင်လာသောကြောင့် ဧည့်သည်အခန်းသို့ သွားအိပ်ရန် ထလာသည့်အချိန်တွင် သူမကိုတားသည်။
“ဒီညအတူအိပ်ရအောင်”
‘မနေ့ညက ငါဟိုဘက်အခန်းမှာ အိပ်မယ်ပြောထားတာကို သူသဘောတူပြီးသားမလား? အခုဘာဖြစ်ပြန်တာလဲ?’
ရှုချင်းရီမှာ ပဟေဌိဖြစ်စွာဖြင့်
“မနေ့ကတည်းက ကျွန်မတစ်ယောက်တည်း အိပ်မယ်လို့ ပြောထားတယ်မလား?”
“ကိုယ်မကြိုက်ဘူး!”
ဟန်လျန်က တည်ငြိမ်စွာပြောသည်။
“ဒါပင်မယ့် . . .ကျွန်မ မအိပ်တက်. . .”
“နောက်ဆိုရင် အိပ်တက်သွားမှာပါ။ ညန်ညန်က ကိုယ့်မိန်းမပဲ”
“ကျွန်မရဲ့ရွေးချယ်မှုကို ရှင်လေးစားပါ့မယ်လို့ ပြောခဲ့တယ်မလား?”
ရှုချင်းရီက စိတ်တိုလာသည်။
“အင်း ပြောခဲ့တယ်။ ဒါပင်မယ့် ကိုယ့်ကညန်ညန်ရဲ့ ယောက်ျားလေ။ ဒီလိုခွဲအိပ်နေလို့ မကောင်းဘူး။ အတူအိပ်ချင်တယ်”
ရှုချင်းရီက အခိုင်အမာပြောသည်။
“ဟန်လျန် အရင်ကတည်းက ကျွန်မပြောပြီးသား။ ကျွန်မအတိတ်မေ့နေလို့ ဘာမှလည်းမမှတ်မိဘူး။ ရှင့်အပေါ်လည်း ခံစားချက်မရှိဘူး။ အရင်တုန်းက ပုံစံမျိုးကို ကျွန်မကို အခုလာမဆက်ဆံနဲ့!”
“ပြန်မှတ်မိလာမှာပဲကွာ ပြန်မှတ်မိလာမှ ကိုယ်တို့က အရင်လို ပြန်နေလို့ရမှာလား”
ဟန်လျန်က သူမဆီကို လျှောက်လာရင်း ပြောသည်။
ရှုချင်းရီက နောက်ကိုဆုတ်သွားကာ
“ရှင်ကျွန်မကို အချိန်ပေးလေ။ ဒီလိုအချိန်တိုလေးအတွင်းမှာ လင်နဲ့မယားလိုနေဖို့ ကျွန်မအတွက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
“ဒါဆိုရင် ဘယ်လောက်လိုတာလဲ? ၁လ? ၁နှစ်? ဘယ်တော့မှ ပြန်မှတ်မိလာမှာလဲ? ဒီလိုမျိုးကြီး တစ်သက်လုံးနေရတော့မှာလား?”
ဟန်လျန်က စိတ်ပျက်နေပုံရသည်။
“၁ပတ်တော့ အချိန်ပေး။ ချက်ချင်းကြီးတော့ ရှင့်မိန်းမလို ကျွန်မဖြစ်မလာနိုင်ဘူး”
ရှုချင်းရီက စိတ်လေစွာ ဖြေလိုက်ရသည်။
“ညန်ညန်. . .ကိုယ်တွန်းအားပေးနေတာ မဟုတ်ပါဘူး. . .အရင်လိုပဲ ကိုယ်ပြန်နေချင်ရုံတင်ပါ. . .”
သူမ၏နဖူးပေါ်ကျနေသည့် ဆံပင်စတို့ကို သပ်တင်ပေးရန် လက်လှမ်းရင်း ဟန်လျန်က ပြောသည်။
ရှုချင်းရီက ချက်ချင်းနောက်ကို ထပ်ဆုတ်လိုက်ကာ
“ကျွန်မကြိုးစားပါ့မယ်”
ဟန်လျန်က ရှေ့ကိုထပ်တိုးလာကာ မျက်စိကိုမှိတ်လျှက် သူမကိုနမ်းရန် ကိုင်းလာသည်။ သို့သော်လည်း ရှုချင်းရီက နောက်ကိုဆုတ်ပြီးနောက် ခေါင်းကိုတစ်ဖက်သို့လွှဲလိုက်ကာ
“အိပ်ချင်နေပြီ။ ကျွန်မသွားအိပ်တော့မယ်”
ဟန်လျန်ကို သူမလှည့်ကိုကြည့်မနေတော့ဘဲ ချက်ချင်းကျောခိုင်းကာ ထွက်သွားသည်။ မနေ့က သူမအိပ်ခဲ့သည့် ဧည့်သည်အခန်းကို ရောက်သည့်အခါ ရှုချင်းရီက အိပ်ချင်စိတ်မရှိပေ။ သူမ၏အိပ်ချင်စိတ်ကို ဟန်လျန်၏ခုနတုန်းက လုပ်ရပ်က ဖျက်စီးသွားခဲ့သည်။
အိပ်ရာပေါ်တွင် လှဲချလိုက်မှသာ သူမအိပ်ချင်လာစေသည့်ဖက်လုံးကို ယူလာရန် မေ့သွားခဲ့ကြောင်းကို သတိရတော့သည်။ အကယ်၍ ထိုဖက်လုံးသာ အခုရှိခဲ့လျှင် သူမအခုလို ဖြစ်နေမှာ မဟုတ်ပေ။ သူမသည် အိပ်ရာပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေလောက်မည်။
ဖက်လုံးအကြောင်းတွေးရင်းဖြင့် မော့ဟန်က သူမအား နမ်းခဲ့သည့်အကြောင်းကို ပြန်မတွေးဘဲမနေနိုင်ဖြစ်သွားခဲ့သည်။ ထိုအနမ်းမှာ သူမအတွက် အရမ်းစိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။ အခုသူမပြန်တွေးမိသည့်အချိန်မှာတောင် သူမရင်ခုန်နေပြန်သည်။
ရှုချင်းရီသည် သူမကိုယ်သူမ လန့်သွားမိသည်။ သူမအမြဲတမ်း ထင်ခဲ့သည်မှာ မော့ဟန်က သူမကို သနားသောကြောင့် မောင်နှမလို မေတ္တာထားလွန်းသည်ဟုသာ ဖြစ်သည်။ ဒီလိုမျိုးဖြစ်လိမ့်မည်ဟု သူမတစ်ခါမှ မထင်ခဲ့ပါပေ။
မော့ဟန်က သူမအထင်မှာ မှန်သည်ဟု ပြောသွားသော်လည်း ဘယ်တုန်းကမှ မော့ဟန်က သူမကို ကြိုက်လိမ့်မည်ဟု မထင်ခဲ့မိပေ။ အခုမှသာ မနေ့တုန်းက မော့ဟန်က သူမအား စိတ်မကြည်ဖြစ်နေရခြင်းကို နားလည်သွားတော့သည်။