May Honey Logo May Honey
Previous Next

၉၀။ သူ့မိဘတွေ

“ပြန်ကြရအောင်”
မော့ဟန်က ပြောသည်။

ရှုချင်းရီက ခေါင်းငြိမ့်ကာ
“အင်း ပြန်ကြမယ်လေ”

မော့ဟန်က အရှေ့ကနေ လျှောက်သွားကာ ရှုချင်းရီက သူ့နောက်ကနေ ကပ်လိုက်ရင်းဖြင့်
“ဒီညကိုကြီးတစ်ယောက်တည်း အိပ်ရလိမ့်မယ်။ ကိုကြီးရဲ့ ဆေးရုံခန်းမှာ နေရာလွတ်မရှိဘူး။ ညီမလေးအိမ်ပြန်အိပ်လိုက်မယ်။ မနက်ဖြန် မနက်ကျမှ ပြန်လာခဲ့မယ်”

မော့ဟန်က လမ်းလျှောက်နေရာမှ ရပ်ကာ
“ဘာတွေပြောနေတာလဲ? အိမ်ကိုသာပြန်ကြရအောင်”

“ကိုကြီးဆေးရုံကနေ ဆင်းလို့မရသေးဘူးလေ”

“အခုဆေးရုံကနေဆင်းဖို့ သွားလုပ်လိုက်မယ်”

“ဒါပင်မယ့် ကိုကြီးမှ. . .”

“ငါနေကောင်းနေပါပြီ။ အိမ်မှာပြန်အိပ်တာက ပိုကောင်းတာမလို့ အိမ်ကိုအတူတူပြန်ကြရအောင်”

သူတို့နှစ်ယောက်က ဆေးရုံဆင်းရန် လိုအပ်သည်များကို ဖြည့်ပြီးသောအခါ သူတို့ပစ္စည်းများကိုသိမ်းပြီး အိမ်သို့ပြန်လာခဲ့ကြသည်။ သူတို့က တက်စီဌားကာသာ အိမ်သို့ပြန်လာကြသည်။ မော့ဟန်၏ကားမှာ ညလည်ခေါင်တွင် လမ်းမပေါ်မှာ အကြာကြီးရပ်ထားခဲ့သောကြောင့် ယာဉ်ထိန်းရဲစခန်းသို့ ဆွဲခေါ်သွားခံခဲ့ရသည်။

ရှုချင်းရီက အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်ကိုချွတ်ကာ ရေသွားချိုးဖို့ လုပ်နေသော်လည်း မော့ဟန်က သူမအား
“ငါပြောစရာရှိတယ်”

“ဘာပြောမလို့လဲ?”

မော့ဟန်က သူ့ပစ္စည်းများကို စားပွဲပေါ်တင်ပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ရင်း
“အရင်တုန်းက ပြောဖို့လုပ်ထားတဲ့ ကိစ္စပါ”

ရှုချင်းရီက ခနလောက်တွေးပြီးမှ သူတို့ရန်ဖြစ်ခဲ့တုန်းက မော့ဟန်မှာ ပြောစရာရှိခဲ့သည်ကို သတိရသွားသည်။ သူက သူမကို အသေးစိတ်ပြောပြရန် သင့်တော်သည့်အချိန်အား စောင့်နေခဲ့ခြင်းဖြစ်သည်။

“ဟိုတစ်ခေါက်တုန်းက ငါ့မိဘတွေနဲ့ ငါ့ရည်းစားဟောင်းကို မင်းအကြောင်း ဘာဖြစ်လို့ မပြောပြခဲ့တာလဲဆိုတာ ပြောပြမယ်”

ရှုချင်းရီက မော့ဟန်ဆီမှ ရည်းစားဟောင်းဆိုသည့်စကားလုံးကို ကြားလိုက်သည့်အခါ သူမစိတ်မှာ အဆင်မပြေဖြစ်သွားသည်။
‘ရှန်ယို့က ငါ့ကိုသူ့ချစ်သူပါလို့ ဂုဏ်ယူဝံ့ကြွားပြောခဲ့တာ ဘယ်လောက်ကြာသေးတာ မလို့လဲ။ မျက်စိတမှိတ်လောက် အချိန်အတွင်းမှာပဲ ရည်းစားဟောင်း ဖြစ်သွားပြီလား’

“ထိုင်ဦး”
မော့ဟန်က သူ့ဘေးက နေရာလွတ်ကို ပုတ်ပြရင်း ပြောသည်။

“ပြောပြရမှာ ကြာလိမ့်မယ်”

ရှုချင်းရီမှာ မော့ဟန်၏လေးနက်သည့် အမူအယာကိုကြည့်ကာ မော့ဟန်၏ဘေးတွင် နာခံစွာ ထိုင်လိုက်သည်။

“ငါ့ကိုဘယ်လိုလူမျိုးလို့ထင်လဲ?”
မော့ဟန်က မေးသည်။

“လူရှိန်လောက်တဲ့ ချမ်းသာတဲ့ ရှေ့နေကြီး”
ရှုချင်းရီက သူ့အပေါ်ထားသည့် သူမအမြင်ကို ပြောပြသည်။

“ငါ့မိဘတွေအကြောင်းကို ကြားဖူးလား?”

ရှုချင်းရီက ခေါင်းခါလိုက်သည်။ မော့ဟန်၏ရုံးမှ အတင်းအဖျင်းများကိုတော့ သူမကြားဖူးပါသည်။ သူတို့ပြောကြသည်မှာ မော့ဟန်၏မိဘများက အရမ်းလျို့ဝှက်စွာနေတက်သူများဖြစ်ကာ အမေရိကန်တွင် နေထိုင်ကြသည်ဟူ၍ ဖြစ်သည်။ သူကဘွဲ့ရသည့် ဘယ်သူ့အကူအညီမှမယူဘဲ သူတစ်ယောက်တည်းကြိုးစားကာ ဒီလိုရုံးဖွင့်နိုင်ခဲ့သည်ဟု ဖြစ်သည်။

နောက်ပိုင်းအတော်လေးကြာကာမှ မော့ဟန်၏မိဘများမှာ အမေရိကတွင် အလွန်ချမ်းသာသည့် စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များ ဖြစ်ကြသည်ဟူ၍ပင် ဖြစ်သည်။ ထို့ကြောင့် ယခုလို မော့ဟန်မှာ သူ့ငွေနှင့်သူ ရုံးဖွင့်ခဲ့သည်ကို နားလည်သွားကြသည်။ ဒါပင်မယ့်လည်း မော့ဟန်နှင့် ဘယ်လောက်ပဲ ရင်းနှီးသူဖြစ်ပါစေ သူ့မိဘတွေအကြောင်းကို သူပြောပြတာ မကြားဖူးကြပေ။ တစ်ခါတုန်းက လူတစ်ယောက်မှာ မော့ဟန်၏မိဘများအကြောင်းကို လူ့ရှေ့တွင် ပြောမိသောအခါ ထိုလူမှာ နောက်လတွင် အလုပ်ထုတ်ခံလိုက်ရသည်။ ထိုအချိန်မှစ၍ မည်သူကမှ မော့ဟန်၏အရှေ့တွင် သူ့မိဘအကြောင်းကို မပြောရဲကြတော့ပေ။

“ငါကအမေရိကမှာ ကြီးလာတာ။ ငယ်တုန်းကတော့ သူများတွေပါပဲ။ တခြားသူတွေလိုပဲ ငါ့မိဘတွေက ငါ့ကိုအရမ်းအာရုံစိုက်ကြတယ်။ တခြားသူတွေလိုပဲ အရုပ်တွေ အများကြီးရှိတယ်။ တခြားသူတွေလိုပဲ ထိပ်တန်းကျောင်းကို တက်တယ်။ ကျောင်းက ထိပ်ဆုံး၃ယောက်ထဲမှာ အမြဲပါတယ်။ ငါ့မှာဘာမှ ချို့ယွင်းနေတာ မရှိသလိုပဲ။ တချို့အရာတွေမှာဆိုရင် ငါကသူများတွေထက်တောင် သာနေသလိုပဲ”

“ဒါတွေအားလုံးက အဲ့ဒီနေ့ကို မရောက်ခင်အထိပဲ။ အဲ့ဒီအချိန်တုန်းက ငါက၈နှစ်ပဲ ရှိဦးမယ်။ ကျောင်းကနေ အိမ်ကိုပြန်လာတော့ အဖေက အမေ့ကို ရိုက်နေတယ်။ အမေက ဧည့်ခန်းထဲမှာ လဲကျလို့။ ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့ ဖန်ကွဲစတွေက ပြန့်ကျဲနေပြီး အမေ့ဆံပင်တွေကလည်း ရှုပ်ပွနေတယ်။ အမေကငိုနေပင်မယ့် အဖေက ဆက်ဆူပူပြောဆိုပြီးတော့ အမေ့ကိုကန်လိုက်တာ ငါရပ်နေတဲ့နေရာကို ရောက်လာတဲ့အထိပဲ။ အမေက ငါ့ကိုမြင်တာနဲ့ ငါ့ဘောင်းဘီစကိုဆွဲပြီး ကယ်ပေးဖို့ ပြောတယ်”

ရှုချင်းရီက သူ့စကားများကို နားထောင်ရင်း သူမတစ်ကိုယ်လုံးမှာ စိမ့်ကာအေးသွားသည်။ မော့ဟန်က သူ့အတိတ်အကြောင်းကို ပြောပြသည့်အခါ ဘာခံစားချက်မှ မျက်နှာပေါ်တွင် ရှိမနေပေ။

Previous Chapter 90 of 199 Next