May Honey Logo May Honey
Previous Next

၈၄။ မေ့မြောခြင်း

ရှုချင်းရီက မော့ဟန်ကို သူမ၏အားကုန်သုံးကာ ထူပေးလိုက်သည်။ သူ့ဗိုက်ကို ကာထားသည်ကို မြင်သောအခါ မေးသည်။
“ဗိုက်အောင့်နေတာလား?”

မော့ဟန်က ခေါင်းငြိမ့်သည်။

“ဆေးရုံကို သွားရအောင်။ ကိုကြီးဒီလိုနေလို့မရဘူး။ အခု ညီမလေးတို့ ဆေးရုံသွားရအောင် . . .ဆေးရုံကို ပို့ရမယ်။ ဒါပင်မယ့် ကားမမောင်းတက်တော့ . . .အာ taxiတွေ အခုအပြင်မှာ ရှိသေးတာပဲ”
ရှုချင်းရီက အရမ်းကြောက်လန့်နေကာ ဟိုကြည့်ဒီကြည့်ဖြင့် ပျာယာနေလေပြီ။ သူမက အချိန်မရွေးငိုချတော့မည့်ပုံလေးဖြင့် ဖြစ်သည်။

မော့ဟန်က ပြောသည်။
“ကြောက်မနေနဲ့. . . ငါ့ကိုကားပါကင်ကို ပို့ပေး။ အဲ့ဒီကိုပို့ပေးမယ်။ ဆေးရုံကနေ ဆေးဝယ်ပေးခဲ့”

ရှုချင်းရီက အခုမော့ဟန် ဘယ်လောက်အထိ အားနည်းနေသလဲဆိုသည်ကို မြင်သောအခါ မျက်ရည်ဝဲစွာဖြင့်
“ဒါပင်မယ့် . . . ကိုကြီးက ဒီလိုအရမ်းနာနေတာလေ. . .”

“ရပါတယ်။ ငါအခုဆေးသောက်မလို့လုပ်နေတာ။ ပြီးတော့ အိပ်ရာပေါ်ကနေ မတော်တဆပြုတ်ကျသွားတာ”

ရှုချင်းရီက သူမညဝတ်အကျီကို လဲဖို့ကိုတောင် မေ့သွားကာ ရွေးချယ်စရာမရှိသည့်အတွက် မော့ဟန်အား ကူတွဲပေးကာ
“ဒါဆိုရင်လည်း မြန်မြန်သွားကြမယ်. . .မြန်မြန် ဆေးရုံကို သွားကြတာပေါ့”

မော့ဟန်က သူမအားမှီကာ ဖြည်းဖြည်းချင်းထသည်။ မော့ဟန်က အားနည်းနေသောကြောင့် ရှုချင်းရီက သူ့အားကုတ်အကျီကူညီကာ ဝတ်ပေးလိုက်သည်။ ထို့နောက် မော့ဟန်က ရှုချင်းရီကိုတွဲကာ ဓာတ်လှေကားမှတစ်ဆင့် ကားပါကင်သို့ သွားလိုက်သည်။

သူတို့နှစ်ယောက်က ကားထဲသို့ ခက်ခက်ခဲခဲသွားလိုက်ရသည်။ အခုအချိန်မှာ ၂နာရီထိုးနေပြီ ဖြစ်ပြီး လမ်းမပေါ်တွင် ဖြတ်သွားသည့်ကားမှာ တစ်စီးစနှစ်စီးစသာ ရှိတော့သည်။ ရှုချင်းရီက ဘေးတွင်ထိုင်လိုက်ကာ မော့ဟန်ကို အရိပ်အခြေကြည့်နေသည်။ မော့ဟန်က နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ သူ့မျက်နှာတွင် ချွေးများရွှဲနေပြီ ဖြစ်သည်။ ရှုချင်းရီကတော့ သေမတက်ကြောက်လန့်နေကာ မော့ဟန်ကို တချိန်လုံးကြည့်နေသည်။ မော့ဟန်က ရှုချင်းရီအား နှစ်သိမ့်ပေးနေရသည်။
“ရပါတယ်။ ငါတို့ရောက်တော့မှာပါ”

မော့ဟန်က အားပျော့သတက် ပျော့လာကာ လမ်းမပေါ်တွင် ကားကိုသတိထားကာ လမ်းဘေးသို့ ကပ်လိုက်သည်။ မော့ဟန်က နာကျင်မှုကို သည်းမခံနိုင်သောကြောင့် ကားဘရိတ်နင်းချလိုက်ကာ ကားကိုဘေးတွင်ထိုးရပ်ချလိုက်ရင်း စတီရာတိုင်ပေါ်တွင် ခေါင်းမှီချရင်း မေ့မြောသွားပြီ။

သူမေ့မျောသွားသည့်အခါတွင်တော့ ရှုချင်းရီက လုံးဝပျောက်ဆုံးသွားသလို ဖြစ်သွားပြီ။ သူကကြောက်လန့်လာသည်။ သူတို့ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်နေသေးသည်။ ပြီးတော့လည်း မော့ဟန်မှာ စတီရာတိုင်ပေါ်တွင် မလှုပ်မယှက်မေ့မြောနေဆဲ ဖြစ်သည်။ သူမက စကားလည်း မပြောရဲပေ။ ဘာကြောင့်လဲဆိုတော့ သူမအသံကိုသူမကြားနေရခြင်းက သူမကိုပိုကြောက်လန့်စေသည်။

အဆုံးမှာတော့ ရှုချင်းရီက တစ်မိနစ်လောက် သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ပြီးသည့်အခါ သူမ၏တုန်ရီနေသည့်လက်များကို ထိန်းရင်း သူမစိတ်ကိုရှင်းအောင် လုပ်လိုက်သည်။ သူမက ကားအပြင်ကို ထွက်လိုက်ကာ မော့ဟန်ဘက်က တံခါးဖွင့်လိုက်ပြီး မော့ဟန်အား ကြိုးစားပမ်းစားဖြင့် ကားနောက်ခန်းသို့ မနည်းရွေ့လိုက်ရသည်။

ထို့နောက် ရှုချင်းရီက ဖြတ်သွားသည့်ကားများကို လှည့်ကြည့်လိုက်သည်။ သူမက မော့ဟန်အား ဆေးရုံကိုခေါ်သွားပေးဖို့ အကူအညီပေးကြရန် အော်တောင်းဆိုသော်လည်း ထိုကားများက သူမကဘေးကနေ အရှိန်ဖြင့်ကျော်ဖြတ်သွားသည်ကိုပဲ ကြုံတွေ့ရသည်။

ရှုချင်းရီက မောပန်းနေပြီ။ မော့ဟန်၏ဖြူဖပ်နေသည့် မျက်နှာကိုကြည့်ကာ သူမထပ်မစောင့်နိုင်တော့သောကြောင့် ပတ်ဝန်းကျင်အား စူးစမ်းလိုက်သည်။ နောက်ဆုံးမှာတော့ စက်ဘီးများထားသည့် နေရာတစ်ခုအား မှောင်ရိပ်ကျသည့်ဒေါင့်တစ်ခုတွင် တွေ့သွားသည်။ ထိုနေရာသို့ မျှော်လင့်ချက်သေးသေးလေးဖြင့် မော့ဟန်အား သူမကိုမှီစေကာ သယ်ခေါ်သွားသည်။ ကံကောင်းစွာဖြင့် စက်ဘီးမှာ သော့ခတ်မထားပါ။ ရှုချင်းရီက တကယ်အကူအညီဖြစ်သည်ဟု သူမတွေးမိသွားသည်။ စက်ဘီးကိုတော့ သူမသေချာပေါက် ပြန်လာထားမှာ ဖြစ်ပါသည်။

ရှုချင်းရီက တွေဝေမနေဘဲ စက်ဘီးကို ထိုနေရာမှ ထုတ်လာလိုက်သည်။ ထို့နောက် မော့ဟန်အား စက်ဘီး၏ထိုင်ခုံတွင် နေရာသေချာချကာ သူမစက်ဘီးပေါ်သို့ တက်လိုက်သည်။ ရှုချင်းရီက မော့ဟန်ပြုတ်ကျမှာစိုးသောကြောင့် သူမကုတ်အကျီကိုချွတ်ကာ ထိုအကျီဖြင့် မော့ဟန်ကိုယ်အား သူမနှင့်ချည်လိုက်သည်။

ဒီလိုအခက်အခဲများကို ကျော်ဖြတ်ပြီးသည့်အခါ ရှုချင်းရီက စက်ဘီးနင်းတော့သည်။ ထိုအခါ မော့ဟန်က ထင်သလောက် မလေးမှန်း သူမသိလိုက်ရသည်။ ဒါပင်မယ့်လည်း သူမနောက်တွင် သံတုံးကြီးတစ်ခုအား တင်ထားသလို တောင့်တောင့်ကြီးပင် ဖြစ်သည်။ ရှုချင်းရီမှာ စက်ဘီးနင်းနေရင်း ပြုတ်ကျသွားမည်ကို ထပ်စိုးရိမ်လာပြန်သောကြောင့် စက်ဘီးအား လက်တစ်ဖက်ဖြင့်သာစီးကာ နောက်လက်တစ်ဖက်အား နောက်ကမော့ဟန်၏ လက်မောင်းကို လှမ်းထိန်းထားလိုက်သည်။

Previous Chapter 84 of 199 Next