၇၇။ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး
မော့ဟန်က ပြောပြီးသည်နှင့် တန်းထွက်သွားသည်။ သူကရှန်ယို့ကို ကျော်သွားသည့်အခါ သူမက နောက်ကနေ လှမ်းမေးလိုက်သည်။ သူမက ဒီအခြေအနေကို လက်ခံနိုင်သည့်ပုံပေါ်ကာ နူးညံ့နေသည့် အသံဖြင့် ဖြစ်သည်။
“မော့ဟန် ငါတို့နှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူလား?”
မော့ဟန်က ပြောသည်။
“ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး”
လောကကြီးမှာ အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရပြီးမှ ဇာတ်သိမ်းမလှလိုက်သည့် ဆက်ဆံရေးတွေ အများကြီးရှိပါသည်။ ဒါပင်မယ့် တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကာ လက်ထပ်လိုက်ကြပြီး ငြိမ်းချမ်းစွာ သေဆုံးသွားကြသည်များလည်း ရှိပါသည်။ အချစ်စစ်ကြောင့် ဒီလူ၏ဘေးတွင် ရှိနေသမျှ နေ့ရက်တိုင်းတွင် သူတို့က ပျော်ရွှင်နေကြကာ ငြီးငွေ့စရာကောင်းသည့်ဘဝကြီးမှာ ဒီလူကြောင့် အံ့သြစရာကောင်းအောင် ပြောင်းလဲသွားကြသည့်သူများ ဘယ်လောက်များနိုင်မှာလဲ?
မော့ဟန်က အနာဂတ်တွင် သူကရှန်ယို့အတွက် မဖြစ်နိုင်တော့ကြောင်းကို သိလေသည်။ ရှန်ယို့နှင့် အတူရှိနေသော်လည်း သူ့၏နေ့ရက်များက ထူးမခြားနား ဖြစ်နေသည်။ ပြီးတော့ သူ့၏ငြီးငွေ့စရာအခိုက်အတန့်တိုင်းကို သူနှင့်အတူဖြတ်သန်းသွားချင်သည့်သူ ရှိမှာမဟုတ်ဟု သူယုံကြည်နေမိသည်။
ဒီနေ့တွင် law firmထဲက လူများမှာ အံ့အားသင့်ဖွယ်ကိစ္စတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။ အလုပ်အရူးဟု နာမည်တပ်ခြင်းခံရသည့် သူတို့၏အလုပ်ရှင် ရှေ့နေကြီးမှာ တစ်နေ့လုံး အလုပ်သို့ ရောက်မလာပေ။
မနက်တုန်းကတော့ သူ့၏အတွင်းရေးမှူးမကို ကိုယ်ရေးကိုယ်တာကိစ္စကြောင့် နည်းနည်းနောက်ကျလိမ့်မည်ဟု စာပို့ထားခဲ့သည်။ ဟုတ်ပါသည်။ နည်းနည်းနောက်ကျမယ်ဟု ပြောထားခဲ့သော်လည်း အလုပ်ဆင်းရန်တစ်နာရီပဲ လိုသည့်အချိန်သို့ အခုရောက်နေပင်မယ့် သူရောက်မလာသေးပါ။
အတွင်းရေးမှူးမမှာ ဒီနေ့ရုံးတွင် အရေးကြီးစာချုပ်စာတမ်းများအတွက် မော့ဟန်၏ လက်မှတ်လိုနေသည်ကို ဖုန်းဆက်ကာ ပြောချင်နေသည်။ သို့သော်လည်း ရှေ့နေကြီးက သူ့ကိုယ်ပိုင်အချိန်တွင် လာမနှောင့်ယှက်ကြရန် မှာကြားထားခဲ့ဖူးသောကြောင့် သူမချီတုံချတုံဖြစ်နေပြီ။
သူမတွေဝေနေသည့်အချိန်တွင်ပဲ မော့ဟန်ဆီက ဖုန်းဝင်လာခဲ့သည်။ သူကုမ္ပဏီကို မကြာခင် ရောက်လာတော့မည် ဖြစ်သောကြောင် သူလက်မှတ်ထိုးရန် လိုအပ်သည့် စာရွက်စာတမ်းများကို အရင်ဆုံးပြင်ဆင်ထားရန် ပြောလာသည်။
အတွေးရေးမှူးမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနိုင်သွားပြီ။ ထို့နောက် သူမပြင်ဆင်စရာရှိသည်များကို ခပ်သုတ်သုတ်လုပ်လိုက်သည်။
‘ရှေ့နေကြီးရှိနေမှသာ ငါ့တို့အလုပ်ကို ပုံမှန်လို ကောင်းကောင်းလုပ်နိုင်မှာ သေချာပေါက်ပဲ’
မော့ဟန်က သူ့အတွင်းရေးမှူးမကို ခေါ်ပြီးသည်နှင့် ရုံးကိုအမြန်ကားမောင်းသွားသည်။ ရှုချင်းရီတစ်ယောက်ကတော့ ဘေးကနေ စိတ်မပျော်ရွှင်စွာ ပါလာလေသည်။
ဒီနေ့နေ့လည်တွင် သူမက ဆေးသောက်တွေသောက်ပြီးနောက် IV Dripချိတ်ပြီးသည့်အခါ လူကသက်သာလာသည်။ ထို့ကြောင့် ဆေးရုံကနေဆင်းကာ သူမကျောင်းသို့သွားပြီး ကျောင်းနားရန်လုပ်သည်။ ဆရာမကို ဒီနေ့ပြန်လာကာ သူမလုပ်စရာရှိသည်များကို လုပ်မည်ဟု သူမကတိပေးခဲ့သောကြောင့် ဖြစ်သည်။
ဒါပင်မယ့် ဆရာမနဲ့တောင် မတွေ့ရသေးခင် ဘယ်ကမှန်းမသိ သူမ၏သတင်းကို ကြားလာသည့် မော့ဟန်က သူမကိုရှင်းပြချိန်လေးတောင် မပေးနိုင်ဘဲ ရုတ်တရပ်ပေါ်ချလာကာ သူမကို ဆွဲခေါ်သွားတော့သည်။ ရှုချင်းရီမှာ ကျောင်းသားရေးရာဌာနသို့ ရောက်လာသည့်အခါ မော့ဟန်က သူမ၏လက်မောင်းကို ဆွဲထားသောကြောင့် မေဂျာပြောင်းချင်ပါသည်ဟုပဲ ပြောနိုင်တော့သည်။ သို့သော် မော့ဟန်က သူမနေကောင်းမှ ကျောင်းပြန်တက်နိုင်ဖို့အရေးကိုတော့လည်း ပြောပေးခဲ့ပါသည်။
‘ဘယ်သူကယုံမှာလဲ? ရက်နည်းနည်းလောက်ကြာသွားရင် ကိုကြီးက အတန်းပြန်တက်ခိုင်းတော့မှာမလား!’
ဒါပင်မယ့်လည်း မော့ဟန်က ရှုချင်းရီပြောသည်များကို နားထောင်ဖို့ ငြင်းဆန်ခဲ့သည်။ သူကဒီကောင်မလေး ထပ်ပြီးတော့ပျောက်သွားမှာကို စိုးရိမ်သောကြောင့် သူအိမ်မပြန်ခင် ရုံးသို့ဝင်၍ လုပ်စရာရှိသည်များလုပ်မှာ ဖြစ်သော်လည်း ကားပေါ်သို့ အတင်းတက်စေကာ ခေါ်လာခဲ့သည်။ ထို့ကြောင့် ကားပေါ်မှာ ရှုချင်းရီက စိတ်ပျက်လက်ပျက် အခုအချိန်အထိ ထိုင်နေရခြင်း ဖြစ်သည်။
ရုံးသို့ရောက်သည့်အခါ ရှုချင်းရီက မော့ဟန်ဆီမှ ခနအနားရသည်နှင့် အခြားဝန်ထမ်းများဆီ သွားစကားပြောနေတော့သည်။ တသီးတသန့်နေတက်သည့် မော့ဟန်၏ အနားတွင် နေရသည်ထက် လျူဇီယွမ်နှင့် အခြားဝန်ထမ်းများနှင့် စကားပြောနေရသည်မှာ ပို၍ပျော်ဖို့ကောင်းလေသည်။
သူ့ကိုစိမ်းကားနေသည့် ရှုချင်းရီမှာ အခြားသူများနှင့် နေကောင်းနေသည့်အလား ပြောဆိုနေသည်ကို မြင်ရသောအခါ မော့ဟန်က သူ့အတွင်းရေးမှူးမအား သူ၏ရုံးခန်းထဲကိုခေါ်ကာ စာရွက်စာတမ်းများကို စီစဉ်ရန် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခေါ်လိုက်ရသည်။
ရှုချင်းရီက နေသိပ်မကောင်းသေးကြောင့် စိုးရိမ်သည်ကတစ်မျိုး အခုအချိန်လောက်ဆိုရင် ရှန်ယို့မှာ အိမ်သို့ပြန်ရောက်နေလောက်ပြီဟု တွေးမိသည်ကတစ်ဖုံ ဖြစ်သောကြောင့် မော့ဟန်က ရုံးတွင် ကြာကြာမနေပေ။ သူကအရေးကြီးသည့် စာရွက်စာတမ်များကို လက်မှတ်ထိုးပြီးနှင့် လေပေါနေသည့် ရှုချင်းရီကိုခေါ်ကာ ပြန်သွားတော့သည်။
ထို့ကြောင့် အတွင်းရေးမှူးမမှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့သည်။
‘အလုပ်ရူးမော့ဟန်က ရုံးမှာ၁၀မိနစ်ပဲ နေသွားတယ်!
ဒီနေ့ရုံးမှာတော့ အဆန်းကြီးတွေ ဖြစ်သွားတာပဲ!’