May Honey Logo May Honey
Previous Next

၇၉။ ငါ့ကိုချစ်ရောချစ်ခဲ့လား?

ရှုချင်းရီက သူမ၏ရင်ထဲတွင် အဆင်မပြေပါ။ မော့ဟန်၏ ကိုယ်ရေးကိုယ်တာကိစ္စကို မမေးသင့်တာ သူမသိသော်လည်း ၃နှစ်တာ ဆက်ဆံရေးတစ်ခုက တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေသည်နှင့် ပြီးဆုံးသွားခဲ့ကြောင်းကို သူပြောသည်ကို ကြားသည့်အခါ သူမကြောက်သလို ခံစားရသည်။

ဒီလိုအချိန်ကြာနေသည့် ဆက်ဆံရေးတစ်ခုက ပျက်စီးသွားသည်ကို ကြားရသည့်အခါ ဘာကြောင့်မှန်းမသိ သူမကြောက်နေမိသည်။ သူမက အရင်တုန်းက ကြုံခဲ့ဖူးသလိုပင်။

ရှုချင်းရီက နွားနို့မသောက်ဘဲ သူမအိပ်ရာဘေးက စားပွဲ၏အံ့ဆွဲထဲက အိပ်ဆေးပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ရေနွေးနွေးလေးဖြင့် ဆေးသောက်လိုက်ကာ အိပ်ရာပေါ်သို့ တက်လိုက်သည်။

သူမအိပ်မပျော်ခင် မျက်နှာကျက်ကိုကြည့်နေစဉ်တွင် စကားတစ်ခွန်းက သူမ၏စိတ်ထဲမှာ အလိုလိုပေါ်လာသည်။
‘နှစ်တွေဒီလောက်ကြာတာတောင် ငါ့ကိုချစ်ရောချစ်ခဲ့ဖူးရဲ့လား?’

ထို့နောက် မျက်လုံးထောင့်ကနေ မျက်ရည်များက ထိန်းမရသိမ်းမရစီးကျလာကာ ခေါင်းအုံးကို စိုရွှဲသွားစေသည်။ ထို့နောက် ရှုချင်းရီမှာ နက်ရှိုင်းသည့် ပင်လယ်ကြီးထဲတွင် ရောက်နေသည့်အကြောင်းကို အိပ်မက်မက်တော့သည်။

မော့ဟန်က ရှုချင်းရီကို ထမင်းစားချိန်နီးမှ လာနှိုးလေသည်။ သူကတံခါးကို နှစ်ကြိမ်တောင်ခေါက်သော်လည်း ဘာမှပြန်မဖြေပေ။ ရှုချင်းရီက သူမ၏တံခါးကို အမြဲတမ်းလော့ချကာ ပိတ်မထားတက်သောကြောင့် သူတံခါးဖွင့်ကာ ဝင်လိုက်သည်။

ရှုချင်းရီက အိပ်ရာပေါ်တွင် စောင်လေးခြုံကာ အိပ်နေဆဲဖြစ်သည်။ မော့ဟန်က သူမကို လာနှိုးကာမှ သူမနိုးလာတော့သည်။

သူမဆံပင်တွေက ရှုပ်ပွနေကာ မော့ဟန်ကို ဝေဝေဝါးဝါးကြည့်နေသည်။ သူမအဆုံးမရှိအောင် နစ်မြုပ်နေသည့်အိပ်မက်ကနေ နိုးလာတိုင်းတွင် သူမအနားက အရာရာကို ပုံရိပ်ယောင်များဟု ထင်လေ့ရှိသည်။

“ဘာဖြစ်နေတာလဲ?”
မော့ဟန်က သူမ၏အပြုအမူမှာ ထူးဆန်းနေသည်ကို သတိထားမိသွားသည်။

ရှုချင်းရီက သူမ၏ဘေးပတ်ပတ်လည်ကို ဖြည်းဖြည်းချင်းကြည့်ကာ
“ဘာမှမဟုတ်ပါဘူး”

“မျက်နှာအရင်သွားသစ်လိုက်ဦး။ ပြီးရင်စားဖို့လာခဲ့။ ဒီတနေ့လုံး ဘာမှကောင်းကောင်း စားရသေးတာ မဟုတ်ဘူးမလား”

ရှုချင်းရီက ခေါင်းငြိမ့်လိုက်သည်။

ရှုချင်းရီက အပြင်ထွက်လာပြီးနောက် စားပွဲပေါ်က အစားအသောက်များမှာ ပုံမှန်လို မဟုတ်သည်ကို တွေ့သည်အခါ သူမအံ့သြသွားသည်။ အရင်တုန်းကဆိုရင် သူမကျောင်းကပြန်လာရင် ဘာကိုမှ မချက်တက်သောကြောင့် မုန့်မှာစားလေ့ရှိသည်။ ဒါပင်မယ့် ဒီနေ့အစားအသောက်များက မီးဖိုချောင်ထဲတွင် ချက်ပြုတ်ထားပုံရသည်။

ရှုချင်းရီက မော့ဟန်ကို မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
“ကိုကြီးချက်ထားတာလား?”

မော့ဟန်က မီးဖိုချောင်ထဲက စွပ်ပြုပ်တစ်ခွက်သယ်လာကာ စားပွဲပေါ်တင်ချရင်း အင်းဟုဖြေသည်။

“ချက်တက်တယ်လား?”

“နည်းနည်းပါးပါးပါ”

ရှုချင်းရီက ထိုင်ရင်းဖြင့် စားပွဲပေါ်က အငွေ့တထောင်းထောင်းထနေသည့် အရသာရှိမည့် အစားအသောက်များကို ကြည့်နေမိသည်။ ထိုအစားအသောက်များကို မီးဖိုချောင်ကို မဝင်တာ နှစ်ချီနေသည့် အလုပ်ရူးတစ်ယောက်က လုပ်ထားသည်ဆိုသည်မှာ ယုံချင်စရာမကောင်းပေ။

“ဘာဖြစ်လို့ ရုတ်တရပ်ကြီး ချက်နေတာလဲ?”

မော့ဟန်က ရှုချင်းရီ၏ အရှေ့တွင်ထိုင်ကာ တူကိုကိုင်ရင်း စစားတော့သည်။
“အရင်တုန်းက အလုပ်ရှုပ်နေလို့။ ဒါပင်မယ့် ဒီနေ့က အလုပ်လုပ်စရာ သိပ်မရှိဘူး။ အဲ့ဒါကြောင့် ဘာမှလုပ်စရာမရှိနေတာနဲ့ ထချက်လိုက်တာ”

ရှုချင်းရီကလည်း စားနေရင်းဖြင့်
“ဒါဆိုရင် လမ်းခွဲထားတာကြောင့် အလုပ်မလုပ်ချင်တဲ့ အချိန်တွေလည်း ရှိတယ်ပေါ့”

မော့ဟန်က သူမကိုကြည့်ကာ
“မဟုတ်တာတွေ လျှောက်တွေးမနေဘဲ အစားပဲစားနေစမ်းပါ”

ရှုချင်းရီက ခေါင်းငုံကာ ငြိမ်ငြိမ်လေး ဆက်စားနေလိုက်သည်။

နောက်တစ်နေ့တွင်တော့ တစ်ရုံးလုံးမှာ မော့ဟန်မလာခင်တွင် သူ့အကြောင်းကို အတင်းပြောနေကြသည်။
‘ငမ်းငမ်းတက် အလိုချင်ခံရဆုံး လူပျိုကြီးဖြစ်သည့် ဉစ္စာပေါရုပ်ချော မော့ဟန်မှာ လူလွတ်ဖြစ်သွားပြီ!’

ထိုသတင်းမှာ ရှန်ယို၏ သူငယ်ချင်းဟောင်းများဆီမှ ထွက်လာခြင်း ဖြစ်သည်။ ထိုသူငယ်ချင်းမှာ မော့ဟန်၏ရုံးမှလူဖြစ်ကာ သူတို့အလုပ်ရှင်မလာသဖြင့် သူမအိမ်ပြန်ရောက်၍ နားနေချိန်ဖြစ်သည်။ ထိုအချိန်တွင် သူမက ဖုန်းသုံးနေရင်းဖြင့် ရှန်ယို့က အမေရိကန်ကို ဘယ်သူ့ကိုမှ မပြောဘဲ ရုတ်ချင်းပြန်သွားသည်ကို သိလိုက်ရသည်။ ထိုအခါ တရုတ်ပြည်ကို ပြန်လာတိုင်း ကြာကြာနေတက်သည့် ရှန်ယို့က အမေရိကန်ကို မြန်မြန်မပြန်တက်တာ သိသောကြောင့် ရှန်ယို့ကို စာပို့ရာမှတဆင့် သိရခြင်းဖြစ်သည်။
‘သူတို့က လမ်းခွဲလိုက်ကြပြီ!
ငါတို့ရှေ့နေကြီး တနေ့လုံး ရုံးကိုမလာတာ မထူးဆန်းတော့ပါဘူး’

Previous Chapter 79 of 199 Next