May Honey Logo May Honey
Previous Next

၁၁၄။ ဘာမှမမြင်ဘူး

ရှုချင်းရီက တစ်ကိုယ်လုံး စိုရွှဲသွားကာမှ ပြန်လာသည်။ မနက်တုန်းက မော့ဟန်ဝတ်ခိုင်းထားသည့် အပေါ်ထပ်ကိုချွတ်၍ လက်တွင်ကိုင်လာသည်။ ရေစိုနေသည့် သူမ၏လက်တစ်လုံးဂါဝန်လေးမှာ သူမကိုယ်ကောက်ကြောင်းကို ထင်းနေစေသည်။

မော့ဟန်၏မျက်နှာမှာ ထပ်ပြီးမည်းသည်းသွားသည်။ မော့ဟန်၏မျက်နှာထားကို သတိမထားမိသည့် ရှုချင်းရီမှာ ပြုံးရွှင်စွာဖြင့် မော့ဟန်၏ဘေးတွင် ဝင်လှဲလိုက်သည်။

“သက်တောင့်သက်သာရှိလိုက်တာမှ”

မောပန်းလာသည့် ရှုချင်းရီမှာ အသက်တဝကြီးရှုနေသောကြောင့် သူမ၏ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

မော့ဟန်က သူမအား တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲသွားကာ သူ့အနားကာ ဂျာကင်ကို သူမအား ပစ်ပေးလိုက်သည်။

“ဘာလဲ?”

“ငါဘာပြောထားလဲ?”

“ကိုကြီး ဘာပြောချင်တာလဲလို့?”
ရှုချင်းရီက ခေါင်းထောင်လာကာ နေကာမျက်မှန်ကြီးနှင့် မော့ဟန်အား ကြည့်ကာမေးသည်။

“ငါအပေါ်ထပ်ဝတ်ခိုင်းထားကို ဘာဖြစ်လို့ မကြားသလိုလုပ်နေတာလဲ?”

“ဝတ်ပဲထားခိုင်းတာလေ။ အမြဲတမ်း ဝတ်ခိုင်းတာမှ မဟုတ်တာ”

ရှုချင်းရီက ခေါင်းမာစွာဖြင့်
“ကိုကြီးက ညီမလေးရဲ့ အဝတ်အစားအထိ လိုက်ချုပ်ချယ်. . .”

“ထပ်ပြောရဲပြောကြည့်။ မင်းဗီဒိုထဲက ပုခုံးပေါ်တဲ့အဝတ်တွေအကုန် ငါလွှတ်ပစ်လိုက်မယ်”
မော့ဟန်က စကားကိုဖြတ်ကာပြောသည်။

ရှုချင်းရီက ငြိမ်နေလိုက်သည်။ သူ့အားဘာပဲသွားပြောပြော နောက်ဆုံးမှာ နစ်နာမည့်သူက သူမဖြစ်နေသည်လေ။

ထိုအချိန်မှာပဲ မော့ဟန်က နေကာမျက်မှန်ချွတ်ပြီး ထလိုက်သည်။ ထို့နောက် အကျီချွတ်လိုက်ကာ ရှုချင်းရီ၏အနားသို့ ပစ်ချလိုက်သည်။

ရှုချင်းရီမှာ မော့ဟန်၏ကိုယ်ပေါ်က ကြွက်သားအပြိုင်းပြိုင်းကို မြင်လိုက်သည့်အခါ မျက်လုံးပြုးသွားသည်။ မော့ဟန်မှာ ဒီလိုကြည့်ကောင်းသည့် ခန္ဓာကိုယ်ရှိကြောင်းကို သူမမသိခဲ့ပေ။
‘ရုံးမှာပဲ တစ်နေကုန် ထိုင်အလုပ်လုပ်နေတာမလား? အမြဲတမ်း အလုပ်ရှုပ်နေတာမလား? အားကစားလုပ်ချိန် ဘယ်တုန်းက ရှိသွားတာလဲ? ဒီကြွက်သားတွေက ဘယ်လိုလုပ်ထွက်လာတာလဲ? ‘

ရှုချင်းရီမှာ ခေါင်းခြောက်သွားပြီ။ ထို့နောက် မော့ဟန်၏ဒီလိုပုံအား ဓာတ်ပုံရိုက်ထားရင် ကောင်းမလား သူမတွေးနေမိသည်။ ထိုပုံများကို မော့ဟန်၏ရုံးက သူ့အားကြွေနေသည့်သူများထံ သွားပြလိုက်လျှင် ထိုလူများမှာ နှုတ်ခေါင်းသွေးလျှံလောက်မှာပင်။ သူမကိုလည်း မုန့်ဖိုးပေးကြလိမ့်ဦးမည်။

“ငါရေသွားကူးလိုက်ဦးမယ်”
မော့ဟန်က ပေါ့ပါးစွာ ပြောသွားသည်။

ရှုချင်းရီက မော့ဟန်ထွက်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် မော့ဟန်က လျှောက်နေရင်း ဘောင်းဘီကို ချွတ်လိုက်သည်ကို မြင်သည့်အခါ သူမချက်ချင်း မျက်လုံးမှိတ်လိုက်ရသည်။
‘ငါဘာမှ မမြင်ဘူး! ငါဘာမှ မမြင်လိုက်ပါဘူးနော်!’

“ငါ့အဝတ်တွေကို သိမ်းထားပေး”
မော့ဟန်အသံက ထွက်လာပြီးသည်နောက် သူ့ဘောင်းဘီအား ရှုချင်းရီဆီသို့ ပစ်ပေးလိုက်ရာတွင် သူ့မ၏ခေါင်းပေါ်သို့ တည့်တည့်ပင်။

မော့ဟန်က စိတ်လန်းသွားသည့်အထိ ရေကူးပြီး ပြန်လာသည့် အချိန်တွင် ရှုချင်းရီမှာ သူ့ပေးထားသည့် ဂျာကင်ကို ဝတ်ရင်း ကမ်းခြေတွင်ထိုင်နေကာ လူတစ်ချို့နှင့် ပျော်ရွှင်စွာ စကားပြောနေသည်။

“မဟုတ်ပါဘူး။ မဟုတ်ဘူး။ ကျွန်မက တက္ကသိုလ်ကျောင်းသူပဲ ရှိပါသေးတယ်။ ဒီရက်ပိုင်း စာသိပ်လုပ်စရာမရှိလို့ အပျော်ထွက်လာတာ”
ရှုချင်းရီက သူမအနားသို့ မော့ဟန်ရောက်လာခြင်းကို သတိမပြုမိဘဲ သူ့ဘေးက လူများနှင့်သာ ဆက်စကားပြောနေဆဲပင်။

သူမနှင့်ပြောနေသူများထဲတွင် ရေစိုနေသည့်ကိုယ်ဖြင့် ချောမောသည့် ကောင်လေးများရှိကာ သူတို့၏မျက်လုံးများက သူမကိုကြည့်ရင်း တောက်ပနေသည်။

“ဒါက? နင့်ချစ်သူ. . .”
ထိုလူထဲက ကောင်မလေးတစ်ယောက်က မော့ဟန်ကို မြင်သည့်အခါ မေးသည်။

ရှုချင်းရီ၏မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ထို့နောက် အမြန်ရှင်းပြသည်။

“မဟုတ်ပါဘူး။ မဟုတ်ဘူး။ ဒါကကျွန်မရဲ့ အကိုကြီးပါ။ အတူတူအလည်လာကြတာ”

မော့ဟန်က သူတို့ကို စကားပြန်မပြောသလို လှည့်တောင်မကြည့်ပေ။ အိတ်ထဲမှ ပုဝါတစ်ထည်ထုတ်ကာ ခေါင်းသာသုတ်နေသည်။

“ဝိုး နင်က နင့်အကိုနဲ့ ရုပ်ချင်းဆင်သားပဲ”

ရှုချင်းရီ၏မျက်လုံးများမှာ ထပ်ဝိုင်းသွားပြန်သည်။ ထို့နောက် မော့ဟန်အား လှည့်ကြည့်ပြီးမှ
“တူတယ်လား? ဒါမျိုး ပထဆုံးကြားဖူးတာပဲ”

မော့ဟန်က သူမအားလှည့်ကြည့်ကာ ထိုကောင်မလေးပြောသည်ကို သဘောမတူဟန်ဖြင့် နှုတ်ခမ်းဒေါင့်စွန်းတစ်ဖက်က ကော့တက်သွားသည်။

“မောင်နှမနှစ်ယောက်က အသက်ဘယ်လောက် ကွာတာလဲ?”

ရှုချင်းရီက ဒီလိုမျိုး တစ်ခါမှ အမေးမခံဘူးပေ။ ထို့ကြောင့် မော့ဟန်၏ အသက်ကို သူမလည်း မသိပါ။ သူမ၏မှတ်ပုံတင်အတုထဲမှ အသက်အရဆိုလျှင် သူမက ၁၉နှစ်ဖြစ်သည်။

“ကိုကြီး. . .ဘယ်နနှစ်?”
ရှုချင်းရီက မေးလိုက်သည်။

“၃၀”
မော့ဟန်က သဘက်ကိုချရင်း ပြောသည်။

ထိုအခါမှသာ သူမတို့အသက်က ၁၁နှစ်ကွာကြောင်းကို သူမသိသွားသည်။

Previous Chapter 114 of 199 Next