May Honey Logo May Honey
Previous Next

၁၄၁။ မိန်းမ

“မင်းအတန်းပြီးပြီလား? ဘယ်မှာလဲ?”

“ကျောင်းကနေ အခုပဲထွက်လာတော့မလို့။ ဘာဖြစ်လို့လဲဟင်?”

“အခုတလော ပင်လယ်စာစားချင်နေတာမလား? ငါရုံးကိစ္စတွေ ပြီးသွားပြီ။ ညနေစာကို ပင်လယ်စာ သွားစားကြမယ်”
မော့ဟန်က ကားမောင်းနေရင်း နားကြပ်ဖြင့် သူမအား ဖုန်းပြောနေသည်။

ရှုချင်းရီက သူမဘေးနားကနေ အရိပ်လိုလျှောက်လိုက်နေသည့် ဟန်လျန်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒီနေ့တော့. . .အဆင်မပြေလောက်ဘူး”

“ဘာဖြစ်လို့လဲ?”
မော့ဟန်က မေးသည်။

ဟန်လျန်က ဘေးကနေ ဖြတ်ပြောသည်။
“ဘာဖြစ်လို့မသွားတာလဲ? မော့ဟန်ကလည်း အဆင်ပြေမယ်ဆိုရင် ကိုယ်လည်း လိုက်မယ်။ ကိုယ်သူ့နဲ့စကားပြောချင်တယ်”

ရှုချင်းရီက ဟန်လျန်ကို လှည့်ကြည့်လိုက်သည်။

မော့ဟန်ကလည်း ဖုန်းထဲက ယောက်ျားသံကို ကြားလိုက်သည့်အခါ
“ဘေးမှာဘယ်သူရှိနေတာလဲ?”

“ဟင်. . .ဟိုလေ. . .ညီမလေးတို့ ဟိုနေ့ကလမ်းမှာတွေ့တဲ့သူ”
ရှုချင်းရီက တွေဝေသွားသော်လည်း မော့ဟန်ကို ပြောပြလိုက်သည်။

သူမ၏ဘေးနားက ဟန်လျန်ကတော့ ရှုချင်းရီက သူ့အားဒီလိုပြောသည်ကို သဘောမကျပေ။ ထို့ကြောင့် ရှုချင်းရီ၏အနားသို့ကပ်ကာ
“ကိုယ်သူနဲ့ဖုန်းပြောမယ်ရလား?”

ရှုချင်းရီက ခေါင်းခါသည်။ ဖုန်းကိုလက်ဖြင့်ကာရင်း ဟန်လျန်နှင့်ဝေးရာသို့ ရှောင်သွားပြီးမှ
“မလိုပါဘူး။ ကျွန်မတို့ပဲအရင်ပြောရအောင်။ နောက်နေ့မှ ရှင့်ကို ကိုကြီးနဲ့ မိတ်ဆက်ပေးမယ်”

ရှုချင်းရီသည် တစ်ဖက်မှ မော့ဟန်ဘာပြောနေသလဲကို နားမထောင်နိုင်တော့ပေ။ သူမက မော့ဟန်အား
“ညီမလေး ဖုန်းချလိုက်တော့မယ်။ အိမ်ရောက်မှ သေချာရှင်းပြမယ်”

ရှုချင်းရီက ဖုန်းချပြီးနောက် သူမဘေးမှ ဟန်လျန်အား
“ကျွန်မအိမ်ကိုပြန်မလို့။ ရှင့်မှာတခြားပြောစရာမရှိတော့ရင် ပြန်လိုက်ပါတော့”

ဟန်လျန်က ဒေါသနည်းနည်းထွက်သွားသည်။
“ကိုယ်နဲ့ပြန်မလိုက်ဘဲ ဘာဖြစ်လို့ဒီမှာပဲ ခေါင်းမာနေတာလဲ? မိဘတွေ သူငယ်ချင်းတွေရှိတဲ့ အိမ်အစစ်ကို ပြန်ခေါ်သွားပါ့မယ်ဆိုကွာ! သူတို့မှာ နေ့တိုင်းစောင့်နေကြတာ”

ရှုချင်းရီက သက်ပြင်းချပြီးနောက် သူ့ကိုအလေးအနက်ထား ပြောလိုက်သည်။
“ဟန်လျန် ရှင့်အနေနဲ့ ကျွန်မခံစားချက်တွေကို နားလည်ဖို့ ခက်လိမ့်မယ်။ အခုရှင်က ကျွန်မအတွက်တော့ သူစိမ်းတစ်ယောက်ပဲ။ ရှင်ပြောပြနေပင်မယ့်လည်း အဲ့ဒီအတိတ်တွေအကြောင်းကို ကျွန်မကိုယ်တိုင် မမှတ်မိသေးဘူး။ အဲ့ဒါကြောင့် ကျွန်မအတွက်အိမ်ဆိုတာက ဒီလတွေအတွင်းမှာနေခဲ့တဲ့ နေရာပဲ။ ဟန်လျန် ကျွန်မကို ရှင်အိမ်လို့ပြောနေတဲ့နေရာကို ချက်ချင်းခေါ်သွားလို့ မရဘူး။ အဲ့ဒီနေရာက ကျွန်မအတွက် အစိမ်းသက်သက်ပဲ”

ဟန်လျန်က နားလည်သွားပုံပေါက်ကာ သက်ပြင်းရှည်ကြီးချပြီးမှ
“ဟုတ်ပြီ ကိုယ်စိတ်ရှည်ရမှာပေါ့။ ဒါပင်မယ့် ကိုယ်ညန်ညန်ကိုတော့ ပြန်လာခေါ်မှာပါ”

ရှုချင်းရီက ဟန်လျန်၏စကားများကို ငြင်းမနေတော့ဘဲ သူ့ကားဖြင့်သာ သူမအား အိမ်သို့လိုက်ပို့ခိုင်းလိုက်သည်။ သူမတိုက်ထဲရောက်လို့ ဓာတ်လှေကားစောင့်နေစဉ်မှာပဲ သူက သူမဘေးသို့ ရောက်လာပြန်သည်။ ထို့ကြောင့် သူမနေသည့်အထပ်သို့နှိပ်ကာ သူနှင့်အတူ ဓာတ်လှေကားစီးလာခဲ့သည်။ သူမတို့အခန်းရှေ့ရောက်မှ ဟန်လျန်အား
“ကျွန်မအိမ်ရောက်ပြီ။ ရှင်ပြန်တော့”

“အထဲကိုတောင် မဖိတ်တော့ဘူးလား? ဒီမှာဘယ်လိုနေရလဲ ကိုယ်ကြည့်ပါရစေ?”

ရှုချင်းရီ၏ သည်းခံနိုင်စွမ်းမှာ ကုန်သွားပြီ။
“ဒီမှာ ဒါကျွန်မအိမ်မဟုတ်ဘူးရှင့်။ ဒါကိုကြီးအိမ်။ သူ့ရဲ့ခွင့်ပြုချက်မရှိဘဲ သူစိမ်းတစ်ယောက်ကို ကျွန်မအိမ်ထဲမသွင်းနိုင်ဘူး”

ဟန်လျန်မျက်နှာမှ အပြုံးမှာ နားလည်ရခက်စွာ ထူးဆန်းသွားသည်။
“သူ့ခွင့်ပြုချက်မရှိဘဲ ဟုတ်လား? အဲ့ဒီကောင်ကို နာခံနေတယ်ပေါ့လား ချစ်လေး?”

ဟန်လျန်က သူမအား ချစ်လေးဟု ခေါ်လိုက်သည့်အခါ ရှုချင်းရီသည် အန်ချင်သွားသည်။ ဘာကြောင့်မှန်းတော့ သူမလည်း မသိပင်မယ့် သူ့ဆီက ဒီလိုအသုံးအနှုန်းကို ကြားသည့်အခါ သူမ၏ကိုယ်က ဒီလိုတုန့်ပြန်လာခြင်းသာ ဖြစ်သည်။

ရှုချင်းရီက ဘာဖြေရမှန်း မသိဖြစ်နေချိန်မှာပဲ သူမအနောက်က တံခါးမှာပွင့်လာသည်။ ရှုချင်းရီက လှည့်ကြည့်လိုက်သည့်အခါ မော့ဟန်က အနောက်တိုင်းဝတ်စုံကိုတောင် မလဲရသေးဘူး ဖြစ်သည်။ ရှုချင်းရီမှာ မော့ဟန်က ဘာကြောင့် ရုတ်တရပ်ကြီး တံခါးဖွင့်လာသလဲ မသိပေ။

မော့ဟန်က ရှုချင်းရီ၏ အူကြောင်ကြောင်အမူအယာကိုကြည့်ပြီးနောက် သူမ၏အရှေ့က ဟန်လျန်ကို တစ်ချက်ပဲ ကြည့်ကာ သူမအား
“အိမ်ရှေ့မှာ အသံတွေကြားလို့ မင်းပြန်ရောက်တာလား ထွက်ကြည့်တာ”

“ခင်ဗျားက ရှေ့နေကြီးမော့ဟန် ဖြစ်ရမယ်။ ခင်ဗျားအကြောင်းကို ကြားဖူးပါတယ်”
ဟန်လျန်ကပြောသည်။

“ကျေးဇူးတင်ပါတယ်။ ကျွန်တော်က သူများအမှုတွေကို လိုက်ပေးရတဲ့ ရှေ့နေတစ်ယောက်ပါပဲ”
မော့ဟန်၏လေသံမှာ အေးစက်နေသည်။

“ညန်ညန်ကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”
ဟန်လျန်ကပြောသည်။

“ညန်ညန်?”

Previous Chapter 141 of 199 Next