May Honey Logo May Honey
Previous Next

၁၆၁။ မိန်းမ

အိပ်ဆေးသောက်လိုက်သည့်ထိုညတွင် သူမသည် အိပ်ချင်စုံမွှားဖြစ်လာကာ အိပ်ပျော်တော့မလို ဖြစ်သွားသည်။ သို့သော် သူမအပေါ်တွင် လေပူတို့က သူမကိုယားလာကာ အဆင်မပြေဖြစ်စေသည်။ အိပ်ချင်မှုကို တွန်းလှန်ကာ သူမမျက်လုံးကို အတင်းဖွင့်ကြည့်သည့်အခါမှာတော့ ဟန်လျန်သည် အကျီမပါဘဲ သူမအပေါ်တွင် အုပ်မိုးလျှက် သူမ၏လည်ပင်းကို နမ်းရန်လုပ်နေသည်။

ထိုအခါ သူမလန့်သွားကာ မျက်လုံးပြူးသွားပြီး သူ့ကိုတွန်းထုတ်ကာ ထထိုင်လိုက်သည်။ သို့သော်လည်း အိပ်ဆေး၏အရှိန်ကြောင့် သူမကိုယ်က အားပျော့နေကာ မျက်လုံးက ပြန်ပိတ်သွားသည်။ သူမသည် ချွေးအေးတို့ ထွက်လာကာ စိုးရိမ်လာသည်။

“ရှင်ဘာလုပ်နေတာလဲ?”
သူမ၏လေသံကအစ ပျော့နေနေသည်။

ဟန်လျန်က သူမမေးသည်ကို ပြန်မဖြေပေ။ သို့သော် သူမ၏အကျီကို ချွတ်ပစ်လိုက်သည်ကိုတော့ သူမသိလိုက်သည်။

ရှုချင်းရီသည် သူမကိုယ်သူမ နိုးနိုးကြားကြားရှိနေစေရန် သူမလျှာကို ခပ်ကြမ်းကြမ်းကိုက်ပစ်လိုက်သည်။ နာသွားမှ သူမနိုးလာကာ ဟန်လျန်က သူမအနားသို့ နောက်တစ်ခါကပ်လာသည်နှင့် ပါးကိုရိုက်ပစ်လိုက်သည်။ ဟန်လျန်က ကြောင်အသွားကာ သူပါးကိုသူကိုင်ရင်းဖြင့် သူမအား မယုံကြည်နိုင်စွာ ကြည့်နေသည်။

ရှုချင်းရီက အကျီကိုပြန်ဝတ်လိုက်သော်လည်း ဟန်လျန်က သူမအနားကို ထပ်ရောက်လာပြန်သည်။ ရှုချင်းရီသည် အိပ်ဆေးကြောင့် အိပ်ချင်စိတ်က မပျောက်သေးဘဲ အားကနည်းနည်းသာ ရှိသော်လည်း ဟန်လျန်ကို ကုတင်ပေါ်ကနေ ကန်ချပစ်လိုက်သည်။

ရှုချင်းရီမှာ ဖိနပ်တောင် မစီးနိုင်ဘဲ ကုတင်ပေါ်ကထကာ ဟန်လျန်ကိုလှည့်ကြည့်မနေဘဲ ထွက်ပြေးသည်။ သို့သော် ဟန်လျန်က သူမ၏လက်ကိုဆွဲကာ ကုတင်ပေါ်သို့ ပြန်တွန်းချလိုက်သည်။

ရှုချင်းရီသည် ဒေါသထွက်လာပြီဖြစ်သည်။ သူမသည် ကုတင်ပေါ်မှ အမြန်ထကာ ဟန်လျန်ကို တွန်းထုတ်ပြီး ပြတင်းပေါက်နားသို့ ရှောင်ထွက်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ကို ဖွင့်လိုက်ကာ ဘောင်ပေါ်တွင် တက်ထိုင်လိုက်သည်။ လေအေးတို့ကလည်း အပြင်ကနေ တိုက်နေသည်။ ရှုချင်းရီက ဟန်လျန်ကို စိုက်ကြည့်ကာ
“ရှေ့ကိုတစ်လှမ်းတိုးရဲ တိုးလာကြည့်! ကျွန်မဒီပေါ်ကနေ ခုန်ချမှာ!”

ဟန်လျန်က သူမကိုရပ်ကြည့်ကာ
“ညန်ညန် ရှုပ်မနေစမ်းပါနဲ့ကွာ။ ကိုယ်တို့က လင်မယားတွေလေ”

ရှုချင်းရီ၏နှုတ်ခမ်းတို့က အပေါ်သို့တွန့်ကွေးသွားကာ
“ဟန်လျန် ရှင်ကတကယ်ရွံ့ဖို့ကောင်းတာပဲ။ ကျွန်မက ရှင်နဲ့ ဘယ်လိုလုပ် လက်ထပ်ဖြစ်သလဲတောင် မသိတဲ့လူလေ”

“ကိုယ်ကရွံ့ဖို့ကောင်းတယ်လား?”
ဟန်လျန်က ပြောသည်။

“ညန်ညန်ပြန်မှတ်မိလာရင် ကိုယ်တို့က နေ့တိုင်းဘယ်လောက် ချစ်ကြသလဲကို သိရမှာပါ။ အခုလို ထိလိုက်တိုင်း ထွက်ပြေးနေတာ မဟုတ်ဘူး”
ဟန်လျန်က ထပ်ပြောသည်။

“ညန်ညန် ကိုယ်ကမင်းရဲ့ယောက်ျားနော်။ ကိုယ့်ကိုအချိန်ပေးဆိုလို့ ကိုယ်ပေးခဲ့တယ်လေ။ တစ်ပတ်ကုန်သွားပြီလေကွာ။ ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲ? ဟိုကောင်မော့ဟန်ကြောင့်လား? ကိုယ့်ကိုမေ့သွားတာနဲ့ သူ့ကိုဘာဖြစ်လို့ ချစ်သွားနိုင်ရတာလဲ? သူနဲ့နေရတာကို စွဲလမ်းနေတာလား?”

ရှုချင်းရီမှာ ဟန်လျန်က မော့ဟန်ကိုဆွဲထည့်သည်က ကလေးဆန်လွန်းသည်ဟု ထင်လိုက်သည်။

“သူနဲ့ဘာဆိုင်လို့လဲ? ကျွန်မတို့နှစ်ယောက်အကြောင်း အခုပြောနေတာနော်! မဆိုင်တာတွေကို လျှောက်ဆွဲထည့်မနေနဲ့ “

ဟန်လျန်က ရှုချင်းရီဆီသို့ ခြေတစ်လှမ်းတိုးလာသည်။
“သူနဲ့ ညန်ညန်က ဘာမှမပတ်သတ်တော့ဘူး။ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်နေကြပြီ”

ရှုချင်းရီမှာ သွားကြိတ်ကာ ပြောလိုက်သည်။
“ဟန်လျန် ရှင့်ကို ကျွန်မ သတိပေးထားတယ်နော်”

“ဘာကိုလဲ?”
ဟန်လျန်က သူမ၏အနားသို့ နောက်တစ်လှမ်းတိုးလာသည်။

သို့သော်လည်း ရှုချင်းရီက သူ့ကိုလုံးဝအခွင့်အရေးမပေးပေ။ ဘယ်တုန်းကမှ သူမထင်ခဲ့သလို ရှုချင်းရီသည် ပြတင်းပေါက်ပေါ်ကနေ ခုန်ချသွားသည်။

သူကအမြန်လှမ်းဖမ်းလိုက်သော်လည်း မမှီလိုက်ပေ။ သူမသည် ထပ်ခိုးမှာရှိသည့် ဧည့်သည်အခန်းမှ အောက်ထပ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။

ဟန်လျန်၏နှလုံးသားကပါ ပြုတ်ကျသွားသလို ဖြစ်သည်။ သူအောက်ကို သေချာကြည့်လိုက်သည့်အခါ ရှုချင်းရီသည် ဖြည်းဖြည်းချင်းထလာသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့အားတစ်ချက်မော့ကြည့်ပြီးနောက် လရောင်အောက်တွင် ထွက်သွားတော့သည်။

ဟန်လျန်သည် ကုတင်ပေါ်တွင် ထိုင်ချကာ ညန်ညန်၏ ခုနတုန်းက မျက်နှာထားကို သူမျက်လုံးထဲတွင် မြင်ယောင်နေမိသည်။ သူမကို သူလုံးဝဆုံးရှုံးသွားသလို သူခံစားနေရသည်။ ညန်ညန်သည် အရင်ကနှင့် လုံးဝကို ကွာခြားနေသည်။ သူမသည် အရင်လို ဘယ်တော့မှ ဖြစ်လာတော့မည် မဟုတ်သည်ကို သူသေချာသိသွားပြီ။

သို့သော်လည်း ညန်ညန်က သူ့ဆီကို ပြန်လာမည်ဟု သူယုံကြည်ချင်သေးသည်။ သူချစ်ရသည့် ညန်ညန်သည် ဘာတွေပဲဖြစ်ဖြစ် သူ့ဆီကိုတော့ နောက်ဆုံးမှာ ပြန်ရောက်လာရမည်။ သူ့အတွက်တော့ သူ့အနားမှာ ညန်ညန်ရှိနေဖို့သာ လိုအပ်သည်။ သူမသာ သူ့အနားမှာရှိနေသ၍ သူဘာမဆိုရင်ဆိုင်နိုင်ပါသည်။ ဒါကလည်း သူ့၏စိတ်စွဲလမ်းမှုတစ်ခုသာ ဖြစ်ပါတော့သည်။

ရှုချင်းရီက ဘယ်ကိုသွားရမလဲ မသိသောကြောင့် သူမလမ်းကို အဝေးကြီး မလျှောက်ရဲပေ။ အခုဘယ်အချိန်ရှိနေပြီလဲဆိုသည်ကိုလည်း မသိပေ။ တိတ်ဆိတ်ကာ မှောင်မိုက်နေသည့် လမ်းပေါ်တွင် လမ်းမီးရောင်ဝါကျင့်ကျင့်ကို အားကိုးကာ လျှောက်လာသောအခါ သူမ၏ခြေသံတို့ကသာ သူမပြန်ကြားနေရသည်။

ကံကောင်းသည်မှာ ခုနတုန်းက သူမခုန်ချလိုက်သည့်အခါ ခြေထောက်သာ နည်းနည်းပွန်းသွားခြင်း ဖြစ်သည်။ ထို့အတူ ဖိနပ်လည်းပါမလာတော့ သူမလမ်းလျှောက်ရသည်မှာ သိပ်အဆင်မပြေလှပေ။ သူမသည် ညအိပ်ဝတ်စုံလည်းနှင့်သာဖြစ်သောကြောင့် လမ်းပေါ်တွင် သူမခိုက်ခိုက်တုန်အောင်လည်း ချမ်းနေသည်။

သူမသွားစရာနေရာမရှိသောကြောင့် ဆိုင်တစ်ခုရှေ့တွင်ရပ်လိုက်ကာ ထိုဆိုင်ရှေ့က လှေကားထစ်လေးပေါ်တွင် ထိုင်ချလိုက်သည်။ ပြဿနာတက်လာသည့် ဒီညတွင်တော့ သူမဒီနေရာမှာပဲ အချိန်ဖြုန်းရမည်ထင်သည်။ သူမသည် ကြယ်ရောင်မဲ့နေသည့် ကောင်းကင်ကြီးကို ကြည့်ကာ သူမဘာကိုမှ မတက်နိုင်တော့သလို ခံစားရသည်။ အစတုန်းက သူမမှတ်ညဏ်ပြန်ရလျှင် အရာအားလုံး အဆင်ပြေသွားမည်ဟုသာ ဖြစ်သည်။ သို့သော်လည်း သူမ၏မှတ်ညဏ်တို့က ပြန်မရသေးသလို လက်ရှိအခြေအနေတို့ကိုလည်း သူမသည်းမခံနိုင်တော့ပေ။ သူမသည် မော့ဟန်ဆီကိုသာ ပြန်ပြေးချင်နေမိသည်။

သို့သော်လည်း သူမပြန်သင့်သည့်နေရာကို သူမသေချာမသိတော့ပေ။ သူမသည် အရေးကြီးသည့်မှတ်ညဏ်များကို ပြန်မမှတ်မိသေးသောကြောင့် ဟန်လျန်နှင့်အကြောင်းအရာများကိုလည်း မသိသေးသဖြင့် သူမလုပ်ရပ်က ဆိုးဝါးကောင်း ဆိုးဝါးသွားနိုင်သည်။ မော့ဟန်ကရော သူမကိုပြန်လက်ခံပါ့မလား? သူမကို အဆက်အသွယ်ထပ်မလုပ်ရန် အခိုင်အမာပြောခဲ့သည်။ သို့သော်လည်း အခုအချိန်မှာ မော့ဟန်ကို သူမဖုန်းအရမ်းဆက်ချင်နေသည်။ ဖုန်းဆက်ကာ ဒီမှာသူမဘယ်လို ကြုံတွေ့နေရသလဲကို ပြောပြချင်သည်။

ရှုချင်းရီက တွေးလေလေ ငိုချင်လာလေလေ ဖြစ်သောကြောင့် အရဲစွန့်ကာ ဖုန်းခေါ်ပြောဖို့ ဆုံးဖြတ်ပြီး အိတ်ကပ်ထဲကို လက်နှိုက်လိုက်သည်။ သို့သော်လည်း သူမသည် ဖုန်းလည်း ပါမလာခဲ့ပေ။ ထို့ကြောင့် သူမသည် သက်ပြင်းချလိုက်ပြီးနောက် သူမကိုယ်သူမနွေးသွားစေရန် ဒူးခေါင်းနှစ်ဖက်ကို ပိုက်ကာ ထိုင်လိုက်သည်။ လေအေးတို့က တဟူးဟူးတိုက်ကာ အအေးဒဏ်ကြောင့် သူမ၏တစ်ကိုယ်လုံးတုန်ရီနေပြီ။ သူမ၏ဦးနှောက်က ဝေဝါးလာကာ အိပ်ချင်မူးတူးဖြစ်နေသည်။

ဤသို့ဖြင့် သူမအိပ်ပျော်သွားကာ သူမနိုးလာတော့ ကောင်းကင်ကြီးမှာ လင်းနေပြီဖြစ်သလို ဟန်လျန်ကလည်း သူမ၏အရှေ့မှာရှိနေသည်။

“ကိုယ်တောင်းပန်ပါတယ်. . .အိမ်ပြန်ကြရအောင်”
ဟန်လျန်က နူးညံ့စွာတောင်းပန်ရင်းပြောသည်။ သူကထပ်ပြီးတော့
“ကိုယ့်အမှားပါ။ ညန်ညန်မှာလည်း အကြောင်းပြချက်တွေရှိနေတာကို ဒီလိုမလုပ်သင့်ဘူး။ ကိုယ်နားလည်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ ညန်ညန် ရန်ထပ်မဖြစ်ဘဲ နေကြရအောင်ကွာ။ အိမ်ပြန်ကြရအောင်လေ”

သူမသည် သူ့ကိုမော့ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။

“နောက်ဆိုရင် အချိန်ယူပါ့မယ်ကွာ။ ကိုယ်နဲ့အတူရှိနေသမျှ ဘာကိုတောင်းဆိုမနေတော့ဘူး”

ဤသို့ဖြင့် နောက်ဆုံးတွင် ရှုချင်းရီသည် သူ့နောက်သို့ ပြန်လိုက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏မှတ်ညဏ်များကို လိုချင်လျှင် ထိုအိမ်သို့ ပြန်သွားမှ ဖြစ်မည်ကို သူမသိသောကြောင့် ဖြစ်သည်။

အပြင်ဘက်မှာ တစ်ညလုံး လေအေးခံပြီးသည့်နောက်တွင် ရှုချင်းရီသည် အိမ်သို့ပြန်ရောက်သည်နှင့် ဖျားတော့သည်။ ဟန်လျန်သည် သူမ၏ကျောင်းကိုခွင့်တိုင်ပေးကာ သူမကို အခန်းထဲတွင်သာ နားစေပြီး ဆေးသောက်စေသည်။ သို့သော်လည်း ရှုချင်းရီသည် မအိပ်ရဲတော့ပေ။ သူမသည် နောက်ထပ်ဒီလိုမျိုးဖြစ်မှာကို ကြောက်သောကြောင့် မအိပ်ရဲခြင်းဖြစ်ကာ လူမှာပိုပင်ပန်းလာတော့သည်။ ဟန်လျန်သည် သူမအိပ်ချင်ယောင်ဆောင်နေသည်ကို ကြည့်ပြီးမှ ထွက်သွားတော့သည်။

ရှုချင်းရီသည် သူထွက်သွားသည်နှင့် ထထိုင်ကာ ဖုန်းကိုယူလိုက်သည်။ သူမသည် ဒီမိသားစုမှာ အရင်တုန်းက ဘာဖြစ်ခဲ့သလဲကို စုံစမ်းပေးရန် သူမ၏စုံထောက်အေဂျင်စီမှ မိတ်ဆွေများကို ဖုန်းခေါ်လိုက်သည်။ သူမသည် ဒီတိုင်းထိုင်နေကာ ပြန်မှတ်မိလာသည့်အထိ စောင့်မနေချင်တော့ပေ။ ကံကောင်းသည်မှာ သူမ၏အသိမိတ်ဆွေတစ်ယောက်သည် ဒီမြို့တွင်ရှိနေသည်။ ရှုချင်းရီသည် အချိန်ဆွဲမနေတော့ဘဲ ကော်ဖီဆိုင်တစ်ခုတွင် တွေ့လိုက်သည်။ ထိုလူပြန်သွားသည့်အခါ နေ့လည်း၂နာရီရှိနပြီ။

အလင်းရောင် ကောင်းကောင်းရသည် ထိုဆိုင်တွင် သူမဆက်ထိုင်နေရင်း ထိန်းထားသည့် အိပ်ချင်စိတ်တို့က တိုးထွက်လာသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဆိုင်ထဲတွင် သာယာသည့်ဂီတသံကို ဖွင့်ထားကာ လူတွေက သူတို့အဖွဲ့နှင့်သူတို့ ခပ်တိုးတိုး စကားပြောနေကြသည်။ ဆိုဖာကို သူမမှီထိုင်လိုက်သည့်အခါ သူမ၏ကိုယ်သည် သက်သောင့်သက်သာ အရမ်းရှိသွားသည်။ ပတ်ဝန်းကျင်က အရမ်းကောင်းလွန်းသောကြောင့် ရှုချင်းရီသည် တကယ်အိပ်ချင်လာသည်။ သို့သော်လည်း သူမသည် အိပ်မရမည်ကို စိုးရိမ်လာသောကြောင့် အိပ်ဆေးသောက်လိုက်သည်။ ထို့နောက် သူမ၏ခေါင်းကို ဘေးကမှန်တွင်မှီလိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။

မော့ဟန်မှာလည်း ဒီမြို့သို့ ထွက်လာသည်။ သူသည် ၈ရက်လောက်ကတည်း ခေါ်ချင်နေသည့် ဖုန်းကိုခေါ်သည့်အခါ ဘယ်သူမှဖုန်းမကိုင်သဖြင့် ရှုချင်းရီကို တွေ့ဖို့အတွက် ဒီမြို့ကို သူရောက်လာခြင်းဖြစ်သည်။ သူမက သူ့ကိုဘာပဲပြောပြော သူ့အပေါ်မှာထားသည့် သူမ၏စိတ်က ဘယ်လိုပဲ ပြောင်းသွားပါစေ သူမကို သူတွေ့ချင်မိသေးသည်ဖြစ်သည်။ သူမကို တွေ့လိုက်ရလျှင် သူရင်ထဲမှာ နာကျင်နေရသည့် ခံစားချက်က သက်သာသွားလိမ့်မည်ဖြစ်သည်။

မော့ဟန်က သူမ၏အိမ်သို့ရောက်သွားသော်လည်း အိမ်မှာ သူမက ရှိမနေပေ။ ထို့ကြောင့် အပြင်လျှောက်သွားရသည်ကို နှစ်သက်သည့် ထိုကောင်မလေးကိုရှာရန် မြို့ထဲသို့ သူလိုက်သွားသည်။ တစ်လမ်းပြီးတစ်လမ်း သူရှာရင်းဖြင့် အရင်တုန်းက အချိန်ကို ပြန်ရောက်သွားသလို သူခံစားလိုက်ရသည်။ သူမသည် ဘယ်တုန်းကမှ ထွက်မသွာခဲ့ဖူးသလို သူတို့ကြားတွင်လည်း ဘာမှမဖြစ်ခဲ့ဖူးသလိုမျိုးဖြစ်သည်။ အရင်တုန်းက ပျော်စရာအပြည့်ဖြစ်ခဲ့ပင်မယ့် အခုတော့ အထီးကျန်မှုတွေသာ ကျန်ခဲ့သည်။ ခွဲခွာခြင်းက ဝမ်းနည်းဖို့ ကောင်းလွန်းသည်။

မော့ဟန်က အရင်တုန်းက အကြောင်းများကို တွေးရင်းဖြင့် လူစည်ကားသည့် လမ်းတစ်ခုက ဆိုင်တစ်ဆိုင်တွင် ရှုချင်းရီသည် မှန်ကိုမှီနေသည်ကို သူတွေ့လိုက်ရသည်။ ထို့ကြောင့် သူကားကို လမ်းဘေးတွင် ထိုးရပ်လိုက်ကာ ထိုဆိုင်ထဲသို့ ဝင်လာလိုက်သည်။

ရှုချင်းရီ၏အနားမှ ဆိုင်မှမိန်းကလေးသည် စိတ်ရှုပ်နေပုံရသည်။
“အမ. . .အမရေ. .”

မော့ဟန်သည် သူမတို့အနားသို့သွားကာ
“ဘာဖြစ်လို့လဲ?”

“သူ့ကိုသိလား?”
ထိုဆိုင်ကမိန်းကလေးက မေးသည်။

မော့ဟန်က ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအခါမှ သူမက သက်ပြင်းချလိုက်ကာ
“၂နာရီလောက်ရှိပြီ ဒီမှာအိပ်ပျော်နေတာ။ ကျွန်မဘယ်လိုနှိုးနှိုးမနိုးဘူး။ တစ်ခုခုများ ဖြစ်သွားသလားလို့ ဆေးရုံပို့ရင် ကောင်းမလားတောင် တွေးနေတာ”

“ဘာမှမဖြစ်ပါဘူး။ ပင်ပန်းလွန်းနေတာဖြစ်မယ်”
မော့ဟန်က ပြောသည်။

“အလုပ်သွားပြန်လုပ်လေ။ နှိုးထားလိုက်မယ်”

“ကောင်းတာ ပေါ့ရှင်”
သူမကပြောသည်။

“ရှင်ရောဘာသောက်ဦးမလဲ?”

မော့ဟန်က အိပ်နေသည့် ရှုချင်းရီကို ကြည့်ကာ
“သူသောက်တာပဲပေးပါ”

ဆိုင်ကမိန်းကလေးမှာ ခေါင်းငြိမ့်ပြီးထွက်သွားသည်။ မော့ဟန်သည် ရှုချင်းရီ၏ဘေးတွင်ထိုင်ကာ မှန်ကိုမှီနေသည့် သူမ၏ခေါင်းကို အသာအယာခွာကာ သူ့ပုခုံးပေါ်တွင် ချလိုက်သည်။ ထို့နောက် သူမ၏အသက်ရှုသံမှန်မှန်လေးကို နားထောင်မိနေသည်။

Previous Chapter 161 of 199 Next