May Honey Logo May Honey
Previous Next

၁၇၇။ ပြေလည်ခြင်း

သူတို့အိမ်ရာသည့်အခါ ရှုချင်းရီသည် သူမပြောမိသည်ကို နောင်တရနေပြီး ဒီမှာပဲနေချင်သည်ဟု ပြောလိုက်ရမလား သူတို့သဘောတူထားသလိုပဲ သူမအိမ်ပေါ်က ဆင်းပေးရမလား တွေးနေသည်။

“ဖုန်းလာနေတယ်”
မော့ဟန်က ပြောသည်။

ရှုချင်းရီက ထိုအခါမှ သူမ၏အိတ်ထဲက ဖုန်းကိုကောက်ကိုင်လိုက်ပြီး ခေါ်သည့်သူကို မြင်တော့ မကိုင်ဘဲကြည့်နေမိသည်။

“မကိုင်ဘူးလား?”
မော့ဟန်က ထပ်မေးသည်။

ရှုချင်းရီက ဖုန်းကိုကိုင်လိုက်ကာ
“ဟယ်လို”

“ပြန်လာမယ်လို့ မင်းတို့အမေဆီက ငါကြားတယ်”
ဟန်လျန်၏အသံဖြစ်သည်။

မော့ဟန်၏အိမ်က ထွက်လာမည် ဆိုသည်ကို သူမ၏အမေက ပြောလိုက်သလားဟု ထင်လိုက်သည်။ သို့သော်လည်း သူမ၏အမေကတော့ ဒီလိုလုပ်မည့်လူမျိုးလည်း မဟုတ်လောက်ပါပေ။

“မဟုတ်ပါဘူး။ ကျွန်မအခုလက်ရှိနေတဲ့နေရာက ထွက်လာမယ်လို့ ပြောတာ။ အိမ်ကိုပြန်လာမယ်လို့ ပြောတာမဟုတ်ဘူး”

“တူတူပဲလေ။ မင်းမှာ အဲ့ဒီအိမ်နဲ့ မင်းရဲ့အမေအိမ်အပြင် သွားစရာမှ မရှိတာ။ အဲ့ဒါကြောင့် ငါတို့မြို့ကို ပြန်လာတာက ပိုမကောင်းဘူလား? မင်းရဲ့အမေရော ငါရောရှိတယ်။ ငါတို့က မင်းကိုဂရုစိုက်ပေးနိုင်တာပေါ့”

ရှုချင်းရီသည် ဟန်လျန်မှာ သူမကိုပြန်လာစေချင်နေသည်ကို သိလိုက်သည်။ မော့ဟန်အိမ်ကနေ ထွက်လာမည်ဟု သိသိချင်း သူမအား ဖုန်းခေါ်ခြင်း ဖြစ်လောက်မည်။ သို့သော်လည်း ဘာဖြစ်လို့ ဒီလိုလုပ်နေသလဲ သူမတော့ နားမလည်နိုင်ပေ။

“ရပါတယ်။ ကျွန်မဒီမှာပဲ ပျော်တယ်”

ဧည့်ခန်းထဲမှာ ပစ္စည်းတွေစီနေသည့် မော့ဟန်က အမှုအယာချက်ချင်းပြောင်းသွားသည်။ သူသည် ပစ္စည်းများကို ဒီတိုင်းမချတော့ဘဲ အားဖြင့် အသံအကျယ်ကြီးထွက်အောင် စောင့်ချနေသည်။

ရှုချင်းရီက မော့ဟန်ကို တစ်ချက်ကြည့်ပြီးနောက် ဖုန်းကိုလက်ဖြင့်အုပ်ကာ ဝရံတာသို့ ထွက်သွားသည်။ ထို့နောက် ဝရံတာတံခါးကိုပါ ပိတ်လိုက်သည်။

“မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ထားတယ်မလား? မဟုတ်ရင် ဘာဖြစ်လို့ မင်းအဲ့ဒီအိမ်ကနေ ပြောင်းမှာလဲ?”
ဟန်လျန်က မေးသည်။

“မဟုတ်ပါဘူး။ ကျောင်းမှာစာမေးပွဲရှိတော့ စာလုပ်နေရတာနဲ့ အိမ်ပြန်နောက်ကျလို့။ ကိုကြီးကို အနှောင့်အယှက်ပေးမိမှာလည်း စိုးတာနဲ့ ကိုယ့်ဟာကိုယ် အခန်းဌားနေမလို့”

“သူကသဘောတူလို့လား?”

“အင်း။ ဘာမှသိပ်မပြောဘူး”

ဟန်လျန်က နှာခေါင်းရှုံလိုက်ကာ
“ဟမ့်. . .သူကဒီထက်ပိုတောင် တန်သေးတယ်”

ရှုချင်းရီက မျက်မှောင်ကျုံသွားကာ
“ရှင်ဘာကိုပြောချင်တာလဲ?”

“သူကမင်းကို ကြိုက်နေတာ ငါသိသားပဲ။ မင်းအမှန်ကိုသိပြီး ငါတို့ဆီကထွက်သွားတာနဲ့ မင်းကသူ့ဆီကို ပြန်ရောက်သွားမယ်လို့ ထင်နေတာ။ ဒါပင်မယ့်လည်း အခုတော့ ဒီလိုဟုတ်ပုံမရဘူး”

ရှုချင်းရီက သူ့စကားကို ကြားသည့်အခါ ဘာကြောင့်မှန်းမသိ စိတ်မကြည်သွားသော်လည်း ဘာပြန်ပြောရမယ်မှန်းမသိသဖြင့် ငြိမ်သာနားထောင်နေသည်။

“ထားလိုက်ပါတော့။ မပြန်ချင်ရင် ပြန်မလာပါနဲ့။ မင်းအဆင်ပြေတဲ့နေရာမှာ နေရရင် ပြီးတာပါပဲ။ မင်းအမေဆီကိုတော့ တစ်ခါတစ်လေ လာလည်ဖို့ သတိရဦး”

“သိပါတယ်”
ရှုချင်းရီက ပြန်ဖြေသည်။

ဖုန်းချလိုက်သည့်အခါ ဘာကြောင့်မှန်းမသိ ရှုချင်းရီသည် ရင်မောသွားသည်။ သူမသည် ဝရံတာတံခါးကိ ဖွင့်လိုက်ပြီးနောက် လိုက်ကာကိုဖယ်ကာ ဝင်လာသည်နှင့် လန့်သွားသည်။ မော့ဟန်က ရပ်စောင့်နေသည် ဖြစ်သည်။

“ဒီမှာဘာရပ်လုပ်နေတာလဲ?”

“အဝတ်လှန်းထားတာတွေ သိမ်းမလို့။ ဒါပင်မယ့် မင်းက ဝရံတာမှာ စကားပြောနေတာ”
မော့ဟန်က တန်းတွင် ချိတ်ထားသည့် အဝတ်များကို ကြည့်ပြီးနောက် ပြောလာသည်။

“ဪ. . .တောင်းပန်ပါတယ်။ သွားလေ”
ရှုချင်းရီက သူ့ကိုဖြတ်ကျော်သွားသည်။

“အပြစ်မကင်းသလို မခံစားရဘူးလား?”
မော့ဟန်က သူမကိုမေးသည်။

ရှုချင်းရီက သူ့ကိုလှည့်ကြည့်လာသည်။
“ဟန်လျန်ခေါ်တာမလား? အခုအထိ သူနဲ့အဆက်အသွယ်ရှိနေတုန်းလား?”

“အင်း။ သူပြောစရာရှိလို့ ဆက်တာပါ”

“ဘာလဲ? ဘာတွေလျို့ဝှက်နေတာလဲ? ငါ့အရှေ့မှာတောင် မပြောနိုင်ဘူးလား?”

“ဘာမှမဟုတ်ပါဘူး။ အမေ့ဆီကို ဘယ်တော့လာလည်မလဲ မေးတာ”
ရှုချင်းရီက ဒီအခြေအနေကို စိတ်ညစ်နေသောကြောင့် အရိုးရှင်းဆုံး ဖြေလိုက်သည်။

“မင်းလိမ်နေရင် လက်တွေက အငြိမ်မနေဖြစ်နေတက်တာကို သိလား?”
မော့ဟန်က ခပ်ဖွဖွရယ်ရင်း ပြောသည်။

ရှုချင်းရီက သူမ၏လက်တွေကို ငြိမ်အောင်လုပ်လိုက်သည်။ မော့ဟန်ကတော့ မြင်သွားသည်မှာ သေချာပါသည်။ သူက သူမအား ငုံကြည့်ရင်း
“ငါ့ဆီကထွက်သွားပြီး သူ့ဆီကို အရမ်းပြန်ချင်နေတာလား? သူ့ကိုချစ်မိနေတာလား?”

ရှုချင်းရီက မဖြစ်နိုင်တာကို ကြားလိုက်ရသလိုမျိုး ခေါင်းကိုချက်ချင်းခါလိုက်သည်။
“သူ့ကိုချစ်ရမှာလား? စနေတာလား? ဘယ်လိုလုပ် သူ့ကိုကြိုက်မှာလဲ? သူက ညီမလေးရဲ့ ခဲအိုလေ”

“ဒါဆိုရင် ဘာဖြစ်လို့ ပြောင်းဖို့ကို အလျင်လိုနေတာလဲ?”

ရှုချင်းရီက သူမ၏ပါးစပ်ထဲက စကားများမှာ အလိုလိုထွက်ကျလာသည်။
“ဖုန်းခေါ်ပြီးပြောထားတယ်မလား? အိမ်ပြောင်းချင်ရတဲ့အကြောင်းအရင်းက ကိုကြီးက ညီမလေးကို မဆိုင်တဲ့သူလိုမျိုး စကားမပြောဘဲ ရှောင်နေတာကို မမြင်ချင်လို့ပါဆို။ ဖွင့်ပြောပြီး ငြင်းခံလိုက်လို့ အဲ့ဒီလိုဖြစ်နေတာမလား? စကားပြောစရာမလိုတော့ဘူးပေါ့ ဟုတ်လား? ဒါပင်မယ့် မမြင်ချင်ရင်တောင် ဒီလိုစိတ်ထိခိုက်အောင် အနုနည်းနဲ့ နှိပ်ဆက်နေစရာမလိုပါဘူး။ ပြန်ပြီးတော့လည်း မတည့်နိုင်တော့ဘူးမလား?”

ရှုချင်းရီက ပြောပြီးသည့်အခါ သူမ၏ပါးစပ်ကို သူမပြန်အုပ်မိသွားသည်။ သူမသည် မော့ဟန်အား မကြည့်ရဲတော့သလို မော့ဟန်ကလည်း သူမအား စကားပြန်မပြောသေးပေ။
“တောင်းပန်ပါတယ်. . .”

ရှုချင်းရီမှာ မော့ဟန်က အရင်ဒီလိုပြောလာလိမ့်မည်ဟု ထင်မထားပေ။

“တကယ်တော့ ငါမှားတာပါ. . .အရင်ရက်တွေတုန်းက. . .မင်းအိမ်ပြောင်းစရာ မလိုပါဘူး. . .ငါအဆင်ပြေအောင် ပြန်နေပေးပါ့မယ်”

ရှုချင်းရီမှာ မော့ဟန်က ဒီလိုမျိုး အသနားခံပြောသည်ကို တစ်ခါမှမမြင်ဖူး မကြားဖူးပေ။ မော့ဟန်သည် မာနကြီးကာ သီးသန့်ဆန်လွန်းသည်ဟု သူမထင်ခဲ့ပေမယ့် အခုတော့ ဒီလိုဖြစ်ပုံမရပေ။

“တကယ်တော့. . .ငါတွေးနေမိတာ. . .ဘာဖြစ်လို့ မင်းငါ့ကို ငြင်းရတာလဲလို့?”
မော့ဟန်က သူမ၏မျက်လုံးကို တည့်တည့်ကြည့်ကာ မေးသည်။

ရှုချင်းရီက ခနတွေဝေသွားကာ ခေါင်းကိုငုံပြီး
“တကယ်တော့ ကိုကြီးကြောင့် မဟုတ်ပါဘူး။ ညီမလေးက အချစ်ကို မယုံလို့ပါ”

မော့ဟန်က သူမဘာပြောနေသလဲကို နားမလည် ဖြစ်နေသည့်အချိန်တွင် ရှုချင်းရီက ဆက်ပြောပြသည်။
“ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲတော့ မသိဘူး။ လမ်းမှာအတွဲတွေကိုမြင်ရင် သူတို့မကြာခင် ပျက်မှာပဲလို့ တွေးမိနေတယ်။ ၂နှစ်လောက် တွဲလာကြတယ်ဆိုရင်တောင်မှ နောင်၁၀နှစ်အထိ သူတို့ဒီလိုရှိနေနိုင်ပါ့မလား? အတွေးတွေက မကောင်းတာကို သိပါတယ်။ ဒါပင်မယ့် တားမရဘူး”

“ပြီးတော့လည်း ညီမလေးအနားက အတွဲတွေက ၂လကျော်တောင် ခံတာမဟုတ်ကြဘူး”
ရှုချင်းရီက ရယ်ပြောနေပင်မယ့် မော့ဟန်ကို အားနာသွားကာ
“ပြီးတော့လည်း ကိုယ့်ကိုယ်ကို သဘောမကျဘူး။ ၂လလောက်တွဲပြီးပျက်တာထက် သူငယ်ချင်းလိုပဲ နေကြတာက ပိုမကောင်းဘူးလား။ ဒါကတွဲနေရတာထက် ပိုသက်သောင့်သက်သာရှိတယ်”

“၂လကျော်တာနဲ့ပျက်မယ်လို့ ဘာဖြစ်လို့ ထင်နေရတာလဲ?”
မော့ဟန်ကမေးသည်။

“မသိဘူး။ ဒီလိုပဲ ခံစားမိနေတာ”

မော့ဟန်မှာ တိတ်ဆိတ်သွားသည်။

“အရင်လိုပဲ ပြန်နေလို့ မရဘူးလား?”

မော့ဟန်က မောင်နှမတွေလို မနေချင်တာကြောင့် သူမအား မဖြစ်နိုင်ဘူးဟု ပြောချင်သော်လည်း အခုအခြေအနေအရဆိုလျှင် သူမက ချက်ချင်းအိမ်ပေါ်က ဆင်းသွားလောက်သည်။ မော့ဟန်တွေးခဲ့သည်မှာ သူမနှင့်သူ ချစ်သူတွေ ဖြစ်သွားကြကာ ပျော်ပျော်ရွှင်ရွှင်အတူနေကြမည်။ သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက် မဆိုင်သူလို ခပ်ဝေးဝေးနေကြမည်ဟုသာ ဖြစ်သည်။ သို့သော်လည်း ရှုချင်းရီကတော့ အရင်လိုမောင်နှမတွေလို နေကြဖို့ ပြောနေသည်။ မော့ဟန်သည် တစ်ချိန်တည်းမှာပင် ပိုင်ဆိုင်နေရသလိုနှင့် ဆုံးရှုံးသွားသလိုမျိုး ခံစားရသည်။

“ဒါဆိုရင်လည်း မင်းပြောသလိုပေါ့။ အရင်လိုပဲ ပြန်နေကြရအောင်”
မော့ဟန်က ရှုချင်းရီအား ထွက်မသွားစေချင်သောကြောင့် သဘောတူလိုက်ရသည်။

ရှုချင်းရီက မော့ဟန်အား ပြုံးပြလာသည်။ မော့ဟန်ကတော့ ဝမ်းနည်းစွာ သူမကိုကြည့်ရင်းက သူမ၏အပြုံးကို အခုတလော မမြင်ရတာ ကြာပြီဖြစ်ကြောင်း တွေးနေမိသည်။

ရှုချင်းရီက တွေးတွေးဆဆဖြင့်
“တော်သေးတာပေါ့။ တစ်ဦးတည်းသော မိတ်ဆွေကြီးက ကိုယ်နဲ့အတူရှိနေလို့”

အကယ်၍ မော့ဟန်သာ သူမကိုထွက်သွားခိုင်းလိုက်လျှင် နောင်သူမတွင် စကားပြောစရာလူ မရှိတော့ပေ။

ဒီလိုကသီးကအောင့်အခြေအနေတွေအပြီးတွင် သူတို့သည် အရင်လို ပြန်နေလိုက်ကြသည်။ သူတို့နှစ်ယောက်သည် ထိုနေ့က ဖွင့်ပြောခြင်းကို မေ့ထားလိုက်သည်။ ရှုချင်းရီသည် ကျောင်းကပြန်ရောက်လျှင် မော့ဟန်ကို အိမ်ပြန်လာလျှင် သူမအတွက် မုန့်ဝယ်ကျွေးဖို့ ဖုန်းဆက်သည်။ မော့ဟန်ပြန်လာလျှင် မုန့်အတူစားကြသည်။ မော့ဟန်က စာကြည့်ခန်းထဲတွင် အလုပ်လုပ်နေသည်က များသော်လည်း တစ်ခါတစ်လေတော့ သူမနှင့်အတူ ရုပ်ရှင်ထိုင်ကြည့်ပေးတက်သည်။ ရှုချင်းရီ၏ ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်တက်သည့် အကျင့်မှာလည်း မပျောက်သေးသလို မော့ဟန်က သူမအား အခန်းထဲပြန်အိပ်ရန် အမြဲနှိုးကာ ပြောနေရသည်။

သူတို့အဆင်ပြေပြီး ၅ရက်မြောက်နေ့တွင် ရှုချင်းရီ၏ ကျောင်းမှသူငယ်ချင်းသည် သူမတို့နှင့်အတူ ရုပ်ရှင်ရုံသို့သွားကြရန် ပြောသည်။ ရှုချင်းရီက အစတုန်းက မလိုက်ချင်သော်လည်း ပြမည့်ဇာတ်ကားမှာ သူမကြည့်ချင်သည့်ကားဖြစ်သောကြောင့် လိုက်သွားလိုက်သည်။

ရုပ်ရှင်က ည၈နာရီ ပြမှာဖြစ်သည်။ သူတို့က ၇နာရီခွဲတွင် လတ်မှတ်ဝယ်ပြီး စောင့်နေကြစဉ် သူငယ်ချင်းတစ်ယောက်မှာ သူမ၏အမျိုးတစ်ယောက် အရေးပေါ်ဖြစ်၍ ထွက်သွားရသည်။ သိပ်မကြာခင်မှာပဲ နောက်တစ်ယောက်လည်း သူမ၏စာတမ်း အဆင်မပြေသည်ကို ပါမောက္ခက ပြင်ရန်ခေါ်သောကြောင့် အမြန်ထွက်သွားရပြန်သည်။ ရှုချင်းရီသည်သာ တစ်ယောက်တည်း ကျန်ခဲ့တော့သည်။

သူမသည်လည်း တစ်ယောက်တည်း ရုပ်ရှင်မကြည့်ချင်သောကြောင့် အိမ်ပြန်ရန် လုပ်လိုက်သော်လည်း မော့ဟန်အား ခေါ်ရန် အကြံရသွားသည်။
“အခုအလုပ်ရှုပ်နေလား?”

“ဘာဖြစ်လို့လဲ?”

“အခုည၈နာရီအတွက် ရုပ်ရှင်လတ်မှတ် ၃စောင်ရှိတယ်။ ဘယ်အချိန်အလုပ်ဆင်းမှာလဲ?”

“ရုပ်ရှင်ကြည့်မလို့လား?”

“အင်း။ သူငယ်ချင်းနှစ်ယောက်နဲ့ ကြည့်မလို့ပဲ။ ဒါပင်မယ့် သူတို့က အကြောင်းပေါ်လာလို့ ထွက်သွားကြပြီ။ ကိုကြီးအားရင် ညီမလေးနဲ့ ရုပ်ရှင်လိုက်ကြည့်ပါလား? တစ်ယောက်တည်း မကြည့်ချင်လို့”

Previous Chapter 177 of 199 Next