May Honey Logo May Honey
Previous Next

၈၅။ အူအတက်ခွဲရခြင်း

သူမဟာ တစ်ကိုယ်လုံးချွေးတွေရွှဲနေသည့်အထိ ကြိုးစားပမ်းစား စက်ဘီးနင်းသွားလိုက်သည်။ ရှုချင်းရီမှာ ဆေးရုံးအနားကိုရောက်မှ သူမစိတ်နည်းနည်းငြိမ်သွားနိုင်သည်။

ရှုချင်းရီက အရေးပေါ်ကုသရန် အကျယ်ကြီးအော်ခေါ်လိုက်သည်။ သူတို့က လူနာသယ်စဉ်ကြီးဖြင့် ရောက်လာကာမှ ရှုချင်းရီမှာ နည်းနည်းစိတ်အေးရသည်။ သူနာပြုမတစ်ယောက်မှာ မော့ဟန်ကိုစစ်ဆေးနေရင်း ရှုချင်းရီအား မေးသည်။
“ဘယ်လိုဖြစ်လာတာလဲ?”

“ဗိုက်အရမ်းအောင့်နေတာ။ နောက်တော့ ဆေးရုံကိုလာတဲ့လမ်းမှာ မေ့သွားတာပဲ”

“ကြည့်ရတာ အခုအူအတက်ပေါက်သွားတယ် ထင်တယ်။ ချက်ချင်းခွဲစိတ်မှရမယ်”
သူတို့ဟာ မော့ဟန်ကိုတင်ထားသည့် လူနာတင်စဉ်အား အမြန်တွန်းသွားကြတော့သည်။

ကျန်ခဲ့သည့် သူနာပြုမနှစ်ယောက်ထဲမှ တစ်ယောက်က ရှုချင်းရီအား
“ခွဲစိတ်ခတို့ ဆေးရုံစရိတ်တို့လိုမျိုး လုပ်စရာရှိတာတွေလုပ်ပြီးရင် ခွဲစိတ်ခန်းအပြင်ကနေ စောင့်နေလို့ရပါပြီ”

ရှုချင်းရီမှာ ကြောင်အစွာဖြင့် ခေါင်းငြိမ့်ပြီး ခနကြာခါမှ ပြန်သတိဝင်လာသည်။ ထိုအခါ မော့ဟန်ကို တွန်းသွားသည့်နောက်ကို အမြန်ပြေးလိုက်ကာ
“ခနလေး ပိုက်ဆံက သူ့ဆီမှာ။ ကျွန်မမှာ မပါဘူး”

သူနာပြုမများမှာ သူမအား တိတ်ဆိတ်စွာကြည့်ပြီးသည့်နောက် သူတို့လုပ်စရာရှိသည်များကို သွားလုပ်ကြသည်။

ရှုချင်းရီက လုပ်ထုံးလုပ်နည်းများပြီးရန် ဟိုဘက်သွားလိုက် ဒီဘက်ကိုပြေးလာလိုက် လုပ်ပြီးကာမှ ခွဲစိတ်ရန်သဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက် ကုန်ကျစရိတ်များအား ရှင်းလိုက်သည်။ ထို့နောက် သူမမှာ မူးဝေစွာဖြင့် ခွဲစိတ်ခန်းအရှေ့သို့ ရောက်လာချိန်မှာတော့ မော့ဟန်အား ခွဲစိတ်လို့ ပြီးသွားခဲ့ပြီ။

မော့ဟန်အားထားသည့် ဆေးရုံအခန်းကို ရှာဖွေရန် သူမအားထုတ်ရပြန်သည်။ ထိုနေရာတွင်တော့ မော့ဟန်က နှင်းပွင့်ဖတ်များလို ဖြူဖပ်နေသည့် မျက်နှာဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သူကို ဆေးပုလင်းလည်းချိတ်ထားရသေးသည်။

သူမမှာ မော့ဟန်ကို အခုမြင်ကာမှ စိတ်ပူနေရခြင်းအား နောက်ဆုံးရပ်နိုင်ခဲ့သည်။

ရှုချင်းရီက မော့ဟန်၏ကုတင်ဘေးတွင် ထိုင်ချလိုက်ကာမှ သူမဘယ်လောက်ပင်ပန်းနေသလဲဆိုသည်ကို သိရတော့သည်။ အခုမှာ မနက်၆နာရီရှိနေပြီ။ ဒီလိုတစ်ညလုံး သူမပင်ပန်းပြီးရသည့်နောက်တွင်တော့ သူမသမ်းဝေလာကာ အိပ်ပျော်သွားတော့သည်။

သူမနိုးလာသည့်အခါ မနက်၈နာရီ ရှိသွားပြီ။ မော့ဟန်ကတော့ နိုးမလာသေးပေ။ ရှုချင်းရီကလည်း သူမစာသွားလုပ်စရာရှိသေးသောကြောင့် ကြာကြာမနေနိုင်ပေ။ ထို့ကြောင့် မော့ဟန်၏ဖုန်းကိုယူကာ သူ့၏သူငယ်ချင်းကောင်းကြီးဖြစ်သည့် ပိုင်ယုအားခေါ်ကာ မော့ဟန်အား ကြည့်ပေးပါရန် တောင်းဆိုလိုက်သည်။

ပိုင်ယုမှာ မော့ဟန်ဆေးရုံတက်နေရကြောင်း သိရသည့်အခါ အံ့သြသွားတော့သည်။ ဒါပင်မယ့်လည်း ဒီလိုဖြစ်သွားသောကြောင့် အံ့သြရခြင်းမဟုတ်ဘဲ သူ့ကိုဖုန်းခေါ်သည့် မိန်းကလေးမှာ သူမကိုယ်သူမ မော့ဟန်၏ညီမဟု ညွှန်းဆိုသွားသောကြောင့် ဖြစ်သည်။

ပိုင်ယုက ဆေးရုံသို့ အမြန်ရောက်လာသည်။
‘ဒီကောင်ရဲ့ညီမလို့ ပြောနေတဲ့ ကောင်မလေးက ဟိုတစ်ခါတုန်းက ငါ့ဆိုင်ကိုခေါ်လာတဲ့ ကလေးမလေးမလား? ဘယ်တုန်းက သူ့ညီမဖြစ်သွားရတာလဲ?’

သူက ရှုချင်းရီအား ကြည့်နေသည့်အခါ ရှုချင်းရီက ခေါင်းလေးငုံရင်း သူမကျောင်းသွားစရာရှိ၍ အရင်ပြန်နှင့်မည်ဟုသာ ပြောသွားသည်။

ပိုင်ယုမှာ ညဝတ်အကျီဖြင့် ကောင်မလေးအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိရင်း ဒီမှာဘာတွေဖြစ်နေလဲဆိုတာကို သူနားမလည်နိုင်တော့ပေ။ မော့ဟန်နိုးလာသည့်အခါမှသာ မေးရတော့မည်ဟု သူတွေးလိုက်သည်။

ကုတင်ပေါ်တွင် မော့ဟန်သတိမေ့နေစဉ် ဆရာဝန်က ခနခနလာကြည့်သည်။ မော့ဟန်၏ အခြေအနေကိုကြည့်ပြီးနောက် ပိုင်ယုအား မော့ဟန်မှာ ကံအလွန်ကောင်းသည်ဟု ပြောလာသည်။ သူကအူအတက်ပေါက်သွားသော်လည်း ညတွင်းချင်းရောက်လာနိုင်သည်။ ထို့ကြောင့် ခွဲစိတ်မှုလုပ်ပြီးသည့်အခါ ကောင်းသွားမည်ဖြစ်ပြီး ဆေးရုံတွင် ရက်အနည်းငယ်နားရမည်ဟု ပြောသွားသည်။

ဆရာဝန်ပြောသည်ကို နားထောင်ပြီးသည့်အခါ ပိုင်ယုက မော့ဟန်အားကြည့်ပြီး အလုပ်ကို အရမ်းအလွန်အကျူးလုပ်နေမှတော့ ဒီလိုမျိုး တစ်ခုမဟုတ်တစ်ခု အနည်းနဲ့အမြန်ဖြစ်လာတာ ဖြစ်မည်ဟု သူတွေးနေမိသည်။ သူမော့ဟန်နှင့် ခင်မင်ခဲ့သည်မှာ ၅နှစ်လောက် ရှိပြီးတော့ မော့ဟန်ရုံးစဖွင့်သည့်အချိန်လောက်ကတည်းက အခုအထိ မော့ဟန်မှာ အမြဲတမ်း အလုပ်ရှုပ်နေတာ ဖြစ်သည်။ အခုနောက်ပိုင်းတွင် သူ့အောင်မြင်မှုမှာ ပိုကျော်ကြားလာခဲ့သောကြောင့် အလုပ်များလည်း ပိုရှုပ်လာကာ အိပ်ချိန်ကိုတောင်မှ မနည်းဖျစ်ညှစ်ကာ ချန်နေရခြင်း ဖြစ်သည်။

ပိုင်ယုက မော့ဟန်၏ဘေးတွင် ခနနေပြီးသည့်အခါ သူပျင်းရိလာတော့သည်။ ထို့ကြောင့် ရေနွေးသွားဖြည့်ရင်း သူနာပြုလှလှလေးများဖြင့် စကားပြောကာ နေတော့သည်။ မော့ဟန်ကတော့ သူထွက်သွားပြီး သိပ်မကြာခင်တွင်ပဲ နိုးလာလေသည်။

Previous Chapter 85 of 199 Next