May Honey Logo May Honey
Previous Next

၁၈၁။ မူးခြင်း

စာချုပ်ကိစ္စသည် သူထင်သည်ထက် ပို၍ချောမွေ့စွာ ပြီးဆုံးသွားသည်။ သူသည် သူ့ရုံးကလူအချို့နှင့် နိုင်ငံခြားသို့သွားရကာ လုပ်စရာရှိသည်များကို လုပ်ရသည်။ တစ်ပတ်အတွင်းတွင် စာချုပ်မှာချုပ်၍ ပြီးဆုံးသွားသည်။

သူမမျှော်လင့်ခဲ့မိသည်က သူပြန်ရောက်သည့်အခါ ရှုချင်းရီသည် လေဆိပ်တွင် သူ့အားလက်ပြကာ စောင့်ကြိုနေခြင်း ဖြစ်သည်။ မော့ဟန်မှာ ရှုချင်းရီဆီသို့ ခပ်သုတ်သုတ်လျှောက်လာသည်။

“ဘာလာလုပ်တာလဲ?”

“လာကြိုတာလေ”
ရှုချင်းရီက ရယ်ပြောသည်။

မော့ဟန်နှင့်အတူပါလာသည့် အခြားရှေ့နေများသည် မော့ဟန်၏ညီမကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့ရှေ့တွင် မိန်းကလေးတစ်ယောက်က ဒီလိုလှပစွာ သူတို့ဆီကို ပြုံးလာပြီး မော့ဟန်ကိုပဲ ကြည့်နေသည့်အခါ အံ့သြသွားသည်။

ထို့ကြောင့် မော့ဟန်က သူတို့အား မိတ်ဆက်ပေးလိုက်သည်။
“ဒါကညီမလေးပါ”

“ဪ မင်းတို့ရုံးကလူတွေ ပြောနေကြတဲ့ မင်းညီမလေးလား? ကြားဖူးနေတာကြာပင်မယ့် အခုမှပဲ မြင်ဖူးတော့တယ်!”

ရှုချင်းရီက သူတို့ကိုကြည့်ကာ
“မဂ်လာပါ”

မော့ဟန်က
“လေယာဉ်ဆိုက်မယ့်အချိန်ကို ဘယ်လိုလုပ်သိတာလဲ”

လျူဇီယွမ်ကို မေးကြည့်လိုက်တာလေ
“ဘယ်အချိန်ကတည်းက စောင့်နေတာလဲ?”

“အာ. . .သိပ်မကြာသေးပါဘူး။ ခနပဲ စောင့်လိုက်ရတာပါ”

ရှုချင်းရီက
“ရုံးကိုလိုက်လာလို့ရမလား? အတန်းချိန်ကလည်း ပြီးသွားတော့ ပျင်းနေတာ”

မော့ဟန်၏ဘေးက ရှေ့နေများသည် သူတို့နှစ်ယောက် စကားပြောနေကြသည်ကို ကြည့်ရင်း ပြုံးနေမိသည်။

မော့ဟန်က
“အလုပ်မှာ မရှုပ်ရဘူး ပြဿနာမရှာရဘူး ဆိုတာကို အရင်လို လိုက်နာရင် ရတယ်”

“အင်းပါ. . .ဟုတ်ပါပြီ. . .သိပါတယ်ရှင့်”
ရှုချင်းရီက ပြန်ပြောသည်။

ရုံးကလူများသည် ရှုချင်းရီကို မြင်သည့်အခါ အံ့သြသွားကြသည်။ အရင်တုန်းက သူမသည် ရုံးသို့လာကာ အိမ်စာလုပ်နေတက်သည်။ သို့မဟုတ် စာထိုင်ဖတ်နေတက်သည်။ သို့မဟုတ် ဖုန်းထိုင်သုံးနေတက်သည်။ နောက်မှသာ မော့ဟန်နှင့်အတူ အိမ်ပြန်ခြင်း ဖြစ်သည်။ သို့သော်လည်း ရှုချင်းရီမှာ ရုံးသို့ပေါ်မလာခဲ့သည်က ၂လလောက် ရှိသွားသည်။

ဧည့်ကြိုစားပွဲမှ ရှောင်ကျန်းသည် ရှုချင်းရီကို မြင်သည့်အခါ မျက်လုံးများ တောက်ပလာသည်။ သူမသည် မော့ဟန်အရင်ဝင်သွားသည်နှင့် ရှုချင်းရီ၏ လက်ကိုဆွဲကာ ဘာဖြစ်လို့ မလာတော့တာလဲ အစချီ၍ စကားပြောတော့သည်။

ရှုချင်းရီသည် သူမအိမ်တွင် အကြောင်းပေါ်လာလို့ ခရီးခနသွားနေရခြင်းဟုသာ ဖြေလိုက်သည်။ သူတို့၏စကားအများစုမှာ ရှုချင်းရီ မလာသည့်အချိန်တုန်းက မော့ဟန်က အလုပ်တချိန်လုံးလုပ်နေကြောင်း သူ့တို့တွေမှာလည်း သိပ်မနားရတော့ကြောင်းတို့သာ ဖြစ်တော့သည်။

ရှုချင်းရီသည် ရုံးမှ သူမနှင့်ခင်သူများဖြင့် စကားပြောပြီးသည့်အခါ ညနေ၅နာရီကျော်သွားသည်။ ထို့နောက်တွင် မော့ဟန်သည် ရုံးခန်းထဲမှ ထွက်လာကာ

“ဒီနေ့ရုံးစောစောဆင်းကြမယ်။ အကုန်လုံးကို ငါတစ်ဝိုင်းကျွေးမယ်”

ရုံးထဲကလူတွေမှာ ပျော်ရွှင်စွာ အော်ဟစ်ကြတော့သည်။ ဝန်ထမ်းတစ်ယောက်ဆိုလျှင် ရှုချင်းရီအား တံတောင်ဖြင့်တွတ်ကာ
“ကြည့်ပါလား! ညီမလေးရောက်လာရင် အမတို့ရုံးမှာ ကောင်းတာတွေပဲ ဖြစ်တာပဲလို့ ပြောတာကို မယုံဘူး”

ပျော်ရွှင်နေကြသည့် လူအုပ်ထဲတွင် မော့ဟန်သည် သူမဆီကို လျှောက်လာကာ
“သွားကြမလား? ငါတို့နဲ့ အတူလိုက်မှာမလား?”
မော့ဟန်က မေးသည်။

ရှုချင်းရီက သူ့ကိုကြည့်ကာ
“သွားကြမယ်လေ”

မော့ဟန်သည် အဆင့်မြင့်စားသောက်ဆိုင်တစ်ခုတွင် လိုက်ကျွေးသည်။ အခန်းကြီးတစ်ခန်းထဲတွင် စားပွဲရှည်ကြီးတစ်လုံးချထားသောကြောင့် လူလည်းကျပ်မနေပေ။ အကုန်လုံးနီးပါးသည် ကိုယ့်အစုနှင့်ကိုယ် စကားပြောကာ စားသောက်နေကြသည်။ သို့သော် မော့ဟန်ကတော့ သူတစ်ယောက်တည်းသာ ငြိမ်စားနေသည်။ ဒါပင်မယ့်လည်း သူ့ဘေးက ရှုချင်းရီမှာတော့ အခြားမိန်းကလေးများနှင့် စကားမပြတ်ပေ။

ထိုအချိန်တွင် ရုံးကိုအသစ်ဝင်လာသည့် ရှေ့နေတစ်ယောက်သည် ရှုချင်းရီအား စိုက်ကြည့်နေကာ အရူးလိုရယ်ရင်း သတ္တိမွေးကာ သူမအနားသို့ ဝိုင်တစ်ခွက်ဖြင့် ရောက်လာကာ
“ညီမလေး သောက်ပါဦးလား?”

စကားကောင်းနေသည့် ရှုချင်းရီသည် သူစိမ်းတစ်ယောက်က သူများအား ဒီလိုခေါ်၍ လာဝင်ရောသည့်အခါ ကြောင်အသွားသည်။ မော့ဟန်က
“သူမသောက်နိုင်ဘူး။ ငါသူ့အစား သောက်ပေးမယ်”

ရှုချင်းရီက မော့ဟန်ကို ကြည့်လိုက်သည်။ မော့ဟန်က ဝိုင်တစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။

အဝေးက လျူဇီယွမ်က ဒါကိုလှမ်းမြင်လိုက်သည့်အခါ အော်ပြောသည်။
“ရှေ့နေကြီးရဲ့ ညီမလေးက မသောက်နိုင်ဘူး။ ဟိုတစ်ခေါက်မူးသွားတုန်းက ထူးထူးဆန်းဆန်းထလုပ်တယ်။ ငါတို့မှာ ရယ်ရတာ သေတော့မယ်”

အခြားသူများက လျူဇီယွမ်၏စကားကို ကြားသည့်အခါ ထိုနေ့ကအကြောင်းကို ပြန်သတိရသွားပြီး သူမအား ဝိုင်းစကြသည်။

“ငါသိတယ်. . .နင်ကလည်း သူ့ကိုအပြစ်အရမ်းမပြောပါနဲ့။ ဒါပင်မယ့် အရမ်းနည်းနည်းလောက်သောက်လိုက်ရုံနဲ့ ဒီလိုဖြစ်သွားတာကတော့. . .”

ရှုချင်းရီသည် သူမအားလူတွေက ဝိုင်းစနေကြသည့်အခါ စိတ်ရှုပ်သွားပြီး မော့ဟန်ကို တိုးတိုးလေး ကပ်မေးသည်။

“အဲ့ဒီနေ့တုန်းက မူးသွားတော့ ဘာလုပ်မိလို့လဲ?”

“ဘာမှမဟုတ်ပါဘူး။ နည်းနည်းရူးကြောင်ကြောင် ဖြစ်သွားရုံတင်ပါ”

“ဘယ်လိုရူးတာလဲ? ဘာဖြစ်လို့ ဘာမှမမှတ်မိတာလဲ?”

“အဲ့ဒါကြောင့် အပြင်မှာ အရက်မသောက်နဲ့လို့ မှာတာ။ ပြီးတော့ အတင်းတိုက်ရင် အရက်နဲ့မတည့်ဘူးလို့ပြော”

“ဘာလုပ်မိတာလဲ ပြောစမ်းပါ။ ဘာမှမသိတော့ လန့်တောင်လာပြီ”

မော့ဟန်က သူမကိုပြုံးကြည့်ရင်း
“ကိုယ့်ဟာကိုယ်စဉ်းစားပေါ့”

ရှုချင်းရီက မျက်လုံးလှန်သွားကာ မော့ဟန်ကို မမေးတော့ပေ။ ခနကြာသော် မော့ဟန်က ဖုန်းဝင်လာ၍ ထွက်ပြောသည့်အခါမှ ရှုချင်းရီသည် သူမ၏ဘေးနားက ဝန်ထမ်းအမကြီးကို ကပ်မေးပြန်သည်။

“အရင်တစ်ခါတုန်းက ညီမလေးမူးသွားတော့ ဘာလုပ်တာလဲ?”

“ရှေ့နေကြီးကို နမ်းလိုက်တာလေ”

ရှုချင်းရီက အသက်ရှုဖို့မေ့သည့်အထိ လန့်သွားကာ
“စနေတာလား?”

“ဘယ်လိုလုပ်စရမှာလဲ? အတည်ပြောနေတာ”

“မဖြစ်နိုင်တာ! ဘာဖြစ်လို့ ဘာမှမမှတ်မိတာပါလိမ့်”
ရှုချင်းရီက မယုံနိုင်ပေ။

“ပုံရှိတယ်။ နမ်းလိုက်တဲ့ပုံတော့ မဟုတ်ပင်မယ့်ပေါ့”
ထိုအမျိုးသမီးမှာ သူမ၏ဖုန်းထဲကပုံကို ပြန်ရှာပြသည်။

ထိုပုံသည် မော့ဟန်က သူမကိုသယ်သွားသည့်ပုံ ဖြစ်သည်။ သူမကို မော့ဟန်က လဲကျမှာစိုးသဖြင့် ခါးမှပွေ့ထားသည်။ သူမတစ်ကိုယ်လုံးသည် မော့ဟန်ကို မှီထားကာ မော့ဟန်၏မျက်နှာတွင် စိတ်ညစ်နေမှုက အထင်းသား ဖြစ်သည်။ ရှုချင်းရီသည် ထိုပုံကိုကြည့်ရင်း မြေတွင်းထဲသို့ ဝင်ပုန်းချင်သွားသည်။

“အဲ့ဒီနေ့က ရှေ့နေကြီးကိုတင် မဟုတ်ဘူး။ တခြားရှေ့နေကိုပါ နမ်းသေးတယ်။ ရှေ့နေကြီးသာ ညီမလေးကို မတားခဲ့ရင် အကုန်လုံးကို လိုက်နမ်းနေလောက်တယ်”
သူမက ရယ်ကာပြောပြသည်။

ရှုချင်းရီကတော့ လုံးဝကို ဘာမှမပြောနိုင်တော့ပေ။

“အယ်. . .ဒါကပြဿနာကြီး မဟုတ်ပါဘူး။ မူးလာရင် လူတိုင်းက ကြောင်တောင်တောင်တွေ လုပ်တက်ကြတာပါပဲ”
ထိုအမျိုးသမီးက သူမလန့်သွားသည်ကို မြင်သည့်အခါ ပြန်ချော့ပြောသည်။

“ကိုကြီးကရော. . .ဘာပြောသေးလဲ?”
ရှုချင်းရီက မေးသည်။

“ဘာပြောရမှာလဲ? သူလည်း လန့်သွားမှာပေါ့။ သူ့ကိုမနမ်းခင် ဘာလုပ်သေးလဲ သိလား? နံပတ်တွေရေနေတာ။ အစကတော့ လူတိုင်းက ဘာများလဲပေါ့။ ရေပြီးတာနဲ့ ထနမ်းတာပဲ။ ရှေ့နေကြီးဆိုရင် လုံးဝကို ကြောင်အသွားတာ”

သူတို့စကားပြောနေတုန်းတွင် မော့ဟန်က ပြန်ရောက်လာသည်။ ထိုအခါ ရှုချင်းရီသည် ခါးကိုမတ်အောင်ထိုင်ရင်းဖြင့် စကားစဖြတ်ကာ မော့ဟန်ကို မကြည့်ရဲတော့ဘဲ ခေါင်းငုံစားနေတော့သည်။ သူမ၏အပြစ်မကင်းဖြစ်နေမှုကြောင့် သူမအရှေ့က ရေတစ်ခွက်ကို အလောတကြီး အကုန်မော့သောက်ပစ်လိုက်သည်။ ထိုအခါ သီးတောင်သွားသည်။

မော့ဟန်က သူမ၏ပုခုံးကို ပုတ်ပေးရင်းဖြင့်
“ဘာတွေတွေးနေတာလဲ? ရေသောက်တာတောင် လောနေရသလား?”

ရှုချင်းရီက လက်ကာပြကာ မျက်နှာတွေနီရဲနေပြီ။ သူမသည် ခုနတုန်းက ပြောသည်များကို ပြန်ကြားယောင်မိနေသည်။ သူတို့ကြားမှာ ဘာမှသာမရှိလျှင် သူမသိပ်တွေးမိမှာ မဟုတ်သော်လည်း အခုတော့ သူမတွေးမိနေသည်။ အရင်တုန်းက မော့ဟန်က သူမအား ညီမလိုသဘောထားနေရာမှ ဒီလိုမမြင်တော့သည့်အကြောင်းမှာလည်း သူမဘက်ကစ၍ ဒီလိုလုပ်ခဲ့၍ ဖြစ်နိုင်သည်။

ညစားစားပွဲပြီးသည့်အခါ မော့ဟန်က ငွေသွားရှင်းသည်။ ရှုချင်းရီကတော့ အခန်းထဲတွင် မွန်းကြပ်လာသလိုဖြစ်သောကြောင့် အပြင်သို့ထွက်လာသည်။ သူမသည် ခေါင်းလည်းမူးလာသဖြင့် ထိုင်ချလိုက်ကာ နံရံကိုမှီနေလိုက်သည်။

“ဘာဖြစ်လို့ထွက်လာတာလဲ?”
မော့ဟန်က ရှုချင်းရီသည် အပြင်မှာ ငုပ်တုပ်လေးထိုင်၍ ခေါင်းငုံနေသည်ကို မြင်သည့်အခါ မေးသည်။

ရှုချင်းရီက သူ့အား တစ်ချက်ပဲ မော့ကြည့်ပြီးနောက် ပြန်ခေါင်းငုံသွားသည်။ မော့ဟန်ကလည်း လိုက်ထိုင်လိုက်ကာ သူမအားမေးသည်။

“ဘာဖြစ်လို့လဲ? စိတ်ညစ်နေတာလား?”
ရှုချင်းရီက သူ့ကိုခေါင်းမော့ကြည့်လာကာ ပြန်ပြောရန် လုပ်သော်လည်း ဘယ်ကစပြောရမလဲ မသိပေ။

“အရက်သောက်လိုက်တာတော့ မဟုတ်ဘူးမလား?”
မော့ဟန်က သူမ၏ပုံမှန်မဟုတ်ဘဲ ရဲနေသည့် မျက်နှာကို မြင်သည့်အခါ လက်ဆန့်ကာ ထိလိုက်ရင်းမေးသည်။

Previous Chapter 181 of 199 Next