May Honey Logo May Honey
Previous Next

၁၉၄။ ထောင်ထဲက တတိယသခင်လေး

မော့ဟန်က နဖူးလေးကို နမ်းပြီးနောက် သူမခေါင်းလေးကို ပုတ်လိုက်ကာ
“စိတ်မပူနဲ့။ မင်းဘေးမှာပဲ ရှိပေးမယ်။ ဘယ်ကိုမှ မသွားဘူး။ စောင့်ရှောက်ပေးမှာပေါ့”

ထို့နောက် ပုခုံးလေးကို ခပ်ဖွဖွဖျစ်ရင်း
“ရှောင်ယဲ့ဆီကို. . . တစ်ရက်လောက် ခေါ်သွားလေ”

“နောက်မှအတူသွားကြတာပေါ့။ တစ်နှစ်ပြည့်ကျရင် သွားမယ်လေ”
ရှုချင်းရီက ပြောသည်။

မော့ဟန်က အတိတ်အကြောင်းကို ကြားတုန်းက သူစိတ်မကောင်း ဖြစ်သွားခဲ့သည်။ အတိတ်က ဖြစ်ခဲ့သည်များကို သူမကြိုက်သော်လည်း သူမအား သူ့ဘေးတွင်ပဲ ရှိစေကာ သူတို့နှစ်ယောက် ဝေးကွာမသွားချင်သည့်စိတ်ကိုတော့ မမှီပေ။

နောက်နေ့တွင် ရှုချင်းရီသည် စိတ်ပေါ့ပါးစွာဖြင့် ကျောင်းသွားသည်။ မော့ဟန်ကလည်း ရုံးတွင် စိတ်အေးလက်အေး အလုပ်လုပ်နေသည်။ သူတို့နှစ်ယောက်ကြားတွင် ပြဿနာကြီး မရှိနိုင်တော့သည့်အလားပင်။

လျူဇီယွမ်က အရာရှိကြီးကျန်းဆီသို့ ဖိုင်တစ်ခုပေးရန် ရှိသည့်အခါ မော့ဟန်က သူကိုယ်တိုင် သွားပေးရန်လုပ်သည်။ အဘယ်ကြောင့်ဆိုသော် ရဲစခန်းက ရှုချင်းရီ၏ ကျောင်းနှင့် နီးသောကြောင့် တစ်ခါတည်းဝင်ကြိုရန် ဖြစ်သည်။

ရဲစခန်းသို့ ရောက်သည့်အခါ အရာရှိကြီးကျန်းက စစ်မေးနေသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် မော့ဟန်လည်း စစ်မေးသည်ကို ကြည့်သည့်အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။

အချိန်ကြာမည့်ပုံပေါ်သဖြင့် မော့ဟန်က ဖိုင်ထားပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း အရာရှိကျန်းစစ်မေးနေသည့်သူကိုမြင်သော် ခြေလှမ်းတို့ကတန့်သွားသည်။

ထိုလူ၏ အကြည့်များက သူ့ရင်ထဲအထိတောင် အေးစက်သွားစေသည်။ ထို့ကြောင့် ကျန်းယန်အား သူမေးကြည့်လိုက်သည်။
“စစ်မေးခံရတဲ့သူက ဘယ်သူလဲ?”

ထိုအခါမှ ကျန်းယန်က မော့ဟန်ကို သတိထားမိသွားပြီး အနည်းငယ်လန့်သွကာ
“ဟာ ရှေ့နေကြီး. . .ဒီနေ့ ဒီကို ဘာကိစ္စရှိလို့လဲ မသိဘူး?”

“အရာရှိကျန်းကို ဖိုင်လာပေးတာ”
မော့ဟန်က ထပ်မေးသည်။
“အထဲက ဘယ်သူလဲ?”

ကျန်းယန်က အထဲကိုကြည့်ကာ
“ဒီရက်ပိုင်းဖမ်းမိတဲ့ ဂိုဏ်းခေါင်းဆောင်ချန်းထန်။ ငယ်သေးတဲ့ပုံပေါ်ပင်မယ့် မြေအောက်လောကမှာ ၁၀နှစ်ကျော် ကျက်စားနေတဲ့သူ။ အရမ်းရက်စက်လွန်းလို့ ‘အဆိပ်သုံး’လို့ နာမည်ကြီးတယ်”

ကျန်းယန်က ချန်းထန်ကိုကြည့်ကာ
“သူ့မှာ တခြားနာမည်ရှိသေးတယ်။ မြေအောက်လောကထဲက သူ့လူတွေက သူ့ကို တတိယသခင်လေးလို့ ခေါ်ကြတယ်”

“တတိယသခင်လေးလား?”
မော့ဟန်က တောင့်ခဲသွားသည်။

ကျန်းယန်က မော့ဟန်နှင့် စကားပြောနေသည်။
“ဒါနဲ့ သူကတော်တော်ကြည့်ကောင်းသားပဲ။ ထိုင်နေတာကိုကြည့်ရတာ ရာဇဝတ်သားရုပ်မပေါက်ဘဲ ချမ်းသာတဲ့သူဌေးသားလိုပဲ”

မော့ဟန်က ချန်းထန်ကို ကြည့်လိုက်သည်။ မနေ့ညက ရှုချင်းရီပြောသည့်အထဲတွင် တတိယသခင်လေးဆိုသည်မှာ တစ်စွန်းတစ်စပါဝင်ခဲ့သည်။

မော့ဟန်က ထွက်မသွားဘဲ ဆက်ကြည့်နေသည့်အခါ ချန်းထန်က ဘာကိုမှမငြင်းဆိုဘဲ ဖြောင့်ချက်ပေးနေသည်။

“သူဘယ်နှနှစ်လောက် ကျမယ်လို့ထင်လဲ?”
မော့ဟန်က မေးလိုက်သည်။

ကျန်းယန်က
“အနည်းဆုံး ၁၅နှစ်လောက်ပေါ့။ လူနှစ်ယောက် သတ်ခဲ့တာ။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ဆေးမှုမပါဘူး။ သူက ဆေးအရောင်းအဝယ် မလုပ်ဘူး။ သူ့အကိုတွေကပဲ လုပ်တာဗျ”

“ငါသူနဲ့စကားပြောလို့ရလား?”

ကျန်ယန်က မော့ဟန်ကို ကြည့်လာကာ
“ဘာဖြစ်လို့လဲ? သူနဲ့ဘာကိစ္စရှိလို့လဲ?”

“ကိုယ်ရေးကိုယ်တာပါ”
မော့ဟန်က မေးသည်။
“ပြောလို့ရတယ်မလား?”

“ရပါတယ်။ အရာရှိကြီးကျန်း စစ်မေးပြီးရင် ဝင်ပြော။ သိပ်မကြာစေနဲ့ပေါ့ဗျာ”

“သုံးမိနစ်လောက်ဆို ရပါတယ်”

ရှုချင်းရီက တတိယသခင်လေးအကြောင်းကို သိပ်ပြောမပြသော်လည်း အပြင်မှာ တွေ့လိုက်ရသည့်အခါ မော့ဟန်၏စိတ်ထဲတွင် တစ်ခုခုလွဲနေသလို ဖြစ်သွားသည်။

အရာရှိကြီးကျန်းက စစ်မေးပြီးနောက် ထွက်လာသည့်အခါ မော့ဟန်က စကားခနဝင်ပြောချင်သည်ဟု ပြောလိုက်သည်။ အရာရှိကျန်းက ဘာမှသိပ်မေးမနေဘဲ ဝင်ခွင့်ပြုလိုက်သည်။

တတိယသခင်လေးက မော့ဟန်ကို မြင်သည့်အခါ ပြုံးနေသည်။

“ဘာဖြစ်လို့ ခင်ဗျားပြုံးနေတာလဲ?”
မော့ဟန်က မေးလိုကာသည်။

“မင်းဘယ်သူလဲဆိုတာ ငါသိပါတယ်။ ဘာဖြစ်လို့ ငါ့ကိုလာတွေ့တာလဲဆိုတာရောပဲ”

မော့ဟန်ကလည်း ပြုံးလိုက်ကာ
“ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားက ဘယ်လိုလုပ်သိတာလဲ?”

“ရှေ့နေကြီး မော့ဟန်။ မင်းဒီကိုရောက်လာတာက လီနာကြောင့်. . .အာ မဟုတ်သေးဘူး”
တတိယသခင်လေးက ခေါင်းခါကာ
“အခုရှုချင်းရီလို့ ခေါ်ရတော့မှာပဲ”

မော့ဟန်က မျက်နှာပြောင်းသွားသည်။
“ကျုပ်တို့ကြားက အကြောင်းတွေ သိနေတာလား?”

“သိတယ်ဆိုတာထက် ပိုတာပေါ့။ ငါနဲ့ဆိုင်နေတာပဲကို”

“ကျုပ်နဲ့ ကျုပ်ကောင်မလေးကြားမှာ ခင်ဗျားက ဘာဆိုင်တာလဲ?”

“သြော် အများကြီးဆိုင်တာပေါ့. . .မင်းကောင်မလေးက ပြောမပြဘူးလား?”
တတိယသခင်လေးက နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားကာ မော့ဟန်အား လှောင်ချင်သလိုကြည့်ရင်း
“မင်းကောင်မလေးက အရင်တုန်းက ငါ့ကို၆နှစ်တောင် ချစ်ခဲ့တာ”

ထိုစကားများကြောင့် မော့ဟန်သည်ရေခဲဂူထဲတွင် ပိတ်မိသွားသလို ခံစားရကာ သူ့အရှေ့ကလူကို စိုက်ကြည့်လိုက်သည်။

“အဖမ်းမခံရခင်တုန်းက ငါသူ့ကိုသွားရှာသေးတယ်။ မမှတ်မိသေးတော့ ငါ့ကိုစိမ်းနေတာ စိတ်ထဲတောင် မကောင်းဘူး. . .ဟိုတလောက ပြန်မှတ်မိသွားတော့ ငါ့ဆီကို ထောင်ဝင်စာလာတွေ့တယ်။ ငါတို့စကားတွေ အများကြီး ပြောဖြစ်ကြသေးသား. . .”

မော့ဟန်က ရှုချင်းရီက ရှုပ်ရှင်ရုံကနေ ထွက်သွားသည့်နေ့ကို ပြန်သတိရသွားသည်။ သူမက ရှောင်ယဲ့ကိစ္စများကို ကိုင်တွယ်နေခဲ့သည်ဟု သူထင်ခဲ့မိသော်လည်း သူမက၆နှစ်တာ ချစ်ခဲ့သည့်သူကို သွားတွေ့နေခြင်း ဖြစ်ခဲ့သည်။

တတိယသခင်လေးက ဆက်ပြောသည်။
“အရင်တုန်းက သူ့ဘဝကို မင်းတွေးကြည့်လို့ရမှာမဟုတ်ဘူး။ ငယ်ငယ်လေးတည်းက ငါ့ဘေးကိုရောက်လာပြီး ငါသူ့ကို လေ့ကျင့်ပေးခဲ့တာ။ ၉နှစ်လောက် ငါတို့အတူရှိခဲ့တာ။ ငါသူ့စိတ်ကို သိတာကတော့ အရမ်းနောက်ကျသွားတယ်။ ၁နှစ်ကျော်ပဲ ရှိဦးမယ်။ သူကတော့ အဲ့အချိန်မတိုင်ခင် ၅နှစ်လောက်တည်းက ငါ့ကိုချစ်နေတာတဲ့”

“ခင်ဗျား ပါးစပ်ကထွက်တဲ့ စကားတွေက ယုံရတာ မဟုတ်ဘူး”
မော့ဟန်က ပြောသည်။

တတိယသခင်လေးက ထပ်ပြုံးကာ
“ဒါကတော့ မင်းအပိုင်းပဲလေ။ မင်းကိုယ်တိုင် သူ့ကိုမေးကြည့်ပါလား? သူ့စိတ်ကိုသူ အသိဆုံးနေမှာ”

“ခင်ဗျားတို့ကြားမှာ ဘာပဲ​ဖြစ်ခဲ့ဖြစ်ခဲ့ ဒါတွေက ပြီးခဲ့ပြီ။ ကျုပ်ကတော့ ခင်ဗျားစကားကြောင့် သူ့ကိုသံသယဝင်မှာ မဟုတ်ဘူး”

“မင်းတို့ကြားက ဆက်ဆံရေးကို ငါနှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး။ ပြီးတော့လည်း မင်းတို့ဆက်တွဲနေကြတာ ကောင်းပါတယ်။ သူက ကောင်းတဲ့ကောင်မလေးမှန်း ငါသိတာမလို့ မင်းသူ့ကို ကောင်းကောင်းဆက်ဆံဖို့ မျှော်လင့်ပါတယ်။ မင်းတို့အကြောင်းကိုလည်း ငါလျို့ဝှက်စုံစမ်းထားတာ ကြာပြီ။ မင်းက နေရာတော်တော်များများမှာ တကယ်ရည်အချင်းရှိတဲ့သူပဲ။ သူကလည်း အရွေးတော်တော့ ငါစိတ်ချရပါပြီ”

Previous Chapter 194 of 199 Next