May Honey Logo May Honey
Previous Next

၁၁၂။ နိုးလာခြင်း

သူတို့နှစ်ယောက်ဟာ ရောက်တက်ရာရာ ပြောရင်းဖြင့် လေယာဉ်က Fမြို့တော်သို့ ရောက်လာခဲ့သည်။ လေယာဉ်စိုက်သည့်အခါ မော့ဟန်က ရှုချင်းရီ၏အိတ်ကိုသယ်ကာ ဆင်းသွားသည်။

Fမြို့တော်က သိပ်မကြီးသော်လည်း ဆိပ်ကမ်းရှိသည့်မြို့ဖြစ်ကာ တစ်နှစ်ပတ်လုံး စိုစွတ်သည့် ရာသီဉတုဖြစ်သည်။ လေက သန့်ရှင်းနေကာ လေထဲတွင် ပင်လယ်မှဆားနံ့သင်းသင်းပါ ရနေသည်။ တရုတ်ပြည်က အခြားနေရာများနှင့်ယှဉ်သော် ဒီနေရာမှာ ပိုအေးသည်။ လေပြေလေညင်းအေးအေးလေးက သူတို့မျက်နှာကို ဖြတ်တိုက်သောအခါ သူတို့ခန္ဓာကိုယ်မှ ဆဲလ်တိုင်းမှာ လန်းဆန်းသွားသည်။ ရှုချင်းရီမှာ အသက်တဝကြီး မရှုဘဲ မနေနိုင်တော့ပါ။

ထိုအချိန်က ည၉နာရီလောက်ဖြစ်သည်။ လေဆိပ်က ထွက်သောအခါ မော့ဟန်က မေးလိုက်သည်။
“ဟိုတယ်ကို ဘယ်လိုသွားမှာလဲ?”

ရှုချင်းရီ ဖြေသည်မှာ
“မသိဘူး”

“သေချာကြည့်မလာခဲ့ဘူးလား?”

“လိုင်းပေါ်ကနေ ဘိုကင်တင်လိုက်တာ။ ငွေလည်းရှင်းပြီးသာ။ ဒါပင်မယ့် နာမည်ပဲ မှတ်မိတော့တယ်”

မော့ဟန်က ရှုချင်းရီ၏ အပြစ်ကင်းသည့် အူတူတူရုပ်ကလေးကို ကြည့်ကာ ပြောလိုက်သည်။
“ထားလိုက်ပါတော့။ တက်စီဌားပြီး တန်းသွားလိုက်ရအောင်”

သူတို့နှစ်ယောက်က တက်စီပေါ်မှာပဲ မနက်ဖြန်လည်မည့် အစီအစဉ်ကို တိုင်ပင်ကြသည်။ ရှုချင်းရီက ကားပြတင်းပေါက်ဖွင့်ကာ အပြင်ဘက်မှ တိုက်ခတ်နေသည့် လေပြေညင်းကို ခံရင်းက
“မနက်ဖြန်ကမ်းခြေမှာ သွားဆော့ရအောင်လေ”

မော့ဟန်က ဟိုတယ်အနားမှ သွားလည်ရန်ကောင်းသည့် နေရာများကို ဖုန်းဖြင့် ရှာကြည့်ကာ ပြောသည်။
“ရေဘယ်လိုကူးရမလဲသိလား?”

ရှုချင်းရီက ခေါင်းခါသည်။
“ဟင့်အင်း။ ကိုကြီးရော သိလား?”

မော့ဟန်က သူ့မကိုကြည့်ကာ
“ဘယ်လိုထင်လဲ?”

“ဒါဆိုရင် ကိုကြီးက ရေကူးပေါ့။ ညီမလေးကတော့ ကမ်းခြေမှာပဲနေမယ်။ နေပူစာလှုံရင်း လေညင်းခံတာပေါ့”
ရှုချင်းရီက ပြုံးပြုံးကြီး တွေးနေရင်းက
“အား တွေးကြည့်တာနဲ့တင် ပျော်ဖို့ကောင်းနေပြီ!”

“ဒါဆိုရင် နောက်နေ့ကရော? အစီအစဉ်ရှိလား?”
မော့ဟန်က မေးသည်။

ရှုချင်းရီက တွေးကြည့်ကာ ပြောသည်။
“မရှိဘူး။ ပင်လယ်ပဲသွားပြီး ထပ်ဆော့ကြမလား?”

မော့ဟန်က သွားရန်များကို တစ်ရက်ပြီးတစ်ရက်စာ အစီအစဉ်ဆွဲကာ ခရီးသွားတက်သူဖြစ်သည်။ ပြီးတော့လည်း အတွေးထဲပေါ်ရာကို အခြေခံကာ ခရီးထွက်တက်သည့် ရှုချင်းရီလိုလူမျိုးနှင့် သူတစ်ခါမှ မကြုံဘူးပါ။ သူ့ဘေးက ကံကောင်းခြင်းများနှင့်အတူ ပျော်ရွှင်စွာ ခရီးသွားမည့် ရှုချင်းရီအား သူစိတ်မပူဘဲ မနေနိုင်ပါ။

“သဘက်ခါအကြောင်းကို တွေးပူမနေစမ်းပါနဲ့။ ဒီနေ့ရော မနက်ဖြန်ရော မကုန်သေးပါဘူး။ မနက်ဖြန်ညမှ ပြောကြတာပေါ့”
ရှုချင်းရီက ပေါ့ပေါ့ပါးပါးပြောသည်။

မော့ဟန်က နေ့တိုင်း အလုပ်ဖြင့်သာ သူ့အချိန်များက ပြည့်နှက်နေခြင်း ဖြစ်သည်။ အခုသူ့မှာ အားလပ်ရက်၃ရက်တောင် ရှိနေပြီဖြစ်သောကြောင့် သဘက်ခါကိစ္စကို မနက်ဖြန်မှ သူတွေးလို့ ရပါသေးသည်။ ထို့ကြောင့် ရှုချင်းရီ၏ လမ်းစဉ်ကိုသာ သူလိုက်သွားတော့သည်။

နောက်နေ့မနက်မှာတော့ မော့ဟန်က မနက်အစောကြီးနိုးလာကာ လေ့ကျင့်ခန်းသွားလုပ်ပြီးမှ သူ့အခန်းသူပြန်လာသည်။ ထို့နောက် သူ့ဘေးက ရှုချင်းရီ၏အခန်းမှာ တိတ်ဆိတ်နေသောကြောင့် တံခါးခေါက်လိုက်သည်။

ရှုချင်းရီက အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်ပေးလာသည်။ သူမ၏ညအိပ်ဝတ်စုံမှာ လျှောကျနေကာ သူမ၏အတွင်းခံကြိုးနှင့် နို့နှစ်ရောင် ပုခုံးတို့က ပေါ်နေသည်။ မော့ဟန်က အကြည့်လွှဲလိုက်ရပြီး ချောင်းဆိုးမိသွားသည်။ ထို့နောက် သူမအကျီကို ပြန်ဆွဲတင်ပေးလိုက်သည်။

“အစောကြီးပဲရှိသေးတာကို”
ရှုချင်းရီက သူဘာလုပ်လိုက်မှန်းကိုတောင် သတိမပြုမိဘဲ သမ်းဝေကာ သူမအခန်းထဲ ပြန်ဝင်သွားရင်း ပြောသည်။ သူမက အိပ်ရာပေါ်တွင် ထပ်သွားအိပ်မည့်ပုံပေါ်သည်။

“ကမ်းခြေကိုသွားမယ်ဆိုရင် စောစောထမှ”

“စိတ်မပူပါနဲ့။ ဒီမြို့က နာမည်သိပ်ကြီးတာ မဟုတ်တော့ ကမ်းခြေမှာ လူသိပ်များမှာ မဟုတ်လောက်ပါဘူး”
ရှုချင်းရီက အိပ်ရာပေါ်သို့ ဒိုင်ပင်ထိုးချကာ ခြေထောက်သွယ်သွယ်လေးနှစ်ချောင်းမှာ ဘေးတွင်ကျနေရင်းက ပြောသည်။

“စောစောသွားမှ ရမယ်”
မော့ဟန်က သူမ၏လှုပ်နေသည့် ခြေထောက်လေးများဆီမှ ကြည့်လိုက်မိသည်။ မသင့်တော်ဘူးဟု အနည်းငယ်ခံစားရသောကြောင့် အကြည့်လွှဲလိုက်ရသည်။

ထို့ကြောင့် မော့ဟန်က သူ့အခန်းကိုပြန်ဖို့ပဲ တွေးလိုက်သည်။
“မြန်မြန်သွားပြင်တော့ဆင်တော့။ ငါမင်းကို နာရီဝက်ပဲ အချိန်ပေးနိုင်မယ်။ ငါယူစရာရှိလို့ ငါ့အခန်းထဲကပဲ စောင့်နေမယ်”

ရှုချင်းရီက မော့ဟန်၏တံခါးကို ခေါက်လာသည့် အချိန်က နာရီဝက်တောင် မကြာလိုက်ပါ။ သူမက ကြိုးသိုင်းဂါဝန်လေးကိုဝတ်လာသည်။ သူမ၏ဖွေးဉနေသည့် ပုခုံးလှလှလေးများက ထင်းနေသည်။ ခါးတွင်လည်း ခါးစည်းလေးဖြင့်ဖြစ်ကာ ဒူးဖုံးလေးဖြစ်သည်။ ထို့ကြောင့် သူမ၏ခြေထောက်များမှာ သွယ်လျကာ ရှည်ပုံပေါ်သွားသည်။

ရှုချင်းရီက မော့ဟန်တံခါးဖွင့်လာသည့်အခါ အပြုံးကြီးပြုံးပြနေသော်လည်း မော့ဟန်ကတော့ မျက်မှောင်ကျုံကာသာ ကြည့်သည်။

“ဘာဖြစ်လို့လဲ?”
ရှုချင်းရီက မေးလိုက်သည်။

“ဒါကြီးဝတ်မလို့လား?”

“ဘာဖြစ်လို့?”
ရှုချင်းရီက သူမကိုယ်သူမ ပြန်ငုံကြည့်လိုက်သည်။ ဒီဂါဝန်က မသင့်တော်တာမျိုး မဟုတ်ပေ။

“အဝတ်သွားလဲချေ”
မော့ဟန်က ပြောသည်။

Previous Chapter 112 of 199 Next