May Honey Logo May Honey
Previous Next

၁၉၉။ အိမ်နှင့်ဝေးရာမှာ

မော့ဟန်သည် မိုက်ခနဲဖြစ်သောကြောင့် စားပွဲအစွန်းကို တင်းတင်းကိုင်ကာ
“ဆုံးသွားတာက ဘယ်သူတွေလဲ?”

“သေချာတော့ မသိသေးဘူး။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်”

မော့ဟန်သည် သူ့စိတ်ကိုသူမနည်းထိန်းကာ တုန်ရီနေသောအသံဖြင့်
“ဘယ်သူတွေလဲဆိုတာကို ဘယ်တော့အတည်ပြုမှာလဲ?”

“မနက်ဖြန်ည အနောက်ကျဆုံးပဲ။ သွားရှာပြီးကယ်လာတဲ့အဖွဲ့က အလောင်းတွေကို ပြန်သယ်လာပြီဆိုတော့ တာဝန်ရှိတဲ့သူက ဘယ်သူလဲအတည်ပြုလိုက်ရင် သိရပြီ”

“အလောင်းတွေကို ဘယ်ကိုပို့မှာလဲ?”

“အထွေထွေဆေးရုံကြီးကို။ ဆွေမျိုးတွေ လာနှုတ်ဆက်လို့ရအောင် ခနထားပေးလိမ့်မယ်”
ထိုဝန်ထမ်းက မော့ဟန်ကို ကြည့်လိုက်သည်။ မော့ဟန်၏ လဲပြိုကျတော့မတက် ပုံစံကိုမြင်သည့်အခါ
“ဝမ်းနည်းမနေပါနဲ့ဦး။ ခင်ဗျားရဲ့ကောင်မလေး ဟုတ်ချင်မှ ဟုတ်မှာ။ သူအန္တရာယ်ကင်းကင်းနဲ့ ပြန်လာရင် လာနိုင်မှာပါ”

“သူ. . .ပြန်တော့လာမယ်မလား?”

ထိုဝန်ထမ်းသည် မော့ဟန်၏ ဒီလိုပုံစံကို မကြည့်ရက်တော့သဖြင့်
“ပြန်လာမှာပါ. . .သေချာပေါက် ပြန်လာပါလိမ့်မယ်”

“ခင်ဗျား အရင်ပြန်နားလိုက်ပါလား။ ဆက်သွယ်ဖို့ ရေးပေးထားခဲ့။ အလောင်းတွေရောက်လာရင် ဆက်သွယ်ပေးပါ့မယ်”

မော့ဟန်သည် ဖောင်ကိုယူကာ ဘောပင်ကိုကိုင်လိုက်သော်လည်း လက်တွေက တုန်နေသည်။
“နောက်မှဖြည့်လိုက်မယ်”

မော့ဟန်က ရှေ့နေတစ်ဦးတစ်ယောက်အနေနဲ့ အဆိုးဆုံးအခြေအနေကို ကြိုတွေးကာ စိတ်ပြင်ဆင်လေ့ရှိသည်။ သို့သော် အခုတော့ သူမတွေးနိုင်တော့ပေ။ ရှုချင်းရီက မော့ဟန်အတွက် ကြယ်လေးလို ဖြစ်တည်မှုမျိုးဖြစ်သည်။ သူတစ်ယောက်တည်း လျှောက်နေရသည့်ခရီးတွင် သူမက သူ့အတွက် တောက်ပပေးနေသည့် ကြယ်လေးဖြစ်သည်။ အခုတော့ သူကြယ်လေးကို သူဆုံးရှုံးရတော့မလို ဖြစ်နေပြီ။ သို့သော်လည်း မော့ဟန်လုပ်နိုင်သည်က သူ့ကြယ်လေး ပြန်လာမည့်အချိန်ကို စောင့်နေရုံသာ ရှိတော့သည်။

ရှုချင်းရီက ပြန်အသိကပ်လာသည့်အခါ သူမ၏တစ်ကိုယ်လုံးသည် ထုံကျင်ကာ နာကျင်နေသည်။ သူမသည် လက်ကိုအားပြုထောက်ကာ သဲတောထဲမှ ထလိုက်သည်။ ရှုချင်းရီက ညကောင်းကင်တွင် ကြယ်ပေါင်းများစွာက လှပစွာတောက်ပနေသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း သူမသည် ဒီလိုအလှတရားကို ခံစားနေနိုင်သည့် အခြေအနေမဟုတ်သဖြင့် လေအေးများ တဟူးဟူးတိုက်နေသည့်ကြားတွင် သူမနှင့်အတူ ခရီးထွက်လာသည့်သူများကို အော်ခေါ်ကြည့်သည်။ ဘယ်လောက်ခေါ်ခေါ်ဘယ်သူကမှ သူမအား ပြန်မထူးပေ။

ထို့ကြောင့် သူမသည် နေထွက်မလာခင် အချိန်အထိ နားနေဖို့သာ ရှိတော့သည်။ ရှုချင်းရီက စာအုပ်ထဲတွင် သူမဖတ်ဖူးသည့်အတိုင်း အေးနေသည့် ကန္တာရထဲတွင် ရှင်သန်ရန် သဲများကို လက်ဖြင့် ကျွင်းရှည်ရှည် တူးလိုက်သည်။ ကျွင်းထဲတွင် လှဲချကာ သဲများဖြင့် သူမကိုယ်သူမပြန်ဖုံးလိုက်သည်။ ထို့နောက် ကြယ်ရောင်စုံနေသည့် ကောင်ကင်ကြီးအောက်တွင် မူးဝေစွာဖြင့် အိပ်ပျော်သွားတော့သည်။

သူမပြန်နိုးလာသည့်အခါ နေထွက်နေပြီ ဖြစ်သည်။ ရှုချင်းရီသည် သဲများကိုဖယ်ကာ ထလာပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လန့်သွားသည်။ သူမသည် သဲဝါဝါတို့အပြင် သူမတို့SUVကားကိုရော တခြားလူရှိပုံရော မပေါ်သည့် သဲကန္တာရထဲတွင် ရောက်ရှိနေသည်။ ရှုချင်းရီမှာ ဒီနေရာတွင် သူမသေသွားတော့မလား ကြောက်လန့်လာပြီ။

မော့ဟန်မှာတော့ ထိုစခန်းတွင် မအိပ်မနေ သတင်းထိုင်စောင့်နေခဲ့သည်။နောက်နေ့ နေ့လည်တွင် ကယ်ဆယ်ရေးများက SUVကားနှင့် အလောင်းများကို ပြန်သယ်လာပြီဖြစ်ကြောင်း သိလိုက်ရသည်။ အထွေထွေဆေးရုံသို့ ရောက်သည့်အခါ မော့ဟန်သည် အလောင်းထားရာ အခန်းမှ သေဆုံးသူ အမျိုးသမီးအပေါ်မှ ပိတ်ဖြူစကို မရဲတရဲဖြင့် ဖယ်လိုက်သည်။ ထို့နောက် မျက်ရည်များက စီးကျလာတော့သည်။

“ခင်ဗျားရဲ့. . .ကောင်မလေးလား?”

မော့ဟန်က မျက်ရည်များကိုသုတ်ကာ ခေါင်းခါရင်း ပြုံးလိုက်သည်။
“မဟုတ်ဘူး. . .သူမဟုတ်ဘူး”

မော့ဟန်က အဝတ်ဖြူပြန်ဖုံးပေးခဲ့ကာထိုအခန်းထဲမှ ထွက်လာပြီး ဆေးရုံ၏ဝရံတာတွင် ထိုင်ချလိုက်ကာ မျက်နှာကိုလက်ဖြင့်အုပ်ရင်း တွေးနေမိသည်။
‘ကံကောင်းတာက အဲ့ဒီကုတင်ပေါ်မှာ လဲနေတဲ့သူက ရှုချင်းရီ မဟုတ်ဘူး။ ကံကောင်းတာက ငါ့မှာသူပြန်လာဖို့ မျှော်လင့်ချက်ရှိသေးတယ်’

ထို့နောက် ရှုချင်းရီတည်းခဲ့သည့် ဟိုတယ်သို့ သူထွက်လာခဲ့သည်။ ဟိုတယ်ပိုင်ရှင်က သူမတည်းခဲ့သည့် အခန်းကို မော့ဟန်အား ပေးသည်။ ပင်ပန်းသွသည့် မော့ဟန်သည် ရေချိုးပြီးနောက် အိပ်ရာပေါ်တွင်လှဲလိုက်ရင်း မအိပ်ခင် ရေရွတ်လိုက်သည်။
“ရှုချင်းရီ မင်းတောင့်ခံနေရမယ်။ ငါလည်း ဘယ်ကိုမှမသွားဘဲ ဒီမှာစောင့်နေမယ်။ မင်းပြန်လာရင် ငါတို့ဘယ်တော့မှ ထပ်မခွဲတော့ဘူး”

ရှုချင်းရီသည် သဲကန္တာရထဲတွင် ခြေဦးတည့်ရာသို့ လျှောက်လာသည်။ သူမသည် ရေဓာတ်ပြတ်ကာ နှုတ်ခမ်းတွေကွဲ လည်ချောင်းတွေခြောက်လာကာ ခေါင်းမူးဝေနေသော်လည်း သူမသည် ဆက်လျှောက်ဆဲ ဖြစ်သည်။ သူမသည် မော့ဟန်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့မှာ စိုးရိမ်သဖြင့် ခြေလှမ်းများကို မရပ်ရဲပေ။ သို့သော်လည်း သူမသည် ကျောက်တုံးကြီးတစ်ခုအကွယ်နားသို့ ရောက်သည့်အခါ မူးဝေမှုကို ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ သဲပူပူထဲသို့ လဲကျသွားတော့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများမှာ တက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်။ မော့ဟန်ကိုလည်း လူတစ်ယောက်အားကယ်ဆယ်နိုင်သည့်အခါ အကြောင်းကြားသည်။ သို့သော် ထိုလူမှာ အမျိုးသားတစ်ဦးဖြစ်နေသည်။

မော့ဟန်က ရှုချင်းရီ၏ သတင်းအစအနကို ကြားချင်သဖြင့် ဆေးရုံသို့သွားကာ ထိုလူကိုတွေ့သည်။ မော့ဟန်ရောက်သွားချိန်တွင် ထိုလူက ခေါင်းတွင်ပတ်တီးစီးထားကာ ကုတင်ပေါ်တွင်ထိုင်ရင်း အိတ်ကိုငုံကြည့်နေသည်။

“မဂ်လာပါ။ ရှုချင်းရီရဲ့ချစ်သူ မော့ဟန်ပါ”
မော့ဟန်က လက်ကမ်းပေးကာ နှုတ်ဆက်လိုက်သည်။

ထိုကောင်လေးက မော့ဟန်လက်ကို ပြန်ဆွဲနှုတ်ဆက်ကာ အပြုံးလေးဖြင့်
“ကျွန်တော်က ယန်ချင်းလျန်”

ထိုကောင်လေးက
“အကိုကြီးရဲ့အကြောင်းကို ကြားဖူးပါတယ်။ ရှုချင်းရီက သူ့မှာအရမ်းချောတဲ့ ချစ်သူရှိတယ်လို့ ပြောဖူးတယ်။ အခုလိုမြင်ရတော့မှ တကယ်ဟုတ်နေတာပဲ”

“ငါ့အကြောင်းပြောတယ်လား?”

“အင်း။ သဲကန္တာရထဲကို ခရီးထွက်တဲ့နေ့တုန်းက ချစ်သူရှိလားလို့ မေးလိုက်တာ။ ချောတဲ့ချစ်သူရှိတယ်လို့ ဖြေတယ်။ ပြီးတော့လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးသူတဲ့။ သူပြောတဲ့ပုံကို ကြည့်ရုံနဲ့ အကိုကြီးတို့အတွဲက အရမ်းချစ်ကြမှာမှန်း သိသာပါတယ်။ နောက်တော့ စကားစဖြတ်သွားတယ်”

ထိုကောင်လေးက သူ့လက်ထဲကအိတ်ကို မော့ဟန်ဆီသို့ပေးကာ
“ဒါကသူ့ဟာ။ နိုးလာတော့ သူ့အိတ်က ကျွန်တော့်ဘေးမှာရှိနေတာ။ အခုခင်ဗျားကိုပဲ ပေးထားလိုက်တော့မယ်”

မော့ဟန်က အိတ်ကိုယူကာ ဖွင့်ကြည့်လိုက်တော့ သူမ၏အဝတ်အစားအချို့နှင့်အတူ သူမအိမ်ပေါ်က ဆင့်သွားတုန်းက စီးသွားခဲ့သည့် ဖိနပ်အပါးလေးကိုပါ တွေ့လိုက်ရသည်။

“ဖိနပ်အပါးကို သဲကန္တာရထဲလာတာမှာ ဘာဖြစ်လို့ သူယူလာတာပါလိမ့်?”

မော့ဟန်မှာ ထိုကောင်လေးမေးသည်ကို မဖြေနိုင်ဘဲ ငူငူငိုင်ငိုင်ဖြင့် ဖိနပ်ကိုသာကြည့်နေသည်။

“ခရီးသွားနေတုန်းက အဆက်မသွယ်မလုပ်ကြဘူးလား?”

“မလုပ်ဘူး။ သူ့ဖုန်းကို အိမ်မှာထားခဲ့တာ”

“ထူးဆန်းတယ်။ သူပြောတာတော့ သူမလာခင် အကိုကြီးကို စာပို့လိုက်တယ်လို့ ပြောပါတယ်”

မော့ဟန်က မျက်မှောင်ကျုံ့ကာ
“သူ့ဖုန်းက ငါ့ဆီမှာ။ ဘယ်လိုလုပ် စာပို့မှာလဲ?”

“တခြားသူဖုန်းနဲ့ ပို့တာများလား?”
ထိုကောင်လေးက မော့ဟန်ကိုကြည့်ကာ
“အကိုကြီးဖုန်းက မသိတဲ့ဖုန်းက ပို့တဲ့စာကို blockထားတာလား?”

မော့ဟန်က ဖုန်းကိုသေချာစစ်ကြည့်လိုက်သည့်အခါ မသိသည့်ဖုန်းမှ ရှုချင်းရီပို့ခဲ့သည့်စာကို တွေ့သွားတော့သည်။ မော့ဟန်သည် ရင်ထဲတွင် နာကျင်သွားခဲ့သည်။ ရှုချင်းရီသာ သူ့ကိုစာပို့ခဲ့ကြောင်းကိုသိပါက ဒီမြို့သို့ သူတစ်ပတ်စောင့်မနေဘဲ လိုက်ခေါ်မှာဖြစ်ပြီး အခုလိုသဲမုန်တိုင်းဒဏ်ကို သူမခံစားရမှာ မဟုတ်ပေ။

ရှုချင်းရီကို လူတစ်စုက တွေ့ရှိသွားကာ သူတို့အိမ်သို့ ခေါ်လာကြသည်။ သူမနိုးလာသည့်အခါ သူမပတ်ဝန်းကျင်တွင် အသားညိုကာ ဆံပင်ကောက်ပြီး မျက်လုံးစိမ်းရှိသည့်သူများရှိကြောင်း သူမတွေ့လိုက်ရသည်။

သူမသည် နယ်စပ်ကိုကျော်ကာ တစ်ဖက်နိုင်ငံသို့ ရောက်သွားလေပြီ။ ရှုချင်းရီသည် သူမ၏မကျွမ်းကျင်သည့် အင်္ဂလိပ်စကားဖြင့် သူမအားတရုတ်သံရုံးသို့ ပို့ပေးရန် တောင်းဆိုသော် ထိုသူတို့က နားမလည်ပေ။ တရုတ်စကားထပ်ပြောကြည့်ပြန်တော့လည်း နားမလည်ကြသလို ခြေဟန်လက်ဟန်ဖြင့် ပြောသော်လည်း နားမလည်ကြပေ။

ထိုလူတို့က သူမအား စက်ရုံတစ်ခုသို့ခေါ်သွားကာ အန်ချင်စရာ ညစ်ပတ်သည့် အလုပ်ကြမ်းများ ခိုင်းစေသည်။ ရှုချင်းရီမှာ အခြားမိန်းမများ လုပ်တာကိုကြည့်၍ လိုက်လုပ်ရလေသည်။ ညတွင် သူမတို့ ညစ်ပတ်သည့် နေရာကျဥ်းကျဥ်းလေးထဲတွင် စုပြုံနေစေကာ ညစ်ပတ်နံစော်သည့် စောင်ပါးတစ်ခုစီသာ ပေးသည်။

ကံကောင်းစွာဖြင့် ရှုချင်းရီ၏ ဘေးတွင်နေသည့် အမျိုးသမီးမှာ သူမအား အင်္ဂလိပ်လို စကားစမြီစပြောလာသည်။ ရှုချင်းရီမှာ ပျော်ရွှင်သွားကာ ဒီနေရာနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် အနီးဆုံးပို့ဆောင်ရေး ဘာရှိသလဲ ဆိုသည်များကို မေးမြန်းကြည့်သည်။

ထိုအမျိုးသမီးက ဒီမြို့နယ်တွင် လေဆိပ်တစ်ခုရှိကြောင်း ပြောပြသည်။ လေယာဉ်လက်မှတ်မှာလည်း ဈေးအရမ်းကြီးသလို သူမတို့မှာ ဒီစက်ရုံမှ ထွက်၍ရမှာမဟုတ်သဖြင့် ထွက်မပြေးရန် ပြောသည်။

သို့သော်လည်း မော့ဟန်က စောင့်နေမည် ဖြစ်သောကြောင့် ရှုချင်းရီမှာ သူ့ဘေးနားသို့ မဖြစ်မနေပြန်သွားရန် ကြိုးစားမှာပဲ ဖြစ်သည်။ တစ်လကြာသော် သူတို့ကို ကြီးကြပ်ကွပ်ကဲသူမှာ ရှုချင်းရီက ဒီကလူများနှင့် သင့်တင့်လျောက်ပတ်စွာရှိပြီး အလုပ်ကောင်းကောင်း လုပ်ပြနေသဖြင့် သူမအား သတိထားကာ စောင့်ကြည့်မနေတော့ပေ။

Previous Chapter 199 of 199 Next