၉၉။ ချောင်းကြည့်မိခြင်း
သူက လျှောက်သွားကာ ရှုချင်းရီ၏ စောင်ကို ခွာလိုက်ကာ သူမကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်နှာမှာ ပူထူသွားသည်။
‘ရှုချင်းရီက ဘာဖြစ်လို့ ဘာကိုမှ ဝတ်မထားတာလဲ?’
မော့ဟန်က တစ်ချက်ကြည့်လိုက်မိသော်လည်း သူအကုန်နီးပါး မြင်လိုက်သည်။ သူမ၏ညာဘက်လက်ကို ခေါင်းပေါ်တင်ထားကာ သူမ၏ဆံပင်များက ရှုပ်ပွနေပြီး လှပသည့် မျက်နှာတစ်ဝက်ကို ဖုံးထားသည်။ ထိုအရာမှ လွဲရင် ကျန်မြင်ကွင်းများက သူ့မျက်နှာအား ပူထူလာစေသည်။
မော့ဟန်က သူမအား စောင်ပြန်ခြုံပေးလိုက်သည့်အချိန်တွင် ရှုချင်းရီမှာ နိုးလာသည်။ သူမက သူ့ကုတင်ဘေးတင်ရပ်နေသည့် မော့ဟန်အား အိပ်ချင်စုံမွှားဖြင့် ကြည့်လာသည်။ ရှုချင်းရီက အိပ်ရာနိုးသည့်အခါ ခေါင်းခဲနေသည်။ သူမက အရင်လိုပဲ မော့ဟန်က သူမအား လာနိုးသည်ဟု ထင်နေသည်။
“ဘယ်အချိန်ရှိပြီလဲ ကိုကြီး?”
ရှုချင်းရီက အိပ်ချင်မူးတူးဖြင့် မော့ဟန်အား မေးလာသည်။
မော့ဟန်က သူမအား ဖြတ်ခနဲပဲ လှည့်ကြည့်ကာ
“အိပ်ရာထသင့်ပြီ”
ရှုချင်းရီက ‘အင်း’ဟု ပြောပြီးနောက် ဒီနေ့သူမအိပ်ရသည်မှာ အရင်နေ့များနှင့် မတူညီသလို ခံစားလိုက်ရသည်။ သူမဖြစ်နိုင်ချေများကိုတွေးရင်း ဟိုလှိမ့်ဒီလှိမ့် လုပ်နေသေးသည်။ နောက်မှ သူမစောင်အောက်ကို ကြည့်လိုက်သည့်အခါ သူမလန့်အော်မိလေပြီ။
‘ငါဘာလို့ကိုယ်တီးလုံးဖြစ်နေတာလဲ?’
ရှုချင်းရီက စောင်ဖြင့် သူမကိုယ်အား သေချာခြုံလိုက်ပြီး မနေ့ညက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို တွေးကြည့်လိုက်သည်။ ကြောက်ဖို့ကောင်းသည်မှာ သူမဘာကိုမှ မမှတ်မိတော့ခြင်း ဖြစ်သည်။
‘ကိုကြီးနဲ့ စားသောက်ဆိုင်မှာ မုန့်စားတယ်။ ပြီးတော့ရော? ပြီးတော့ ဘာတွေဆက်ဖြစ်ခဲ့တာလဲ?’
သူမ၏ဘေးတွင် ဘေးတစ်စောင်းရပ်နေသည့် မော့ဟန်အား သူမမေးလိုက်သည်။
“မနေ့ညက ညီမလေး ဘာတွေလုပ်ခဲ့တာလဲ?”
မော့ဟန်က သူမအား လှည့်ကြည့်လာသည်။ သူမ၏မျက်နှာက အံ့သြကာ လန့်နေသည့် မျက်နှာထားကို မြင်သည့်အခါ ခုနတုန်းက သူမြင်လိုက်ရသည့် မြင်ကွင်းအား သတိရသွားသည်။ ထို့ကြောင့် သူမ၏ မျက်လုံးအား စေ့စေ့မကြည့်ရဲတော့ဘဲ အခြားနေရာသို့ အကြည့်လွှဲကာ
“အရက်သောက်ပြီးတော့ ရူးကြောင်ကြောင်တွေ ထလုပ်တော့တာပဲ”
“ဒါဆိုရင် အခုဘာဖြစ်လို့ ဘာမှဝတ်မထားတာပါလိမ့်?”
ရှုချင်းရီက သူမဟာသူမရေရွတ်သည်။
မော့ဟန်က စောင်ကိုတင်းတင်းခြုံထားသည့် သူမအားကြည့်ကာ တချို့အကြောင်းပြချက်များကြောင့် သူအပြစ်ကျူးလွန်မိသလို ခံစားရကာ သူမအား တည့်တည့်ကြည့်ကာ
“ဘာတွေပြောနေတာလဲ? မင်း. . .မင်းဘာမှဝတ်မထားတာက ငါနဲ့မဆိုင်ဘူး။ ငါဘာမှမမြင်ဘူး”
မော့ဟန်က သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြင့် ဒီလိုအထစ်ထစ်အငေါ့ငေါ့ဖြင့် ဗလုံးဗထွေးပြောမိသွားသည်။ ရှေ့နေတစ်ယောက်လို ပြေပြစ်စွာ ပြောဆိုခြင်း မရှိတော့ပါ။
“ကိုကြီးလို့လည်း မပြောပါဘူး။ မူးသွားပြီးတဲ့နောက် ဘာတွေလုပ်မိလဲ? အခုဘာမှ မမှတ်မိတော့လို့”
ရှုချင်းရီက သူမမူးသွားပြီးသည့်နောက် ပျောက်သွားသည့်မှတ်ညဏ်များကို သိချင်နေသည်။
“အများကြီး မလုပ်ပါဘူး။ ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဖက်နမ်းဖို့ လုပ်ခဲ့ရုံတင်ပါ”
မော့ဟန်က သူမမှာ သူ့ကိုနမ်းခဲ့သည့် အကြောင်းနှင့် အချို့အရာများကို ချန်လှပ်ထားလိုက်သည်။ မနေ့ညက သူမဘာတွေလုပ်ခဲ့သလဲ ဆိုသည်ကို သူကပြန်မမှတ်မိစေချင်တော့ပေ။
ရှုချင်းရီက မဖြစ်နိုင်ဘူးဟုတွေးရင်း သူမကိုသူမ တအံ့တသြဖြစ်နေသည်။ ထို့နောက် သူမထပ်မေးပြန်သည်။
“အကျီတွေ ဘယ်ရောက်သွားလဲ? ဘာဖြစ်လို့ ဘာမှဝတ်မထားတာလဲ?”
“မင်းဘာမှဝတ်မထားမှန်း ငါဘယ်လိုလုပ်သိမလဲ? မင်းကို ဒီအခန်းထဲချပြီးတာနဲ့ ငါ့အခန်းကို ငါပြန်သွားတာ။ မင်းဘာတွေလုပ်ခဲ့လဲ ငါလည်းဘယ်သိမလဲ?”
မော့ဟန်က အမြန်အဆန်ပဲ ချက်ချင်းဆိုသလို ရှင်းပြနေပြန်သည်။
ရှုချင်းရီက ဘာဖြစ်လို့ မော့ဟန်မှာ ဒီလောက်ကြောက်လန့်နေသလို ဖြစ်နေသလဲ ဆိုသည်ကို နားမလည်နိုင်တော့ပါ။
“ဘာဖြစ်လို့ ဒီလောက် အလျှင်လိုနေတာလဲ? ညီမလေး အဝတ်တွေကို ချွတ်သွားတဲ့သူက ကိုကြီးပါလို့ မပြောဘဲနဲ့။ ကိုကြီးဆိုရင်လည်း ရပါတယ်။ ညီမလေးကိုယ်မှာ ကြည့်ကောင်းတာ ဘာရှိလို့လဲ”
ရှုချင်းရီက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘာမှမဖြစ်သလိုပုံဖြင့် ရယ်နေသည်။
မော့ဟန်ကတော့ သူမအား မယုံကြည်နိုင်ဖွယ် ကြည့်နေမိသည်။ သူဖြတ်ခနဲမြင်လိုက်ရသည့် သူမမှာ လှပလွန်းကာ ဆွဲဆောင်မှုရှိလွန်းသည်။
“ညီမလေး ပြောတာက အမှန်ပဲ။ ကြည့်လို့ကောင်းတာ ဘာမှမရှိဘူး။ အကုန်အမာရွတ်တွေနဲ့”
ရှုချင်းရီမှာ ပြတင်းပေါက်ဘေးတွင် ရပ်နေသည့် မော့ဟန်အား စချင်စိတ်ပေါက်လာသည်။
အေးတိအေးစက် မော့ဟန်၏ လန့်ဖြန့်နေသည့်ပုံက တကယ်ရယ်ရလွန်းသည်။ ထို့ကြောင့် သူမက အပြုံးလေးဖြင့် စောင်ကိုဖယ်တော့မည့်ဟန်လုပ်ကာ
“ညီမလေး အခုပြရမလား? ကြည့်မလား?”