May Honey Logo May Honey
Previous Next

၁၁၆။ သေရေးရှင်ရေး

ရှုချင်းရီက မော့ဟန်အလုပ်ရှုပ်နေသည်ဟု ထင်သောကြောင့် သူမစိတ်ညစ်သွားသည်။ သူက နိုင်ငံခြားကိုသွားမည့်အကြောင်း သူမအားပြောမသွားသလို ဘယ်အချိန်မှ ပြန်လာမည့်အကြောင်းလည်း မပြောပေ။ ပိုအရေးကြီးသည်မှာ သူမကြိုက်သည့်မုန့်ကို ဝယ်မလာပေးခြင်းပင်။

ရှုချင်းရီက ထိုညတွင် အိပ်မပျော်ခဲ့ပါ။ သူမခေါင်းကို ကျောက်တုံးတစ်တုံးက ဖိထားသကဲ့သို့ သူမခေါင်းခဲနေခဲ့သည်။ ထို့နောက် သူမခေါင်းများမူးလာကာ စကားပြောချင်သော်လည်း ပါးစပ်ဟမရသည့်အထိ ဖြစ်ခဲ့သည်။

နောက်နေ့မနက်တွင်တော့ သူမဟာ ပစ္စည်းများ ကျကွဲသံကြောင့် နိုးလာခဲ့သည်။ သူမက စိတ်ကြည်လင်စွာဖြင့် နိုးထလာခဲ့သည်။

မော့ဟန်က ဘာဖြစ်လို့ နိုင်ငံခြားကိုသွားသည်ကိုလည်း သူမရိပ်မိလိုက်သည်။

ရှုချင်းရီက အိပ်ရာမှထလာကာ ကြမ်းပြင်ပေါ်တွင် ပျံနှံ့နေသည့် ဖန်ကွဲစများကို မရှင်းနိုင်သေးဘဲ သူမ၏မျက်နှာမှ ချွေးအေးများကိုသုတ်ကာ မော့ဟန်ကိုသာ ဖုန်းခေါ်လိုက်သည်။

ဖုန်းကအကြာကြီးမည်နေပြီးမှ မော့ဟန်ကကိုင်သည်။ မော့ဟန်၏အသံမှာ ပင်ပန်းနေပုံရကာ
“ဟယ်လို?”

“ကိုကြီးအဆင်ပြေရဲ့လား?”

မော့ဟန်က အကြာကြီးငြိမ်နေပြီးမှ ဖြေသည်။
“ကောင်းပါသေးတယ်”

ဒါပင်မယ့်လည်း တချို့အကြောင်းတွေကြောင့် ရှုချင်းရီမှာ သူ့လေသံကိုကြားသည်နှင့် မော့ဟန်၏အခြေအနေမကောင်းကြောင်းကို သူမသိလိုက်သည်။

“မနေ့ညက ညီမလေး ဖုန်းခေါ်သေးတယ်။ ဒါပင်မယ့် မကိုင်လို့။ ကိုကြီးနိုင်ငံခြားကိုသွားတယ်ဆိုတာ မသိခင် ဟိုလူခေါ်လိုက်ဒီလူခေါ်လိုက် လုပ်ခဲ့ရသေးတယ်”

“သူတို့က တစ်ခုခုပြောသေးလား?”
မော့ဟန်က မေးသည်။

“ဟင့်အင်း။ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်သွားတယ်ပဲပြောတယ်”

မော့ဟန်က ဖုန်းကိုကိုင်ထားရင်း တိတ်ဆိတ်နေသည်။ သူမက သူ့အသက်ရှုသံကိုသာ ကြားနေရသည်။

“ငါ့အဖေ. . .သူ. . .ဆုံးသွားပြီ. . .”
မော့ဟန်က ပြောလိုက်သည်။

ထိုအခါ ရှုချင်းရီမှာ ရင်ထဲမကောင်းတော့ပေ။ သူတို့နှစ်ယောက်ကြားတွင် ပင်လယ်ကြီးခြား၍ ဖုန်းမှတစ်ဆင့်ပြောဆိုနေရခြင်း ဖြစ်သည်။ ရှုချင်းရီက ပထမဆုံးအကြိမ်အဖြစ် မော့ဟန်၏ဝမ်းနည်းမှုများအတွက် ကူကယ်ရာမဲ့ဖြစ်နေလေသည်။ မော့ဟန်က အဆင်ပြေချင်ယောင် အကောင်းဆုံးကြိုးစားနေသော်လည်း တချို့အရာများက ဖုန်းကွယ်လို့မရပေ။

ရှုချင်းရီက နှစ်သိမ့်ပေးရန် ပါးစပ်ဟလိုက်သော်လည်း သူမပါးစပ်မှ ဘာမှထွက်မလာသောကြောင့် သူမဘာမှမပြောတော့ပေ။ သူမက မလိုအပ်သည်များကို ပြောမိမှာကိုလည်း ကြောက်နေမိတာ ဖြစ်သည်။ ထို့ကြောင့် နှစ်သိမ့်စကားတစ်ခွန်းလောက်ကို သူမခက်ခဲနေသည်။ တချို့အရာတွေက တွေးမိတာထက် ပို၍ရှုပ်ထွေးတက်သည်လေ။

“သူက ဆေးလွန်သွားပြီး ထင်ယောင်ထင်မှားတွေ ဖြစ်သွားခဲ့တယ်။ သေနတ်ကိုင်ပြီး လမ်းပေါ်မှာ အော်ဟစ်ဆဲဆိုနေတာ။ ဖြတ်သွားဖြတ်လာတွေကိုတောင် ထိခိုက်အောင် လုပ်လိုက်သေးတယ်. . . နောက်ဆုံးတော့ ရဲတွေက သူ့ကိုပစ်လိုက်ရတာပဲ”

“ဆေးရုံကိုပို့ပြီး ဆရာဝန်တွေက ကုပေးပင်မယ့် သူ့သွေးကြောတွေထဲမှာက များလွန်းနေတော့ အခြေအနေမကောင်းတော့ဘူး. . .”

“ပစ်မဖမ်းခံရရင်တောင် အနှေးနဲ့အမြန် ဆုံးမှာပါပဲ”

“သူ့ဘဝက . . . နောက်ဆုံးတော့လည်း သူ့အမှားတွေက သူ့ကိုပြန်ဒဏ်ခတ်သွားတာပဲ”

မော့ဟန်က ဆက်ပြောနေပင်မယ့် သူ့ကိုယ်သူပြန်ပြောနေသလို ရေရွတ်နေခြင်းသာ ဖြစ်သည်။ ထို့နောက် သူသိသမျှ အကုန် သူမအား ရင်ဖွင့်နေသည်။

“ဒီနေ့မှ ငါပြန်ရောက်သွားမှ အဖေနဲ့အမေ ကွဲနေတာ ၂နှစ်လောက်ရှိပြီ ဆိုတာကို သိလိုက်ရတယ်”

“၂နှစ်. . .သူတို့ကွာရှင်းတဲ့အကြောင်းကို ငါ့ကိုအသိမပေးခဲ့ကြဘူး”

ရှုချင်းရီက သူမ၏အမြင်ကို မပြောဘဲ သူ့စကားများကိုသာ နားထောင်ပေးနေခဲ့သည်။

မော့ဟန်၏အသံမှာ တဖြည်းဖြည်း ပြန်၍တည်ငြိမ်လာလေသည်။
“ငါဒီမှာ ခနနေရမယ်။ ရဲတွေနဲ့ရှင်းစရာလည်း ရှိတယ်။ ပြီးတော့ အဖေ့ကုမ္ပဏီက ရှယ်ယာတွေက ဒီကိစ္စကြောင့် ထိုးကျနေပြီ။ ငါ့ခံစားကြောင့်ပဲဖြစ်ဖြစ် ယေဘုယျကျကျပဲဖြစ်ဖြစ် ငါဒီမှာအဲ့ဒီကိစ္စတွေကို ရှင်းရတော့မယ်”

“ဘယ်တော့မှ ပြန်လာမှာလဲ?”
ရှုချင်းရီက အခုမှစပြီးမေးရင်းပြောသည်။

“အတက်နိုင်ဆုံးမြန်မြန်ပြန်လာလို့ရအောင် ကြိုးစားကြည့်ပါ့မယ်”

“အိမ်ကနေပဲ စောင့်နေမယ်လေ”

ရှုချင်းရီက ထပ်ပြောသည်။
“ကိုကြီးသိတယ်မလား။ ကိုကြီးပြန်လာမယ့်အချိန်အထိ ညီမလေးက ဒီနေရာမှာပဲ စောင့်နေမယ်ဆိုတာ”

မော့ဟန်က ဖုန်းလိုင်းမှတစ်ဆင့် သူမ၏ဒီလိုပြောသံကို ကြားသည့်အခါ သူ့အတွက် အရာအားလုံးရပ်တန့်သွားသလိုပင်။

လေပြေညင်းတို့က သူ့အားတိုက်ခတ်နေသော်လည်း သူကတော့ အချိန်ကုန်လို့ကုန်မှန်းတောင် မသိတော့ပေ။ ထိုအချိန်တွင် ခရစ်ယာန်ဘုရားကျောင်းမှ ခေါင်းလောင်းသံက သာယာစွာ ထွက်ပေါ်လာသည်။ ထို့နောက် ဘုရားကျောင်းမှ ရှေးဟောင်းသံတံခါးကြီးပိတ်သွားပြီးနောက် လူများကို လက်ကိုယှက်ကာ ဓမ္မသီချင်းဆိုသံများက ထွက်လာသည်။

မော့ဟန်က အနောက်သို့လှည့်ကာ ခပ်လှမ်းလှမ်းမှ ထိုဘုရားကျောင်းကိုကြည့်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

“အင်း ပြန်လာမှာကို စောင့်နေပေး”

သူ့မိဘများနှင့် ပတ်သတ်သည်များက သူ့စိတ်ထဲတွင်တော့ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေခဲ့ဖူးသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာများက မော့ဟန်အတွက် အရေးမပါတော့ပါ။ အဘယ်ကြောင့်ဆိုသော် သူဟာ ထိုအရာအားလုံးကို အဆုံးသတ်ပစ်လိုက်တော့မှာ ဖြစ်သောကြောင့်ပင်။ သူဟာ အသစ်ကနေ ပြန်၍စတင်ချင်သွားပြီ။

Previous Chapter 116 of 199 Next