May Honey Logo May Honey
Previous Next

၁၂၅။ သေခြင်းတရား

“ချီးပဲကွာ! မိန်းမတစ်ယောက်ကို ဖမ်းရတာကိုမှ လာခက်နေရတယ်လို့!”
လူတစ်ယောက်က တံတွေးထွေးလိုက်ကာ ပြောသည်။

“မိုးကလည်း ဒီနေ့မှ လာသည်းနေရတယ်။ ငါတို့ဘယ်လိုပို့ရမလဲ?”

ရှုချင်းရီက နည်းနည်းနေသာသွားသည်နှင့် သူမအားချုပ်ထားသည့်သူဆီမှ ရုန်းတော့သည်။
“ထွက်သွား . . .သွား!”

ထိုအခါဘေးမှလူမှ သူမအားပါးရိုက်ပြန်သည်။ ထို့နောက် သူမလက်အားလိမ်ချိုးလိုက်သည်။ ထို့ကြောင့် နာကျင်မှုမှာ အသည်းခိုက်အောင်ပင်။ ရှုချင်းရီမှာ လတ်တလော သူမလက်ကိုသုံးမရတော့မှာကို သေချာသိလိုက်ပြီ။ သူမသည် သွားကိုကြိတ်ကာ နာကျင်မှုကို မနည်းအောင့်ခံနေရသည်။ ချွေးအေးများမှာ နဖူးမှ ထွက်လာသော်လည်း မိုးရေတို့ဖြင့် ရောသွားသည်။ သူမအခု အရမ်းလည်းအေးနေသည်။ သူမတစ်ကိုယ်လုံးမှာ ရေခဲရိုက်ခံထားရသလိုပင်။

“မြန်မြန်လုပ်! ဒီမှာမိုးအရမ်းရွာနေတာ! လူမမိခင် တခြားနေရာကို အမြန်သယ်သွားရအောင်”

“ဘယ်ကိုသယ်ရမှာလဲ? ဟိုမှာလင်းနေတာ မင်းကန်းနေလို့ မမြင်တာလား? သယ်ကာမှ ပိုကွိုင်တက်မှာ!”

“ဒါဆိုရင်လည်း ဂျောင်တစ်ခုခုရှာကွာ။ အပေါ်ကလူတွေက ဒီကောင်မကို ဘာပဲဖြစ်ဖြစ် အပါခေါ်လာခဲ့လို့ မှာထားတာနော်”

“ဟေ့ကောင်. . .ဒီစော်က အတော်လှသားပဲ။ ငါတို့အရင်ပျော်လိုက်ရင်ရော?”
လူတစ်ယောက်က ရှုချင်းရီ၏မျက်နှာကို ပွတ်သတ်ရင်း ပြောသည်။

“လာစမ်းပါကွာ . . . မိုးသည်းနေရတဲ့အထဲ မင်းကတစ်မျိုး!”

“မိုးရွာတဲ့နေ့ အပြင်မှာလုပ်ရတာ ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ်! ငါဘာမှဂရုမစိုက်ဘူးကွာ. . . ငါပျော်ဖို့အဓိကပဲ”
ဤသို့ဖြင့် ထိုလူက ရှုချင်းရီကို ဖမ်းချုပ်ထားသည့်လူကို တွန်းဖယ်လိုက်ကာ ထိုလူ၏နေရာသို့ ဝင်ကာချုပ်ထားသည်။

ရှုချင်းရီမှာ သူတို့ပြောဆိုနေသည်များကို ကြားနေရသည်။ လူတစ်ယောက်က သူမအား ဒီလိုပြောသည့်အခါ သူမသည် ရွံလွန်း၍ အန်မိတော့မတက်ပင်။

ထိုလူက သူမအား လည်ပင်းကိုပါ ညှစ်လာသည်။ ရှုချင်းရီက ကောင်းသေးသည့်လက်တစ်ဖက်ဖြင့် ဆွဲဖယ်သော်လည်း ထိုလူက သူ့ဘောင်းဘီမှခါးပတ်ကို ဖြုတ်ကာ အနားမှရေပိုက်ခေါင်းတွင် သူမလက်ကိုတွဲချည်လိုက်သည်။

ထို့နောက် ထိုလူက သူမအားငုံနမ်းရန်လုပ်သည့်အခါ ရှုချင်းရီသည် ခေါင်းကိုရှောင်ဖယ်ရင်းဖြင့် အော်ဟစ်တော့သည်။
“ဖယ်စမ်း! ရူးနေတဲ့အကောင်ရဲ့! သွားစမ်း! အား!”

ထိုလူက သူမခေါင်းအား ကြမ်းပြင်နှင့် ကိုင်စောင့်ပစ်သည်။ ရှုချင်းရီမှာ ဒီလိုချခံရသောကြောင့် အသိစိတ်လွတ်မတက် ဖြစ်သွားသည်။ ထို့နောက် ခေါင်းပေါက်သွားကာ ခေါင်းမှပူပူအရည်များ ထွက်လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် ဝိညာဉ်ထွက်သွားသလို ဘာကိုမှ သူမပြန်မလုပ်နိုင်တော့ပေ။

မိုးရွာထဲတွင် ထိုလူက သူမအပေါ်သို့တက်ကာ အဝတ်များကို ဆွဲဖြဲပစ်သည်။ တခြားသူကတော့ သူတို့ကိုကြည့်ကာ ရယ်မောနေသည်။ မှောင်မိုက်နေသောညတွင် မိုးကသည်းထန်စွာ ဆက်ရွာနေဆဲပင်။ သူမ၏တစ်ကိုယ်လုံးမှာ နာကျင်လွန်းသောကြောင့် မလှုပ်ရှားနိုင်တော့ကာ ထိုလူပြုသမျှကို ရင်နာစွာဖြင့် ကြည့်နေရုံသာ တက်နိုင်တော့သည်။ ထိုလူက သူမ၏တစ်ကိုယ်လုံးအား သူ့ပါးစပ်ကြီးဖြင့် နမ်းကာကိုက်နေသည်။

ရှုချင်းရီမှာ အလွန်ပင်ပန်းနေလေပြီ။ သူမသည် ဘာကိုမှ ရေခဲပြင်ပေါ်တွင် လှဲနေရသလို တစ်ကိုယ်လုံးနာကျင်နေသလို စိတ်မှာလည်း အရမ်းကို ဒဏ်ရာရနေပြီ။

သူမဆက်သည်းမခံနိုင်တော့ပေ။ အကုန်လုံးကို သူမလွှတ်ချပစ်ချင်ပြီ။ ဒီအရာတွေပြီးဆုံးသွားလျှင် သူမသေချင်နေသည်။ သူမသေသွားခဲ့ရင် ဒီလိုနာကျင်မှုအလုံးစုံမှ ကျွတ်နိုင်ပြီ ထင်ပါရဲ့။

သူမ၏အတိတ်ကိုလည်း မမှတ်မိသလို နည်းနည်းလေးမှ မသိရရင်တောင် သူမဖြစ်ပါသည်။ သူမအခုဖြစ်ရပ်ကြီးလည်း မမှတ်မိချင်တော့ပေ။ သူမသေချင်တာတစ်ခုကိုသာ သူမသိတော့သည်။

သူမအတွေးများက ဆိုးဝါးနေကာ အသိစိတ်ကလည်း သိပ်မကပ်တော့ပေ။ သူမဝိညာဉ်သည် ခန္ဓာကိုယ်တွင် မကပ်တော့သည့်အလား သူမကမြောနေသလိုဖြစ်နေပြီ။

Previous Chapter 125 of 199 Next