May Honey Logo May Honey
Previous Next

၈၃။ အစာအိမ်

ရှုချင်းရီက ပြောသည်။
“ကိုကြီးတောင် ဘာမကြောက်တာ။ ညီမလေးက ဘာကြောက်နေစရာလိုမှာလဲ?”

သူမက ဆူညံ့နေသည့် TVရှေ့တွင် ထိုင်ချလိုက်ကာ အတည်ကြီးပြောချလိုက်တော့သည်။
“အဲ့ကောင်မလေးက ညီမလေးရဲ့ သူငယ်ချင်း။ သူကကွယ်ရာမှာ ညီမလေးက မယားငယ်ဖြစ်နေတာလို့ ပြောတယ်။ ညီမလေးလည်း သည်းမခံနိုင်တာနဲ့ ပါးရိုက်လိုက်တာ။ သူကစိတ်တိုသွားပြီး ရန်ဖြစ်တော့တာပဲ”

မော့ဟန်က မျက်မှောင်ကျုံသွားကာ
“မယားငယ် ဖြစ်နေတာ။ ဘာဖြစ်လို့ ဒီလိုပြောကြတာလဲ?”

“ကိုကြီးလာကြိုတဲ့နေ့တုန်းက သူတို့မြင်သွားကြတာ။ ပြီးတော့ ညီမလေးကို ကိုကြီးနဲ့ အထင်မှားတော့တာပဲ။ နားလည်လား?”
ရှုချင်းရီက မော့ဟန်ကို အားတင်းကာ ပြုံးပြရင်း ပြောသည်။

မော့ဟန်က ဘာမှပြန်မပြောတော့ဘဲ ငြိမ်ကျသွားသည်။

သူတို့နှစ်ယောက်ကြားတွင် ခနလောက် တိတ်ဆိတ်သွားပြီး မော့ဟန်က တည်ငြိမ်သည့်လေသံဖြင့် ပြောလာသည်။
“ဒါမျိုးတွေကြောင့် သူတို့နဲ့ ရန်ဖြစ်စရာမလိုပါဘူး။ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်မနေနဲ့။ နောက်ဆိုရင်ပြော ငါရှင်းပေးမယ်”

“ရှင်းပေးမယ်? ဘယ်လိုလဲ? ဘာလုပ်မလို့လဲ? သူတို့က မိန်းကလေးတွေနော်။ မိန်းကလေးတွေကို ချတာက ဂုဏ်ယူစရာတစ်ခုမှ မဟုတ်တာ”
ရှုချင်းရီက ပြုံးမိနေပြီ။

“စိတ်မပူပါနဲ့။ ဘဝအတွက် သင်ခန်းစာပေးရုံတင်ပါ”

မော့ဟန်၏မျက်နှာမှာ ဒီစကားပြောသည့်အချိန်တွင် မည်းမှောင်နေသည်ကို ရှုချင်းရီက မြင်သည့်အခါ ရိုးရှင်းတာ မဟုတ်မည်ကို သိလိုက်ကာ သူမပြောပြလိုက်မိသည်ကိုပင် နောင်တရသွားသည်။
“ညီမလေးဒေါသကို သူတို့အပေါ် ပေါက်ကွဲပြီးသွားပြီမလို့ ဘာမှလုပ်စရာ မလိုတော့ပါဘူး။ ကိုကြီးဝင်မပါနဲ့တော့”

“မေဂျာပြောင်းချင်ရတာ ဒါကြောင့်လား?”
ရှုချင်းရီက ခေါင်းခါသည်။

“မဟုတ်ပါဘူး။ အရင်ကတည်းက ပြောင်းချင်နေတာပါ”

မော့ဟန်ကိုကြည့်ရသည်မှာ ဆက်ပြီးတော့ မည်းမှောင်နေသောကြောင့် ရှုချင်းရီက သူ့အနားထိုင်နေရသည်ကိုပင် ကြောက်လာကာ ထပြောလိုက်သည်။
“နောက်တောင်ကျနေပြီပဲ။ ညီမလေးအရင် သွားအိပ်နှင့်တော့မယ်။ ကိုကြီးကြည့်ချင်ရင် TVဆက်ကြည့်လေ”

ရှုချင်းရီက မော့ဟန်ကို တစ်ချက်ခိုးကြည့်ပြီးနောက် ထွက်သွားသည်။ သူက ဆိုဖာပေါ်တွင် မှီနေကာ လက်တစ်ဖက်က ဗိုက်ကိုဖိထားသည်။ သူ့ဗိုက်က ထပ်အောင့်နေပြန်ပြီ ထင်ရသည်။ ရှုချင်းရီက သိပ်မဆိုးသေးဘူးထင်သောကြောင့် သူမအခန်းကိုသာ ပြန်လာလိုက်သည်။

မော့ဟန်နှင့်တွေ့ရသည်မှာ ဘယ်လိုကံကြမ္မာမျိုးလည်း သူမမတွေးချင်တော့ပါ။ မော့ဟန်၏ အတင်းအကြပ် လေ့ကျင့်ပေးမှုကြောင့် ဒီရက်ပိုင်းတွင် သူမသင့်တော်စွာ အိပ်တက်နေပြီ။ သူမအိပ်ပျော်လုချိန်တွင် အပြင်ဘက်မှ အသံထွက်လာသည်။ သူမက သေချာမနိုးသေးသောကြောင့် ဘာအသံလည်း တွေးနိုင်သည့်အားလည်း မရှိပါ။သို့သော် သူမကို နိုးသွားစေသည့်အသံမှာ ပြင်းထန်သည့်တိုက်မိသံတစ်ခု ဖြစ်သည်။

ရှုချင်းရီက နိုးလာကာ ထထိုင်လိုက်သည့်အချိန်မှပဲ ထိုအသံမှာ မော့ဟန်ဆီမှ အသံဖြစ်ကြောင်း သူမသိသွားသည်။ သူမထူးဆန်းသလို ခံစားရသောကြောင့် သူမကုတင်ဘေးမှ မီးအိမ်ကိုဖွင့်ကာ ထလိုက်သည်။ ထို့နောက် မော့ဟန်၏ တံခါးကို သွားခေါက်ကာ
“ဘာဖြစ်တာလဲ? အဆင်ပြေရဲ့လား?”

မော့ဟန်က ပြန်မဖြေပေ။ ထို့ကြောင့် ပိုထူးဆန်းသွားသည်။ မော့ဟန်က သူမကို အမြဲတမ်း ပြန်ဖြေလေ့ရှိသည်လေ။

ရှုချင်းရီက တံခါးကို ဖွင့်ဝင်လိုက်သည်။ အခန်းထဲတွင် မှောင်ပိန်းနေသောကြောင့် သူမဘာကိုမှ မမြင်ရပေ။ ထို့နောက် သူမတွေဝေစွာဖြင့်
“ဘာဖြစ်တာလဲ? အဆင်ပြေလား?”

ထိုအခါ မော့ဟန်၏ တုန်ရီနေသည့်အသံကို ကြားလိုက်ရသည်။
“ဒီနားကိုလာ”

ရှုချင်းရီက မော့ဟန်တစ်ခုခု ဖြစ်နေပြီဟု ခံစားရကာ သူမကြောက်သွားသဖြင့် အခန်းမီးကို ဖွင့်လိုက်သည်။

တစ်ခန်းလုံးမှာ ချက်ချင်းလင်းသွားသည်။ သူမအရှေ့က မြင်ကွင်းကိုလန့်သွားသောကြောင့် သူမအနောက်သို့ နှစ်လှမ်းလောက် ဆုတ်မိသွားသည်။

မော့ဟန်က ကြမ်းပြင်ပေါ်တွင် မျက်မှောင်ကျုံလျှက် လဲနေသည်။ သူ့နဖူးတွင် ချွေးအေးများရွှဲနေကာ မျက်နှာက ဖြူဖပ်နေပြီး သူ့ညာဘက်လက်မှာ ဗိုက်ပေါ်တွင် ဖိထားသည်။ သူ့အခန်းထဲက ပစ္စည်းအများစုမှာလည်း ကြမ်းပြင်ပေါ်သို့ ကျနေသည်။

ရှုချင်းရီက သူ့အနားသို့ အမြန်ပြေးသွားပြီး ထိုင်ချလိုက်သည်။ သူ့ကိုတော့ မထိရဲပေ။
“ဘာဖြစ်တာလဲ?”

မော့ဟန်က ကြမ်းပြင်ပေါ်တွင် မျက်မှောင်ကျုံလျှက် လဲကျနေရခြင်းမှာ သူ့ဗိုက်ထဲတွင် ဓားများဖြင့် အဆက်မပြတ် လှီးခံနေရသလို နာကျင်နေပြီး သူ့တစ်ကိုယ်လုံးမှာ တုန်နေပြီ။

Previous Chapter 83 of 199 Next