May Honey Logo May Honey
Previous Next

၁၁၉။ မူးပြန်ပြီ

မော့ဟန်က နိုင်ငံကိုပြန်ရောက်ပြီး ရက်အတော်ကြာသည့်အထိ ရှုချင်းရီအား ထမင်းလိုက်မကျွေးသေးပေ။ သူဟာ အလုပ်တွေရှုပ်နေပြန်သည်။ ထို့ကြောင့် ရှုချင်းရီမှာ သူမအား တမင်ရှောင်နေသလားဟုတောင် ထင်လာသည်။ ရှုချင်းရီမှာ မော့ဟန်က သူမအား လိုက်ကျွေးမည့်အစီအစဉ်က ဒီလိုအရွေ့ခံထားရသောကြောင့် သူမစိတ်ညစ်နေသည်။

ဒါပင်မယ့်လည်း ရှုချင်းရီ၏ အပြင်မှာစားချင်သည့်ဆန္ဒမှာ ပြည့်ဝသွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူမစိတ်ပညာဌာနသို့ ပြောင်းခွင့်ရသောကြောင့် ကျန်းယန်က သူ့အားလိုက်ကျွေးသည်။ သူက သူ့သူငယ်ချင်းအချို့ကိုပါ ဖိတ်ထားသေးသည်။ ရှုချင်းရီက ကျန်းယန်၏သူငယ်ချင်းများမှာ ရဲများထင်ပြီးတော့ မသွားချင်သော်လည်း ကျန်းယန်က သူ့သူငယ်ချင်းများမှာ စုံထောက်အေဂျင်စီကလူများသာ ဖြစ်ကြောင်းပြောမှ သူမသဘောတူလိုက်သည်။

ထိုစုံထောက်အေဂျင်စီကလူများအား ရေကူးကန်တုန်းက မြင်ခဲ့သည်နှင့် ပတ်သတ်၍ စုံစမ်းရန် သူမအကူအညီတောင်းနိုင်သည်။ သူတို့က အမှန်တရားတစ်စုံတစ်ရာကိုလောက်ကို ရှာပေးနိုင်လောက်မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းယန်ကျွေးမည့်စားပွဲသို့ သူမလိုက်ခဲ့သည်။

ဒါပင်မယ့်လည်း ရှုချင်းရီက သူမဘာစားခဲ့လဲ ဘာတွေပြောလဲ ဘယ်သူနဲ့တွေ့ခဲ့လဲ သူမ၏မှတ်ညဏ်များမှာ ဝေဝေဝါးဝါးပင်။ သူမမမူးသေးခင် ကျန်းယန်က သူမအား တစ်ခုခုပြောလိုက်သည်ကို သိသော်လည်း ဘာပြောခဲ့မှန်း သူမမသိတော့ပေ။

သူမက မူးဝေနေကာ ပင်လယ်ထဲတွင် မြုပ်လိုက်ပေါ်လိုက် ဖြစ်နေသည်။ သူမ၏ပတ်ဝန်းကျင်တွင် ဆူညံ့နေသော်လည်း ဘာတွေပြောမှန်း သူမမသိပေ။ ထို့နောက် သူမခေါင်းဟာ နူးညံ့သည့်အရာတစ်ခုပေါ်သို့ စိုက်ကျသွားသည်။ ထို့နောက်တွင်တော့ သူမအသိစိတ်လွတ်သွားလေပြီ။

သူမအသိပြန်ကပ်သည့်အချိန်ကတော့ တံခါးကို မနက်၃နာရီလောက် ကန်နေခြင်းကြောင့် သူမနိုးလာခြင်း ဖြစ်သည်။ ရှုချင်းရီက ၃နာရီမှန်းသိရခြင်းမှာ သူမဘေးကလူက ပြော၍ဖြစ်သည်။

“မနက်၃နာရီကြီး ဘယ်သူက တံခါးကို လာခေါက်နေတာလဲကွာ?”
သူမဘေးကလူက ပါးစပ်ကနေ ပွစိပွစိပြောရင်း တံခါးသွားဖွင့်ကြည့်ဟန် တူသည်။ ရှုချင်းရီကတော့ အသိပြန်ကပ်လာသော်လည်း အရမ်းအိပ်ချင်နေသေးသောကြောင့် သူမကိုယ်မှာ မလှုပ်နိုင်သေးပေ။

သူမက မျက်လုံးဖွင့်မကြည့်နိုင်သောကြောင့် ဘာတွေဖြစ်နေမှန်း မသိပေ။ လူနှစ်ယောက် ရန်ဖြစ်နေသည့်အသံများကို သူမကြားနေရသည်။ တစ်ယောက်က သူမဘယ်မှာရှိမလဲ အတင်းဝင်ကြည့်မည်လုပ်နေကာ နောက်တစ်ယောက်က သူမနိုးလာမှ အကုန်လုံးကို မေးကြည့်စေမည် ဖြစ်သောကြောင့် ပြန်သွားအိပ်ရန်ပြောနေသည်။

သူတို့နှစ်ယောက်ရန်ဖြစ်နေသည်မှာ အနိုင်မပေါ်သေးခင်တွင်ပဲ ရှုချင်းရီမှာ သူမမျက်နှာကို ရေအေးတစ်ခွက်ဖြင့် အပက်ခံလိုက်ရသဖြင့် နိုးလာခဲ့သည်။ သူမမျက်လုံးပွင့်ပွင့်ချင်းတွင် အလင်းရောင်ကစူးလွန်းသောကြောင့် သူမမျက်လုံးပြန်မှိတ်လိုက်ကာ လက်ဖြင့်ကာလိုက်သည်။ ဘာတွေဖြစ်နေမှန်း သူမအခုအချိန်အထိ မသိသေးပေ။

“နိုးလာပြီလား?”
ရှုချင်းရီက မျက်လုံးကို အတင်းဖွင့်ကြည့်သည့်အခါ မည်းသည်းကာ အုံမှိုင်းနေသည့် မျက်နှာကြီးဖြင့် မော့ဟန်ကို တွေ့လိုက်ရသည်။

ဒေါသထွက်လွန်း၍ ရူးတော့မလို ဖြစ်နေသည့် မော့ဟန်နှင့် သူမဘေးတွင်လှဲနေသည့် ဘယ်သူမှန်းမသိသည့်သူကိုကြည့်ကာ ရှုချင်းရီက စိတ်ရှုပ်ထွေးသွားသည်။ ကျန်းယန်က ဘယ်ကိုထွက်သွားလဲမသိပင်မယ့် သူမကတော့ အိပ်ရာပေါ်တွင် လှဲနေသည်။ သူမခြေထောက်နားတွင်လည်း နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လူတစ်ယောက်ရှိနေသေးသည်။

“သွားစမ်းကွာ!”
မော့ဟန်က သူမခြေထောက်နားကလူကို ဆွဲထုတ်ပစ်လိုက်သည်။

နောက်ဆုံးမှာတော့ ရှုချင်းရီက သူမကိုယ်သူမ ပြဿနာရှာမိနေပြီဖြစ်မှန်း သိသွားပြီ။ သူမက မော့ဟန်ကို ရှုင်းပြရန် ပါးစပ်ဟလိုက်သော်လည်း မော့ဟန်က အရင်ဖြတ်ပြောသည်။

“ပြန်မယ်!”
မော့ဟန်က သူမကို စကားပြောခွင့် လုံးဝမပေးပါ။ သူမလက်ကိုဆွဲကာ အိပ်ရာပေါ်ကနေ ဆွဲချပြီး ထွက်သွားသည်။ ရှုချင်းရီမှာ သူမဖိနပ်စီးရန် မော့ဟန်ဆွဲထားသည်ကို ရုန်းသေးသော်လည်း မော့ဟန်က သူမကိုလဲကျတော့မတက် အတင်းဆွဲခေါ်သွားသည်။

မော့ဟန်က သူမကို ဖိနပ်စီးချိန်တောင် မပေးပါ။ သူမမျက်လုံးထဲကို စိုက်ကြည့်ဖို့ လှည့်လာကာ
“ရှုချင်းရီ မင်းဒီမှာ အချိန်ဆွဲဖို့ လုပ်နေရင် ငါမင်းကို ဘယ်တော့မှ အိမ်ကိုပြန်မလာနိုင်အောင် လုပ်ပစ်မယ်!”

ရှုချင်းရီမှာ မော့ဟန်၏အကြည့်နှင့် အပြောတို့ကြောင့် ကြောက်သွားလေသည်။ ထို့ကြောင့် ဖိနပ်ကို လက်တစ်ဖက်ဖြင့် အမြန်ကောက်လိုက်ကာ ခြေပြောင်လေးဖြင့် မော့ဟန်သူမလက်ကို နာကျင်နေသည့်အထိ အတင်းဆွဲရာနောက်သို့ လိုက်ရတော့သည်။

သူမတို့အခန်းအပြင်သို့ထွက်ကာမှ ဟိုတယ်ရောက်နေမှန်း သိရတော့သည်။ ထိုအခန်းအပေါက်ဝတွင် နံရံကိုမှီကာ မျက်နှာကြီးနီမြန်းစွာဖြင့် အိပ်ပျော်နေသူလည်း ရှိသေးသည်။ ထိုသူကတော့ ကျန်းယန်ပင်။

Previous Chapter 119 of 199 Next