May Honey Logo May Honey
Previous Next

၈၂။ ဖုံးကွယ်ခြင်း

ရှုချင်းရီက ဒီအကြောင်းကို မော့ဟန်နှင့် အကြာကြီးငြင်းခုံမနေချင်သောကြောင့် ကြုံရာအကြောင်းပြချက်ပေးလိုက်သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး။ အဲ့ဒီတစ်ယောက်က ညီမလေးတကယ်ချစ်တာတစ်ခုကို ထိခိုက်အောင်လုပ်ပြီး မတောင်းပန်ဘူး။ အဲဒီနေ့က စိတ်ကလည်း ကြည်မနေတာနဲ့ ရန်ဖြစ်မိသွားတာ”

မော့ဟန်က သူမပြောသည်ကိုကြားသည့်အခါ ဟာကွက်ကို ကြားလိုက်သောကြောင့် ထောက်ပြကာ
“အဲ့ဒါကဘာလဲ?”

“ဒီလိုပါပဲ”

“မပြောချင်ရင်လည်း ထားလိုက်တော့။ ဒါပင်မယ့် အမှန်ကိုသိရအောင် ရှာမှာကိုတော့ သိထား”

ရှုချင်းရီက ဘာမှထပ်ပြောမနေဘဲ ဖုန်းချချင်လာသည်။

“အဖျားသက်သာပြီလား”

ရှုချင်းရီမှာတော့ စိတ်ရှုပ်နေရှာပြီ။
‘ရုံးကဝန်ထမ်းတွေက သူတို့ရှေ့နေကြီးက အရမ်းငြိမ်တယ်ဆို။ ဒါဆိုရင် ဘာဖြစ်လို့ ငါကတော့ ဆူပူနေတဲ့ အဖွားကြီးတစ်ယောက်လို ခံစားနေရတာလဲ?’

ရှုချင်းရီက မော့ဟန်ကို အမြန်ဖြေလိုက်သည်။
“အင်း သက်သာတယ်”

“ခနနေရင် ပြန်လာခဲ့မယ်။ ဆေးသောက်ဖို့ မေ့မနေနဲ့”

“သိပါတယ်။ သိတယ်။ ဖုန်းချလိုက်တော့မယ်”
တကယ်တော့ ရှုချင်းရီမှာ သူမလိမ်တာပေါ်သွားမှာစိုးရိမ်၍ ဖုန်းကိုချချင်နေခြင်းဖြစ်သည်။ မော့ဟန်ကို သူမမပြောရဲသောကြောင့် မပြောပြရသေးသည်များ ရှိလေသည်။

သူမက ကျန်းယန်စကားကိုနားထောင်ကာ စုံထောက်အေဂျင်စီတွင် သူမကျောင်းတက်နေတုန်း အချိန်ပိုင်းအလုပ်လုပ်ချင်နေသည်။ သူမတွင် လုပ်စရာဟူ၍ များများစားစားမရှိပေ။ ဘာမှလုပ်စရာမရှိဘဲနှင့် သူမဒီမှာ မနေချင်ပေ။ သူမလုပ်ရမည့်အလုပ်ကလည်း ပစ်မှတ်၏စိတ်အခြေအနေကို သူမအကောင်းဆုံး ရှာပေးရုံလောက်သာ ဖြစ်လေသည်။ ကျန်းယန်က သူမကိုထောက်ခံပေးမည်ဆိုတော့ အလုပ်ရှင်ကလည်း သူမအရည်အချင်းကို အထင်ကြီးမည်ဖြစ်ကာ လစာလည်းကောင်းမည် ဖြစ်သည်။

ရှုချင်းရီက မော့ဟန်၏ပိုက်ဆံကို သုံးစရာမလိုသည့်နေ့များ ရောက်လာတော့မည် ဖြစ်သောကြောင့် စိတ်ကျေနပ်သွားသည်။

မော့ဟန်ကလည်း ရုံးတွင် ကြာကြာမနေပေ။ သူအိမ်သို့စောစောပြန်ကာ ရှုချင်းရီအား ရန်ဖြစ်သည့်အကြောင်း မေးချင်သလို သူ့ဗိုက်ကလည်း အောင့်နေသည်။ ဆေးတွေက ရုံးမှာမရှိဘဲ အိမ်တွင်တော့ နည်းနည်းရှိသေးသည်။ ထို့ကြောင့် ရှုချင်းရီဖုန်းဆက်ပြီး မကြာခင်တွင်ဘဲ အိမ်သို့ပြန်လာသည်။

သူအိမ်သို့ပြန်လာသောခါ ရှုချင်းရီမှာ အရင်တုန်းကလို ညအိပ်ဝတ်စုံဖြင့် အခင်းပေါ်တွင်ထိုင်ကာ ဆိုဖာကိုမှီရင်း ဧည့်ခန်းထဲတွင် မုန့်စားရင်း TVကြည့်နေသည်။ မော့ဟန်ပြန်လာသည်ကိုမြင်သည့်အခါ ခေါင်းလေးလှည့်လာပြီး တည်ငြိမ်စွာဖြင့်
“ပြန်လာပြီကိုး”

မော့ဟန်က ဖိနပ်လဲပြီးသည့်အခါ ရှုချင်းရီမှီနေသည့်ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ သူ့အိတ်ကို ဘေးတွင်ချလိုက်သည်။ သူ့ဗိုက်ကအရမ်းအောင့်နေကာ အိမ်ကိုကားမောင်းပြန်လာရသောကြောင့် လူကမလှုပ်နိုင်အောင်ဖြစ်နေပြီ။ ထို့ကြောင့် ဆိုဖာပေါ်တွင် မှီထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။

“ရေချိုးခန်းထဲကိုသွား။ အံ့ဆွဲရဲ့ ဒုတိယအထပ် ဘယ်ဘက်က အဖြူရောင်ဆေးဘူးကို ယူလာပေး”
မော့ဟန်က အားမရှိစွာ မျက်လုံးမှိတ်ရင်း ပြောသည်။

ရှုချင်းရီက လှည့်ကြည့်ကာ မော့ဟန်နေမကောင်းဖြစ်နေသည်ကို မြင်သည်နှင့်
“ဘာဖြစ်တာလဲ?”

“အစာအိမ်”
မော့ဟန်က ပြောသည်။

ရှုချင်းရီက မော့ဟန်၏ ဒီလိုအခြေအနေကို မြင်သည့်အခါ စိတ်မကောင်းဖြစ်သွားပြီး နာခံစွာဖြင့် ဆေးအမြန်သွားယူကာ မီးဖိုချောင်ထဲမှ ရေနွေးတစ်ခွက်ပါ ယူလာသည်။

မော့ဟန်က ဆေးသောက်ပြီး ဆိုဖာပေါ်တွင် ခနမှိန်းနေပြီးသောအခါ နည်းနည်းသက်သာလာသည်။ ထို့နောက် ရှုချင်းရီအား စကားပြောလိုက်သည်။
“စိတ်ပညာက ဘယ်တော့တက်ရမှာလဲ?”

“၂လနေရင်”

“မေဂျာပြောင်းစာမေးပွဲကို ဖြေနိုင်မှာ သေချာရဲ့လား?”

“သေချာတယ်”
ရှုချင်းရီက သူ့ကိုအာမခံသည်။

မော့ဟန်က ပြုံးလိုက်ကာ
“ရန်ဖြစ်တဲ့အကြောင်းပြောဖို့ အစီအစဉ်မရှိဘူးလား?”

“ကိုကြီးကို ပြောပြပြီးသားပဲဟာ။ အဲ့ဒီကောင်မလေးက ညီမလေးနဲ့ပတ်သက်တာတစ်ခုကို ထိခိုက်အောင် လုပ်ပါတယ်ဆို”

“ဒါကိုယုံမယ်ထင်နေလား?”
မော့ဟန်က လေသံပျော့ကာ မေးသည်။

ရှုချင်းရီက သူမအမှန်မပြောမချင်း မော့ဟန်က ဆက်ဖိအားပေးနေလိမ့်မည်ဟု သံသယဝင်လာသည်။ သူမပါးစပ်က အမှန်မပြောပြောအောင် လုပ်ချင်နေတာ ဖြစ်သည်။

“တကယ်ကြားချင်တာလား?”
ရှုချင်းရီက မေးသည်။

“သေချာတာပေါ့။ ဘာကများ ကျောင်းထွက်ရချင်တဲ့အထိ ရန်ဖြစ်အောင် လုပ်နိုင်တာလဲဆိုတာကို”

“နောင်တမရလောက်ဘူးမလား?”

မော့ဟန်က သူမ၏အမေးကို အပြုံးဖြင့်သာ ဖြေသည်။

Previous Chapter 82 of 199 Next