May Honey Logo May Honey
Previous Next

၁၂၃။ မဖြေသည့်ဖုန်း

“နင်တို့ဒါကိုသိမှာမဟုတ်ဘူး! ဟိုတနေ့က ရှေ့နေကြီးကို စာရွက်စာတမ်းတွေ သွားတင်ပြနေတုန်းက အဲ့ဒီကောင်မလေးက ရုံးခန်းထဲက ဆိုဖာပေါ်မှာ အိပ်နေတာ။ ရှေ့နေကြီးကတော့ သူ့စားပွဲမှာ အလုပ်ထိုင်လုပ်နေတာ။ အစကတော့ သတိမထားမိဘူးပေါ့။ နောက်ငါထွက်သွားကာမှာနီးမှာ ကြည့်လိုက်တော့လေ ရှေ့နေကြီးရဲ့အကျီကိုခြုံအိပ်နေတာတော့။ ရှေ့နေ့ကြီးကလည်း သူ့ဆီကသွားပြန်မယူဘူး”

“တကယ်?”

“အေး တကယ်ပါဆို။ ငါကိုယ်တိုင်မြင်ခဲ့တာ”
သူတို့တွေမှာ ခေါင်းတွေထိတော့မတက် အတင်းပြောနေကြသည်။

မော့ဟန်က သူတို့ပြောသမျှတိုင်းကို တံခါးနားတွင် တိတ်ဆိတ်စွာ ရပ်နေရင်းဖြင့် ကြားသွားသည်။ ထို့နောက် ထွက်သွားလေသည်။

တခြားသူတွေရဲ့စကားကို နားမထောင်ဖို့ လူတွေက ပြောတက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပြောသမျှက အလိမ်တွေ ဖြစ်သောကြောင့်ပင်။ သူတို့ထင်ရာမြင်ရာကို တစ်ဖက်သားကို ဂရုမစိုက်ဘဲ ပြောတက်ကြသည်။ သို့သော်လည်း အပြင်လူတွေက တကယ်ကြုံတွေ့နေရသည့်သူတွေထက် ပိုမြင်တက်ကြသည်လည်း ရှိတက်သည်။

မော့ဟန်က အပြင်လူတစ်ယောက်အနေဖြင့် တွေးရမလား ကိုယ့်နေရာကပဲ တွေးကြည့်ရမလား သူမသိသေးပေ။ သူသိသည်ကတော့ သူတို့လက်ရှိအခြေအနေကို သေချာစဉ်းစားဖို့ တည်ငြိမ်စွာပြန်နေဖို့ တစ်ယောက်တည်းနေချိန်လိုသေးသည်သာ ဖြစ်သည်။ သူဟာ ကျိုးကြောင်းစီလျှော်မှုရှိစွာဖြင့် တည်ငြိမ်နေမှ ဖြစ်သည်။ သူကသဝန်ကြောင်ကာ စိတ်ဆက်နေလို့ မရပေ။ ထို့ကြောင့် ရှုချင်းရီကို ရှောင်ကာနေခြင်း ဖြစ်သည်။

ရှုချင်းရီမှာလည်း အခုတလော ငြိမ်လို့သာ နေလေသည်။ မော့ဟန်က အိမ်ပြန်ရောက်လာတိုင်း ရှုချင်းရီမှာ အခန်းတံခါးပိတ်၍သာနေသည်။ သူတို့နှစ်ယောက်က အိမ်တွင် မပြောနိုင်မဆိုနိုင်ဖြစ်နေသည့်အထိလောက် မဟုတ်သော်လည်း သူတို့နှစ်ယောက်ကြားတွင် ကမ္ဘာခြားနေသလို မော့ဟန်က ခံစားနေရသည်။

မော့ဟန်က ရှုချင်းရီနှင့် အရင်လိုပုံမှန်ဘဝမျိုးကိုသာ ပြန်နေချင်နေသည်။ ဒီလိုဖြစ်ဖို့ကလည်း တစ်ပတ်လောက်ကြာမည်ဟု သူခန့်မှန်းမိသည်။ ရှုချင်းရီမှာ အကြာကြီးစိတ်ကောက်တက်သည့်သူမဟုတ်သောကြောင့် သူတို့ပြန်အဆင်ပြေသွားလိမ့်မည်။

ဤသို့ဖြင့် ရက်အနည်းငယ်ကြာသည့်အခါ မော့ဟန်က ရှုချင်းရီဆီမှ missed callတစ်ခုကို ၉နာရီကျော်တွင် ရခဲ့သည်။ မော့ဟန်မှာ ည၉နာရီ ၃၈မိနစ်တွင်ရခြင်းကို သူသေချာမှတ်မိခဲ့သည်။

ထိုအချိန်က အနာဂတ်တွင် သူ့နှလုံးသားထဲမှာ ဒဏ်ရာဖြစ်ကျန်ခဲ့ရမည်ကို သူမသိခဲ့သေးပေ။ နောက်နှစ်ပေါင်းများစွာကြာသည့်အထိ ထိုအရာကြောင့် အရာအားလုံးပြောင်းလဲသွားခဲ့သည်ဟု သူခံစားရမည် ဖြစ်သည်။

ထိုဖုန်းကမြည်နေသော်လည်း မော့ဟန်က မကိုင်ခဲ့မိပေ။ ရှုချင်းရီဖုန်းမှန်း သူမြင်ခဲ့သော်လည်း ဖုန်းကျသွားသည့်အထိ သူမကိုင်ခဲ့ပါ။ ရှုချင်းရီက သူနှင့်ပြန်ပြေလည်ရာပြေလည်ကြောင်း ပြောမည့်ဖုန်းဟုသာ ထင်ခဲ့သည်။

တစ်ယောက်တည်းနေချိန်ပေးထားခဲ့တော့ ဒီကောင်မလေး စိတ်ပြေသွားပြီ။ ငါလည်း သူ့ရှေ့မှာ အရင်လို ကျိုးကြောင်းဆင်ခြင်ပြီး တည်ငြိမ်တဲ့ အကိုကြီးပြန်ဖြစ်သွားပြီပေါ့။

ရှုချင်းရီဖုန်းကျသွားသည့်အချိန်မှာပဲ သူ့အတွင်းရေးမှူးမက အစည်းအဝေးလုပ်ရန် လာခေါ်လေသည်။ သူကဖုန်းကိုစားပွဲပေါ်တွင်ထားခဲ့ကာ စာရွက်စာတမ်းတွေယူပြီး အစည်းအဝေးခန်းသို့ သွားသည်။

၁၀မိနစ်လောက်ကြာသည့်အခါ မော့ဟန်ဖုန်းထဲသို့ စာဝင်လာသည်။
‘ရှင်းချန်အိမ်ရာ ၃’
ပေးပို့သည့်သူမှာ ရှုချင်းရီဖြစ်သော်လည်း မော့ဟန်ကတော့ မသိခဲ့ပါ။

အစည်းအဝေးက မိနစ်၂၀လောက် ကြာခဲ့သည်။ သူ့အခန်းထဲပြန်ရောက်မှ သူတရားရုံးကလူတစ်ချို့ကို ဖုန်းခေါ်ရန်အတွက် ဖုန်းကိုကိုင်လိုက်မှသာ ရှုချင်းရီပို့ထားည့်စာကို တွေ့သည်။

ရှုချင်းရီပို့ထားသည့်နေရာမှာ သူ့ရုံးနှင့် သိပ်မဝေးပါ။ လိပ်စာကို ဘာဖြစ်လို့ပို့မှန်းလဲ သူမသိပေ။ ထို့ကြောင့် ထိုနောက်ကွယ်က အကြောင်းအရင်းကို သိရရန် သူဖုန်းခေါ်လိုက်သည့်အခါ ရှုချင်းရီဖုန်းမှာ စက်ပိတ်ထားလေပြီ။

Previous Chapter 123 of 199 Next