May Honey Logo May Honey
Previous Next

၁၄၉။ မင်းအကိုကြီးမဟုတ်ဘူး

မော့ဟန်က ရှုချင်းရီဆီသို့ လျှောက်လာကာ
“အခုမှတ်မိပြီလား?”

ရှုချင်းရီက သူ့အားလိမ်လို့မရသည်ကို သိသောကြောင့် ခေါင်းငြိမ့်ကာ
“နည်းနည်းပါ”

“ဘာကိုမှတ်မိတာလဲ?”
မော့ဟန်၏လေသံမှာ ပုံမှန်လိုမဟုတ်ဘဲ အေးစက်နေသည်။

“ခုနက အမျိုးသမီးကြီးလေ။ အရင်တုန်းကအကြောင်း နည်းနည်းမှတ်မိလိုက်တယ်။ နည်းနည်းလေးဆိုပင်မယ့် အစစ်လို့ထင်ရတာပါပဲ”

“ဟန်လျန်ကိုရော?”

“ဘာကိုမှ မမှတ်မိဘူး”
ရှုချင်းရီက ခေါင်းခါပြသည်။
“ဒါပင်မယ့်လည်း ဟုတ်မယ်ထင်တယ်”

မော့ဟန်က ရယ်ကာ
“ဘာကဟုတ်တာလဲ? ထင်ကြေးလား။ မင်းက ညဏ်ကောင်းရဲ့နဲ့ ဒါလေးနဲ့ ခေါင်းရှုပ်နေရလား?”

“ကိုကြီး. . . နေ့လည်တုန်းက . . .ရှောင်မေးပြတဲ့ပုံတွေကို တွေ့လိုက်တယ်။ အဲ့ဒီပုံထဲကသူက တကယ်ပဲ ညီမလေးထင်တယ်။ ပြီးတော့ စားသောက်ဆိုင်က အခန်းလည်း. . .ရင်းနှီးနေသလိုပဲ”

“အောက်ထပ်က အမျိုးသမီးကို မှတ်မိတာလေးနဲ့ ဟန်လျန်ပြောသမျှကို အမှန်လို့ထင်နေတာလား?”
မော့ဟန်က ပြန်မေးလိုက်သည်။

“ဒါဆိုရင်. . .ဒီပုံကရော? ဘယ်လိုရှင်းပြကြမလဲ?”
ရှုချင်းရီက သူမအနောက်က မဂ်လာဓာတ်ပုံကိုပြရင်း ပြောသည်။
“သူ့မိန်းမဖြစ်လာဖို့အတွက် သူကဒီလောက် အကုန်အကျခံပြီး လုပ်ထားပါ့မလား?”

“ကိုကြီး. . .”
ရှုချင်းရီက ပြောသည်။
“မဟုတ်. . .”

မော့ဟန်က စကားကို ဒေါသတကြီး ဖြတ်ပြောသည်။
“ငါ့ကို ကိုကြီးလို့ ခေါ်မနေနဲ့! ငါမင်းရဲ့ အကိုကြီးမဟုတ်ဘူး”

ရှုချင်းရီက ကြောင်အသွားသည်။ သူမလေသံကပျော့သွားကာ ပုခုံးတွေက တုန်လာပြီး
“အကိုကြီး မဟုတ်မှန်းသိပါတယ်။ ပထမဆုံးစတွေ့ကတည်းက မျက်လုံးတွေကို ကြည့်ရုံနဲ့ အမျိုးမဟုတ်ဘူးဆိုတာ သိခဲ့တယ်”

“ညီမလေးမှာ အမျိုးလည်း ရှိတယ်လို့မှ မထင်ခဲ့တာ”

ရှုချင်းရီက ခေါင်းငုံသွားကာ
“ဒါပင်မယ့်. . .ဒီနေ့တော့ အရင်ကအကြောင်းတွေကို ပြန်မှတ်မိစပြုလာပြီ။ ကောင်းလား ဆိုးလား မသိပင်မယ့် ညီမလေး ပျော်တယ်။ ညီမလေးက သူများတွေ စွန့်ပစ်လိုက်တဲ့သူ မဟုတ်ဘူးဆိုတာလောက်တော့ သိလိုက်ရပြီလေ”

“တကယ်လို့. . .ဒီနေ့ ဘာမှမမှတ်မိရင် ဒါမှမဟုတ် ဘာကိုမှ မခံစားမိခဲ့ရင် ပြန်လိုက်ခဲ့ပြီး ကိုကြီးရဲ့ နာမည်ခံညီမလေး ဆက်လုပ်ဖြစ်မှာပါ

ရှုချင်းရီက ဆက်ပြောသည်။
“ဒါပင်မယ့် ညီမလေး မှတ်မိလာတယ်. . .နည်းနည်းတစ်စွန်းတစ်စလေးဆိုရင်တောင်မှ ကြိုးစားပြီးတော့ ဆက်မှတ်မိချင်သေးတယ်။ မိသားစုနဲ့နေရတာ ဘယ်လိုလဲဆိုတာလည်း သိချင်တယ်။ သူတို့ပေါင်းလိမ်နေကြတာဆိုရင်မှပေါ့”

“ဒါဆိုရင်. . .သူတို့နဲ့ နေခဲ့မှာလား?”
မော့ဟန်က မေးလိုက်သည်။

ရှုချင်းရီက ဘာမှပြန်မဖြေပေ။

မော့ဟန်က သူမကိုကြည့်လိုက်သည်။ ထို့နောက် သူမနောက်က မဂ်လာဆောင်ပုံကို ကြည့်လိုက်သည်။ ဒီပုံက သူ့အတွက် မျက်စိဆံပင်မွှေးစူးစရာပင်။ ထိုပုံထဲက ရှုချင်းရီဟာ ယောက်ျားတစ်ယောက်ကို အချစ်အပြည့်နဲ့ ကြည့်နေခဲ့သည်လေ။ ဒါက သူ့ရှုချင်းရီ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

သူမက မနှစ်က ယောက်ျားတစ်ယောက်နှင့် လက်ထပ်ထားသည့် စုန့်ယွဲ့ညန် လုံးဝမဖြစ်နိုင်ပေ။ ထိုမိန်းကလေးသည် တခြားတစ်ယောက်သာ ဖြစ်လောက်မည်။

ရှုချင်းရီကို ကြည့်ရသည်မှာလည်း အလုံးစုံယုံကြည်ပုံတော့ မရပေ။ သို့သော် သူကတော့ သူမ၏အတွေးများနှင့် သူမလုပ်ချင်တာ လုပ်မည်ကို တားဆီးပိုင်ခွင့် မရှိ။

အပြင်ဘက်က တံခါးခေါက်သံထွက်လာပြီးနောက် ဟန်လျန်၏အသံထွက်လာသည်။
“ဘာဖြစ်လို့ အထဲကနေ တံခါးပိတ်ထားတာလဲ?”

ရှုချင်းရီက တံခါးဝတွင် ပိတ်ရပ်ကာ သူမကို မလှုပ်မယှက်ကြည့်နေသည့် မော့ဟန်ကို ကြည့်လိုက်သည်။ မော့ဟန်က သူမအား တစ်ခါမှ မမြင်ဘူးခဲ့သည့်သူလို ကြည့်နေခဲ့တာ ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်က ဟန်လျန်အော်နေသည်ကို နားညီးမခံချင်သည့် ရှုချင်းရီက တံခါးဖွင့်ပေးရန် သူမလက်လှမ်းလိုက်သည်။

မော့ဟန်က တံခါးကိုဖွင့်မရအောင် သူမလက်ကို ဆွဲလိုက်သည်။ ရှုချင်းရီက နောက်လက်တစ်ဖက်ဖြင့် မော့ဟန်အားတွန်းကာ
“လွှတ်. . . ကြိုးစားကြည့်ချင်တယ်”

တံခါးက ပွင့်လာသည်။ တံခါးတစ်ဖက်က ဟန်လျန်က မော့ဟန်ကွယ်ထားသည့် ရှုချင်းရီအား အပြုံးဖျော့ဖျော့ဖြင့်
“ဘာဖြစ်လို့ တံခါးပိတ်ထားတာလဲ?”

“မသိဘူး။ ခုနတုန်းက ပိတ်သွားတာ ထင်တယ်။ လေပြင်းပြင်းတိုက်လိုက်လို့ ပိတ်သွားတာ ထင်တယ်။ ကျွန်မတို့လည်း အခုဖွင့်တော့မလို့ပဲ”

ဟန်လျန်က အခန်းထဲက ပွင့်နေသည့် ပြတင်းပေါက်ကို ကြည့်ကာ သွားပိတ်လိုက်သည်။
“ပြတင်းပေါက်ပိတ်ဖို့ မေ့သွားတာပဲ”

မော့ဟန်က ပြောသည်။
“ရုံးမှာ အလုပ်တွေရှိလို့ ငါအရင်ပြန်ရလိမ့်မယ်”

“အစောကြီး ဘာဖြစ်လို့ ပြန်မှာလဲ? ဒီကို ခင်ဗျားကားမောင်းလာတာမှ မဟုတ်တာ။ ဘယ်လိုပြန်မှာလဲ?”
ဟန်လျန်က မေးသည်။

“ကားဌားပြန်မယ်။ မင်းတို့ကို မနှောင့်ယှက်တော့ဘူး”
မော့ဟန်က စိတ်မနည်းထိန်းကာ ပြန်ဖြေနေရသည်။ ထို့သို့ပြောပြီးသည်နှင့် မော့ဟန်က ချက်ချင်းအခန်းထဲက ထွက်သွားတော့သည်။

ဟန်လျန်က တားဖို့လုပ်လိုက်ပင်မယ့်လည်း ရှုချင်းရီအား တွေဝေစွာဖြင့် ပြန်လှည့်ကြည့်လိုက်သည်။

“သွားခိုင်းလိုက်ပါ။ ကိုကြီးက အမြဲတမ်းအလုပ်ရှုပ်နေတာ”
ရှုချင်းရီက မော့ဟန်ထွက်သွားသည့်ဘက်ကိုငေးရင်း ပြောသည်။

Previous Chapter 149 of 199 Next