May Honey Logo May Honey
Previous Next

၁၂၇။ နာတယ်

မော့ဟန်၏ရင်ခုန်သံမှာ အရမ်းမြန်လာသည်။ သူဟာ ရှုချင်းရီဆီသို့ အမြန်ပြေးသွားသည်။

“ကိုကြီး . . .နာတယ်. . .”
ရှုချင်းရီက ညည်းညူနေသည်။

မော့ဟန်သည် ထိုစကားများ ကြားသည့်အခါ ရင်ဘတ်ထဲတွင် ဓားနှင့်မွှန်းခံရသလိုပင်။ သူကဒူးထောက်ထိုင်ချကာ ရှုချင်းရီ၏လက်မှ ခါးပတ်ကြိုးကို ဂရုတစိုက် ဖြေပေးသည်။ ထို့နောက် ရှုချင်းရီအား ပွေ့ဖက်ထားလိုက်သည်။ မော့ဟန်က အထေ့ထေ့အငေါ့ငေါ့ဖြင့်
“သိတယ်. . .သိတယ်. . .အခုအရေးပေါ်ကား ခေါ်လိုက်မယ်. . .”

“ခနနော်။ ခနလောက်လေး သည်းခံပေး”
မော့ဟန်က ရှုချင်းရီအား အရင်လို နှစ်သိမ့်ကာ ချော့နေသည်။ သို့သော်လည်း သူ့၏တည်ငြိမ်ချင်ယောင်ဆောင်မှုကို သစ္စာဖောက်သည့် လက်တို့က အရေးပေါ်ကားခေါ်ရာတွင် တုန်ရီလို့နေသည်။

“မကြာခင် အဆင်ပြေသွားမှာပါ. . .ခနနေရင် မနာရတော့ပါဘူး . . .”
မော့ဟန်က ရှုချင်းရီ၏ ရေခဲလိုအေးစက်နေသည့် ကိုယ်လေးကို ထွေးပွေ့ထားကာ အရေးပေါ်ခေါ်လိုက်သည်။ သူက သူမအား လုံးဝလွှတ်မပေးရဲတော့ပေ။

“ကူပြီး. . .သေချာ. . .အကျီဝတ်ပေးပါ. . .”
စကားပြောရသည်မှာ ရှုချင်းရီအတွက် အလွန်ခက်ခဲနေသည်။ သူမတစ်ခွန်းပြောတိုင်း ရင်ဘတ်ထဲက အောင့်လာသည်မှာ မီးခဲမြိုချထားရသလိုပင်။

ရှုချင်းရီ၏အဝတ်မှာ ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစပြဲနေသောကြောင့် ပြန်ဝတ်လို့ မရတော့ပေ။ မော့ဟန်က သူမအား ခြုံပေးထားသည့် သူ့ကုတ်အကျီအား ဂရုစိုက်ဝတ်ပေးကာ ကြယ်သီးတစ်လုံးချင်းစီ တပ်ပေးလိုက်သည်။

“အခုသေချာဝတ်ပေးလိုက်ပြီ။ ညီမလေး အဆင်ပြေသွားပါပြီ။ ဘယ်သူကမှ မမြင်တော့ပါဘူး”
ရှုချင်းရီမှာ အနွေးဓာတ်နည်းနည်း ခံစားလိုက်ရသည်။ သူမသိသည်က အရမ်းပင်ပန်းနေခြင်းဖြစ်ကာ သူမနှစ်ခြိုက်စွာ အိပ်စက်ချင်လာသည်။

“ရပါတယ်။ အဆင်ပြေသွားမှာပါ။ ငါဒီမှာရှိတယ်လေ”
မော့ဟန်က ရှုချင်းရီမျက်နှာလေးအား ပွတ်ပေးစဉ်တွင် မတော်တဆဖြင့် သူမခေါင်းအနောက်မှ ကပ်စီးသည့်အရည်များကို စမ်းမိသွားသည်။ မီးရောင်မှိန်မှိန်အောက်မှာ သူ့လက်ဖဝါးကို သူပြန်ကြည့်မိသည့်အခါ နီညိုရောင်များကို တွေ့ရသည်။ ထိုအရာများက သွေးနှင့် ရွံ့တို့ ရောနေခြင်းသာ ဖြစ်သည်။

မော့ဟန်၏အသံမှာ တုန်နေပြီး မြန်လာကာ
“လိမ္မာစမ်းပါ။ အိပ်မသွားနဲ့။ ကိုကြီးနဲ့ စကားပြောနေ”

ဒါပင်မယ့်လည်း ရှုချင်းရီဆီမှ ဘာအသံမှ ထွက်မလာပေ။သူမခေါင်းမှာ မော့ဟန်၏ရင်ခွင်ထဲတွင် မှီနေကာ လက်ကလေးကတော့ ညစ်ပတ်သည့် ကြမ်းပြင်ပေါ်တွင် ကျနေသည်။ မော့ဟန်က သူမကအား ဖက်ထားရင်း သူ့လက်ကသွေးများကို သူ့အကျီတွင် သုတ်ပစ်လိုက်သည်။ သူ့ကိုယ်စိတ်မနည်းငြိမ်အောင်ထားကာ ရှုချင်းရီ၏ကျိုးနေသည့်လက်ကို သူ့အပေါ်တွင် တင်ထားလိုက်သည်။

မော့ဟန်က ဘာမှမလုပ်နိုင်ပေ။ သူရှုချင်းရီအားလည်း ထပ်မထိရဲတော့ပေ။ သူသွားထိမိကာမှ ဒဏ်ရာတွေက ပိုဆိုးဝါးသွားမည်ကို သူကြောက်နေမိသည်။ သူက ထိုနေရာတွင်သာ ဒူးထောက်ထိုင်ကာ သူမအားဖက်ထားရင်း မလှုပ်မယှက်ပင်။ ရှုချင်းရီ၏ ဖြူဖပ်နေသည့် မျက်နှာလေးက သူ့အတွက် စက္ကန့်တိုင်းမှာ ငရဲကျနေသလိုပင်။ သူ့အကြည့်တို့ကတော့ လမ်းထောင့်ဆီသို့သာဖြစ်ကာ အရေးပေါ်ကား လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။

သူစောင့်ခဲ့ရသည်က ကြာလွန်းလှသည်ဟု သူထင်မိသည်။ သူမစောင့်နိုင်တော့သောကြောင့် ရှုချင်းရီကိုသယ်ကာ ဆေးရုံသို့ သူကိုယ်တိုင် ပြေးသွားချင်မိသည့်အထိပင်။ သူဖုန်းဆက်ပြီး ၁၀မိနစ်အကြာတွင် အရေးပေါ်မီးဖွင့်ကာ ဘဲလ်သံဆူညံ့နေသည့် အရေးပေါ်ကား ရောက်လာသည်။ မော့ဟန်အတွက်သာ မိနစ်တိုင်းက တစ်နှစ်လောက် ကြာနေသလို ဖြစ်နေခြင်းပင်။

“အပြင်မှာစောင့်ပေးပါ။ လုပ်ရိုးလုပ်စဉ်တွေကို ပထမထပ်မှာ သွားလုပ်နှင့်ပါရှင်။ တစ်ခုခုဖြစ်တာနဲ့ အကြောင်းကြားပေးပါ့မယ်”
သူနာပြုမက အရေးပေါ်ခန်းထဲအထိ ဝင်ဖို့လုပ်နေသည့် မော့ဟန်ကို တားကာ တွန်းထုတ်ရင်း ပြောသည်။

“ရှင်လည်း ဒဏ်ရာရထားတာမလား? ကိုယ့်ကိုကိုယ် အရင်ကုလိုက်ပါဦးလား”
မော့ဟန်၏တင်းနေသည့် မျက်နှာထားကြီးကို လန့်နေသော်လည်း ဘေးကသူနာပြုမတစ်ယောက်က စိတ်ကောင်းအပြည့်ဖြင့် ပြောသည်။

မော့ဟန်က အရေးပေါ်ခန်းမှ အကြည့်များကို သူ့အကျီပေါ်သို့ ခနလွှဲလိုက်ကာ အမူအရာကင်းမဲ့စွာဖြင့်
“ရပါတယ်။ ဒါသူ့သွေးတွေပါ”

လုပ်ရိုးလုပ်စဉ်များကို ပထမထပ်တွင် လုပ်ပြီးသည့်အခါ မော့ဟန်က အရေးပေါ်အခန်းအရှေ့သို့ ရောက်လာသည်။ သိပ်မကြာခင်မှာပဲ အရေးအပေါ်အခန်းမှ အသိပေးသံထွက်လာသည်။

“ရှုချင်းရီရဲ့ အမျိုးရှိပါသလား? အရေးပေါ်အခန်းသို့ အမြန်ဆုံးလာရောက်ပေးပါ”
သူ့ရင်စောင့်ခုန်သွားကာ အရေးပေါ်အခန်းအဝသို့ ရောက်လာသည်။ ထို့နောက် ဆရာဝန်က ထွက်လာကာ မေးသည်။

“ရှုချင်းရီအမျိုးက ဘယ်သူလဲ?”

Previous Chapter 127 of 199 Next