May Honey Logo May Honey
Previous Next

၁၀၀။ ရွံ့ဖို့ကောင်းတဲ့ ဇွန်ဘီ

ကားမောင်းနေသည့် ချိုင်ဟုန်ချင်းသည် နောက်မှန်ကိုကြည့်ကာ ဇွန်ဘီတွေက မရပ်ဘဲ လိုက်လာနေသည်ကို မြင်သဖြင့် အံ့သြကာ   “ဘာဖြစ်နေတာလဲ? ဒါအဆင့်လေးဇွန်ဘီရဲ့ ပိုင်နက်မလား? ဒါမှမဟုတ် ဒီဇွန်ဘီတွေက ထိန်းချုပ်ခံထားရတာလား?”

“ထိန်းချုပ်တာ? အဆင့်လေးဇွန်ဘီကမှ မလုပ်နိုင်ဘူးမလား? သူတို့က အဆင့်ငါးဇွန်ဘီခေါင်းဆောင်လို မဟုတ်ကြဘူး”   ကားနောက်ခန်းမှ ချန်းလီက စိတ်ရှုပ်စွာပြောသည်။

တူယွမ်ရှင်းသည် ကားပြတင်းပေါက်မှ ခေါင်းထုတ်ကာ အပြင်ကအခြေအနေကို ကြည့်နေသည်။ သူတို့သည် ကားကိုအမြန်မောင်းလာသဖြင့် ဇွန်ဘီများက လိုက်လာနိုင်တာ နည်းသွားသည်။ သို့သော်လည်း ဒီနေရာသို့နီးလာလေလေ ဇွန်ဘီများထွက်လာသည်က များလေလေ ဖြစ်နေသည်။

ဇွန်ဘီအုပ်ကြီးသည် သူတို့ဆီသို့ အကြောက်ကင်းစွာဖြင့်ပြေးလာကြသည်။ ကြည့်ရသည်မှာ ဒီနေရာသည် အဆင့်မြင့်ဇွန်ဘီ၏ ပိုင်နက်မဟုတ်တော့သည့်အခါ အဆင့်နိမ့်များက လွတ်လပ်စွာ သွားလာနိုင်ကြတာ ဖြစ်သည်။ အရင်တုန်းက ဒီနေရာသည် တိတ်ဆိတ်သော်လည်း အခုတော့ အရာအာလုံးက ပြောင်းလဲကုန်ပြီ။

“မကောင်းတော့ဘူး ဇွန်ဘီတွေ ပိုများလာပြီ”   တူယွမ်ရှင်းသည် မျက်မှောင်ကျုံ့ကာ အပြင်ကိုလေ့လာပြီးသည့်အခါ ပြောသည်။

ထိုအချိန်တွင် လုံချင်းယင်သည် ကားအမိုးပေါ်မှ သူမ၏ဂျပန်ဓားရှည်ကိုကိုင်ကာ ထလာသည်။ သူမသည် ကားပေါ်တွင် မတ်တပ်ရပ်လိုက်သည်နှင့် သူမ၏မျက်နှာသည် သတိအပြည့်ဖြင့် ဖြစ်သွားသည်။ သူမသည် ဓားရှည်ကို ဘယ်လက်တွင်ကိုင်ကာ ကျောနောက်သို့ ပို့ထားပြီး ညာလက်ဝါးကို ဇွန်ဘီများဘက်သို့ ဖြန့်လိုက်သည်။

ဇွန်ဘီများက ဆယ်မီတာလောက်သာ ကွာတော့သည့်အခါ သူမသည် လက်ချောင်းများကို ကွေးလိုက်သည်။ ဒီလိုလုပ်လိုက်သည်နှင့် တံခါးပေါင်၊ သံများနှင့် စတီးချောင်းစသည့် အနားရှိသတ္တူပစ္စည်းများသည် လွင့်ပျံလာသည်။ သူမ၏အရှေ့သို့ရောက်သည့်အခါထိုသတ္တူများသည် လေထဲတွင် အရည်ပျော်ကာ သတ္တုလုံးဖြစ်သွားကြသည်။ ထို့နောက် အရည်ထပ်ပျော်ကာ သံချွန်များအဖြစ်သို့ မာကြောသွားကာ ကားနောက်က ဇွန်ဘီများဆီသို့ ပျံသွားကြသည်။

သံချွန်များက ဇွန်ဘီများဆီသို့ ထိုးဖောက်သွားသည့် ဆူညံ့သံများသည် ဆက်တိုက်ထွက်လာသည်။ ထို့ကြောင့် လုံချင်းယင်ကို ဘယ်သူကမှ မဆန့်ကျင်ရဲတာ ဖြစ်သည်။ ဘယ်သူကများ သူတို့၏ကိုယ်ထဲတွင် သံချွန်များ အစိုက်ခံရမည်ကို နှစ်သက်ကြမည်နည်း?

သံချွန်များက ဇွန်ဘီခေါင်းများကို ဖောက်သွားသည်ကို မြင်သည့်အခါ ကားထဲကလူများသည် ကားအမိုးပေါ်ကို မော့ကြည့်ကြသည်။ ထို့နောက်တွင်တော့ သူတို့လည်း အနားကပ်လာသည့် ဇွန်ဘီများကို သေနတ်ဖြင့် ဆက်ပစ်ကြသည်။ သေနတ်သံများနှင့် ဇွန်ဘီအော်သံများသည် ဆူညံ့လာသည်နှင့် သူတို့အရှေ့တွင်လည်း ဇွန်ဘီများ ပေါလာကာ ကားသည်သွားလို့မရအောင် လမ်းပိတ်သွားသည်။

“ဇွန်ဘီတွေက အရှေ့မှာရောပဲ။ ကားဖြတ်လို့တောင်မရဘူး”   ကားသည် ဇွန်ဘီ၇ကောင်၈ကောင်လောက်ဆို တိုက်ပစ်လို့ရသော်လည်း ဆယ်ကျော်နေသည့် ဇွန်ဘီများကိုတော့ ဖြတ်လို့မရပေ။

“ဘာဖြစ်နေတာလဲ? ဇွန်ဘီတွေက ပိုများလာတယ်။ အဆင့်မြင့်ဇွန်ဘီက ဘယ်ရောက်နေလဲ?”   ဇွန်ဘီများပိုများလာသည့်နှင့် ကားထဲကလူများသည် မဟုတ်တော့သည်ကို သတိထားမိလာကြသည်။

‘ဘာဖြစ်တာလဲ? ဘာဖြစ်လို့ ဇွန်ဘီတွေက စုလာတာလဲ? ရောက်တာမှ ဘယ်လောက်မကြာသေးဘူး။ အကောင်သုံးရာလောက်ရောက်လာတယ်။ အနားကဇွန်ဘီတွေအကုန်လုံး ရောက်လာကြတာလား? အဆင့်လေးဇွန်ဘီက ဒီလောက်အများကြီးကို ထိန်းချုပ်နိုင်လို့လား? ဒါမှမဟုတ် ငါတို့မရောက်ခင်တည်းက အကုန်လုံးက ပုန်းစောင့်နေကြတာလား? ငါတို့ကားမောင်းမှ ထွက်လာကြတာလား?’

ထိုအချိန်တွင် ဇွန်ဘီသုံးရာလောက်၏ အနောက်တွင် လေးလွှာ၏ ပြတင်းပေါက်မှ သူတို့ကိုကြည့်နေခြင်းအား ဘယ်သူကမှ မသိကြပေ။ ပြတင်းပေါက်မှန်က ကွဲနေတာ ကြာပြီ။ တူယွမ်ရှင်းနှင့်သူ့လူများ မရောက်ခင်တည်းက ဒီနေရာကနေ သူတို့ကို ကြည့်နေတာ ဖြစ်သည်။ 

ထိုသူသည် အရပ်လေးပေလောက်ပဲရှိကာ ခေါင်းအကြီးကြီးဖြင့် ဖြစ်သည်။ ခေါင်းကြီးသည်ဆိုသည်မှာ လူခေါင်းနှစ်လုံးပေါင်းထားသလို ထူးဆန်းနေသောကြောင့် ဖြစ်သည်။ တကယ်လည်း ခေါင်းနှစ်လုံးဖြစ်သည်။ ခေါင်းတင်မဟုတ်ဘြ ကိုယ်သည်လည်း နှစ်ကိုယ်ဆက်နေတာ ဖြစ်သဖြင့် ပုပုဝဝလို ထင်ရတာ ဖြစ်သည်။

မျက်နှာသည် ကြည့်လို့ရှုလို့ကို မကောင်းပေ။ ရုပ်ဆိုးသည်ဆိုသည်ထက် ရွံ့ဖို့ကောင်းသည်ဟုတောင် ဖော်ပြသင့်သည်။ မျက်နှာကြီးတစ်ခုတွင် မျက်လုံးလေးလုံး နှာခေါင်းနှစ်ခုနှင့် နှုတ်ခမ်းနှစ်ခုရှိနေသည်။ ခေါင်းပုံစံသည် ထူးဆန်းလွန်းကာ ဦးရေပြားသည်လည်း လှန်ပြန်နေကာ သွေးများကြား ဆံပင်တစ်စနှစ်စသာ ရှိသည်။

တစ်ဖက်တွင် ချူးလီလီသည် အဆောက်အဦးအမြင့်ကနေ ဒီဇွန်ဘီကို ကြည့်နေတာ ဖြစ်သည်။ ရုတ်တရပ် ပေါ်လာသည့် ဇွန်ဘီအား လှမ်းကြည့်လိုက်တာ ဖြစ်သည်။ ရလဒ်အနေဖြင့် ဒီဇွန်ဘီကို မြင်လိုက်ရသည့်အခါ သူမကြောင်အသွားသည်။

‘ဘာကြီးလဲ? ရွံ့ဖို့ကောင်းလိုက်တာ’   သူမတွေးနေမိသည်။ ချူးလီလီသည် တစ်ချက်ကြည့်ပြီးနောက် နောက်တစ်ခေါက်တောင် မကြည့်ရဲတော့ပေ။

သူမ၏တည်ရှိမှုကို ဖုံးကွယ်ထားသဖြင့် ထိုအဆင့်လေးဇွန်ဘီသည် သူမကိုမတွေ့ပေ။ သို့သော်လည်း အရင်က ဒီဇွန်ဘီကို အာရုံမခံမိသဖြင့် သူမအံ့သြနေသည်။ အခုမှ တခြားနေရာက ရောက်လာသည်လား? သို့မဟုတ် တချိန်လုံးပုန်းကွယ်နေသည်လား? 

ထို့အပြင် ဒီနေရာက သာမန်ဇွန်ဘီများကို ဒီရွံ့ဖို့ကောင်းသည့် ဇွန်ဘီက ခေါ်ထားကြောင်းကို သူမသိသည်။ ဒါကအကုန်မဟုတ်သေးပေ။ မီတာရာပေါင်များစွာနှင့် မိုင်အချို့အကွာမှ လာနေကြောင်းကို သူမမြင်နေရသည်။ မကြာခင်တွင် ဒီနေရာတွင် သာမန်ဇွန်ဘီများနှင့် ပြည့်သွားကာ ဇွန်ဘီမြို့တော် ဖြစ်တော့မည်။ ချူးလီလီသည် ဒီရွံ့ဖို့ကောင်းသည့် ဇွန်ဘီက ကားပေါ်ကလူများအပေါ် ပြင်းထန်စွာ သွေးဆာနေကြောင်းကို သူမသိရသည့်အခါ အန်ချင်လာသည်။   ‘ဒီဇွန်ဘီက ဘယ်လိုလုပ် ရောက်နေတာလဲ?’

ချူးလီလီသည် ဒီရွံ့ဖို့ကောင်းသည့်ဇွန်ဘီက သာမန်ဇွန်ဘီများကို ထိန်းချုပ်ကာ သူတို့ကို ကားဆီသို့ အမြန်သွားခိုင်းနေရခြင်း အကြောင်းကို နားမလည်ပေ။ ပုံမှန်အားဖြင့် အဆင့်ငါးဇွန်ဘီများသည် ဒီလောက်အများကြီးကို မထိန်းချုပ်နိုင်ပေ။ အရည်အတွက် အကန့်အသတ်ဖြင့်သာ ထိန်းချုပ်နိုင်တာ ဖြစ်သည်။ သာမန်ဇွန်ဘီများတွင် အသိညဏ်မရှိသော်လည်း အသိစိတ်တော့ရှိသဖြင့် သူတို့ကို ရုပ်သေးရုပ်လို ထိန်းချုပ်ရသည်။ သူတို့၏စိတ်ကို ကိုယ့်အလိုကျအတိုင်း လှုပ်ရှားစေခိုင်းခြင်း ဖြစ်သည်။

သို့သော်လည်း အဆင့်ငါးဇွန်ဘီများတွင် ဒီလောက်ကောင်းသည့် စိတ်စွမ်းအား မရှိပေ။ များသောအားဖြင့် သူတို့၏အရှိန်အဝါဖြင့် အနီးနားက ဇွန်ဘီများကို အညံ့ခံစေခြင်းလောက်သာ လုပ်နိုင်ကြသည်။

တစ်ဖက်တွင် တူယွမ်ရှင်းနှင့် သူ့အဖွဲ့သားများသည် ကားရပ်လိုက်ရပြီ။ သူတို့သည် သူတို့ပတ်လည်က ဇွန်ဘီနံရံကြီးကို ရှင်းလင်းလို့နေသည်။  
Previous Chapter 100 of 198 Next