May Honey Logo May Honey
Previous Next

၁၇၆။ ခုငါ့နောက်လိုက်

လင်းချင်းသည် စကားသုံးလုံးတည်းကိုသာ ဖြည်းဖြည်းချင်းပြောလိုက်သော်လည်း အခန်းထဲက ဇွန်ဘီများသည် သူမမေးချင်သည်ကို သိလိုက်ကြသည်။ သူမသည် ရှဲ့တုန်းအား လူသားဘယ်နှယောက်လောက် စားထားသလဲကို မေးချင်နေတာဖြစ်သည်။ 

ထိုအခါ ကျွင်းကျွင်းသည် တုံတုံကို ရှဲ့တုန်းဆီကနေ သူမ၏ကိုယ်ဖြင့် ချက်ချင်းကာပေးလိုက်တော့သည်။ ရှဲ့တုန်းသည် မျက်နှာကြီးမည်းကျသွားသော်လည်း ဘာမှပြန်မဖြေပေ။

လင်းချင်းသည် သူ့ကိုအနံ့ခံကြည့်ပြီးမှ ဆက်ပြောသည်။   “စားရပင်မယ့် စွဲမသွားနဲ့!”

သူမသည် လူသားစားခြင်းကို ကန့်ကွက်နေတာ မဟုတ်ပေ။ ရှဲ့တုန်းသည် လူဆိုးများကို စားနေသ၍တော့ အဆင်ပြေပါသည်။ သို့သော်လည်း လူသားစားခြင်းကို စွဲသွားခြင်းကတော့ လက်ခံနိုင်စရာတော့ မရှိပေ။ ရှဲ့တုန်းက သူမအား ခေါင်းငြိမ့်ပြသည်။

“ပစ်မှတ်ရွေး”   လင်းချင်းက ဆက်ပြောသည်။ သူမပြောချင်သည်မှာ ဘယ်လိုလူတွေကို သူ့ပစ်မှတ်အဖြစ် ရွေးချယ်သလဲကို သိချင်တာဖြစ်သည်။ ဓားပြလိုလူဆိုးများကို စား၍ရသောကြောင့် လူကောင်းများကိုတော့ စားခွင့်မပြုနိုင်ပေ။ လူသားစားရခြင်းကို စွဲလမ်းသွားကာ လူစိတ်ပျောက်သွား၍ လူမှတ်ဉာဏ်များဖြင့် သွေးအေးဇွန်ဘီဖြစ်သွားလိမ့်မည်။

“ဂါးအား”   ရှဲ့တုန်းက ညင်သာစွာ အော်ပြသည်။   ‘စိတ်မပူပါနဲ့။ မဖြစ်မနေမဟုတ်ရင် မစားပါဘူး။ ငါနားလည်ပါတယ်’   သူပြောသည်။ လင်းချင်းကို သူ့မှာရွေးချယ်စရာမရှိဖြစ်မှသာ စားကြောင်းကို သိစေချင်တာဖြစ်သည်။ လူသားစားခြင်းက သူ့ကိုဆိုးဆိုးဝါးဝါးထိခိုက်စေမည်ကိုလည်း သူသိသောကြောင့် ဖြစ်သည်။

လင်းချင်းသည် ခေါင်းငြိမ့်လိုက်ကာ ဒီအကြောင်းဆက်မပြောတော့ဘဲ ကျွင်းကျွင်းကိုကြည့်ပြီး   ‘ခုငါ့နောက်လိုက်’

ရှဲ့တုန်းသည် လင်းချင်းက ကလေးနှင့်ဇွန်ဘီမကို သူမ၏နောက်က လိုက်စေချင်ကြောင်းသိသည်။ အသိစိတ်လွတ်သွားပြီး ကလေးကို သူကထိခိုက်အောင် လုပ်လိုက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။   ‘နင်မရှိလည်း သူ့ကလေးကို သူကာကွယ်နိုင်တယ်မလား?’   သူတွေးမိကာ ကျင်းကျွင်းကို တစ်ချက်ကြည့်ပြီးနောက် လင်းချင်းကို ကြည့်သည်။

သူ့အတွေးများကိုသိသ့် လင်းချင်းသည် ပြတင်းပေါက်ကို ချက်ချင်းလက်ညိုးထိုးပြသည်။ ရှဲ့တုန်းသည် သူမပြရာကိုကြည့်လိုက်သည့်အခါ အမိုးတစ်ခုပေါ်တွင် နီရဲနေသည့် မျက်လုံးတစ်စုံဖြင့် အဖြူရောသဏ္ဍာန်ကို မြင်လိုက်ရသည်။ ထိုမျက်လုံးများကိုမြင်ရသည့်အခါ သူ့ဆံပင်များ ထောင်သွားမတက် ဖြစ်သွားသည်။

အဖြူရောင်သဏ္ဍာန်သည် သူနှင့်မီတာနှစ်ရာလောက် ဝေးနေသဖြင့် သူအာရုံမခံမိတာဖြစ်ပြီး လင်းချင်းပြမှသာ မြင်တာဖြစ်သည်။ ထိုအဖြူသဏ္ဍာန်ကိုမြင်သည်နှင့် ဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။ ဘယ်သူမှန်း မသိနိုင်ခင်တွင်ပဲ ထိုအဖြူသဏ္ဍာန်သည် ပျောက်ကွယ်သွားသည်။

ရှဲ့တုန်းသည် လင်းချင်းကို မေးခွန်းများဖြင့် ကြည့်လိုက်သည်။ လင်းချင်းက ချူးလီလီ၏ အကြောင်းကို ပြောမပြဘဲ သူတို့အခုထွက်ဖို့လိုကြောင်း လက်ပြလိုက်သည်။ သူမသည် သူ့မေးခွန်းကို မဖြေသဖြင့် ပျောက်သွားသည့်ဘက်ကို တစ်ချက်ကြည့်ပြီးနောက် လင်းချင်း၏အနောက်ကိုသာ လိုက်ရသည်။ လင်းချင်းသည် တံခါးဖွင့်ကာ လျှောက်ထွက်သွားသည်။

လင်းချင်းသည် လင်းဖန်၏အခန်းသို့ ရှဲ့တုန်းနှင့်အတူသွားသည်။ သူမသည် လုံချင်းယင် ဘယ်မှာရှိသလဲဆိုသည်ကို မေးဖို့ တံခါးသွားခေါက်တာ ဖြစ်သည်။ လင်းဖန်၏တံခါးကို စောင့်ရသည့် ဝေ့ကျင်းချန်သည် လင်းချင်းဘေးက သူစိမ်းကို ကြည့်လိုက်သည်။ ရှဲ့တုန်းသည် လူနှင့်တူသောကြောင့် လင်းချင်းနောက်လိုက်လူတစ်ယောက် ဖြစ်မည်ဟု ထင်သွားသည်။ သူသည် တစ်ချက်လောက်ပဲ ကြည့်ပြီးနောက် ရှဲ့တုန်းဆီကနေ အကြည့်လွှဲသွားသည်။

လင်းဝမ်ဝမ်က တံခါးလာဖွင့်ပေးသည်။ လင်းချင်းကို မြင်သည့်အခါ   “ဟင်? လုထန်ယု? ဘာကူညီပေးရမလဲ?”

လင်းချင်းအား လုထန်ယုဟု စခေါ်လိုက်သဖြင့် ရှဲ့တုန်းသည် လင်းချင်း၏ ကတုံးပြောင်ကြီးကို အံ့သြစွာကြည့်လာသည်။ လင်းချင်းသည် သူ့ခံစားချက်များကို သိသော်လည်း နောက်သို့ပြန်လှည့်ကြည့်မနေဘဲ ဘာမှမဖြစ်သလိုဖြင့် လင်းဝမ်ဝမ်အား
“လုံ ရှာ”

သူမသည် လုထန်ယု၏ကိုယ်ကို သုံးနေလေရာ ရှဲ့တုန်းသည် ဒီနာမည်ကို ကြားသည်နှင့် အံ့သြသွားတာဖြစ်သည်။ သူနှင့် လုထန်ယုတို့သည် စခန်းတစ်ခုတည်းတွင် နေကြသူများဖြစ်ရာ လုထန်ယုက ရှဲ့တုန်းကို မသိနိုင်သော်လည်း စခန်းတစ်ခုလုံးကတော့ နာမည်ဆိုးဖြင့် ကျော်ကြားသည့် သူမ၏နာမည်ကို သိကြသည်။

လင်းချင်းသည် အခုကတုံးဖြင့် မျက်ဝန်းနက်များဖြစ်နေသလို မိတ်ကပ်လည်း ပြင်မထားပေ။ ထို့ကြောင့် မူလကိုယ်ဖြစ်သည့် လုထန်ယုနှင့် လုံးဝမတူတော့သဖြင့် ရှဲ့တုန်းက မမှတ်မိသည်မှာ ပုံမှန်ပင်။ လင်းချင်းအား လုထန်ယုလို့ခေါ်နေသည်ကို ကြားသည့်အခါ ရှဲ့တုန်းသည် အံ့သြသွားပြီးနောက် မေးခွန်းပေါင်းစုံက ခေါင်းထဲတွင် ပေါ်လာသည်။

လင်းဝမ်ဝမ်သည် လင်းချင်းဆီက စကား၂လုံးကို ကြားလိုက်ရသည်။ ဇွန်ဘီ၏အသံသည် အနည်းငယ်ကြားမပျော်သော်လည်း အဓိပ္ပါယ်ကို သိလိုက်သည်။ အံ့သြတကြီးဖြင့် လင်းချင်းကို ကြည့်လိုက်သည်။ ဇွန်ဘီတစ်ကောင်က စကားပြောသည်ကို ပထမဆုံးကြားဖူးလေရာ အရမ်းစိတ်ဝင်စားဖို့ကောင်းနေသည်။

လင်းချင်းကို စပ်စုစွာဖြင့် ကြည့်နေပြီးနောက် သူမအော်ခေါ်သည်။   “ချင်းယင် လုထန်ယုက နင့်နဲ့စကားပြောမလို့တဲ့”   ထို့နောက် တံခါးကိုဖွင့်လိုက်လေရာ ရှဲ့တုန်းကို မြင်သွားသော်လည်း လင်းချင်းကိုပဲ   “တကယ်ကြီး စကားပြောတက်တာပဲ! ဇွန်ဘီတိုင်းက လည်ချောင်းတွေပျက်ပြီး လျှာတွေထုံနေတာမလား? ဇွန်ဘီတွေကစားရင် အသားကိုသွားနဲ့ဖြဲပြီးနောက် ဒီတိုင်းမြိုချရတာလို့ ကြားဖူးတယ်။ သူတို့က လျှာကိုသုံးစရာမလိုဘူးမလား”

လင်းဝမ်ဝမ်က တံခါးဖွင့်ပေးသည်နှင့် လင်းချင်းသည် အထဲသို့ဝင်သွားသည်။ 

ရှဲ့တုန်းကတော့ အခန်းအပြင်ကနေ ရပ်စောင့်နေသည်။ မိန်းကလေးအခန်းထဲသို့ ခွင့်ပြုချက်မရဘဲ မဝင်သင့်သည်က အခြေခံကျင့်ဝတ်ဖြစ်သည်။

လင်းဝမ်ဝမ်က လင်းချင်းကို လုထန်ယုလို့ ခေါ်သည်ကြောင့်
‘နာမည်က လင်းချင်း မလား? ဘာဖြစ်လို့ အခုတော့ လုထန်ယုလဲ? ငါတို့စခန်းက ဟိုမိန်းမနဲ့ နာမည်တူနေတာမလား? ဒါမှမဟုတ် အဲ့ဒီလုထန်ယုလား? ဒါပင်မယ့် မဖြစ်နိုင်တာ။ သူတို့က နည်းနည်းလေးမှ မတူဘူး’

‘အဲ့ဒီမိန်းမက အမြဲတမ်း မိတ်ကပ်အထူးကြီးပြင်ပြီးတော့ သူ့ဆံပင်နဲ့ အဝတ်အစားကို အရမ်းဂရုစိုက်လွန်းတယ်။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားမှာလဲ? ကတုံးမလား?  ပြီးတော့ ဒါမျိုးအဝတ်တွေလည်း ဝတ်မှာမဟုတ်ဘူး။ ပြီးတော့ ဇွန်ဘီဖြစ်လာတာ?’

သို့သော်လည်း လင်းချင်းမျက်နှာနှင့် လုထန်ယုမျက်နှာကို ယှဉ်တွေးကြည့်သည့်အခါ တကယ်တူနေသည်ဟု ရုတ်တရက်ခံစားမိသည်။ မျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့က တထေရာတည်းပင်။ သို့သော်လည်း သေချာမပြောတက်ပင်မယ့် တစ်ခုခုက အရမ်းကွာခြားနေသလိုဖြစ်သည်။

‘လုထန်ယုဆိုရင် ဘာဖြစ်လို့ ငါ့ကိုလင်းချင်းလို့ ပြောတာလဲ? လင်းချင်း လင်းချင်း ဒီနာမည်လည်း နည်းနည်းရင်းနှီးနေသလိုပဲ’   ထိုနာမည်ကို အရင်ကကြားဖူးသလို ခံစားရသည်။   ‘လုထန်ယုဆိုရင် ဘယ်လိုလုပ်ဇွန်ဘီဖြစ်သွားတာလဲ? ခေါင်းဆောင်ယန်က သူ့ကိုသေဖို့ လွှတ်ပေးထားလို့လား?’

‘ပထမဆုံးတွေ့တုန်းက ဘယ်လိုလဲဆိုတာ ငါမှတ်မိပါသေးတယ်. အခုထက် အခြေအနေအများကြီးဆိုးတာ။ မျက်နှာနဲ့ကိုယ်မှာ အမာရွတ်အပြည့်နဲ့။  အဝတ်တွေကြောင့် သေချာမမြင်ရပင်မယ့် အထဲမှာလည်း အများကြီးရှိနေဦးမှာ။ ဒါပင်မယ့် ဇွန်ဘီဖြစ်သွားတာနဲ့စရိုက်က ချက်ချင်းပြောင်းသွားနိုင်လို့လား? အထူးတပ်ဖွဲ့က တိုက်ခိုက်ရေးတွေအများကြီး တက်နေသိနေပင်မယ့် လုထန်ယုက စစ်ထဲမှ မဝင်ဖူးတာ’  
Previous Chapter 176 of 198 Next