May Honey Logo May Honey
Previous Next

၉၇။ ပိုသန်မာလာတယ်

ထိုအချိန်တွင် လင်းချင်း၏အနားသို တစ်ယောက်ရောက်လာသည်။ ချူးလီလီသည် အမိုးပေါ်တက်လာကာ လင်းချင်း၏အနားက ကျောက်တုံးပုံပေါ်တွင် ရပ်နေသည်။ လင်းချင်းအား သူမသည် ခေါင်းအစခြေအဆုံး နားမလည်စွာကြည့်ပြီး တစ်ခုသေချာသွားသည်။

လင်းချင်းသည် ချူးလီလီ၏အကြည့်ကို မြင်သည့်အခါ သူမ၏ကိုယ်မှ အပြောင်းအလဲကို သိပုံရနေသည်။

“အာ?”   ‘ဘာဖြစ်တာလဲ?’   ချူးလီလီသည် လင်းချင်း၏ဘေးမှ ဇွန်ဘီမ၏အလောင်းကို ကြည့်ကာ စပ်စုစွာ မေးသည်။

လင်းချင်း၏ အရှိန်အဝါသည် ထူးဆန်းစွာ ပြောင်းသွားသည်ကို သူမအာရုံရသည်။ အရင်က ဒီလောက်မသန်မာသော်လည်း အခုတော့ ထူးဆန်းစွာ အန္တရာယ်များသလို ဖြစ်လာသည်။ အန္တရာယ်အငွေ့အသက်က သိပ်မများသော်လည်း လင်းချင်းသည် ရင်ဆိုင်ရခက်သူ ဖြစ်လာသည်။

လင်းချင်းကတော့ ဒီလိုဖြစ်စေမှန်းတောင် မသိပေ။ ဖြစ်နိုင်သည်မှာ ချူးလီလီသည် ဇွန်ဘီဘုရင်မလေးမလို့ လင်းချင်း၏ ဒီအပြောင်းအလဲကို သိနိုင်ခြင်းသာ။ အဆင့်ခြောက်အောက်က ဇွန်ဘီသာဆိုရင် သိနိုင်မှာ မဟုတ်ပေ။

လင်းချင်းသည် သူမ၏လက်နှစ်ဖက်ကို ပူးကပ်လိုက်သည့်အခါ စွမ်းအင်များက လက်ဝါးသို့ စုသွားသည်ကို ခံစားရသည်။ သူမသည် လက်များကို ဖြန့်လိုက်ကာ လက်သည်းများကို ထုတ်လိုက်သည်။ သူမ၏သတ္တူရောင်မည်းနက်နေသည့် လက်သည်းများသည် အခုတော့ ငွေရောင်ဖျော့ဖျော့ပြောင်းနေပြီ။

လင်းချင်း၏ လက်သည်းများကို မြင်သည့်အခါ ချူးလီလီသည် ရင်ထဲတွင် အေးစက်သွားကာ သူမရသည့် အန္တရာယ်က ပိုကြီးလာသလိုပင်။   “အာ ဂူးရူး!”   ‘မကြီးရဲ့ လက်သည်းတွေက အရမ်းအန္တရာယ်များတယ်လို့ ခံစားရတယ်!’   ချူးလီလီသည် လည်ချောင်းထဲမှ ထွက်လာသည့် ထူးဆန်းသည့်လေသံဖြင့် လင်းချင်းအား အမြန်ပြောသည်။

လင်းချင်းသည်လည်း သူမကိုယ်တိုင်ဒီလိုခံစားရသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမ၏အနောက်က တစ်ဝက်ပြိုနေသည့် နံရံကို လက်သည်းဖြင့် ဖြတ်သလို ပိုင်းလိုက်လေရာ လေထဲတွင် စူးရှသည့် အလင်းများက နံရံဆီသို့ ရောက်သွားသည်။ ဆူညံ့သည့်အသံများနှင့်အတူ ကျောက်တုံးများပြိုကျသွားသည်ကို ကြားရသည်။

လင်းချင်းရော ချူးလီလီရော နှစ်မီတာအကွာက နံရံသည် ဒီတိုင်းလက်ဝှေ့လိုက်ရုံဖြင့် အပိုင်းပိုင်းဖြစ်သွားသည်ကို တအံ့တသြကြည့်နေကြသည်။ အခုတော့ လင်းချင်းသည် ကန်ထဲတွင် အနာခံရခြင်းက တန်လွန်းသည်ဟု ခံစားနေရပြီ။ အရင်တုန်းက လက်သည်းမှထွက်သည့် လေဓားများသည် ဆယ်စင်တီမီတာလောက်သာ ရောက်နိုင်တာ ဖြစ်သည်။ သို့သော်လည်း အခုတော့ နှစ်မီတာအကွာကိုတောင်မှ ထိခိုက်အောင် လုပ်နေနိုင်ပြီ။ သူမသည် နှစ်မီတာအကွာက ရန်သူခေါင်းကို ဖြတ်နိုင်ပြီဟု ဆိုလိုခြင်းပင်။ ထို့အပြင် ဒီထက်မြက်ကာ သန်မာသည့် လက်သည်းများက သာမန်ဇွန်ဘီများကို အပိုင်းပိုင်းလုပ်ပစ်လို့ရသည်။

သူမသည် ခေါင်းမော့ပြီး အနံ့ခံကြည့်လိုက်သည့်အခါ သူမ၏အနံ့ခံအာရုံသည်လည်း အဝေးသို့ ရောက်နိုင်ကာ သူမသည် အနံ့မျိုးစုံကိုလည်း ခွဲနိုင်နေပြီ ဖြစ်သည်။ သူမ၏ စွမ်းရည်များသည်လည်း အရမ်းတိုးတက်လာပြီဟု ခံစားရသော်လည်း သူမသည် ဘယ်အဆင့်သို့ ရောက်နေပြီလဲဆိုသည်ကို မသိရပေ။ အဆင့်လေး ဇွန်ဘီဖြစ်နေပြီလား?

သူမသည် စာအုပ်ကိုထုတ်ကာ ရေးလိုက်သည်။   ‘ငါအခု ဘယ်အဆင့်မှာလဲ?’

ချူးလီလီသည် သူမအား နားမလည်စွာ ကြည့်သည်။ လင်းချင်း၏ မေးခွန်းကို သူမနားမလည်ခြင်းမှာ သူမသည် ဇွန်ဘီအဆင့်များနှင့် စွမ်းအင်အဆင့်များကို မသိသောကြောင့် ဖြစ်သည်။ သူမသည် လင်းချင်းပြောသလို မသိသောကြောင့် ခေါင်းခါလိုက်သည်။

လင်းချင်းသည်လည်း ခနတိတ်ဆိတ်သွားပြီးမှ အောက်ထပ်သို့ ဆင်းလာသည်။ သူမသည် လှေကားတစ်လျှောက်လုံး ကျော်ခွကာ ဆင်းလာသည်။ ဒီလိုအဆင့်ကျော်ခုန်ဆင်းနေခြင်းသည် အန္တရာယ်မရှိသလို ဖြစ်သည်။ ခုန်ပြီးနောက် ခြေထောက်ပြန်ချသည့်အခါ ပေါ့ပါးစွာဖြင့် တည်ငြိမ်စွာ ကျလာခြင်း ဖြစ်သည်။ အဆင့်မြင့်ဇွန်ဘီများသည် မျောက်တစ်ကောင်လို ပေါ့ပါးစွာ အမြင့်ကို ခုန်တက်လိုက် ဆင်းလိုက်လုပ်နေကြသည်မှာ မထူးဆန်းတော့ပေ။

လင်းချင်းသည် အောက်ထပ်အထိ ဒီလိုဆင်းသည့်အခါ အရင်က ခြေထောက်များ ထုံကျဉ်လာသည်။ နာကျင်မှုကို မခံစားရသော်လည်း ခြေထောက်များကို ကောင်းကောင်းမထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီများကို တစ်ခါတစ်လေ သူမအားကျမိတာ ဖြစ်သည်။ သူတို့လို အဆင့်တူသော်လည်း အချို့အကြောင်းများကြောင့် သူတို့လို သူမသည် မခုန်နိုင်သလို မသွက်ပေ။ သို့သော်လည်း ဒီတစ်ခေါက် လှေကားပေါ်မှ ခုန်ဆင်းနေခြင်းက ဘာမှမဖြစ်သလို ဖြစ်သည်။ ခြေထောက်များသည် မထုံကျဉ်ဘဲ ထိန်းချုပ်လို့ရနေသေးသည်။

သူမသည် အမြင့်မှခုန်ချလို့ရသည်ဟု ခံစားရသည်။ သူမ၏ခြေထောက်များသည် တစ်ခါခုန်ရုံနှင့် အဝေးကြီးလို့ ရောက်နိုင်နေသည်။ သူမသည် ယုန်တစ်ကောင်လို လှေကားအဆင့်များကို ပို၍ပို၍ ကျော်ခုန်လာသည်။ ထို့နောက် သူမသည် ဇွန်ဘီမ၏ လေမုန်တိုင်းကြောင့် ပေါက်နေသည့် နံရံမှ ခုန်ချလိုက်တော့သည်။ 

သူမသည် လေထဲတွင် ကျွမ်းပြန်ထိုးစရာတောင်မလိုဘဲ ခြေထောက်ဖြင့်သာ မြေပြင်ပေါ်သို့ ကျလာခြင်း ဖြစ်သည်။ သူမသည် သစ်ရွက်လေး မြေပြင်ပေါ်သို့ လေအလွင့်တွင် ကြွေကြလာသလိုမျိုး ခံစားရတာ ဖြစ်သည်။
‘ဒီလောက် ငါပေါ့လို့လား? အနည်းဆုံးတော့ လေးဆယ်ကီလိုဂရမ်လောက် ရှိမှာပါ။ ဒါပင်မယ့်လည်း ဘယ်လိုလုပ် သုံးလွှာကနေ သစ်ရွက်လို ပြုတ်ကျလာရတာလဲ? ငါဒီလိုတွေးမိသွားတာ ထူးဆန်းတယ်’

လင်းချင်း၏ လှုပ်ရှားမှုများသည် ပိုမြန်လာကာ သူမ၏ခြေထောက်မှာအားသည်လည်း  ပိုသန်လာသည်။ ထို့ကြောင့် ပိုပေါ့ပါးနေခြင်းပင်။ တိတိကျကျပြောရလျှင် သူမသည် ကြောင်တစ်ကောင်လို ဖြစ်သည်။ လင်းချင်းသည် မြေပြင်ပေါ်သို့ ရောက်သည့်အခါ ချူးလီလီသည် သူမ၏ဘေးက အုတ်ပုံပေါ်တွင် ရောက်နေသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူမကို ရပ်စောင့်နေသည်မှာ ကြာပုံရသည်။

ချူးလီလီတွင် လေစွမ်းအားရှိသော်လည်း ဘယ်လိုလုပ် ဒီအဆင့်အထိရောက်အောင် သူမမြှင့်ထားသလဲ လင်းချင်းမသိပေ။ သူမသည် စိတ်ဝင်စားသော်လည်း အခုက ဒီမေးခွန်းမေးဖို့ ကောင်းသည့်အချိန် မဟုတ်ပေ။ သူမ၏ မျက်နှာကို ကိုင်လိုက်ကာ သူမသည် အဆင့်မြင့်ဇွန်ဘီများ ပိုရှာဖို့လိုသေးသည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သာမန်လူသားလိုရုပ်မျိုးရအောင် မျက်နှာကိုပြင်ချင်တာကြောင့် ဖြစ်သည်။

ထို့နောက် သူမ၏ခြောက်သွေ့ကာ ကောက်ကွေးနေသည့် ဆံပင်များကို ဖိသပ်လိုက်ရင်း သူမဆံပင်ညှပ်သင့်သည်ဟု ခံစားရသည်။ သို့သော်လည်း သူမ၏ ဇွန်ဘီများစားခံရသဖြင့် ဘာမှမရှိပြားချပ်နေသည့် ရင်ဘတ်ကို ကိုင်လိုက်သည်။ ရင်ဘတ်ကပြားနေကာ ယောက်ျားဝတ်စုံများ ဝတ်ထားသည်။ လုထန်ယု၏အရပ်သည် ငါးပေရှစ်လက်မရှိလေရာ ဆံပင်သာညှပ်လိုက်ပါက လုံးဝယောက်ျားဟု ထင်ခံရတော့မည်။  
သူမသည် သက်ပြင်းခိုးချလိုက်သည်။ ရှုပ်ပွလိမ်ကောက်နေသည့် ဆံပင်များ၊ သရဲလိုမျက်နှာဖြစ်နေခြင်းထက် ယောက်ျားဟု ထင်ခံရသည်က ပိုကောင်းမည်။ ပိုကောင်းသည်မှာ သူမဆံပင်အတိုနဲ့သာဆိုရင် ဆံပင်အရှည်ကြီးကို နေ့တိုင်းလျှော်နေရသည့် ဒုက္ခကင်းမှာဖြစ်သည်။ 

သူမသည် ဆံပင်ညှပ်ချင်နေတာ ကြာပြီ။ အခုတော့ ဆုံးဖြတ်ချက်ချလိုက်ပြီ။ မျက်နှာကိုလည်း ဖုံးမထားတော့ပေ။ ဖုံးထားလျှင် ကလေးများက ပိုကြောက်မှာ ဖြစ်သည်။ ဒီလိုတွေးပြီးသည့်နောက် လင်းချင်းသည် ချူးလီလီ၏ပစ္စည်းများထဲတွင် ကပ်ကြေးရှိကြောင်း သတိရသွားသည်။ ချူးလီလီက ဘာဖြစ်လို့ ကပ်ကြေးလိုသလဲ မသိသော်လည်း အခုတော့ သူမငှားဖို့လိုသဖြင့် စာရေးပြလိုက်သည်။   ‘ကပ်ကြေးငှားပါဦး’

ထို့နောက် နယ်မြေထဲသို့ ဝင်သွားသည့်အခါ ချူးလီလီသည် နားမလည်တော့ပေ။   ‘ကပ်ကြေးက ဘာလုပ်ဖို့လဲ? ပြီးတော့လည်း ငါ့ပစ္စည်းတိုင်းက သူ့နယ်မြေထဲမှာလေ’   ချူးလီလီသည် မတွေးတက်တော့သဖြင့် လင်းချင်းပြန်ထွက်လာသည့်အထိသာ  စောင့်နေရတော့သည်။  
Previous Chapter 97 of 198 Next