၃၅။ အောင်မြင်တဲ့ ကယ်ဆယ်ရေး
‘နံရံရှေ့ကဇွန်ဘီခေါင်းဆောင်နဲ့ အဆောက်အဦးက ပျောက်သွားတယ်! မြက်ခင်းစိမ်းတွေနဲ့ ရေကန်က ဘယ်ကနေ ရောက်လာတာလဲ?’
သူဘာဖြစ်နေသလဲကို မသိခင်တွင် ဘေးကိုကြည့်လိုက်သည့်အခါ သူနှင့်သိပ်မဝေးသည့်နေရာတွင် ရပ်နေသည့် သဏ္ဍာန်တစ်ခုကို တွေ့လေသည်။‘ဇွန်ဘီလား?’
ရှဲ့တုန်းသည် ခနလောက်ပဲကြောင်သွားကာ ထိုဇွန်ဘီအား ပစ်လိုက်သည်။“ဘန်း”
ကျည်ဆန်က သူမဆီသို့ ပျံလာသည်ကို မြင်သည့်အခါ လင်းချင်းသည် လက်ကိုအေးဆေးဆန့်လိုက်ကာ ကျည်ဆန်ကို ဖမ်းလိုက်သည်။ သူမ၏အမြင်အရဆိုလျှင် ဒီကျည်ဆန်လာနှုန်းက အရမ်းနှေးလွန်းသည်။ ထို့ကြောင့် သူမသည် ကြည့်စရာကိုမလိုဘဲ ဖမ်းလိုက်နိုင်ခြင်း ဖြစ်သည်။ရှဲ့တုန်းသည် အံ့သြလွန်း၍ ဆွံ့အသွားချေပြီ။ ဒီဇွန်ဘီမက သူ့ကျည်ဆန်ကို တကယ်ကြီး လက်နဲ့ဖမ်းလိုက်သည်။ ဒီဇွန်ဘီမက အရမ်းအစွမ်းထက်မည်ဆိုသည်ကို သူသိသော်လည်း ဘယ်အဆင့်အထိ ရောက်နေသလဲ ဆိုသည်ကိုတော့ သူမပြောနိုင်ပေ။
လင်းချင်းက ကျည်ဆန်ကို လွယ်လွယ်လေး ဖမ်းလိုက်သည်ကို မြင်လိုက်သည့်အခါ သူ့ရင်သည် လေးလံသွားသည်။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ သီးသန့်နယ်မြေဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်သည်။
‘နေရာလွတ်အစွမ်းနဲ့ဇွန်ဘီ’
သူဒီအချက်ကို သေချာအောင် အတည်မပြုရသေးခင် ဇွန်ဘီမသည် သူ့အား မကြိုက်သည့်မျက်နှာထားဖြင့် ထိုကျည်ဆန်ဖြင့် ပြန်ပေါက်လိုက်သည်။ ထိုကျည်ဆန်သည် သူ့ခေါင်းကိုညင်သာစွာ ထိမှန်လာသည်။
‘ဟင်? ဒီဇွန်ဘီမရဲ့ မျက်လုံးထဲက အထင်သေးတဲ့အရိပ်က ဘာလဲ? ဘယ်ကတည်းက ဇွန်ဘီတွေကလည်း လူတွေလို အမူအယာရှိလာတာလဲ?’
ထို့နောက် ဇွန်ဘီမက သူ့အား လက်သဏ္ဍာန်တစ်ခုလုပ်ပြသည့်အခါ သူ့မှာထပ်ပြီး ကြောင်အရပြန်သည်။ ထိုဇွန်ဘီမ၏အမှုအယာသည် သူ့အား
‘တော်တော့! အခြေအနေက ပြောင်းသွားပြီ”
သူဒီဇွန်ဘီမပြောသည်ကို ဘယ်လိုနားလည်သလဲက အရေးကြီးတာ မဟုတ်ပေ။ အရေးကြီးသည် က ဒီဇွန်ဘီမ၏ လက်သဏ္ဍာန်သည် အထူးတပ်ဖွဲ့လေ့ကျင့်ရေးသင်တန်းများတွင် သင်ကြားပေးခဲ့သည့်အတိုင်း ဖြစ်နေခြင်းပင်။‘သာမန်စစ်သားတွေတောင် ဒါမျိုးကို တက်တာမှ မဟုတ်တာ။ ဒီဇွန်ဘီမက ဘယ်လိုလုပ်ပြီး သိနေတာလဲ? မသေခင်တုန်းက အထူးတပ်ဖွဲ့ကတပ်သားများလား? သေပြီးဇွန်ဘီဖြစ်လာတာတောင် မသေခင်က မှတ်ညဏ်တွေရှိနေသေးတာလား?’
သို့သော်လည်း ဒါကမဖြစ်နိုင်ပေ။ ရောဂါပိုးသည် ဦးနှောက်ကို အရင်ထိခြင်းဖြစ်သည်။ ထို့အတူ ဇွန်ဘီများ၏ဦးနှောက်သည် ပိုးကြောင့်ပျက်စီးသွားခြင်းကြောင့် ဇွန်ဘီဖြစ်လာခြင်း ဖြစ်သည်။ ဇွန်ဘီများသည် လူသားစားဖို့ကလွဲလျှင် အသိမရှိကြသည့် သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် အဆင့်မြင့်လာလျှင်တောင်မှ အရင်မှတ်ညဏ်များကို ပြန်မရနိုင်ပေ။လင်းချင်းကို သုံးသပ်နေစဉ်တွင် ကျောက်ခဲတစ်လုံးက သူ့ကိုယ်ကို လာမှန်လေသည်။ ထို့နောက် သဏ္ဍာန်သေးသေးလေးတစ်ခုသည် အနောက်မှနေ ပြေးထွက်လာကာ လင်းချင်း၏အရှေ့သို့ ပြေးတက်လာပြီး သူမ၏လက်များကိုဆန့်တန်းကာ ဒိုင်းသဖွယ် ကာပေးထားသည်။ ကလေးမလေးသည် ရှဲ့တုန်းအား ရန်လိုစွာဖြင့် စူးရဲစွာ စိုက်ကြည့်နေသည်။
‘ငါ့မျက်လုံးတွေက ကြောင်သွားတာလား? ဘာဖြစ်လို့ ခေါင်းဆောင်ဝူရဲ့ အဖိုးတန်သမီးလေးကို ဒီနေရာမှာ ငါမြင်နေရတာလဲ?’
ဝူယွဲ့လင်းလေးသည် ထူးဆန်းသည့် လူကြီးတစ်ယောက်က သူ့ဇွန်ဘီအမကြီးကို သေနတ်ဖြင့် ချိန်ထားသည်ကို မြင်လိုက်သည့်အခါ အရမ်းလန့်သွားခဲ့သည်။ ဒီသေနတ်ဆိုသည်က ဇွန်ဘီခေါင်းကို ဖောက်ပစ်နိုင်ကြောင်း သူမသိသည်။ ဒီဇွန်ဘီအမကြီး၏ခေါင်းကို သူမက အဖောက်မခံနိုင်ပါပေ။
“ညည်းက မဟုတ်. . .ဟုတ်ပါတယ် . . . ဒီကိုလာ! အာ. . .”
ရှဲ့တုန်း၏ မျက်လုံးတို့သည် စိတ်ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်သွားသည်။
ကလေးမ၏အနောက်တွင် လူသားစားအကောင်က ရပ်နေကြောင်းကို သူသိနေသည့်အခါ ဝူယွဲ့လင်းအား စိတ်ပူစွာဖြင့် သူခေါ်လိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးခင် ခံစားမှုတစ်ခုကြောင့် ဒူးထောက်ချလိုက်ရသည်။
လင်းချင်းအား သေနတ်ဖြင့် အားတင်းကာ ချိန်ထားရင်းဖြင့် ဝူယွဲ့လင်းအား
“ကလေး. . .ညည်း. . .ဒီကိုလာ. . .ဇွန်ဘီက. . .စားလိမ့်မယ်. . .”
ဒီဇွန်ဘီက အထူးတပ်ဖွဲ့လက်သဏ္ဍာန်ကို ဘယ်လိုတက်နေသလဲ သူ့မှာမစဉ်းစားနိုင်တော့ဘဲ ကလေးမလေးကိုသာ ဇွန်ဘီကနောက်မှစားဖို့ ထည့်ထားသလားဟု တွေးနေနိုင်သည်။
ရှဲ့တုန်း၏အမှုအယာပြောင်းသွားသည်ကို မြင်သည့်အခါ လင်းချင်း၏မျက်လုံးများသည် လက်သွားသည်။ ဇွန်ဘီပိုးကူးခံရပြီဖြစ်ကြောင်းကို သူမသိလိုက်သည်။ ဇွန်ဘီအုပ်ကြီးနှင့် တိုက်ခိုက်နေသည်ကို သူမမြင်ခဲ့သော်လည်း သွားကယ်ဖို့က နောက်ကျနေခဲ့သည်. သို့သော်လည်း သူမတွင် အခြားနည်းမရှိပေ။ သူမသည် ဒီတိုင်းသွားပြီး အဆင့်ငါးဇွန်ဘီခေါင်းဆောင်ဖြင့် တိုက်ခိုက်၍မရပေ။ သူမတွင် နိုင်မည့်ဖြစ်နိုင်ချေက မရှိပေ။
ထိုအချိန်တွင် သူမသည် စိတ်လှုပ်ရှားလာကာ ဇွန်ဘီခေါင်းဆောင်၏ အာရုံကို မဖမ်းစားမိဘဲ သူမသာ ကိုယ်ပျောက်စွာဖြင့် ရှဲ့တုန်းကို နယ်မြေထဲသို့ ခေါ်လာနိုင်လျှင်ကောင်းမည်ဟု တွေးနေမိသည်။ ထိုအခိုက်အတန့်တွင် သူမသည် ထူးခြားသည့်အခြေအနေ ဖြစ်သွားသည်။ သူမသည် မူးဝေးလာကာ အိပ်ပျော်မလိုဖြစ်သွားသည်။ သို့သော်လည်း ဝါးနေသည့်ပုံရိပ်များကို မြင်နေရသောကြောင့် အိပ်မက်မဟုတ်ဘဲ စိတ်အထင်သာဖြစ်သည်။
သူမခေါင်းပြန်ကြည်လာသည့်အခါတွင်တော့ သူမဆီသို့ ကျည်ဆန်တစ်ခုပျံလာသည်။ ကံကောင်းစွာဖြင့် သူမ၏အမြင်သည် သာမန်ဇွန်ဘီများထက် ကောင်းမွန်သောကြောင့် လမ်းကြောင်းကို သေချာမြင်နေရာကာ စိတ်ထဲတွင် သိပ်မမြန်သလို ခံစားရသည်။ ဘာဖြစ်နေလဲမသိခင်တွင် သူမသည် အလိုအလျောက်ကျည်ဆန်ကို လက်ဖြင့်ဖမ်းလိုက်သည်။
ခုနတုန်းက တိုက်ပွဲအခြေအနေကြောင့် ရှဲ့တုန်းသည် အထူးစစ်သားဖြစ်ကြောင်းကို သူမသိလိုက်သည်။ ထို့ကြောင့် ရပ်ဖို့အတွက် သူမလက်သဏ္ဍာန်ပြလိုက်သည်။ သို့သော်လည်း ဒီအချိန်မှာ ကလေးမလေးက ပြေးထွက်လာကာ သူမအားကာကွယ်ပေးလို့ နေသည်။
လင်းချင်းမှာ အနည်းငယ်အံ့သြသွားသည်။ ကလေးမလေးက သူမအား စိတ်ပူလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။ ကလေးမလေးက လူကောင်လေးကသေးသော်လည်း သတ္တိကတော့ မသေးပေ။ သူမကို မသေစေချင်သောကြောင့် အကြောက်အလန့်မရှိ ဒီလိုလာကာပေးနေသည်။ သူသေသွားမှာကို သူမကြောက်ဘူးလား?
လင်းချင်းသည် အနည်းငယ် ပိတိဖြာနေသည်။
‘အနည်းဆုံးတော့ ကလေးကတော့ ငါ့ကိုကာကွယ်ပေးနေတယ်! ဒီကလေးမလေးက ငါ့ကိုတကယ်ကြီး ကာကွယ်ပေးနေတာနော်! ဘယ်နားက သာမန်ကလေးက ဒီကောင်မလေးလို ဇွန်ဘီကို ကာကွယ်ပေးမှာတဲ့လဲ?’
လင်းချင်းသည် ကလေးမလေး၏ လက်သေးသေးများကို ဖယ်လိုက်ကာ သူမအရှေ့သို့ ထွက်လာပြီး ကလေးမလေးကို သူမပြန်ကာထားလိုက်သည်။ ရှဲ့တုန်းက ဇွန်ဘီဖြစ်တော့မည်ဆိုသည်ကို သူမသေချာသိနေသည်။“ဟင်း. . .ဟင်? အား!!!”
ရှဲ့တုန်း၏ ဦးနှောက်သည် အလွန်တရာနာကျင်လာသဖြင့် ဝူယွဲလင်း၏ လုံခြုံရေးကို မတွေးအားတော့ပေ။ ထိုနာကျင်မှုက သူ့အားခါးကုန်းကျသွားစေသည်။ လက်ထဲမှ ရိုင်ဖယ်သည်လည်း ပြုတ်ကျသွားသည်။ စစ်သားဟောင်းတစ်ယောက်အနေဖြင့် ရိုင်ဖယ်သည် သူ့အသက်ဖြစ်သည်။ အခုတော့ သေနတ်သည် မြေပြင်တွင် အမေ့ခံနေရကာ ရှဲ့တုန်းသည် နာကျင်လွန်း၍ အသိစိတ်က မကပ်နိုင် ဖြစ်နေပြီ။
သူသည် ခေါင်းကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားကာ လူကကွေးလို့နေသည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားကာ တစ်ကိုယ်လုံးကို ကွေးကောက်ထားသည့်တိုင်အောင် တုန်ရီလို့နေသည်။