၃၄။ အဆင့်ငါးဇွန်ဘီများ
ဒီလူသား၏ အမြူတေကိုရော အရသာရှိသည့် အသွေးအသားကိုရော သူစားချင်နေတာ ဖြစ်သည်။ ဒီလူသားအဖွဲ့ကို ဒီနေရာသို့ရောက်အောင် အရင်ရက်တွေတည်းက သူမြှားခေါ်လာခြင်း ဖြစ်သည်။ အရင်နေ့က ဒီအကွက်ထဲကို ကျလာမှာဖြစ်သော်လည်း လူသားစစ်တပ်ကြီးက ရုတ်တရပ်ပေါ်လာခဲ့သည်။ ထိုစစ်တပ်ထဲမှ အချို့သဘာဝစွမ်းအားရှင်များသည် သူ့ထက်တောင် သန်မာနေသောကြောင့် မလှုပ်ရှားရဲသေးကာ အခုမှလှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ ကံကောင်းသည်က ဒီအဖွဲ့ထဲက လူသားနှစ်ယောက်သည် မသိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရှဲ့တုန်းသည် ဒီဇွန်ဘီအုပ်ကြီးထဲမှ ဘယ်လိုဖောက်ထွက်ရမလဲကို တိုက်ခိုက်ရင်း တွေးနေသည်။ သူအခု ဘာလုပ်ရမလဲ မသိတော့ပေ။ သူထွက်နိုင်ရင်တောင်မှ အသိညဏ်ရှိဇွန်ဘီများနှင့် ရင်ဆိုင်ရဦးမည်။ အကယ်၍ အသိညဏ်ရှိဇွန်ဘီများကို နှိမ်နှင်းနိုင်ရင်တောင်မှ သူ့တွင်ရင်ဆိုင်စရာ ဇွန်ဘီခေါင်းဆောင် ရှိသေးပြန်သည်။‘ဒီဇွန်ဘီတွေရဲ့ သေလောက်အောင်တိုက်နေတာတွေကို ဘယ်လိုလွတ်အောင် လုပ်ရမှာလဲ?’
သူ့တွင် မီးစွမ်းအားသာရှိသော်လည်း သူမသည် မပျံနိုင်သလို မြေထဲသို့လည်း ပြေးပုန်း၍မရပေ။ သူ့၏စွမ်းအားများသည်လည်း ကုန်လုနီးပါးဖြစ်နေသောကြောင့် တိုက်ခိုက်ရေးစနစ်များကိုသာ သုံးရတော့မည်။ ထို့ကြောင့် အသိညဏ်ရှိဇွန်ဘီများကို ထိုးရုံကန်ရုံဖြင့် တိုက်ခိုက်၍မရပေ။ ထို့အတူ ဇွန်ဘီခေါင်းဆောင်၏ စွမ်းအားနှင့် သူ့၏အခြားဇွန်ဘီများကို အမိန့်ပေးနိုင်ခြင်းတို့ကြောင့် သူသည် စွမ်းအားမဲ့ ဖြစ်သွားလေပြီ။ထိုအချိန်တွင် ဇွန်ဘီခေါင်းဆောင်သည် စောင့်ရသည်ကို စိတ်ကုန်သွားပုံရကာ သူ့ဘေးက အသိညဏ်ရှိဇွန်ဘီနှစ်ကောင်ကို မာန်ဖီလိုက်သည်။
“ဂါး!”
ထိုအသံကိုကြားသည်နှင့် ရှဲ့တုန်းဆီသို့ အမြန်ပြေးလာကာ တိုက်ခိုက်လာကြသည်။ သူတို့သည် ဇွန်ဘီအုပ်ကြီးကို ဖြတ်လာရာတွင် အလွန်လျှင်မြန်ကာ သွက်လက်ကြသည်။ သူတို့သည် ဇွန်ဘီခေါင်းများပေါ်ကို တက်နင်းကာ ရှဲ့တုန်းဆီသို့ လာကြခြင်းဖြစ်သည်။ဒီနှစ်ကောင်၏ လှုပ်ရှားမှုကို မြင်သည့်အခါ ရှဲ့တုန်းသည် လန့်သွားသည်။ ဇွန်ဘီခေါင်းဆောင်သည် စောင့်ချင်ပုံမရတော့ပေ။
အသိညဏ်ရှိဇွန်ဘီနှစ်ကောင်သည် ရှဲ့တုန်း၏ မီးကိုကြောက်ပုံရကာ ကာကွယ်လို့နေသည်။ သို့သော်လည်း သူတို့သည် မီးလုံးများကို သွက်လက်စွာ ရှောင်ရှားနေစဉ်တွင် ရှဲ့တုန်းအနားသို့ ကပ်လာသည်။ သူတို့၏ လက်သည်းများဖြင့် ရှဲ့တုန်း၏ကိုယ်ကို ကာကွယ်ထားသော မီးအလွှာကို ကုတ်ဖြဲနေသည်။
ရှဲ့တုန်း၏ကိုယ်ကို ကာကွယ်ထားသည့် မီးအလွှာသည် သူကမီးလုံးများကို ပစ်နေသောကြောင့် တဖြည်းဖြည်းအားနည်းလာသည်။ ထို့အတူ ဒီအသိညဏ်ရှိဇွန်ဘီနှစ်ကောင်၏ ကုတ်ဖဲ့မှုတို့ကြောင့် မီးအလွှာသည် အလွယ်လေး ငြိမ်းတော့မလို ဖြစ်လာသည်။
သို့သော်လည်း ဇွန်ဘီခေါင်းဆောင်သည် မလုံလောက်သေးဘူးဟု ခံစားရသည်။ ထို့ကြောင့် လက်သည်းများကိုထုတ်ပြီး ရှဲ့တုန်းရှိရာကို ဦးတည်ကာ ကုတ်ခြစ်လိုက်သည်။ ဒီနေရာတစ်ဝိုက်တွင် အေးစက်မှုတို့က ဖြစ်ပေါ်လာကာ ကောင်းကင်ပေါ်ကနေ မိုးသီးများက ရှဲ့တုန်း၏ ကိုယ်ပေါ်သို့ ကျဆင်းလာတော့သည်။
ထိုမိုးသီးများသည် ရှဲ့တုန်း၏ မီးအလွှာကို ငြိမ်းသွားစေကာ တစ်ချိန်တည်းတွင် သူ့ကိုအားနည်းလာစေသည်။ ပတ်ဝန်းကျင်အပူချိန်သည် ကျလာခြင်းသည် ရှဲ့တုန်း၏မီးများကို မထွက်အောင် လုပ်နေခြင်းပင်။
“ဖူး!!!”
ရှဲ့တုန်းသည် သူ့ရင်ဘတ်ပေါ်တွင် ပြင်းထန်သည့်ဖိအားကို ခံစားရကာ ပါးစပ်ထဲမှ သွေးများကို အန်ထုတ်လိုက်မိသည်။ သို့သော်လည်း ဒါမတိုင်ခင်တွင် အသိညဏ်ရှိဇွန်ဘီနှစ်ကောင်က သူ့အား ကုတ်ဖဲ့ဖို့ ပြင်နေပြီဖြစ်သည်။
အနားတွင် အဆောက်အဦးတစ်ခုရှိကာ ထိုအရာသည် စူပါမားကတ်တစ်ခု ဖြစ်ခဲ့ပုံပေါ်သည်။ ထိုစူပါမားကတ်သည် ခနပုန်းခိုရန် ဂိုထောင်လို အသုံးပြု၍ရသည်။ သူသည် ဇွန်ဘီတွေ၏ အစာအဖြစ် အသေမခံနိုင်သလို အဆင့်ငါးဇွန်ဘီက သူ့အမြူတေကို ထုတ်ယူကာ သူ့စွမ်းအားအဖြစ် စုပ်ယူမည်ကိုလည်း လက်မခံနိုင်ပေ။
သူပြေးနေစဉ်တွင် ရှဲ့တုန်းသည် အဆင့်ငါးဇွန်ဘီခေါင်းဆောင်၏ လှုပ်ရှားမှုများကို သေချာအကဲခတ်သွားသည်။ သူတို့၏ပစ်မှတ်ကို လွဲချော်သွားသည့်အခါ အသိညဏ်ရှိ ဇွန်ဘီနှစ်ကောင်သည် အလွန်မြန်သည့်အလျင်ဖြင့် သူ့နောက်သို့ အပြေးလိုက်လာကြသည်။
သူ့အနောက်သို့ နှစ်ကောင်လိုက်လာသည့်အခါ ရှဲ့တုန်းသည် မီးလုံးများကို ပစ်လွှတ်ကာ သူတို့ကိုလည်း တိုက်ခိုက်ရသေးသည်။ ထို့နောက်တွင်တော့ သူ့နောက်မှကျောပိုးအိတ်ထဲတွင် တစ်ချိန်လုံးထည့်ထားသည့် ရိုင်ဖယ်သေနတ်ကို ထုတ်ကာ ဒီနှစ်ကောင်ကို ပစ်တော့သည်။
“ဘန်း! ဘန်း! ဘန်း!”
သူသည် ရိုင်ဖယ်ဖြင့် အနားမှ ဇွန်ဘီများကိုလည်း မွေ့ယမ်းကာ ပစ်သေးသည်။ တိကျကာ ပြင်းထန်သည့် ကျည်ဆန်များသည် ဇွန်ဘီတို့၏ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ အသိညဏ်ရှိဇွန်ဘီများကတော့ သူတို့ကိုမီးလုံးများ ထိမှန်ထားသဖြင့် ခနတန့်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ရှဲ့တုန်းသည် သူတို့၏ခေါင်းထဲသို့ ကျည်ဆန်များ ပစ်ထည့်ပေးလိုက်သည်။
အဆင့်ငါးဇွန်ဘီသည် သူ့၏ဇွန်ဘီတပ်သားများနှင့် သူ့၏နောက်လိုက်နှစ်ကောင် သေသွားသည်ကို မြင်မှသာ နောက်ဆုံးတော့ လှုပ်ရှားလာသည်။ သူ့လှုပ်ရှားမှုကို မြင်သည့်အခါ ရှဲ့တုန်းသည် နှစ်ချက်လောက် ဆင့်ပစ်လိုက်ကာ အနားက အဆောက်ဦးထဲသို့ အမြန်ပြေးဝင်သည်။
အဆင့်ငါးဇွန်ဘီ၏ အမြန်နှုန်းသည် လူ့မျက်လုံးဖြင့် တိုင်းတာ၍မရနိုင်ပေ။ ထို့ကြောင့် ရှဲ့တုန်း၏နှစ်ချက်ပစ်လိုက်ခြင်းသည် ဘယ်လိုလုပ်ထိမှန်နိုင်မည်နည်း။ ထိုဇွန်ဘီသည် ရှဲ့တုန်းပြေးနေသည့် အဆောက်အဦးရှေ့သို့ လေလိုမြန်သည့် အလျင်ဖြင့် အရိပ်လို ရောက်လာသည်။
ရှဲ့တုန်းသည် အဆောက်အဦးထဲသို့ ဝင်ဖို့လိုက်သော်လည်း ဇွန်ဘီ၏အလျင်ကို မျက်လုံးဖြင့်မြင်နိုင်ဖို့တော့ နောက်ကျသွားကြသည်။ ထို့ကြောင့် သူ့ကိုသေအောင်ခုန်အုပ်၍ ရသော်လည်း မခုန်အုပ်သေးဘဲ ကြွက်ကိုကစားပြီးမှ သတ်မည့်ကြောင်တစ်ကောင်လို လမ်းကိုသာပိတ်ထားသည်။
သူ့လမ်းပိတ်ခံရပြီကို မြင်သည့်အခါ ရှဲ့တုန်းသည် တည်ငြိမ်ဆဲဖြစ်ကာ သေနတ်ဖြင့် ဇွန်ဘီခေါင်းဆောင်ကို ပစ်လေသည်။ သို့သော်လည်း သူ့ပစ်ချက်တိုင်းကို ပင်ကူတစ်ကောင်သဖွယ် ရှောင်သွားသည်။ ကျည်ဆန်ကို မကြောက်သည်မှာ သိသာလှသည်။
တိုက်ပွဲဖြစ်နေစဉ်တွင် နှစ်ဖက်လုံးမှာ သူတို့အနားသို့ ဖောက်ထွင်းမြင်နေရသည့် သဏ္ဍာန်တစ်ခုက ရောက်လာသည်ကို သတိမထားမိလိုက်ကြပေ။ ထိုသဏ္ဍာန်သည် ရှဲ့တုန်းအနားသို့ အမြန်ပြေးလာကာ သူ့လက်မောင်းကို ကိုင်လိုက်ပြီးသည့်နောက်တွင် ထိုနေရာမှ ရှဲ့တုန်းသည် ပျောက်ကွယ်သွားတော့သည်။
ဇွန်ဘီခေါင်းဆောင်သည် ရပ်တန့်သွားကာ သူ့မျက်နှာအမူအယာသည် တောင့်ခဲ့သွားသည်။ မျက်တောင်တစ်ခတ်အတွင်းတွင် ဘာဖြစ်သလဲ သိသွားသည့်အခါ စိတ်ရှုပ်သွားပြီးနောက် ပါးစပ်ကြီးကိုဟကာ ဒေါသတကြီးအော်တော့သည်။
“ဂါး!!!!!”
ရှဲ့တုန်းပျောက်ကွယ်သွားသည့်နေရာကို စက်ဝိုင်းသဖွယ်ပတ်ရင်း ထိုးနှက်သော်လည်း သူ့တည်ရှိမှုသည် ပျောက်ဆုံးသွားလေပြီ။ ရှဲ့တုန်း၏ ကျန်ခဲ့သည့်အနံ့ကလွဲလျှင် လူကပျောက်ဆုံးသွားလေပြီ။
“ဂါး! ဂါး! ဂါး!”ဇွန်ဘီခေါင်းဆောင်သည် သူ့ပါးစပ်ထဲရောက်မည့် အသားက ပျောက်သွားသည်ကို စိတ်တောင်မကူးမိပေ။ သူသည် ဒေါသတကြီး ခုန်ပေါက်နေမိပြီး နံရံဖြင့် သူ့ခေါင်းကိုသူ ဝင်ဆောင့်လိုက်သည့်အခါ နံရံတွင် အပေါက်ကြီး ဖြစ်သွားသည်။
သူ့ဒေါသနှင့်အတူ စွမ်းအားများကပါ မြင့်တက်လာကာ အပူချိန်သည် ချက်ချင်းထိုးကျသွားသည်။ ရလဒ်အနေဖြင့် မြေပြင်တွင် ရေခဲအလွှာပါးပါးတောင် ဖြစ်တည်လာတော့သည်။ ဒီဇွန်ဘီကသာ လူသားဖြစ်မည်ဆိုလျှင် ဒီလိုကျိန်ဆဲနေလောက်သည်။‘သေစမ်းကွာ! ငါ့အသားဘယ်ရောက်သွားလဲ? ဘယ်ကောင်က ငါ့အသားကို ခိုးသွားတာလဲကွ!’
သို့သော်လည်း လူသားလို မပြောနိုင်သည့်အခါ သူ့အသိစိတ်က ရပ်တန့်သွားကာ အသိညဏ်က ဖြစ်သွားခြင်းကို သေချာနားမလည်နိုင်ပေ။“ဂါး! ဂါး! ဂါး!”
အချိန်ခနလောက် ပေါက်ကွဲပြီးသည့်အခါ ဇွန်ဘီခေါင်းဆောင်သည် နောက်ဆုံးတော့ တည်ငြိမ်သွားသည်။ သို့သော်လည်း ဒေါသထွက်ကာ စိတ်ရှုပ်နေသည့် အသံဖြင့် လည်ချောင်းကွဲမတက် အော်ဟစ်နေခြင်းကတော့ ရပ်တန့်မသွားပေ။လူသားသည် လေထဲသို့ ဘယ်လိုလုပ်ပျောက်သွားသလဲကို သူနားမလည်နိုင်ပေ။
‘အချိန်အကြာကြီး ပြေးလွှားနေတည်းက သူ့မှာနေရာလွတ်စွမ်းအင် မရှိလို့ပဲ။ တကယ်လို့ ရှိပါက သူသုံးမှာမလား? ဘာဖြစ်လို့ အခုအထိ စောင့်နေမှာလား? ဒါကိုတောင်မှ ရုတ်တရတ်ကြီး ပျောက်သွားတယ်လား!!!’