၃၀။ စတော်ဘယ်ရီသီး လာစားပါဦး
လင်းချင်းသည် စတော်ဘယ်ရီသီးများကို ဆေးပြီးသည့်အခါ ထည့်စရာမရှိကြောင်းကို သတိရသွားသဖြင့် ခနတန့်သွားသည်။ ထို့နောက် စတော်ဘယ်ရီအရွက်များက အရမ်းကြီးနေကြောင်းကို သတိရသည့်အခါ သူမသည် စတော်ဘယ်ရီသီးထည့်ဖို့ သွားခူးရန် တွေးမိသွားသည်။
ဒီအတွေးနှင့်အတူ သူမသည် စတော်ဘယ်ရီသီးများကို မြေပြင်တွင် ညင်သာစွာ ချပြီးနောက် နယ်မြေအပြင်သို့ ထွက်လာသည်။ သူမသည် အပြင်သို့ရောက်သည်နှင့် အရွက်အကြီးကြီးများကို ခူးလိုက်သည်။ ထို့နောက် ပြန်ဝင်လာကာ ကန်ရေဖြင့်ဆေးသည်။ ပြီးနောက် စတော်ဘယ်ရီသီးများကို ထပ်ဆေးကာ အရွက်များဖြင့် ပတ်လိုက်သည်။
စတော်ဘယ်ရီသီးများကို အနံ့ခံကြည့်သည့်အခါ အနံ့ဆိုးသည် ပျောက်သွားပြီ ဖြစ်သည်။ လင်းချင်းသည် ထလာကာ ဝူယွဲ့လင်းအား သူမလက်ပြလိုက်သည်။ ဝူယွဲ့လင်း၏မျက်လုံးများသည် ဇွန်ဘီအမကြီးက သူမအား လက်ပြလာသည့်အခါ စိတ်ရှုပ်မှုဖြင့် ပြည့်နှက်သွားသည်။ သူမသည် လင်းချင်းရှိရာသို့ မသွားဘဲ နှာခေါင်းကိုပိတ်ထားရင်းဖြင့် သူမနေမြဲနေရာတွင်သာ ဆက်ရပ်နေသည်။
ဝူယွဲ့လင်းက သူမဆီသို့ မလာချင်သည့်အချိန်တွင် လင်းချင်း၏နားရွက်သည် အသံသေးသေးလေးတစ်ခုကို ကြားမိ၍ လှုပ်သွားသည်။ သူမ၏ခေါင်းကိုလှည့်ကြည့်သည့်အခါ မြက်ခင်းထဲတွင် မီးခိုးရောင်အလုံးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုအရာလေးသည် မြက်ခင်းထဲမှနေ သူမ၏ ခြေထောက်နားမှ စတော်ဘယ်ရီသီးများကို ကြည့်နေသည်။
လင်းချင်းက နောက်ဆုတ်ကြည့်လိုက်သည်။ အံ့သြဖို့ကောင်းစွာ ယုန်၏မျက်လုံးများသည် စတော်ဘယ်ရီသီးကိုကြည့်ရင်း တောက်ပနေသည်။ ယုန်ကလာစားချင်ပုံရသော်လည်း မလာရဲနေသည့်ပုံဖြစ်သည်။
ယုန်၏ပုံစံသည် ဝူယွဲ့လင်းလိုပင်။
‘သူတို့က တစ်ပုံစံထဲပဲ’
လင်းချင်းသည် စိတ်ထဲက ရေရွတ်မိသည်။
လင်းချင်းကတော့ ရပ်ကြည့်ဆဲပင်။ သူမထင်သလိုပင် စက္ကန့်အနည်းငယ်ကြာသည့်အခါ ယုန်သည် မြက်ခင်းထဲမှ ခေါင်းပြူထွက်လာသည်။ ဟိုဟိုဒီဒီကြည့်ပြီးနောက် အန္တရာယ်မရှိကြောင်း တွေ့သည့်အခါ စတော်ဘယ်ရီသီးအနားသို့ ခုန်လာသည်။ ထို့နောက် ရှေ့ခြေများဖြင့် အသီးကိုယူလိုက်ပြီးနောက် မြက်ခင်းထဲသို့ ပြန်ခုန်ဝင်သွားတော့သည်။
အစတုန်းက စတော်ဘယ်ရီသီးမစားချင်သည့် ယုန်သည် လင်းချင်းက အတင်းကျွေးခဲ့ရသော်လည်း အခုတော့ စတော်ဘယ်ရီသီးကို လာခိုးယူသွားသလိုပင်။ လင်းချင်းသည် ယုန်က စတော်ဘယ်ရီသီးယူပြေးသွားသည်ကို စိတ်ရှုပ်စွာ ကြည့်ပြီးနောက် ဝူယွဲ့လင်းဘက်သို့လှည့်ကာ လက်ပြလိုက်သည်။
‘ဒီကိုလာ’
ဝူယွဲ့လင်း၏ မျက်လုံးတောက်တောက်လေးများကိုကြည့်ကာ သူမသည် ကလေးမလေးအား စိတ်ထဲက ပြောလိုက်သည်။ သူမ၏ အတွေးများကို ပို့ရသလား သူမမသိသော်လည်း အကြည့်ချင်းတော့ စုံအောင် ကြည့်လိုက်သည်။
‘ဒါက. . .ငါအတွေးနဲ့ပြောလိုက်တာကို သူကြားသွားတာလား?’
လင်းချင်းသည် မသေချာသည့် အတွေးများဖြင့် တွေဝေသွားသည်။
သူမသည် စတော်ဘယ်ရီသီးကို ကောက်လိုက်ကာ အနံ့ခံကြည့်သည်။ ထို့နောက် ဝူယွဲ့လင်းကို ကြည့်လိုက်ကာ လက်ပြရင်း စိတ်ထဲကနေ စကားအချို့ပို့လိုက်သည်။‘ဒီကိုလာ။ စတော်ဘယ်ရီသီးက ဆေးပြီးသား။ မနံတော့ဘူး’
သူမပြောပြီးသည့်အခါ ဝူယွဲ့လင်း၏တုန့်ပြန်မှုကို သူမသည် စောင့်လိုက်သည်။ ကလေးမလေးက ခေါင်းခါပြသည်က သူမ၏အတွေးပို့လိုက်သည်ကို ကြားရ၍လား အပြုအမှုကိုဖတ်တက်သည့်အထိ အကင်းပါးနေခြင်းလား သူမမသဲကွဲပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမတွင် ဆက်သွယ်စရာနည်းရှိလာပြီပဲ ဖြစ်သည်။
သူမထင်သလိုပင် ဝူယွဲ့လင်းသည် သူမ၏အတွေးများပို့ပြီးသည့်အခါ လှုပ်လာသည်။ သူမ၏နှာခေါင်းကိုပိတ်ထားသည့် လက်လေးများကို ဖယ်လိုက်ကာ စတော်ဘယ်ရီသီးကို အနံ့ခံကြည့်လာသည်။ တကယ်မနံကြောင်းသိသွားသည့်အခါ သူမ၏လက်များကို ဖြေချလိုက်တော့သည်။ သို့သော်လည်း လင်းချင်းအနားကိုတော့ မလာပေ။‘တကယ်မနံဘူးလား? ငါ့ကိုလိမ်နေတာလား? စတော်ဘယ်ရီသီးတွေက အဆိပ်ရှိတယ်မလား? စားလိုက်ရင် သေသွားမှာလား? ဒါပင်မယ့် အရင်တစ်ခါက ယုန်ကစားပင်မယ့် မသေဘူး’
ထိုအတွေးများသည် သူမ၏ခေါင်းထဲတွင် ရှုပ်နေကာ လင်းချင်းအား ဇဝေဇဝါဖြင့် ကြည့်လာသည်။
လင်းချင်းက သူမ၏အတွေးများကို အာရုံရသည်။ ရပ်နေမည့်အစား သူမသည် ထိုင်ချလိုက်သည်။ ထို့နောက် စတော်ဘယ်ရီသီးကို အနံ့ခံကြည့်လိုက်သည့်အခါ ချိုမွှေးနေသည့် အနံ့ကို ရလေသည်။ ယုန်က ခပ်မြန်မြန်ရောက်လာသည်က မထူးဆန်းတော့ပေ။ ဒီအနံ့ကလည်း ပြင်းလွန်းသည်။သို့သော်လည်း ဒီချိုမွှေးနေသည့် အနံ့က လင်းချင်းအတွက်တော့ ဆွဲဆောင်မှုသိပ်မရှိသဖြင့် စားချင်စိတ်က ပေါ်မလာပေ။ ဝူယွဲ့လင်းကတော့ တစ်ချိန်လုံး သွားရည်မကျအောင် ထိန်းနေရတာ ဖြစ်သည်။
ဝူယွဲ့လင်းအား လာရန် လက်ထပြလိုက်သည်။ ဝူယွဲ့လင်းက နောက်ဆုံးတော့ အနားကိုလာတော့မှ လင်းချင်းသည် သူမလက်ထဲက စတော်ဘယ်ရီသီးကို လက်ညိုးထိုးပြကာ တစ်လုံးကို သူမယူလိုက်ပြီး ကိုက်စားပြလိုက်သည်။
စတော်ဘယ်ရီသီးသည် နူးညံ့ကာ ချောမွေ့နေသော်လည်း လင်းချင်းကတော့ အရသာကို မခံစားရပေ။ အပြင်အခွံအရြေင်နှင့်မတူစွာ စတော်ဘယ်ရီသီး၏အသားသည်တော့ ပန်းရောင်ဖြစ်သည်။ လင်းချင်းက စားပြီးသည့်အခါ သူမ၏လက်ကိုဖွင့်ပေးကာ ဝူယွဲ့လင်းအား ယူစေသည်။
ဝူယွဲ့လင်းသည် သူမကို အခုတော့ အနည်းငယ်ယုံကြည်နေပြီ။ သူမအနားသို့ ဖြည်းဖြည်းချင်းလျှောက်လာသည့်အခါ သူမအရင်ကရခဲ့သည့် အနံ့ဆိုးက လုံးဝပျောက်သွားကြောင်းကို ကလေးမလေးက သိလိုက်သည်။ လင်းချင်းအနားသို့ ကပ်လာလေလေ အနံ့ဆိုးကို ထပ်ရသည်ဟု၍ မရှိသည်ဖြစ်သည်။
လင်းချင်းသည် သူမအား လှပသည့် စတော်ဘယ်ရီသီးအကြီးကြီးအား ကမ်းပေးလိုက်သည်။ စတော်ဘယ်ရီသီးသည် ရေဆေးထားသဖြင့် ရေစက်များတွဲခိုနေသောကြောင့် စားချင်စဖွယ်ဖြစ်သည်။
‘စားပါ။ အဆိပ်မရှိဘူး’
လင်းချင်းသည် ဝူယွဲ့လင်း၏ မျက်လုံးထဲသို့ကြည့်ကာ စိတ်ထဲက ပြောလိုက်သည်။ သူမသည် ဝူယွဲ့လင်းက သူမပြောသည်ကို နားမလည်မှာ စိုးရိမ်သဖြင့် စတော်ဘယ်ရီသီးကို လက်ညိုးထိုးပြကာ လည်ပင်းကို လက်ဖြင့်ဖြတ်သလို လုပ်ပြပြီးနောက် မျက်လုံးကိုမှိတ် ခေါင်းကိုမော့ကာ လျှာထုတ်လိုက်သည်။ ထို့နောက်မှ လက်ခါပြလိုက်သည်။
သို့သော်လည်း ကလေးမလေးမှာတော့ သူမ၏အပြုအမှုကြောင့် စိတ်ရှုပ်သွားရသည်။ ခုနတုန်းက ဝူယွဲ့လင်းသည် သူမပြောချင်သည်ကို နားလည်သော်လည်း အခုသူမ၏ ကြောက်စရာအမူအယာများကို တွေ့လိုက်ရသည့်အခါ ဘယ်လိုတုန့်ပြန်ရမလဲ ကလေးမလေးမှာ မသိတော့ပေ။လင်းချင်းသည် ကလေးမလေး၏ ဘာအတွေးမှမရှိသည့် မျက်နှာကိုကြည့်လိုက်သည်။ ကလေးမလေးက သူမအား အရူးမကြီးလို ထင်သွားသောကြောင့် ငြိမ်ငြိမ်ပဲနေပုံရသည်။
‘ငါကလေးပေါက်စလေးဆီမှာ အထင်သေးခံလိုက်ရပြီမလား?’
လင်းချင်း၏ ကြောင်တောင်တောင် အမှုအယာများကို ကြည့်ပြီးသည့်နောက် ခနကြာမှ ဝူယွဲ့လင်းသည် သူမကို လင်းချင်းကမ်းပေးထားသည့် စတော်ဘယ်ရီသီးကို ယူလိုက်သည်။ ထို့နောက် သေချာအောင် နမ်းကြည့်သေးသည်။ သူမသည် အနံ့ဆိုးအစား ချိုမွှေးသည်ကို ရသည့်အခါ ဖြစ်ကြည့်လိုက်သည်။ အနည်းငယ် ပျော့ပြောင်းနေသည်ကိုလည်း သူမသိလိုက်ရသည်။လင်းချင်းသည် အသီးကို လက်ညိုးထိုးပြကာ ပါးစပ်ကိုထပ်ထိုးပြသည်။ သူမပြောချင်သည်က ဝူယွဲ့လင်းကို စားကြည့်ဖို့ ပြောနေခြင်းသာ။ သို့သော်လည်း ကလေးမလေးက သူမကိုတွေဝေစွာ ကြည့်နေကာ သံသယဝင်နေသေးသည်။
အဆိပ်ရှိမှာစိုးသဖြင့် မစားရဲခြင်းဖြစ်သည်။ သို့သော်လည်း စတော်ဘယ်ရီသီးအနံ့က အခုတော့ အရသာရှိနေပြီဖြစ်သည်။
‘အနံကချိုတော့ စားကြည့်ရင်ရော ချိုမှာလား?’
‘ရပါတယ်။ ယုန်ကမသေဘူး’
နောက်ဆုံးတွင်တော့ ဝူယွဲ့လင်းသည် စတော်ဘယ်ရီသီး၏ မွှေးနေမှုကို သည်းမခံနိုင်တော့ဘဲ ပါးစပ်ဟကာ သေးသေးလေး ကိုက်ကြည့်သည်။ သူမသည် လင်းချင်းကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ချိုမြိန်ကာ ခပ်ချဉ်ချဉ်လေးပါသည့် အရသာက သူမ၏လျှာထိပ်ကနေ ပျံ့နှံ့သွားသည့်အခါ မျက်လုံးများသည် တောက်ပသွားသည်။ ထို့နောက် အဆိပ်ရှိသလား မရှိသလား ပူမနေနိုင်တော့ဘဲ သဘောကျနေသည့် ရုပ်လေးဖြင့် အကြီးကြီးကိုက်ကာ စားတော့သည်။ သူမသည် စတော်ဘယ်ရီသီးကို ဝါးစားနေသည်။ သူမသည် ဗိုက်ဟောင်းလောင်းဖြင့် အဆာငတ်နေသည်ကတော့ အလွန်ကြာနေခဲ့တာ ဖြစ်သောကြောင့်ပင်။