May Honey Logo May Honey
Previous Next

၂၁။ ကမ္ဘာပျက်ကပ်ခေတ်၏ လက်ရှိအခြေအနေ

သူမမသိခဲ့သည်က သူမသတ်ခဲ့သည့် အသိညဏ်ရှိဇွန်ဘီကို လိုက်သတ်နေသည့်သူများ ရှိသည်ကိုပင်။ သူမသည် သူများ၏သားကောင်ကို လုလိုက်မိခြင်းကိုလည်း မသိပေ။ သူမသိသည့်တစ်ခုတည်းသောအရာမှာ အဆင့်သုံးအမြူတေသည် သူမအတွက် အသုံးမဝင်သလိုသာ ဖြစ်သည်။ သူမသည် စွမ်းအင်ကို စုပ်ယူစဉ်က အထင်သေးမိရုံအပြင် ဘာကိုမှ မခံစားရပေ။ ဘာဖြစ်လို့ အဆင့်မြင့်ဇွန်ဘီများက အခြားဇွန်ဘီများ၏ အမြူတေကို လိုက်စုနေကြသလဲ သူမနားမလည်နိုင်ပေ။
သူမသည် ဒါကိုတွေးရင်း သိပ်မဝေးသည့် စတော်ဘယ်ရီခင်းသို့ ပြေးနေသည်။ သူမ၏အရှိန်သည် ပိုမြန်လာကာ အခုဆိုလျှင် လေတိုက်သလိုတောင် ဖြစ်နေပြီ။ ထို့မပြင် သူမသည် ရှင်းလင်းနေသည့် လမ်းမကျယ်ကြီးတွင် ပြေးရဲသည့် ဇွန်ဘီတစ်ကောင်လည်း ဖြစ်သည်။
အခုဆိုလျှင် နေ့အချိန်ရောက်လာပြီ ဖြစ်သည်။ သူမက ပြေးလွှားနေစဉ်တွင် အခြားဇွန်ဘီများက ဖြည်းဖြည်းချင်းရွေ့လျားနေကြသည်။ ဒီလိုအမြန်နှုန်းဖြင့် သူမပြေးနေခြင်းက ဒီနယ်မြေတွင် အဆင့်မြင့်ဇွန်ဘီရှိကြောင်းကို အကုန်သိအောင် ပြောပြနေသလိုပင်။ အခြားအဆင့်မြင့်ဇွန်ဘီများကတော့ အခုဝေဝေဝါးဝါးဖြစ်ကုန်ကြသည်။ သူတို့သည် လူသားများက သူတို့အား အမဲလိုက်မည် ကြောက်သဖြင့် ပုန်းကွယ်နေကြသည် ဖြစ်ကြသောကြောင့် ဖြစ်သည်။
သို့သော်လည်း လင်းချင်းကတော့ ဘာကိုမှ ဂရုမစိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင် ဇွန်ဘီဖြစ်နေကြောင်းကို သူမမေ့နေသောကြောင့်ပင်။ ထို့အပြင် သူမ၏ စိတ်ကို ရှင်းနေအောင် ထားလေ့ရှိကာ ကိစ္စတစ်ခုကို အများကြီး အတွေးမလွန်တက်သည်လည်း ပါသည်။
ထိုကြောင့်ပဲ သူမသည် မကြာခင်မှာ ပစ်မှတ်အထားခံရတော့သည်။
“ဟင်? သေစမ်း! ဟိုမှာ အဆင့်မြင့်ဇွန်ဘီ!”

ဇွန်ဘီအမဲလိုက်အဖွဲ့လေးတစ်ခုမှ အဆောက်အဦးတစ်ခု၏ သုံးလွှာပြတင်းပေါက်ကနေ လမ်းကိုကြည့်နေသည့်သူသည် ဖုန်မှုန့်တွေသာ ကျန်ခဲ့အောင် အမြန်လှုပ်ရှားသွားသည့် အရိပ်တစ်ခုကို မြင်သည့်အခါ ထအော်သည်။
‘ဒါကပြိုင်ကားမောင်းပြေးသွားသလိုပဲ!”

ပြတင်းပေါက်တွင် ထိုင်နေသည့်သူက အောက်ကိုလှမ်းကြည့်လိုက်သော်လည်း လင်းချင်း၏ ပုံသဏ္ဍာန်ကို သေချာမမြင်လိုက်ရပေ။ သူမ၏ နောက်ကျောကတောင် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ သူသည် ချက်ချင်းခုန်ထမိသွားသည်။
ကမ္ဘာပျက်ကပ်ခေတ်တွင် လူတို့သည် စခန်းမှ အစုအဖွဲ့များဖြင့် ထွက်လာလေ့ရှိသည်က ပုံမှန်ပင်။ သူတို့သည် ဇွန်ဘီအမဲလိုက်အဖွဲ့များအဖြစ် လွတ်လပ်စွာ ဖွဲ့စည်းနိုင်သလို စစ်တပ်နှင့်တွဲထားသည့် ဇွန်ဘီအမဲလိုက်အဖွဲ့ဝင်များအဖြစ်လည်း ပါဝင်နိုင်သည်။ ဘယ်လူသားကမှ တစ်ယောက်တည်း မလှုပ်ရှားရဲပေ။ သဘာဝလွန်စွမ်းအားရှိသူများလည်း ဒီလိုပင်။
သဘာဝလွန်စွမ်းအားရှိသူများသည်လည်း ဘယ်လောက်အစွမ်းရှိရှိ မောပန်းတက်သည်။ သို့သော်လည်း ဇွန်ဘီများကတော့ သက်ရှိလူသားကို ဘယ်နေရာတွင်တွေ့တွေ့ တိုးဝှေ့လာသည်။ သူတို့သည် နှေးကွေးကြသော်လည်း ဇွန်ဘီအုပ်ကြီးက သဘာဝလွန်စွမ်းအားရှိသူများကိုတောင် သတ်ပစ်နိုင်သည်။ ဇွန်ဘီများသည် သက်ရှိလူသားအနံ့ကိုရပါက စားဖို့အတွက် အကြောက်အလန့်မရှိ တိုးဝှေ့လာကြသည်မှာ ဝံပုလွေအုပ်က အသားစိမ်းကို လိုက်နေသလိုပင်။
“ဘယ်မှာလဲ?”

အခြားဇွန်ဘီအမဲလိုက်သူများက ‘အဆင့်မြင့်ဇွန်ဘီ’ဟု ကြားသည်နှင့် ပြတင်းပေါက်ကနေ ခေါင်းအမြန်ထုတ်ကြည့်ကြသော်လည်း ဘာကိုမှ မတွေ့ရပေ။

လင်းချင်းကိုမြင်ခဲ့သည့် လူငယ်က သုံးလွှာပြတင်းပေါက်နေ သူမထွက်သွားရာဘက်သို့ လက်ညိုးညွှန်ပြသည်။
“လုပ်နေတာတွေရပ်! ငါတို့မလိုက်ရင် လွတ်သွားတော့မယ်!”

ဟွမ်ရှောင်းသည် ပြတင်းပေါက်ကနေ မြေပြင်ပေါ်သို့ ခုန်ချလိုက်ကာ လင်းချင်းအနောက်သို့ လိုက်သည်။

“ဟွမ်ရှောင်း!”

သူထွက်သွားသည်ကို မြင်သည့်အခါ ရှဲ့တုန်းသည် မျက်မှောင်ကျုံ့လျှက် လှမ်းအော်သည်။

ဟွမ်ရှောင်းခုန်ချကာ လိုက်သွားသည်ကို မြင်သည်နှင့် ဒုတိယထပ်သို့ ဆင်းလာကြကာ ပြတင်းပေါက်မှ လိုက်ခုန်ချကြသည်။ ပထမထပ်က လူနှစ်ယောက်ကသာ အဆောက်အဦး၏ ထွက်ပေါက်မှ ထွက်လာသည်။ သူတို့သည် သားကောင်တွေ့သွားသည့် ဝံပုလွေအုပ်ကြီးကဲ့သို့ ဟွမ်ရှောင်းအနောက်မှနေ လင်းချင်းသွားရာဘက်သို့ လိုက်ကြသည်။ ရှဲ့တုန်းသည် နောက်ဆုံးမှနေ လိုက်လာကာ ဒေါသထွက်နေသည့် မျက်နှာတွင် မျက်မှောင်ကြီးကျုံ့လျက်ဖြစ်သည်။
စခန်းတွင် အပင်စွမ်းအားရှင်များက အသီးအရွက်များကို စိုက်ပျိုးကာ ကြီးထွားစေနိုင်သဖြင့် အခုဆိုလျှင် အစားအသောက်မရှားတော့ပေ။ ထို့ကြောင့် စခန်းတိုင်းသည် ကောက်ပဲသီးနှံ အမြောက်အမြား စိုက်ပျိုးကြသည်။ ကမ္ဘာပျက်ကပ်ခေတ်ကြီး၏ မြေသည် အရင်လိုမဟုတ်သော်လည်း လူများကို ငတ်မွတ်၍ မသေအောင်တော့ ကောင်းမွန်သေးသည်။
အရင်ကသယံဇာတများသည် အရင်ခေတ်များက သုံးစွဲခြင်းတို့ကြောင့် ကုန်ဆုံးနီးပါးဖြစ်သွားပြီ ဖြစ်သည်။ အခုအချိန်တွင် ဂျုံနှင့်ဆန်တို့မှာ အဆင့်မြင့်စခန်း၏ခေါင်းဆောင်များသာ တက်နိုင်သည်။ သာမန်ရှင်သန်သူများကတော့ မြက်ခြောက်အရသာရှိသည့် ပေါင်မုန့်ကြမ်းတစ်လုံးနှင့် ရေဘူးသေးတစ်လုံးတို့အပြင် ဘာကိုမှ မရရှိပေ။
လူနေမှုအဆင့်အတန်းသည်လည်း နိမ့်ကျသွားသည်။ သဘာဝလွန်စွမ်းအားမရှိသည့်သူများနှင့် နောက်ခံမကောင်းသည့်သူများသည် တဲကြီးများတွင် ရွေးချယ်စရာမရှိဘဲ နေထိုင်ကြရသည်။ တဲကြီးများထဲတွင်လူဆယ်ဂဏန်းနှင့် တစ်ခါတစ်လေ လူရာကျော် စုပေါင်းကာ နေထိုင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လူများဖြင့် ကြပ်နေကာ ညစ်ပစ်ပြီး ရှုပ်ပွနေသည်။ သဘာဝလွန်စွမ်းအားရှိသူများနှင့် အုပ်ချုပ်ရေးအပိုင်းက လူများသည်သာ အခန်းများနှင့် စခန်းရှိ ဇိမ်ခံပစ္စည်းအချို့ကို သုံးနိုင်သည်။
ကမ္ဘာပျက်ကပ်ဖြစ်သည်နှင့် ရာသီဉတုသည်လည်း ပြောင်းလဲသွားခဲ့သည်။ နေ့အချိန်သည် လောင်မြိုက်မတက် ပူပြင်းနေကာ ညပိုင်းသည် ခဲမတက် အေးလေသည်။ နေ့နှင့်ညအကြား အပူချိန်အပြောင်းအလဲသည် ကြီးမားလှသည်။ နေ့အချိန်တွင် အပူချိန် လေးဆယ်နှင့် ငါးဆယ် ဒီဂရီအကြားရှိသော်လည်း ညအချိန်တွင်တော့ တစ်ဆယ်ဒီဂရီလောကအထိ ထိုးကျသွားသည်။ လူတို့သည် ခဲ၍မသေနိုင်သော်လည်း ဆိုးဆိုးဝါးဝါးအအေးဓာတ်ကို ခံကြရသည်။
လက်ခံစားသောက်ချင်စဖွယ်အစာကို လိုချသ်သူများသည် စခန်းမှထွက်ခါ တာဝန်များကို ထမ်းဆောင်ကြရသည်။ သူတို့သည် တန်ဖိုးရှိသည့်အရာများကို သယ်ဆောင်လာကာ ထိုပစ္စည်းများနှင့် ပိုကောင်းမွန်သည့် အစားအသောက် အနေအထားတို့ကို လဲလှယ်ကြရသည်။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီအမြူတေသည် အရမ်းတန်ဖိုးကြီးလှသည်။
လက်ရှိတွင် စခန်းမှ အပြင်သို့ ထွက်ရဲသည့် လူအရေအတွက်သည် နည်းသေးသည်။ စခန်းရှိ အုပ်ချုပ်သူတို့မှာ ဒါတွေကို ဂရုမစိုက်ပေ။ သူတို့သည် တစ်ယောက်မှ အယောက်တစ်ရာခန့်ရှိ အဖွဲ့များကို ထွက်ခွင့်ပြုသည်။ သူတို့သည် စခန်းသို့ပြန်လာသည်နှင့် ပိုးကူးစက်ခြင်းရှိမရှိကို တင်းကြပ်စွာ စစ်ဆေးခံရသည်။
လူအများစုသည် ဇွန်ဘီအမြူတေများ ရှာဖွေရန် အမဲလိုက်ကြသည်။ ဇွန်ဘီအမြူတေများသည် လူသားတို့၏ အမြူတေကို သန်မာစေသည်။ ထို့ကြောင့် သဘာဝလွန်အမြူတေဟု ခေါ်ဝေါ်ကြသည်။ သဘာဝလွန်အစွမ်းရှိသူများသည် အမဲလိုက်အဖွဲ့များဖြင့် အဆင့်မြင့်အမြူတေလိုက်ရှာကြသလို အခြားစခန်းများမှ အဆင့်မြင့်အမြူတေတို့ကိုလည်း ဝယ်ယူကြသည်။
အခုလင်းချင်းကို လိုက်နေသည့် အဖွဲ့တွင် ဟွမ်ရှောင်းသည် ထိပ်ဆုံးအခြေအနေ အဆင့်သုံးအဆင့်ရှိ သဘာဝလွန်စွမ်းအားရှင်ဖြစ်ပြီး ရှဲ့တုန်းသည် အဆင့်လေးဖြစ်ကာ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ အခြားသူများသည် အဆင့်တစ် အဆင့်နှစ်လောက်သာရှိသည့် နယ်ရုပ်သာသာလူများ ဖြစ်ကြသည်။
ဒါသည် ကမ္ဘာပျက်ခေတ်ကြီးတွင် အလုပ်လုပ်ပုံဖြစ်သည်။ အားနည်းသူများသည် ရှင်သန်ဖို့အတွက် အားကြီးသူများကို မှီခိုကြရသည်။ အားကြီးသူများကတော့ သူတို့အင်အားကို ခြွေတာရန် ဒိုင်းသဖွယ်အဖြစ် စတေးခံနယ်ရုပ်လိုလူများကို စုဆောင်းကြသည်။
ဟွမ်ရှောင်းသည် အဖွဲ့၏လက်ထောက်ခေါင်းဆောင်ဖြစ်သည်။ သူသည် လေစွမ်းအင်အဆင့်သုံးဖြစ်သဖြင့် အဖွဲ့ထဲတွင် ဒုတိယအသန်မာဆုံးဖြစ်သည်။
အသန်မာဆုံးသည် မီးစွမ်းအင်အဆင့်လေးရှိသည့် ရှဲ့တုန်းဖြစ်သည်။ အရင်က သူသည် အထူးတပ်ဖွဲ့ဝင်ဖြစ်သဖြင့် ကျိုးကြောင်းညီစွာ တွေးခေါ်တက်သဖြင့် အဖွဲ့ခေါင်းဆောင် ဖြစ်နေသည်။ သူသည် စစ်တပ်၏လေ့ကျင့်မှုများကြောင့် တည်ကြည်ကာ ချည်းကပ်၍မရပုံ ပေါ်သည်။ သူသည် ထူးချွန်စွာ ဆောင်ရွက်နိုင်သဖြင့် အဖွဲ့အတွက် ဆုံးဖြတ်ချက်များ ချပေးလေ့ရှိကာ အခြားသူများက လိုက်နာကြရသည်။ သူတို့သည် မလိုက်နာဘဲနေပါက သူကအကာအကွယ်ပေးမှာ မဟုတ်ပေ။ သူ့ကို မနာခံသူများ၏အသက်အတါက် သူ့တွင်ကာကွယ်ပေးရန် တာဝန်မရှိပေ။
သို့သော်လည်း တစ်ယောက်ကတော့ ဒီလိုမတွေးပေ။ ဟွမ်ရှောင်းသည် လေအစွမ်းကို အသုံးချကာ သုံးလွှာမှ ဆင်းပြေးကာ လင်းချင်းအနောက်သို့ ချက်ချင်းလိုက်သည်။ ထိုအချိန်တွင် ရှဲ့တုန်းက သူ့ကိုလှမ်းခေါ်သေးသော်လည်း နောက်ကျသွားချေပြီ။ ထို့ကြောင့် ရှဲ့တုန်းသည် အဖွဲ့အနောက်မှ ဒေါသကို မနည်းထိန်းကာ လိုက်လာခြင်း ဖြစ်သည်။
အဆင့်မြင့်ဇွန်ဘီအမြူတေသည် အရမ်းတန်ဖိုးကြီးသော်လည်း ကိုယ့်တိုက်ခိုက်နိုင်စွမ်းနှင့် ညဏ်ရည်ကို မစဉ်းစားဘဲ အရူးလို မလုပ်သင့်ပေ။ ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီတစ်ကောင်၏ အဆင့်တက်ဖို့သည် အလွန်ကြိုးစားအားထုတ်မှ ရနိုင်သည်။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီများသည် ရှားပါးသည်။
အဆင့်သုံးဇွန်ဘီအမြူတေသည် ဂျုံအဖြူတစ်အိတ်ဖြင့် လဲလှယ်၍ရစဉ်တွင် အဆင့်လေးဇွန်ဘီ၏ အမြူတေသည် ဆန်တစ်အိတ်၊ အရည်အသွေးကောင်း ဂွမ်းစောင်ငါးထည်နှင့် သန့်ရှင်းသည့် အဝတ်အစားတစ်ချို့နှင့် လဲလှယ်၍ရသည်။ ထို့ကြောင့် လူအများစုသည် သူတို့၏ လူနေမှုအဆင့်အတန်းကို မြင့်မားရန်အတွက် အဆင့်မြင့်ဇွန်ဘီအမြူတေကို ယူသွားချင်ကြသည်။
Previous Chapter 21 of 198 Next