May Honey Logo May Honey
Previous Next

၁၆၀။ လိုက်ခံရခြင်း

လင်းချင်းက တိုက်ဖို့ပြင်ထားသည်ကို မြင်သည့်အခါ ဇွန်ဘီခေါင်းဆောင်သည် လျှပ်စီးလို လင်းချင်းထံသို့ အရှိန်မြှင့်ကာ ပြေးလာသည်။

လင်းချင်းသည် သူမဆီသို့ အမြန်ပြေးလာနေသည့်ဇွန်ဘီကို ကြည့်နေသည်။ လက်သည်းများဖြင့် တိုက်ခိုက်လာသည့်အခါ လင်းချင်းသည် ဒူးကိုကွေးလိုက်ကာ လက်သည်းများကိုမြှောက်လိုက်ရင်း လျှင်မြန်စွာဖြင့် သူမခေါင်းကို ခွဲဖို့လုပ်သည့် ထိုဇွန်ဘီ၏ သံလက်သည်းများကို လျှင်မြန်စွာ ဖမ်းလိုက်သည်။ သူမ၏လက်သည်းများသည် သံဖြင့်လုပ်ထားတာ မဟုတ်သော်လည်း ထိုဇွန်ဘီ၏ လက်သည်းများထက်တော့ ပိုသန်မာသည်။

 ဇွန်ဘီ၏လက်သည်းများကိုဖမ်းပြီးသည့်အခါ လင်းချင်းသည် ခါးကိုကွေးလိုက်ကာ ခြေထောက်ကိုအားပြုပြီး ထိုဇွန်ဘီကို ဘေးကိုကိုင်ပေါက်လိုက်သည်။ ထိုဇွန်ဘီသည် လဲကျသွားသည်နှင့် လင်းချင်းသည် သူ့ဗိုက်ကို ခြေထောက်ဖြင့် ကန်တော့သည်။ ထိုဇွန်ဘီသည် အဝေးသို့လွင့်ထွက်သွားသည်။

ကန်ထုတ်လိုက်ပြီးသည်နှင့် လင်းချင်းသည် လျှင်မြန်စွာလိုက်လာသည်။ ဇွန်ဘီက ဘာဖြစ်လဲမသိချင်တွင် လင်းချင်းသည် သူမ၏လက်သည်းများကိုထုတ်ကာယမ်းလိုက်ပြီးပြီ။ ဒီတစ်ခါတော့ သူမ၏လက်သည်းများသည် ကိုယ်ပေါ်ကို ထိခိုက်စေတာ ဖြစ်သည်။

ဇွန်ဘီသည် သူ့ကိုယ်အားသံအလွှာဖြင့် အမြန်မကာနိုင်လိုက်လေရာ လင်းချင်းလက်သည်းမှ လေဓားများဖြင့် ထိသွားသည်။ ဒီတစ်ခါတွင်တော့ ဒဏ်ရာများသည် ပိုနက်လေသည်။ လေဓားများသည် ထက်မြက်သည့်ဓားများလို ဒဏ်ရာပြင်းပြင်းကို ဖြစ်စေသည်။ ဇွန်ဘီသည် ဒဏ်ရာများစွာဖြင့် လဲကျနေတော့သည်။ ပထမတုန်းက လင်းချင်းတိုက်ခိုက်ထားသည့် ပေါင်ကဒဏ်ရာကနေ သွေးအနက်များလည်း ထွက်နေသေးသည်။

“ဂါး. . .ဂါး”   လဲကျနေရာကနေ အသည်းအသန်ပြန်ထကာ အာခေါင်ခြစ်အော်သည်။ သူ့ဒဏ်ရာများကို ချက်ချင်းသံလွှာတစ်ထပ်က အုပ်လိုက်လေရာ သွေးထွက်နေသည်က ရပ်လို့သွားသည်။

ထိုဇွန်ဘီသည် လေးဖက်ထောက်ကာ လင်းချင်းအား သတိအပြည့်ဖြင့် စိုက်ကြည့်နေသည်။ ထိုအချိန်တွင် ဉာဏ်မကောင်းသည့် ဇွန်ဘီသည် နားမလည်နိုင် ဖြစ်နေပြန်သည်။ လင်းချင်းက သူ့ထက်အဆင့်နိမ့်နေသော်လည်း သူ့ထက်ပို၍ သန်မာနေသည်။ သူ့တိုက်ခိုက်မှုများသည် သူမ၏အပေါ်တွင် အလုပ်မဖြစ်သော်လည်း သူမတိုက်ခိုက်လိုက်တိုင်း သူကတော့ ဆက်တိုက်ကို ဒဏ်ရာရနေသည်။ ရှောင်လို့လည်းမရနိုင်ပေ။

ဇွန်ဘီခေါင်းဆောင်သည် လင်းချင်း၏တိုက်ခိုက်မှုများကို ဆက်တိုက်ခံလိုက်ရသည့်အခါ ဒေါသတကြီးအော်တော့သည်။   “ဂါး ဂါး”

လင်ချင်းကတော့ တစ်ချက်ကပဲကြည့်ပြီးနောက် ခေါင်းကတစ်ဖက်သို့ လှည့်သွားသည်။ သူမ၏မျက်နှာအမှုအယာလည်း ပြောင်းသွားသည်။ မသေချာသော်လည်း ထိုဘက်ကနေ တစ်ခုခုကို သူအာရုံခံမိနေသလိုပင်။

လင်းချင်း၏ အာရုံပြန့်သွားသည်နှင့် ဇွန်ဘီခေါင်းဆောင်သည် သူမကိုချက်ချင်းတိုက်ခိုက်သည်။ သူလှုပ်လိုက်သည်နှင့် လင်းချင်းသည် ချက်ချင်းနောက်သို့ဆုတ်လိုက်သည်။ ဇွန်ဘီက တစ်မီတာလောက် အကွာတင်ရောက်သည့်အခါ လင်းချင်းသည် လှည့်ကန်လိုက်သဖြင့် လွင့်ပျံထွက်သွားပြန်သည်။

လင်းချင်းကြည့်နေသည့် စက်ရုံဘက်ခြမ်းတွင်တော့ စက်ရုံအမိုးများပေါ်တွင် သဏ္ဍာန်အချို့ပေါ်လာသည်။ သူတို့ထဲကတစ်ယောက်သည် အရှေ့ကနေပြေးနေကာ အနောက်တွင်တော့ သုံးယောက်လိုက်လာသည်။ သူတို့၏လှုပ်ရှားမှုများအရ အကုန်လုံးတွင် အစွမ်းရှိကြပုံပင်။

မြေပြင်ကလမ်းပေါ်တွင်တော့ ကားနှစ်စီးမောင်းနေသည်။ ပထမကားက လူများသည် အပေါ်ကလူများကိုကြည့်ရင်း စကားပြောနေကြသည်။   “အဲ့ဒီကောင်က ဘာဖြစ်လို့ ဒီလောက်မြန်နေတာလဲ?”

“ဘယ်သူသိမလဲ? သူကဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတာတောင်မှ ဖြတ်လတ်နေတုန်းပဲ။ အမိုးတွေပေါ်မှာ ပြေးနေတာကိုကြည့် . . .အံ့သြစရာပဲ”

“အင်း အဲ့ဒီတော့ ဘာဖြစ်လဲ? သူကကြာကြာခံမယ်တော့ ငါမထင်ပါဘူး”

“ဟုတ်တယ် ဆရာနဲ့ တခြားသူတွေက ဒီလောက်နှေးနေတာ ပျော်ဖို့ကောင်းလို့လား?”

“ဟား ဟား. . .မင်းက ဆရာ့အကြောင်းကို သေချာမသိဘူးလား? သူကဒီတိုင်း ဒီခရီးကို ပျင်းနေရုံတင်”

“သူတို့က ပျင်းနေတာတော့ အမှန်ပဲ။ အဆင့်ငါးသုံးယောက် အဆင့်လေးတစ်ယောက်ကို ဘာဖြစ်လို့ အကြာကြီးလိုက်နေမှာလဲ? သူတို့ပြေးနေတာ အချိန်အတော်ကြာနေပြီ။ ငါ့အထင်တော့ အတည်လုပ်ချိန်တန်ပြီ”

“အမြန်အပြီးသတ်တော့လို မင်းအော်ပြောလိုက်လေ။ ငါတို့က မြို့လည်ကိုရောက်တော့မယ်။ ဇွန်ဘီခေါင်းဆောင်က အဲ့ဒီမှာရှိတယ်ကြားတာ။ အဲ့မှာတိုက်ဖို့ အားချန်ထားဖို့ ပြောလိုက်ဦး”

“ဟုတ်ပြီ. . .ဆရာရေ အဲ့ကောင်ကို အမြန်ဇာတ်သိမ်းပေးလိုက်ပါတော့ ကျွန်တော်တို့ ရောက်တော့မယ်”   ပထမကားမှလူသည် ပြတင်းပေါက်ကနေ ခေါင်းပြူထွက်လာကာ အမိုးပေါ်က လူတစ်ယောက်ကို လှမ်းအော်ပြောသည်။

“အေး”   မကြာခင်တွင် အမိုးပေါ်ကလူက ပြန်ဖြေသည်။ 

ပြေးနေသည့် လူသည် လေးထောင့်ကျသည့်မျက်နှာရှိကာ အသက်၂၀ကျော်သာရှိသေးပုံရသည်။ သူ့အဝတ်များသည် စုတ်ပျက်နေကာ သွေးနီရောင်ရင့်ရင့်များ စွန်းပေနေသည်။ သူပုံသည် ရှုပ်ပွနေကာ အရမ်းမမြန်တော့သော်လည်း အတက်နိုင်ဆုံးကြိုးစားကာ ပြေးနေရသည်။

‘ရောက်တော့မယ် ရောက်တော့မယ်’
ရှဲ့တုန်းသည် သူ့ကိုယ်သူအားတင်ထားကာ မရပ်စတမ်း ခုန်လွှားကာ ပြေးနေရသည်။

“မပြေးနဲ့ မင်းလွတ်မှာမဟုတ်ဘူး”   အနောက်ကသုံးယောက်ထဲက လူတစ်ယောက်က ပြောသည်။ သူပြောနေရင်း သူသည် အရိပ်တစ်ခုလို လျှင်မြန်စွာပြေးလာကာ ရှဲ့တုန်း၏ခေါင်းပေါ်ကနေ ကျော်သွားကာ အရှေ့တွင် ပိတ်လိုက်သည်။

လမ်းသည်ပိတ်သွားသော်လည်း ရှဲ့တုန်းသည် ချက်ချင်းမရပ်ပေ။ ထို့အစား အရှေ့ကပိတ်ထားသည့်သူဆီသို့ အမြန်ပြေးဝင်သည်။ သူသည်လက်ကိုလှုပ်လိုက်သည်နှင့် မီးတောက်က သူ့လက်ဝါးကနေ ပေါ်လာသည်။ မီးတောက်ဖြင့် ထိုလူကို သူပစ်လိုက်သည်။

အရှေ့တွင်ရပ်နေသည့်သူသည် တည်ငြိမ်စွာဖြင့် လေပွေတစ်ခုကို လက်ထဲကထုတ်ကာ ရှဲ့တုန်းပစ်လိုက်သည့်မီးကို ငြှိမ်းပစ်လိုက်သည်။

“မင်းမီးသေးသေးလေးနဲ့များ ငါ့ကိုပစ်ရဲတယ်လို့”   ထိုလူသည် အထင်သေးစွာ နှာခေါင်းရှုံ့၍ ပြောသည်။ ထိုအချိန်တွင် ရှဲ့တုန်းသည် သူနှင့်သုံးမီတာလောက်ပဲ ကွာတော့သည်ဖြစ်ရာ ထိုလူကရှေ့သို့ တစ်လှမ်းတိုးကာ လက်ကိုလှုပ်လိုက်ပြီး ပြင်းထန်သည့်လေများဖြင့် တိုက်ခိုက်လေသည်။

ဇွန်ဘီခေါင်းဆောင်ဖြင့် တိုက်ခိုက်နေသည့် လင်းချင်းကတော့ ရှဲ့တုန်းရှိသည့်ဘက်ကို လှမ်း၍ကြည့်လို့နေသည်။ သူမသည် ရင်နှီးသည့်အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။   ‘ငါပဲအမှတ်မှားတာလား? ဒါမှမဟုတ် တကယ်ကြီး သူကဒီကိုရောက်လာတာလား?’

အခြားစွမ်းအားရှင်များ၏အရှိန်အဝါတို့က အားကောင်းနေသော်လည်း လင်းချင်းနှင့် ရင်းနှီးသည့်သူကတော့ အားနည်းကာ မတည်မငြိမ်ဖြစ်နေလေပြီ။   ‘ဘာတွေဖြစ်နေတာလဲ?’  
Previous Chapter 160 of 198 Next