May Honey Logo May Honey
Previous Next

၁၃၈။ ရင်ဘတ်ထဲက အရိပ်

ကျွင်းကျွင်းသည် လင်းချင်းပြန်လာသည်ကို သိသဖြင့် သူမ၏သားလေးဖြင့် ထွက်လာကြသည့်သည်။ 

လင်းဖန်အား လင်းချင်းက ကုသပေးဖို့ လုပ်နေသည်ကို သိချင်စိတ်ဖြင့် ကြည့်နေသည်။ လင်းဖန်သည် လင်းချင်းရှာနေသည့်သူဖြစ်မည်ကို သူမသိလိုက်သော်လည်း ဘယ်လိုပတ်သတ်သလဲတော့ မသိပေ။ လင်းချင်း၏ အရိပ်အခြေအရ သုံးသပ်ရလျှင်တို့ အရမ်းရင်းနှီးလောက်တာ ဖြစ်သည်။ လင်းချင်းသည် သူ့ကိုရှာဖို့ တောင်ဘက်ကို သွားခဲ့သလို အခုတော့ အချိန်မီ ပြန်ရောက်လာခဲ့သည်။ သူမသာ အနည်းငယ် နောက်ကျသွားလျှင် ဒီလူသေသွားနိုင်သည်။

ရေတိုက်ပြီးနောက် လင်းချင်းသည် မျက်မှန်ကိုချွတ်လိုက်ကာ သူမ၏မျက်လုံးဖြင့် အရိပ်ကို သေချာကြည့်လိုက်သည်။ ထိုအရိပ်က ပြန့်လာနေသည်ကို သူမမြင်ရသည်။ 

ကျွင်းကျွင်းသည် ကလေးကိုချီထားရင်း လင်းချင်းဘေးတွင်ရှိသည်။ လင်းဖန်၏အနံ့ကို ရှုမိသည့်အခါ သူမ၏လူသားစားချင်စိတ်သည် အရင်ကလောက် မဆိုးတော့ဘူးဆိုသည်ကိုပါ သိလိုက်ရသည်။ ထို့ကြောင့် သူမသည် ဘယ်ကနေလာပြီး ဘယ်ကိုသွားမှန်းမသိသည့် ရေကန်ကို လှည့်ကြည့်လိုက်သည်။ သူမသည် ဒီနယ်မြေထဲတွင် နေတာကြာပြီဖြစ်၍ ဒီရေကန်သည် မြင်ရသလောက် ရိုးရှင်းမနေသည်ကို ခံစားမိသည်။

သူမသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဖြစ်ကာ ကိုယ့်သားကိုစားဖို့ ဖြစ်ချိန်မျိုးတွင် ကန်ရေကို ပြေးသောက်လိုက်သည်။ ထိုအခါ စိတ်သည် ကြည်လင်ပြီး ရှင်းလာသည်။ ဒါသည် သူမအတွက် ရေကန်၏ သိသာသည့် အကျိုးကျေးဇူးပင်။

ထို့အပြင် လင်းချင်းပေးထားသည့် မြွေသားကိုလည်း ဗိုက်ဆာရင်စားသည်။ မြွေသားစိမ်ထားသည့် ပုံများအနားသို့ သူမသွားတိုင်း မြွေသားအနံ့ကိုရသည်။ သားအတွက် မြွေသားစွပ်ပြုတ်လည်း ချက်ရသည်ဖြစ်ရင်း သူမသည် အစိမ်းသာစားသည်။ သူမသည် ချက်ထားသည်ကို စားဖူးသော်လည်း အစိမ်းထက် စားရသည်က ပိုဆိုးသောကြောင့် ဖြစ်သည်။  
ထို့ကြောင့် ပုံးထဲကနေ မြွေသားသွားယူတိုင်း ကန်ရေကြောင့် အမြဲလတ်ဆတ်နေသည်ကို မျက်မြင်သိရသည်။ မြွေသားသည် ကန်ရေထည့်ထားသည့်ပုံးဖြင့် စိမ်ထားသောကြောင့် အရင်လောက် အရသာမဆိုးခြင်းဟု သူမခံစားရသေးသည်။

လင်းချင်းကတော့ လင်းဖန်၏ ရင်ဘတ်ထဲက ပြန့်မသွားတော့သည့် အရိပ်ကိုကြည့်ရင်း သက်ပြင်းချနေမိသည်။ သူမသည် ခနစောင့်ပြီးနောက် ဆက်မကြီးတော့သည်ကိုမြင်မှ နောက်ရေတစ်ခွက်ကို သွားခပ်ကာ တိုက်လိုက်သည်။

ကျွင်းကျွင်းသည်လည်း ဒီကန်ရေက လူသားများကို ကုသနိုင်စွမ်းရှိကြောင်း သိသည်။ ဒီရေသောက်နေသည့် သူမသားသည် တဖြည်းဖြည်း ကျန်းမာလာသောကြောင့် ဖြစ်သည်။ ကလေးသည် ဝိတ်တောင်တက်လာပြီ။ သူမ၏သားလေးက တဖြည်းဖြည်းချင်း ပိုအားရှိကာ တက်ကြွလာသည်ကိုလည်း သူမခံစားမိသည်။

 လင်းချင်းက လင်းဖန်ကို ရေတိုက်ပြီးနောက် အခြေအနေကို စောင့်ကြည့်သည်။ ဒုတိယတစ်ခွက်သောက်ပြီးနောက် အရိပ်သည် တဖြည်းဖြည်းချင်း အစွန်းများက ပျောက်ကွယ်လာသည်။ 

‘ဒါဆိုရင် ရေကမလောက်ဘူးပေါ့’   အရိပ်က စပျောက်လာသော်လည်း လင်းချင်းသည် မလုံလောက်သေးကြောင်းကို သိလိုက်သည်။ ထို့ကြောင့် လင်းချင်းသည် သုံးခွက်မြောက်ကို တိုက်လိုက်သည်။ ထိုအခါမှ အရိပ်သည် မြန်မြန်ပျောက်လာကာ အစိမ်းရောင်ဖျော့ဖျော့စွမ်းအင်လေးကိုပါ တွေ့လိုက်ရတော့သည်။

အပြင်ကလူများကတော့ ချူးလီလီ၏ အော်သံကြောင့် သတိလစ်ကုန်ပြီ။ မျက်နှာဖြူဖပ်သွားသည့် ယွမ်ထန်ရှင်း၏ နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာကာ သူ့အတွင်းဒဏ်ရာများသည် ပိုဆိုးလာသလို ခံစားရသဖြင့် ရင်ဘတ်ကို လက်ဖြင့်ဖိလိုက်သည်။ သို့သော်လည်း ခနအတွင်း ဒီဒဏ်ရာများကို မေ့သွားတော့သည်။ 

အနားသို့ ဇွန်ဘီများကပ်လာသည်နှင့် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားရင်းက နောက်လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထို့နောက် လင်းဖန်တို့ မိသားစုရှေ့တွင် မြေတံတိုင်းကြီးတစ်ခုက မြင့်တက်လာသည်။ တူယွမ်ရှင်းသည် ထိုမြေနံရံကို မှီထားကာ အသက်ကို မြန်မြန်ရှုလိုက်သည်။

သို့သော်လည်း ထူးဆန်းသည်ကို သူတွေ့လိုက်ရသည်။ အနားက ဇွန်ဘီများသည် သူတို့အား မမြင်သည့်အလား စစ်ကားများကိုသာ သွားတိုက်နေကြသည်။ ထို့ကြောင့် ဇွန်ဘီများကို ကြည့်ရင်း သူအံ့သြသွားသည်။

‘ဟင်? ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်လို့ ငါတို့ကို လျစ်လျူရှုသွားတာလဲ? ငါတို့က သက်ရှိလူသားတွေလေ’
ယွမ်ထန်ရှင်းသည် နားမလည်နိုင်ပေ။ ထို့နောက်တွင်တော့ ချူးလီလီသည် ယန်ကျင်းဟွာကို ဒေါသတကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမ၏ လက်သည်းရှည် ဆယ်ချောင်းတွင် ခရမ်းနီရောင်မီးက တောက်လောင်​နေသည်။ ယန်ကျင်းဟွာ၏ ခိုးတိုက်ခြင်းသည် ချူးလီလီကို မထိခိုက်စေသော်လည်း ဒေါသထွက်အောင် ပိုဆွပေးလိုက်သလို ဖြစ်သွားသည်။ သူမသည် အရမ်းကို ဆိုးဆိုးဝါးဝါး ဒေါသထွက်နေခြင်းပင်။
‘ဒီကြည့်ကောင်းတဲ့လူကြီးက ငါ့ဆံပင်လေးတွေကို ပြတ်သွားလုနီးပါး တိုက်သွားတယ်’

ချူးလီလီသည် ယန်ကျင်းဟွာ၏ မျက်နှာရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ချက်ချင်းပေါ်လာကာ တိုက်ခိုက်တော့သည်။ ယန်ကျင်းဟွာသည် ရေခဲမှန်ကို အမြန်မြှောက်လိုက်ကာ သူ့ကိုယ်သူ ကာကွယ်ရတော့သည်။

ချူးလီလီသည် ရေခဲမှန်ကို လျစ်လျူရှုထားသည်။ သူမ၏ မျက်လုံးရဲရဲများသည် ပိုတောက်ပလာကာ လက်ကိုမြှောက်လိုက်ပြီးနောက် ရေခဲမှန်ရှိရာကို လက်ဖြင့် ချိန်ရွယ်ကာ လွှဲယမ်းလိုက်သည်။

ခွမ်း
သူမ၏ မီးတောက်နေသည့် လက်သည်းများသည် ရေခဲမှန်ကို ချက်ချင်းကွဲကြေသွားစေသည်။
ရေခဲမှန်ကွဲသွားသည့်အခါ ယန်ကျင်းဟွာ၏ မျက်နှာသို့ ရေခဲစများက စင်လာသည်။ ချက်ချင်းသူသည် မျက်နှာကို လက်နှစ်ဖက်ဖြင့် ကာလိုက်သလို ချူးလီလီ၏ တိုက်ခိုက်မှုအား ရှောင်ရှားရန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

သို့သော်လည်း ချူးလီလီက သူ့ရှေ့တွင်ရှိနေသောကြောင့် ဘယ်လိုလုပ်ပြီး လွယ်လွယ်ရှောင်နိုင်မည်နည်း? သူမ၏ နောက်ထပ်လက်တစ်ဖက်ဖြင့် ယန်ကျင်းဟွာ၏ မျက်နှာကို မီးဖြင့်လွှဲတိုက်လိုက်သည်။

ယန်ကျင်းဟွာသည် ချူးလီလီ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ရေခဲဒိုင်းလုပ်လိုက်သော်လည်း ချက်ချင်းဖျက်စီးခံလိုက်ရသည်။ သို့သော်လည်း သူကတော့ ပြေးချိန်ရသွားသည်။

“တပ်ဆုတ်”   သူသည် အောက်တွင်ဝိုင်းနေသည့် ဇွန်ဘီခေါင်းများကို နင်းချကာ လုံခြုံမည့်နေရာသို့ ပြေးရင်း အော်လိုက်သည်။

‘ပြေးချင်တယ်လား? ဒီလိုဖြစ်မှာ မဟုတ်ဘူး’   ယန်ကျင်းဟွာပြေးဖို့ လုပ်သည်ကို မြင်သည်နှင့် ချူးလီလီသည် နှာခေါင်းရှုံ့ကာ သူ့နောက်သို့ အမြန်လိုက်သည်။

ကားထဲကလူများသည် အမိန့်ရသည်နှင့် ချက်ချင်းနောက်ဆုတ်ဖို့ ကားမောင်းကြသည်။ ကားများရွေ့လျားသည့်အခါ ဇွန်ဘီအချို့သည်လည်း ပြုတ်ကျကုန်သည်။  
Previous Chapter 138 of 198 Next