May Honey Logo May Honey
Previous Next

၁၉၃။ ဇွန်ဘီတွေကြောက်လို့ပြေးသွား

လင်းချင်း၏ နယ်မြေထဲက လူများကတော့ အချင်းချင်း ကြည့်နေမိကြကာ ဘာဖြစ်မှန်းမသိသေးပေ။ လုထန်ရိကို မြင်သည့်အခါ သွက်လက်သည့်လူတစ်ယောက်က ချက်ချင်းမေးသည်။   “ကပ္ပတိန် ဒါကသီးသန့်နယ်မြေမလား?”

လုထန်ရိသည် ကန်ကိုတစ်ချက်ကြည့်ပြီးနောက် မြက်ခင်းနှင့် သပ်ရပ်စွာရှိနေသည့် ပရိဘောဂများကို ကြည့်လိုက်ကာ အနားက မီးဖိုလေးကို ကြည့်သည်။ သူနှင့် ကောင်းချင်းမင်းတို့သည် ဒီကိုအရင်ရောက်သည်ဖြစ်ရာ နှစ်ယောက်လုံးသည် ဒီနယ်မြေကို နှစ်ကြိမ်တောင်အောင် လေ့လာပြီးသားဖြစ်သည်။ သူ့အသင်းဖော်များ၏ မေးခွန်းကို ကြားသည့်အခါ သူသည် မတုံ့ဆိုင်းဘဲ ဖြေသည်။   “ငါလည်း ဒီလိုပဲထင်တယ်။ ဒါပင်မယ့် ငါတို့ကိုခေါ်လာတဲ့တစ်ယောက်ကို မြင်လိုက်ကြလား?”

အခြားလူများသည် ခေါင်းခါကြသော်လည်း ကောင်းချင်းမင်းက   “သူကအရမ်းမြန်တယ်။ ငါဆိုရင် အစိမ်းပုပ်ရောင်အရိပ်ပဲ တွေ့လိုက်ရတယ်။ ငါတို့ဒီရောက်ပြီးတော့ သူတခြားသူတွေကို ခေါ်လာတဲ့အချိန်တော့ သူကပြောက်ကျားအကျီဝတ်ထားတာ ငါမြင်လိုက်တယ်”

အခြားသူများသည် သူ့ကိုလှည့်ကြည့်ကြသည်။    “ဒီကိုရောက်အောင် ဘယ်လိုများ မြန်မြန်ပို့လဲမသိဘူး။ ဇွန်ဘီခေါင်းဆောင်တွေက အရမ်းမြန်တာ။ သူဘယ်လိုများလုပ်ပါလိမ့်?”

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်လိုက်ပြီးနောက် ကောင်းချင်းမင်းက   “ငါတို့လည်း ဒါကိုသိချင်နေတာ”   ထို့နောက် သူ့အသင်းဖော်များကို ရေတွက်ကာ   “သုံးယောက် ကျန်နေသေးတယ်”

ထိုအခါမှ အခြားသူများသည်လည်း ရေတွက်ကြည့်သည့်အခါ နယ်မြေထဲတွင် ၁၀ယောက်ရှိကြောင်းကို သိလိုက်သည်။ နောက်ဆုံးမှ ရောက်လာသည့် တစ်ယောက်က ပြောသည်။   “ဒီနယ်မြေပိုင်ရှင်က နောက်သုံးယောက်ကို ကယ်နိုင်မယ် မထင်ဘူး။ ငါတို့ဒီကိုမရောက်ခင် ဇွန်ဘီခေါင်းဆောင်တွေက သူတို့မျက်စိရှေ့တင် ငါတို့နှစ်ယောက် ပျောက်သွားလို့ အတော်ဒေါသထွက်နေတာ။ အခုဆိုရင် အတည်တိုက်နေကြလောက်ပြီ”

လုထန်ရိသည် ကန်ကိုကြည့်ပြီးနောက် မြက်ခင်းကို ကြည့်သည်။ ထို့နောက် ထူးဆန်းတာတစ်ခုကို တွေ့ရသဖြင့် ထိုနားသို့ လျှောက်သွားလိုက်သည်။ သူသွားသည့်အခါ အခြားသူများသည်လည်း လိုက်လာကြသည်။

သူတို့အနားသို့ရောက်သည့်အခါ လုထန်ရိသည် သူမြင်သည်က သေချာသွားသည်။

“သန္ဓေပြောင်းစတော်ဘယ်ရီတွေမလား? ဟင် ပန်းဂေါ်ဖီအစိမ်းတွေ? ဆလပ်ရွက်?”

“ကြည့်ဦး ရွှေဖရုံသီးအကြီးကြီးပဲ။ ဒါတွေအကုန်လုံးက သန္ဓေပြောင်းနေပြီမလား”

“ပြီးတော့ အာလူးတွေတစ်ပုံကြီးပဲ ဒါတွေက ဘာအတွက်လဲ? အကုန်လုံးက သန္ဓေပြောင်းတွေပဲမလား?”

ဒီလူစုသည် ရှင်သန်ကြီးထွားနေသည့် စိုက်ခင်းကိုကြည့်ကာ နားမလည်နိုင်ဖြစ်သွားသည်။ ထိုအချိန်တွင် စတော်ဘယ်ရီခင်းထဲမှ မီးခိုးရောင်လေးတစ်ခု ထွက်လာကာ မြက်ခင်းထဲသို့ ဝင်သွားသည်။

“ဟင် ငါမြင်တာမှန်တယ်ဆိုရင် ဒါယုန်မလား”

“ဟုတ်တယ် ငါလည်းမြင်လိုက်တယ်”

သူတို့သည် စတော်ဘယ်ရီခင်းနားတွင်ရပ်ကာ ယုန်ပျောက်သွားသည်ကို တအံ့တသြ ကြည့်နေကြသည်။

အပြင်ဘက်တွင်တော့ လင်းချင်းသည် မီးလေပွေနှင့် ငါးမီတာလောက်အကွာတွင် ရပ်နေသည်။ သူမညသ် မီးနားတွင်နေရသည်က ပူသဖြင့် အဝေးကိုဆုတ်နေတာဖြစ်သည်။ ဇွန်ဘီခေါင်ဆောင်သုံးကောင်က ဒီလူသုံးယောက်ကို သတ်မည့်ပုံမရှိသဖြင့် လင်းချင်းသည် ခနတွေးပြီးနောက် ကိုယ်ဖော်လိုက်သည်။

“ဂါး”   သူမပေါ်လာသည်နှင့် ဇွန်ဘီသုံးကောင်သည် အကျယ်ကြီးအော်ကာ တစ်ယော်သည် မီးထဲကနေထွက်လာကာ  သူမကိုတိုက်ခိုက်သည်။

လင်းချင်းသည် မီးများက တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည့် ဇွန်ဘီကို ကြည့်လိုက်သည်။ ထိုဇွန်ဘီသည် သူမ၏မျက်လုံးထဲတွင် မမြန်ပေ။ သူမသည် တည်ငြိမ်စွာ ရပ်နေကာ သူမကိုထိတော့မည့်အချိန်မှ လင်းချင်းသည် ရှောင်လိုက်ကာ လက်သည်းများကိုထုတ်ကာ ပြန်တိုက်ခိုက်လိုက်သည်။ ဇွန်ဘီသည် သူ့၏တိုက်ခိုက်မှုကို လင်းချင်းက အလွယ်လေးရှောင်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမထံမှ မည်သည့်ခြိမ်းခြောက်မှုကိုမှ မရခဲ့သောကြောင့်ပင်။

ဇွန်ဘီသည် ပြန်မလှည့်နိုင်ခင်တွင် သူ့ကျောပေါ်သို့ လင်းချင်း၏လက်သည်းက ရောက်လာသည်။ သူမသည် လက်ချောင်းများကို ကွေးလိုက်ကာ အားဖြင့်ဆွဲလိုက်သည့်နောက် သူမ၏ လက်သည်းချွန်များသည် ဇွန်ဘီ၏ကိုယ်ကို ပိုင်းဖြတ်လိုက်သည်။ ထိုအခါ မီးဇွန်ဘီသည် မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားက သေဆုံးသွားတော့သည်။

လင်းချင်းသည် ဒီလောက်နှင့် မရပ်သေးဘဲ လက်ကိုမြှောက်လိုက်ကာ မြူခိုးနက်များကို ထုတ်လိုက်သည်။ မြူခိုးနက်များသည် ဇွန်ဘီ၏ကိုယ်ကို ရစ်ပတ်သွားသည်။ ထို့နောက် သူ့ကိုယ်ကြီးသည် အစမကျန်အောင်ကို ပျောက်သွားကာ ခေါင်းပဲကျန်နေခဲ့တော့သည်။ လင်းချင်းသည် သူမ၏လက်ကို မီးလေပွေရှိရာသို့ ညွှန်ပြလိုက်သည့်အခါ မြူခိုးနက်များက ထိုဘက်သို့ လိမ့်ထွက်သွားကြသည်။

မီးဇွန်ဘီသေသွားသည့်အခါ မီးလေပွေမှ မီးများသည် ဖြည်းဖြည်းချင်း မရှိတော့ပေ။ မကြာခင်တွင် လေပွေမှာ လေပဲကျန်တော့သည်။ လင်းချင်းသည် လက်ထဲမှ မြူခိုးနက်များကို ထုတ်သည်နှင့် လူသားများကို စောင့်နေသည့် ဇွန်ဘီနှစ်ကောင်သည် ပထဆုံးအကြိမ်အဖြစ် အကြောက်တရားကို ခံစားလာရသည်။ သူတို့၏ကိုယ်များသည် ကိုင်းသထက်ကိုင်းလာကာ အော်သံများသည်လည်း နက်လာသည်။

မီးများမရှိတော့သည်နှင့် လင်းချင်းသည် မြူခိုးနက်များနှင့်အတူ အနားသို့ ကပ်လာသည်။ ဇွန်ဘီခေါင်းဆောင်နှစ်ကောင်၏ အော်သံများသည် နောက်ဆုတ်မည့်အသံများလို ဖြစ်နေပြီ။ သို့သော်လည်း လင်းချင်းက လင်းချင်းက သူတို့ဆီသို့ ၇၀ရာခိုင်နှုန်းလောက်သာ ခြိမ်းခြောက်ရသေးသည်။ ဒီဇွန်ဘီခေါင်းဆောင်နှစ်ကောင်က သားကောင်ကို လက်လျှော့ကာ ပြေးဖို့လုပ်နေသဖြင့် လင်းချင်းသည် သူတို့ကို ပြေးစေမည်။ သို့သော်လည်း ကျန်နေသည့် လူသုံးယောက်ကိုတော့ မပြေးခင်သတ်သွားမည့်ရန်က ကာကွယ်ဖို့ လိုသေးသည်။

လင်းချင်းသည် မြူခိုးနက်များကို အားထည့်လိုက်ကာ အချင်းဆယ်မီတာလောက်အတွင်းက အရာအားလုံးကို ဝါးမြိုစေတော့သည်။ ကတ္တရာလမ်းမ၊ လမ်းပေါ်က ကျောက်တုံးများ၊ ပျက်စီးနေသည့်ယာဉ်များ၊ အပင်များ၊ လမ်းမီးများနှင့် အရာအကုန်လုံးသည် မြူခိုးနက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။မြူခိုးနက်များသည် စွမ်းအားအပြည့်ပါဝင်လေသည်။ လင်းချင်းက မျက်လုံးမှိတ်၍ အာရုံခံကြည့်သည့်အခါ မြူခိုးနက်များသည် ထူးဆန်းစွာ ခရမ်းရောင်ဖြစ်နေသည်။ မျက်လုံးဖွင့်ကြည့်သည့်အခါတွင်တောင် ပိန်းပိန်းမှောင်အောင်နက်နေသည့် အမည်းရောင်များသာ မြင်ရသည်။

လင်းချင်းသည် မြူခိုးနက်များကို စွမ်းအားထည့်၍ ထိန်းချုပ်နေခြင်းဖြစ်ရာ ဇွန်ဘီနှစ်ကောင်၏ လေပွေနားသို့ ရောက်လာသည်။ တိမ်မည်းများလို ဖြစ်နေသည့် မြူခိုးနက်များက ဆာလောင်စွာဖြင့် ပိုပြင်းထန်စွာ ဖိအားပေးလေသည့်အခါ ဇွန်ဘီနှစ်ကောင်သည် အသံနက်ကြီးဖြင့် အော်ကာ ထွက်ပြေးသွားတော့သည်။

“ဟင် သူတို့ . . .ပြေးသွားတာလား?”
သန်မာသည့် ဇွန်ဘီခေါင်းဆောင် သုံးကောင်ထဲက တစ်ကောင်သည် မျက်တောင်တစ်ခတ်အတွင်း သတ်ခံလိုက်ရကာ ကျန်သည့်နှစ်ကောင်က ထွက်ပြေးသွားသည်နှင့် မျှော်လင့်ချက်မဲ့နေသည့် လူသုံးယောက်သည် ကြောင်အစွာဖြင့် ကယ်တင်ခြင်းခံလိုက်ရတော့သည်။

ဇွန်ဘီနှစ်ကောင်ပြေးသွားမှ လင်းချင်းသည် မြူခိုးနက်များကို ပြန်သိမ်းလိုက်သည်။ အစက သူမသည် မြူခိုးနက်များကို ထုတ်နေစဉ် ဇွန်ဘီများက ကြောက်နေခြင်းကို သိလိုက်သည်။ ထို့ကြောင့် သူမသည် ဖြည်းဖြည်းချင်း မြူခိုးနက်များဖြင့် သူတို့ကို ဖိအားပေးကာ ခြိမ်းခြောက်ဖို့ပဲ လုပ်လိုက်ခြင်းဖြစ်သည်။

ရလဒ်ကတော့ သိသာလွန်းသည်။ ဇွန်ဘီနှစ်ကောင်သည် ဉာဏ်ကောင်းသော်လည်း သူတို့သည် ခြောက်နှစ် ခုနစ်နှစ်ကလေးဉာဏ်လောက်သာ။ အသက်ကိုခြိမ်းခြောက်နေသည့် အရာနှင့် ကြုံလိုက်ရချိန်တွင်တော့ သူတို့သည် အလွယ်လေးကြောက်သွားကြကာ ပြေးကြတော့တာ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် မြူခိုးနက်များကို ကျယ်ပြန့်စေကာ ဖြည်းဖြည်းချင်း သူတို့ဆီသို့ စေလွှတ်ခြင်း ဖြစ်သည်။ နောက်ဆုံးမှာတော့ ဇွန်ဘီနှစ်ကောင်သည် ဖိအားကို မခံနိုင်တော့ဘဲ သားကောင်ကို ထားခဲ့ကာ ထွက်ပြေးသွားရလေပြီ။  
Previous Chapter 193 of 198 Next