May Honey Logo May Honey
Previous Next

၁၁၆။ အန္တရာယ်များတဲ့မိန်းမ

ထိုအချိန်တွင် ဟောင်ဝူသည် လုံချင်းယင်မှာ သူမ၏သံလုံးဖြင့် ပြန်ထုခံရပြီထင်၍ သနားနေသည့် မျက်နှာဖြင့်ဖြစ်သည်။ သို့သော်လည်း သူသနားရခြင်းမှာ ဒီထူးခြားသည့် မိန်းမဖြင့် သူအိပ်ခွင့်မရခြင်းကြောင့်သာ ဖြစ်သည်။

ထိုအချိန်တွင် ကိုယ်ပျောက်နေသည့်အသွင်သည် လုံချင်းယင်၏ဘေးသို့ ရောက်လာကာ သူမအား သံလုံးကမထိခင် ဆွဲခေါ်သွားလေရာ လုံချင်းယင်သည် ပျောက်လို့သွားသည်။

ကျယ်လောင်သည့်အသံနှင့်အတူ သံလုံးကြီးသည် ကြမ်းပြင်ပေါ်သို့ ပြန်ကျလာကာ မြေတောင်တုန်သွားသည်။ ထို့အတူ ကွန်ကရစ်လမ်းမကြီးသည် ဒီသံလုံးကြောင့် ချိုင့်ကြီးဖြစ်ကာ ကျွံဝင်သွားသည်။ 

ဟောင်ဝူသည် ဘာသွေးမှလည်း ပန်းထွက်လာတာ မမြင်သလို လုံချင်းယင်၏ ပြားချပ်သွားသည့်ကိုယ်ကိုလည်း မတွေ့လိုက်ရပေ။ ထို့ကြောင့် အံ့သြစွာဖြင့် သံလုံးကို ကြည့်နေသည်။ သွေးမရှိတာ သေချာသည့်အခါ ထိုအနားသို့ သူသွားကြည့်လေသည်။   ‘ဘာဖြစ်လို့ သွေးတွေက ပန်းထွက်မလာတာလဲ? သွေးတွေပန်းမထွက်ရင်တောင် လမ်းပေါ်မှာ သွေးအစအနတော့ရှိရမှာမလား? သံလုံးကြီးကလည်း လူတစ်ကိုယ်လုံးမြှုပ်ရလောက်အောင်တော့ မကြီးပါဘူး။ လုံချင်းယင်ကိုယ်က ဒီအောက်မှာဆိုရင် ခြေတွေလက်တွေက ဘယ်ရောက်သွားလဲ?’

တူယွမ်ရှင်းသည်လည်း သံလုံးကို နားမလည်စွာ ကြည့်နေသည်။ သူလည်း ဟောင်ဝူလို တွေးနေတာဖြစ်သည်။ နောက်မှအသိပြန်ဝင်လာကာ သူ့ကိုယ်သူအရင်ကယ်ဖို့လိုကြောင်း သတိရလာသည်။ သူရှင်နေတာကာ တစ်သင်းလုံးပျက်စီးသွားတာထက် ပိုကောင်းသည်ဟု ယုံကြည်သည်။ အစတုန်းက အသက်စွန့်ကာ တိုက်ချင်သော်လည်း အခုတော့ ကြောက်သွားပြီ။ အနည်းငယ်တိုက်ပြီးနောက် သူကဖိအားပေးကာ လုံချင်းယင်က ပြင်းထန်စွာတိုက်သော်လည်း နိုင်ချေမရှိပေ။

အခုတော့ ဟောင်ဝူက သေလားမသေလား မသိသည့် လုံချင်းယင်ကို အာရုံရောက်နေတုန်း သူအခွင့်ရေးယူကာ ပြေးရမည်။ ထို့ကြောင့် ခနတွေဝေနေပြီးသည်နှင့် တန်းလှည့်ပြေးသည်။ 

သံလုံးနားသို့ လုံချင်းယင်သေပြီလား သွားကြည့်နေသည့် ဟောင်ဝူသည် တူယွမ်ရှင်း၏ လှုပ်ရှားမှုကို မြင်သွားသည်။ ထို့ကြောင့် နှာခေါင်းရှုံ့ကာ လိုက်လေသည်။

“ပြေးချင်တာလား? ပြေးနိုင်မယ်ထင်နေလား? မင်းတို့ဘယ်သူမှ မလွတ်ဘူး”   ဒီလိုပြောနေရင်း သူ့ခေါင်းထက်မှ မီးနဂါးသည် တူယွမ်ရှင်းကိုအုပ်ရန် လုပ်စဉ်တွင် နောက်တစ်ကောင်က ချိုင်ဟုန်ချင်းတို့ဆီသို့ ထွက်သွားသည်။

လက်နက်ကိုင်စစ်သားများသည် ဟောင်ဝူ၏မီးနဂါးများ ပျံနေသည်ကို အဝေးက မြင်လိုက်သည်။   “ဟိုမှာပဲ လိုက်ကြ!”   ထိုအချိန်တွင် ယန်ချောင်းသည် တူယွမ်ရှင်းဆီသို့ ပြေးသွားသည်။ ​

ဟောင်ဝူသည် တူယွမ်ရှင်းအား မျက်နှာမူလိုက်ကာ ကောင်းကင်ပေါ်က မီးနဂါးကို လက်ယမ်းလိုက်သည်။ မီးနဂါးသည် မီးဘောလုံးကြီးဖြစ်သွားကာ တူယွမ်ရှင်း၏ အပေါ်သို့ ပြုတ်ကျလာသည်။

တူယွမ်ရှင်းသည် ဟောင်ဝူ၏မီးလုံးကြီး သူ့ပေါ်သို့မကျခင် အဝေးရောက်အောင် မပြေးနိုင်ပေ။ အပူချိန်သည် မတရားကို ကိုက်ခဲအောင် ပြင်းထန်လာသည်။ မီးဖိုကြီးက ပြုတ်ကျလာသလိုမျိုး သူ့ဆံပင်နှင့် မျက်ခုံးများသည် လောင်တော့မလိုတောင် ခံစားရသည်။ သူဘာမှမတွေးခင် မီးလုံးကြီးသည် နီးလာသည်။ ထိုအခိုက်အတန့်တွင် သူတွေးမိသည်မှာ   ‘ငါသေပြီ! ဒီတစ်ခါတော့ ငါသေဖို့က မလွဲတော့ဘူး!’

“အား!!!”
သူသည် မြေပြင်ပေါ်တွင် လှိမ့်လိုက်ကာ အော်လိုက်သည်။ လျှပ်စစ်များသည် သူ့ကိုယ်ကိုရစ်ပတ်လာကာ မီးကိုတားထားဖို့ လုပ်လိုက်သည်။ သို့သော်လည်း လျှပ်စစ်များက မီးကိုတော့ ဘယ်လိုလုပ် တားနိုင်မည်နည်း။ မကြာခင်တွင် သူ့တစ်ကိုယ်လုံး လောင်မြိုက်လာသလို ခံစားရသည်။

“အား! ဟောင်ဝူ! အနှေးနဲ့. . .အမြန်. . .ငါတိုလို. . .မင်းအဆုံးသတ်မှာ! အား!!!”   တူယွမ်ရှင်းသည် သေတော့မည်ထင်ပြီး နာကျင်စွာဖြင့် ဟောင်ဝူကို ဆဲဆိုနေသည်။ ဒီတစ်ခါတော့ သူ့တွင် ရှင်သန်ဖို့အခွင့်အရေး တကယ်မရှိတော့ပေ။

ထိုအခိုက်အတန့်တွင်ပဲ တစ်စုံတစ်ယောက်က သူ့ပုခုံးကို လာထိသည်ကို ခံစားရသည်။ ဘာမှမသိခင် သူသည် ရေထဲသို့ ပြုတ်ကျသွားသည်။ သူ့တစ်ကိုယ်လုံးသည် ရေမြုပ်နေကာ အသက်ရှုတောင် မရတော့ပေ။ ရေကနက်သဖြင့် သူမြုပ်လို့နေသည်။ ထို့နောက် ပျော်ရွှင်သွားဖြင့် သတိရမိသည်မှာ ရေက သူ့အားကယ်နိုင်ကြောင်းပင်။ 

ထို့နောက် သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ သူ့ကိုယ်သည် ရေထဲမြုပ်နေကြောင်း မြင်လိုက်ရသည်။ မကြာခင် သူအသိပြန်ဝင်သည့်အခါ ရေမျက်နှာပြင်အပေါ်သို့ ပြန်တက်အောင် ကူးခတ်လာသည်။ ခေါင်းပေါ်လာကာ ပတ်ဝန်းကျင်ကို မြင်သည်နှင့် သူတအံ့တသြအော်လေသည်။
“မင်း. . .မင်းက ဘာဖြစ်လို့ ဒီရောက်နေတာလဲ?”

. . .

လင်းချင်း၏နယ်မြေအပြင်တွင် ဟောင်ဝူသည် ကြောင်အနေသည်။ တူယွမ်ရှင်းပျောက်သွားသည့်နေရာကိုကြည့်ကာ လုံချင်းယင်၏နေရာက သတ္တူတုံးကို ကြည့်လိုက်သည်။ သူသည် ကျိုးပဲ့သွားသည့် ခြေလက်များနှင့် သွေးများကို မမြင်ရပေ။ ဘာဖြစ်သလဲ သူမသိခင်တွင် တူယွမ်ရှင်းသည်လည်း သူ့မျက်စိရှေ့မှနေ ပျောက်သွားသည်။

‘ပျောက်သွားတာ? ဘယ်လိုလုပ်ပြီး လူတစ်ယောက်က လေထဲမှာ ပျောက်သွားတာလဲ?’   ဟောင်ဝူသည် တူယွမ်ရှင်းပျောက်သွားသည့်နေရာကို ကြည့်လိုက်ပြီးနောက် အစက မီးကျွမ်းသွားသည်ဟု ထင်မိသော်လည်း ဘာမီးကိုမှ သူမခံစားရပေ။   ‘ဘာဖြစ်နေတာလဲ? ဘယ်လိုဖြစ်တာလဲ?’

 ဟောင်ဝူသည် အခြေအနေကို သုံးသပ်နေစဉ် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် လင်းချင်း၏ နယ်မြေထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ ကောင်းကင်သည် မြူဆိုင်းနေကာ နေနှင့် တိမ်မရှိပေ။    ‘ဒါဆိုရင် အလင်းရောင်က ဘယ်ကလာလဲ?’

တူယွမ်ရှင်းသည် စိမ်းပုပ်ရောင်ရေကန်ထဲမှ ကူးလာရင်း မြက်ခင်ပြင်အပေါ်တွင် လူ့အသုံးအဆောင် ပရိဘောဂများ ဖြစ်သလိုချထားသည်ကို တွေ့ရသည်။ ထို့နောက် သူမျက်မှန်ကို ခိုးသွားသည့်ကောင် . . . သူ့ဦးနှောက်သည် အခုအလုပ်မလုပ်တော့သလိုပင်. . .တကယ်တော့ အလုပ်မလုပ်တော့သလို ခံစားနေရတာပဲ ဖြစ်သည်။   ‘ဘာဖြစ်နေတာလဲ? ဒီနေရာက ဘယ်မှာလဲ? ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ? ဒီဇွန်ဘီက ထပ်ကယ်ပြန်ပြီလား? ဒီနေရာက ဘာလဲ? ဘာဖြစ်လို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာတာလဲ? ကန်ကရော ဘာလဲ? ပရိဘောကတွေကရော? ဟင် ဟိုးမှာရှိနေတာက ကလေးလေးမလား?’

မေးခွန်းများစွာထွက်လာသဖြင့် သူ့ခေါင်းက ပေါက်ထွက်လာတော့ မလိုပင်။ ကျွင်းကျွင်းနှင့် ကလေးကို နယ်မြေလေးကို အပေါက်ဝတစ်ခုတွင် တွေ့လိုကရမှ သူနောက်ဆုံး တစ်စုံတစ်ရာကို နားလည်သွားသည်။ သူလုံချင်းယင်ကို လှည့်မေးလိုက်သည်။   “ဒါက. . .ဟိုနေရာမလား?”  
Previous Chapter 116 of 198 Next