ဒီလူ၏ဘေးတွင် သက်လတ်ပိုင်းမိန်းမတစ်ယောက်သည် ဝမ်းနည်းစွာ ထိုင်နေသည်။ သူမ၏အဝတ်များသည် စျေးပေါပုံရသော်လည်း သန့်ရှင်းကာ သပ်ရပ်နေသည်။ သူမ၏ဆံပင်ရှည်များကို ကျစ်စာမြီးလျော့လျော့စီးထားသည်။ သတ်လတ်ပိုင်းမိန်းမကြီး၏ မျက်ခုံးများသည် ကွေးကျနေကာ သူမ၏စိတ်ဆင်းရဲမှုကို သိသာစေသည်။
အမျိုးသမီးနှစ်ယောက်သည် ဆိုဖာအဟောင်းတွင် ထိုင်နေကြသည်။ သူတို့သည် အသက၃၀ကျော်လောက်ပဲ ရှိသေးကာ လှပလွန်းပြီး သူတို့၏မျက်လုံးများထဲတွင် ရန်လိုမှုတို့က ရှိနေသည်။ အမျိုးသမီးများသည် ကမ္ဘာပျက်ခေတ်တွင်ရှားသည်ဖြစ်ရာ အခန်းထဲတွင် လေးယောက်သာရှိသည်။ တံခါးဝက ယောက်ျားနှစ်ယောက်သည်လည်း ၂၀ကျော်ပဲရှိသေးသာ ငယ်ရွယ်သေးသည်။
“ချင်းကိုသတ်တာက ယန်ကျင်းဟွားလို တိရိစ္ဆာန်အတွက် မလုံလောက်သေးဘူးလား? အခုတော့ ငါတို့အားလုံးကို သေစေချင်နေတယ်! ကျက်သရေအဖြာဖြာကိုတုံးလိုက်တာ! အဲ့ဒီအချိန်တုန်းက ချင်းက သူ့ကိုခေါ်ထားပေးတာကို ငါတို့လက်မခံခဲ့သင့်ဘူး” သက်လတ်ပိုင်းအမျိုးသမီးကြီးသည် အံကြိတ်ကာ ဒေါသနှင့်အမုန်းများဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် ဝမ်းနည်းသွားသည်။
“ဟမ့်! ယောင်းမနဲ့ ကျွန်မကို သူကမျက်စိကျနေခဲ့တာ။ အဲ့ဒီတဏှာရူးက အမကြီးကို တပ်မက်နေတာ အတော်ကြာပြီ။ ပြီးတော့ အဲ့ဒီစိတ်တွေကိုလည်း ကျွန်မနဲ့ ယောင်းမတို့ရှေ့မှာ ဘယ်တုန်းကမှ ဖုံးထားတာ မရှိဘူး။ အမကြီးကသာ သူ့ကိုထိန်းထားတာ မဟုတ်ရင် အရင်တည်းက ကျွန်မတစ်ခုခုလုပ်ပြီးနေလောက်ပြီ။ ဒါပင်မယ့် အမကြီးလင်းက သူ့ကိုပဲယုံတယ်။ ဘယ်တုန်းကမှ ကျွန်မကို မယုံဘူး” မိန်းမနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် နူးညံ့သည့် မျက်နှာလေးနှင့် ဆံပင်ဖြောင့်နေသည့် မိန်းကလေးက ယန်ကျင်းဟွားကို မုန်းတီးမှုအပြည့်ဖြင့် ပြောသည်။
သူမ၏ဘေးက ကလေးမျက်နှာလှလှလေးဖြင့် မိန်းကလေးသည်လည်း ထိုမိန်းကလေးလို ဒေါသထွက်နေတာ ဖြစ်သော်လည်း သူမက ပိုဒေါသထွက်နေတာဖြစ်သည်။ ထိုယောက်ျားက သူမအား အမှောင်ဖုံးနေသည့်အကြည့်များဖြင့် စိတ်ပျက်ဖို့ကောင်းအောင် ကြည့်နေတက်သည်ကို တွေးမိသည့်အခါ သူမသည် ဘေးနားက ထိုင်ခုံကို လှည့်ကန်ပစ်လိုက်သည်။ သူမသည် နှာခေါင်းရှုံ့လိုက်ကာ ဘာမှပြန်မပြောတော့ပေ။
“သူ့အဓိက ရည်ရွယ်ချက်က ငါတို့ကို သတ်ဖို့ပဲ။ ငါတို့ကရှင်နေရင် သူ့ကိုတနေ့နေ့မှာ ပြန်လက်စားချေမှာကိ စိတ်ပူနေတာ။ အဲ့ဒါကြောင့် တစ်ချိန်လုံး ငါတို့နောက်ကို လိုက်နေတာ။ သူ့လက်နဲ့ ငါတို့ကို မသတ်ရသ၍ သူကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ဘူး” ကလေးကို ပေါင်ပေါ်တွင်တင်ထားသည့်လူက တည်ငြိမ်စွာ ပြောသည်။
“အန်တီက အရမ်းသန်တာ! သေမှာမဟုတ်ဘူး!” ထိုလူပေါင်ပေါ်က ကလေးမလေးသည် နှုတ်ခမ်းလေးကိုဆူကာဖြင့် ပြောသည်။
ထိုလူသည် ကလေးမလေးကို ငုံ့ကြည့်ကာ သူ့၏စူးရှနေသည့် အကြည့်များသည် ပျော့ပျောင်းသွားပြီး ခေါင်းလေးကို ပွတ်ပေးကာ သက်ပြင်းချပြီးနောက် “ဖြစ်နိုင်ပါတယ်. . .Aက ငါတို့ဆီကို ခိုင်လုံတဲ့သတင်းယူလာဖို့ကိုပဲ စောင့်ရမှာပေါ့”
“ဖန်း ဒီနေရာက မလုံခြုံဘူး။ ငါတို့မြန်မြန်သွားမှ ဖြစ်မယ်။ လီကျန်းနဲ့ သူ့လူတွေကို ငါတို့အစီအစဉ် နောက်တစ်ဆင့်ကို မတက်ခင်တွေ့မှ ရမယ်” သတ်လတ်ပိုင်းမိန်းမကြီးသည် သူမကိုယ်သူမတည်ငြိမ်စေပြီးနောက် သူ့သားကို လှမ်းပြောသည်။
လင်းဖန်းသည် သူ့အမေကို ကြည့်ကာ ခေါင်းငြိမ့်ပြသည်။ “ဒီနေရာက တကယ်မလုံခြုံဘူး။ အခုတော့ ငါတို့အားဖြည့်ဖို့ခနနားပြီးပြီဆိုတော့ သွားရအောင်”
စကားပြောပြီးသည့်အခါ သူ့သမီးကိုချီလိုက်ပြီးနောက် ထထွက်လာသည်။ အခြားသူများသည်လည်း သူ့အနောက်ကနေ လိုက်ထွက်လာကြသည်။ သူတို့ထွက်လာသည့်အခါ ဘိလိယက်ခုံပေါ်က သစ်ချောင်းကိုချွန်နေသည့် လူငယ်လေးသည် “နောက်ဆုံးတော့ သွားကြတော့မလား?”
လင်းဖန်းသည် သူ့ကိုကြည့်ကာ မေးသည်။ “အပြင်က အခြေအနေက ဘယ်လိုလဲ? တစ်ခုခုကို ခံစားမိလား?”
လင်းဟောင် အမည်ရသည့် လူငယ်လေးသည် ခေါင်းကိုခါကာ “ဒီမြို့မှာက အပင်တွေအရမ်းများတယ်။ အဲ့ဒါကြောင့် အာရုံသေချာခံလို့မရဘူး။ ဒါပင်မယ့်လည်း ဒီအဆောက်အဦးအနားမှာတော့ အန္တာရာယ်ကို အာရုံမရပါဘူး”
လင်းဖန်းသည် ခေါင်းငြိမ့်ကာ ပြောသည်။ “ဒါဆိုရင် သွားရအောင်”
သူပြောသည်ကို ကြားသည့်အခါ အခြားသူများသည် ထွက်လာကြသည်။ ထိုအခါ တံခါးဝက တပ်သားနှစ်ယောက်သည် တံခါးဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် ဇွန်ဘီအုပ်ကြီးက ဝင်ဖို့လုပ်လာကြသည်။
“ဘန်း! ဘန်း! ဘန်း!” သေနတ်ပစ်သံများ ဆက်တိုက်ထွက်လာပြီးနောက် တပ်သားများသည် ကျည်ဆန်တိုင်းဖြင့် ဇွန်ဘီများကို ပစ်သတ်လိုက်သည်။ ဇွန်ဘီတစ်ကောင်ဆိုလျှင် ခေါင်းတွင် သစ်သားချောင်းစိုက်နေသည်။ လင်းဟောင်က သူချွန်ထားသည့် သစ်သားချောင်းဖြင့် သေချာပစ်လိုက်ခြင်းပင်။ အခြားသူများကတော့ သိပ်မလှုပ်ရှားကြပေ။ မကြာခင်တွင်ပဲ သူတို့အဖွဲ့သည် အပြင်သို့ရောက်လာကြသည်။
မိုင်အနည်းငယ်အတွင်းတွင် တပ်ဖွဲ့တစ်ခုသည် နှစ်ထပ်အဆောက်အဦးတစ်ခုမှာ နားနေကြသည်။ ထိုအချိန်တွင် သူတို့သည် တစ်ခုခုကို အာရုံရလိုက်သည့်အလား အနားမှ စျေးဝယ်စင်တာကို လှည့်ကြည့်လိုက်ကြသည်။
“သေနတ်သံကြားလိုက်တယ်မလား?” လူတစ်ယောက်သည် ထရပ်လိုက်ကာ မသေချာစွာမေးသည်။
“မကြားပါဘူး။ နားကြားမှားတာမလား?” အချို့က ပြန်ပြောသည်။
“အခုငါလည်း ဘာမှမကြားတော့ နားကြားမှားတာ ဖြစ်နိုင်ပါတယ်” သူကပြန်ပြောသည်။
“ဘယ်ဘက်ကလဲ? သွားကြည့်ရအောင်။ ငါတို့နားကြားမှားတာ ဟုတ်မဟုတ်သိရမှာပဲ။ သူတို့ဖြစ်နိုင်တယ်။ အခွင့်အရေးကို မလွတ်စေနဲ့”
“ဟုတ်တယ်။ ဒီဘက်က ထွက်လာတဲ့ပုံပဲ” ထိုလူကပြောသည်။
“လူစီကြ! ငါတို့အဲ့ဒီကို သွားရအောင်!”
“ဟုတ်ကဲ့ဆရာ! သွားရအောင်!”
သို့သော်လည်း သူတို့စျေးဝယ်စင်တာသို့ ရောက်သည့်အခါ သေနေသည့် ဇွန်ဘီများနှင့် ကားထွက်သွားသည့် ခြေရာများအပြင် ဘာမှမတွေ့လိုက်ရတော့ပေ။
လင်းဖန်းနှင့် သူ့လူများသည် ဇွန်ဘီတစ်ကောင်ကို ကျည်တစ်တောင့်သာ သုံးကာ သတ်ခဲ့ပြီး ဘာတိုက်ပွဲမှ မဖြစ်ရန် သတိထားရှောင်ခဲ့တာ ဖြစ်သည်။ သူတို့သည် ကားထဲသို့အမြန်ဝင်ကာ အမြန်မောင်းထွက်သွားကြသည်။
“ဒီဘက်ကို မောင်းသွားကြတာပဲ။ လိုက်ကြ”
တစ်ဖက်တွင် လင်းချင်းသည် နင်းတမြို့ကို ဖြတ်သွားနေပြီဖြစ်သည်။ သူမသည် ကားမောင်းနေဆဲဖြစ်ကာ ကျွင်းကျွင်းက ကားနောက်ခုံတွင် ထိုင်နေသည်။ သူတို့သည် ဘယ်လူသားနှင့်မှ မတွေ့လဲ အချို့အဆင့်မြင့်ဇွန်ဘီအချို့နှင့်သာ တွေ့ရသည်။ သူတို့သည် အဆင့်သုံးနှင့်လေးလောက်သာ ဖြစ်သဖြင့် လင်းချင်းက အလွယ်လေးရှင်းပစ်နိုင်ခဲ့သည်။
အဆင့်သုံးဇွန်ဘီများသည် သူမအတွက် ရှင်းရန်လွယ်ကူသော်လည်း အဆင့်လေးများကတော့ အနည်းငယ်ခက်သည်။ သို့သော်လည်း ဒီဇွန်ဘီများသည် သူမတွေ့ခဲ့သည့် အဆင့်ငါးဇွန်ဘီထက်တော့ အများကြီးလွယ်ကူတာပဲဖြစ်သည်။ ဇွန်ဘီများကို ရှင်းပြီးလျှင် သူမသည် အပျော်အဖြစ် သူတို့၏အမြူတေများကို စုပ်ယူသည်။ ဒီလိုလုပ်ရသည်က သူမအတွက် ပျော်ဖို့ကောင်းနေသည်။
လင်းချင်းသည် အများကြီးမတွေးဘဲ ဇီခရိုင်ကိုဖြတ်လာသည်။ သို့သော်လည်း နင်းတမြို့သို့ရောက်သည့်အခါ သူမသည် ထူးဆန်းသည့် ခံစားချက်တစ်ခုရသည်။ ထိုအရာက ကောင်းလား ဆိုးလားတော့ သူမလည်း မသိပေ။
ခရီးစဉ်တစ်လျှောက်လုံးတွင် လင်းချင်းသည် မြို့နှင့်နီးလာလေလေ ဇွန်ဘီတွေက ပိုများလာလေလေ ဖြစ်ကြောင်းကို သိလိုက်ရသည်။ အဆင့်မြင့်ဇွန်ဘီတွေက အပုန်းကောင်းသည်ကိုလည်း သိလိုက်ရသည်။ သူမသည်လည်း မြို့ပေါ်နေရာများကို ရှောင်ကာသွားနေသောကြောင့် ဇွန်ဘီများဖြင့် သိပ်မတိုးပေ။
ဇွန်ဘီအများစုသည် လမ်းပေါ်တွင် လျှောက်သွားနေရသည်ကို ကြိုက်လေရာ လင်းချင်းသည် သူတို့အနားသို့ ရောက်လာသည်နှင့် သူမ၏အရှိန်အဝါကို ရသည်နှင့် သူတို့က ဖယ်ပေးကြသည်။ သို့သော်လည်း သူတို့သည် အရမ်းနှေးကွေးကြလေရာ လင်းချင်းမှာ ကားဖြင့်တိုက်မိတာ အကြိမ်ကြိမ်ပင်။ ထို့ကြောင့် သူမသည် ဇွန်ဘီနည်းသည့်နေရာကသာ ဖြတ်သွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သည်။
နင်းတမြို့ကို ဖြတ်သည့်အခါ ထူးဆန်းသည့်ခံစားမှုကြီးကို သူမအခါခါ ခံစားနေရသည်။ ထိုခံစားချက်သည် သိပ်မပြင်းသော်လည်း သူမသည် ဒါကြောင့်တစ်ခုခုဖြစ်မလား သိဖို့လိုသောကြောင့် အာရုံစိုက်ထားလိုက်သည်။ သူမသည် နာရီပေါင်းများစွာ နင်းတမြို့တစ်ခုလုံးကို အာရုံစိုက်ကာ မောင်းလာသော်လည်း ဘာမှမဖြစ်သလို ဘာမှလည်း မတွေ့ရပေ။