၁၈၈။ မီးခိုးနီဇွန်ဘီ
လင်းချင်းသည် အခန်းထဲသို့ ဝင်လိုက်ပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမထင်သလိုပင် ကျိုးပဲ့နေသည့် ပရိဘောဂအချို့နှင့် လူ့ကိုယ်အပုံလိုက်တို့က သွေးများဖြင့်နီရဲနေသည့် ကြမ်းပြင်ထက်တွင် ပြန့်ကျဲကာ ရှိနေသည်။
အခန်းထောင့်တွင်တော့ လင်းချင်းကို ကျောပေးထားသည့် သဏ္ဍာန်တစ်ခုသည် လက်ထဲတွင် တစ်ခုခုကိုကိုင်ကာ ကိုက်ဝါးစားနေပုံရသည်။ ထိုတဂျွတ်ဂျွတ် ဝါးစားနေသည့်အသံသည် သူ့ပါးစပ်မှ ထွက်နေတာဖြစ်သည်။
ကျောကြီးသည် ကုန်းနေကာ ဆံပင်များက စေးကပ်၍စိုစွတ်နေသည်။ လင်းချင်းသည် သူကိုင်ထားသည့်အရာက လူ့ခြေထောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် ခြေချောင်းများကို မြင်နေရသဖြင့် ထိုဇွန်ဘီသည် ပေါင်နေရာလောက်ကို စားနေတာဖြစ်မည်။
ထိုဇွန်ဘီ၏ဘေးတွင် နှစ်ခြမ်းဖြဲထားခံရသည့် အလောင်းတစ်ခုကို တွေ့ရသည်။ လူငယ်တစ်ယောက်ဖြစ်ပုံရပြီး မျက်နှာသည် သွေးများဖြင့် ပေနေသည်။ သူ့ခေါင်းသည်လည်း ဖောက်စားခံထားရပုံရကာ အပေါက်ဖြစ်နေသည်။
လူငယ်ကောင်လေး၏ မျက်လုံးများသည် ပြူးကျယ်နေကာ ပါးစပ်လည်းဟထားသည်။ သူ့မျက်နှာသည် တွန့်လိမ်နေကာ မျက်လုံးများသည် မျက်အိမ်ထဲကနေ ထွက်ကြတော့မတက်ဖြစ်နေသည်။ သူ့ကိုယ်သည် ခါးကနေဖြဲထားခံရကာ ဗိုက်သည်လည်းပွင့်နေသည်။ လင်းချင်းသည် သူ့ဗိုက်ထဲက ကလီစာများကို သေချာမမြင်ရသော်လည်း သူ့အပေါ်ပိုင်းကိုယ်သည် ဘေးတွင်ရှိနေကာ အောက်ပိုင်းတွင်တော့ ခြေတစ်ချောင်းမရှိတော့ပေ။
သူ့ကိုယ်အနေအထားအရ လင်းချင်းသည် ဒီလူငယ်ကောင်လေး သေဆုံးသည်မှာ ၂ရက်လောက်ရှိမည်ဟု ခန့်မှန်းမိလိုက်သည်။ အခြားအလောင်းများသည် ဒီထက်ပိုစောပုံရကာ ဒီဇွန်ဘီကပဲ အလောင်းများကို စုထားပုံရသည်။ ပုပ်ပွနေသည့်အပိုင်းအစများနှင့် အရိုးများသည် တံခါးနားတွင်ပုံထားသဖြင့် အနံ့အသက်ဆိုးဝါးလှကာ ယင်တလောင်းလောင်း ဖြစ်နေသည်။ ထိုလူ့အလောင်းအပုံကြီးသည် အနည်းဆုံးတစ်လလောက်ရှိပုံရသည်။ အချို့အပိုင်းအစများသည် နှစ်ပတ်လောက်ရှိပုံရကာ အခန်းထဲတွင် ပြန့်ကျဲနေသည်။ ဇွန်ဘီဘေးက အလောင်းသည်သာ အလတ်ဆက်ဆုံးဖြစ်သည်။
ဇွန်ဘီသည် အစာကိုပဲစားနေကာ ခေါင်းနှင့်လက်များက ပုံမှန်လှုပ်နေသည်။ လင်းချင်းက တံခါးဝတွင်ရပ်နေသည်ကို သိပုံမရပေ။ လင်းချင်းသည် ဇွန်ဘီကို တံခါးဝကနေ ခနကြည့်ပြီးနောက် အနောက်က သန့်သည့်နေရာတွင် သွားရပ်လိုက်ကာ ကိုယ်ပြန်ဖော်လိုက်သည်။
လင်းချင်း၏ ရုတ်တရတ်ပေါ်လာမှုကြောင့် ဇွန်ဘီသည် တောင့်သွားသည်။ ထို့နောက် ထူးဆန်းသည့် မျက်နှာထားဖြင့် လင်းချင်ကို လှည့်ကြည့်လာသည်။ အခြားဇွန်ဘီများလို သူ့ပါးစပ်သည် နားရွက်အထိရောက်အောင်ပြဲနေကာ မျက်လုံများက နက်နေသည်။ နှာခေါင်းကတော့ အခြားဇွန်ဘီစားသွားပုံရကာ လင်းချင်းသည် အပေါက်နှစ်ခုကိုသာ တွေ့ရသည်။
“ဂါး!” လင်းချင်းကို မြင်သည်နှင့် သွားကိုဖြဲကာ အကျယ်ကြီးအော်သည်။ သူ့အသံတွင် သတ်ချင်စိတ်များပါနေကာ သူ့ပိုင်နက်ကို သူမက ကျူးကျော်လာသဖြင့် သတ်ပစ်မည်ဟု ပြောနေသလို ဖြစ်သည်။
လင်းချင်းသည် သူ့၏မည်းနက်နေသည့် မျက်လုံးများမှ ရန်လိုမှုကို ခံစားရသည်။ အခုအစာစားနေချိန်ဖြစ်သဖြင့် သူ့မျက်နှာနှင့် သွားများသည် သွေးများဖြင့် ပေကျံနေသည်။ လင်းချင်းသည် သူ့သွားကြားထဲတွင် အသားစအဖတ်များကို တွေ့ရသည်။ သူမသည် မျက်လုံးလှန်လိုက်ကာ ထိုဇွန်ဘီအော်သံကို လျစ်လျူရှုလိုက်သည်။ ထို့နောက် လက်ပိုက်ကာ နောက်သို့ဆုတ်၍ အုတ်ဘောင်တန်းကို မှီရပ်ရင်း ဒီလိုမထီသလို ကြည့်နေသည်။ ‘နင့်အသံနဲ့ ငါ့ကိုတိုက်နိုင်မှာတဲ့လား? အော်ပြီးသတ်နိုင်မှာမလို့လား?’
ဇွန်ဘီသည် လင်းချင်း၏ တည်ငြိမ်နေမှုကို စိတ်ရှုပ်သွားသည်။ သူမသည် သူ့ကိုတိုက်ခိုက်မည့်ဟန်မရှိသလို ဘာဖြစ်လို့ သူ့ပိုင်နက်ကို ကျူးကျယ်လာသလဲ မပြောတက်ပေ။ သူမသည် မလှုပ်ရှားသည့်အခါ ဇွန်ဘီသည် လူ့ခြေထောက်ကိုချလိုက်ကာ ထရပ်လာသည်။
လင်းချင်းသည် ဒီဇွန်ဘီမှာ လူဖြစ်နေတုန်းက ဘယ်လိုပုံရှိသလဲကိုတောင် မမှန်းတက်တော့ပေ။ သူ့၏စီးကပ်နေသည့်ဆံပင်များက မျက်နှာကိုဖုံးအောင် မရှည်ပေ။ မျက်နှာနှင့် ကိုယ်တို့သည် သွေးများဖြင့် ပေကျံနေသည်။ အဝတ်များသည် သွေးများအခါခါ ပေထားပုံရသဖြင့် မူလအရောင်ကိုတောင် မမြင်နိုင်တော့ပေ။ သွေးဖြင့်ညစ်ပတ်နေကာ အနံ့အသက်က တကယ်ဆိုးဝါးလွန်းသည်။
ဇွန်ဘီသည် ရန်လိုမှုကို ပြင်းပြင်းထန်ထန် ထုတ်ပြနေသည်။ လင်းချင်းသည် ဒီအခန်းထဲက အခြေအနေအရ လူသားများကို အမဲလိုက်ကာ ဖမ်းစားနေသည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်သည်။ အခုစားခံရသည့်လူဆိုလျှင် သေတာ၂ရက်ရှိပြီ ဖြစ်သော်လည်း လူနံ့ကတော့ မပျောက်သေးပေ။ လင်းချင်းသည် သူ့ကိုဇွန်ဘီက ဒီနေရာတွင် ဖမ်းထားခြင်း ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဇွန်ဘီသည် သက်ရှိအစာကို လှောင်တက်ထားသဖြင့် တကယ်ထက်မြက်လွန်းသည်။
ကျောကုန်းနေသည့်ဇွန်ဘီသည် လင်းချင်းကို စိုက်ကြည့်နေကာ သူ့ကိုယ်ထဲကနေ အနီရောင်မီးခိုးများ ထုတ်လာသည်။ အနီရောင်မီးခိုးများက များလာသည့်အခါ ပိုထူလာပြီး အခန်းတစ်ဝက်လောက်နီးပါး ပြည့်သွားသည်။
လင်းချင်းသည် ဒီအနီရောင်မီခိုးများက ဘာလုပ်နိုင်လဲ မသိပေ။ သို့သော်လည်း သူမလိုစွမ်းအားမျိုး ဒီဇွန်ဘီတွင်ရှိနေသဖြင့် အံ့သြနေမိသည်။ ဒီလိုအစွမ်းဖြင့် ဇွန်ဘီများသည် အရမ်းရှားပါးသည်။ လုထန်ယု၏ မှတ်ညဏ်ထဲကဆိုလျှင် သတ္တု၊ အပင်၊ ရေ၊ မီး၊ မြေ ဟူသည့် အစွမ်းများရှိပြီး မိုးကြိုးနှင့် စိတ်စွမ်းအားတို့ကတော့ အရမ်းရှားပါးကြောင်း လင်းချင်းသိခဲ့ရသည်။
လင်းချင်းသည် တောင်ပိုင်းတွင် အဆင့်ငါးသတ္တုဇွန်ဘီနှင့် စိတ်စွမ်းအားဇွန်ဘီကို သတ်ခဲ့ဖူးသည်။ လင်းချင်းသည် ဒီရုပ်ဆိုးဇွန်ဘီကို ကြည့်လိုက်သည်။ ဒီဇွန်ဘီသာ လူအများကြီး စားမထားလျှင် သူမက အသက်ရှင်ခွင့်ပေးမှာ ဖြစ်သည်။
အနီရောင်မီးခိုးများက ဇွန်ဘီကိုယ်ကို တဖြည်းဖြည်း ဖုန်းအုပ်လာသည့်အခါ လင်းချင်းသည် သူမ၏လက်ကို ဝေ့ယမ်းလိုက်သည်။ အနက်ရောင်မြူခိုးများက သူမဆီမှ ထွက်လာကာ အနီရောင်မီးခိုးများဖြင့် ရောနှောသွားလေသည်။
အနီရောင်မီးခိုးများသည် ဇွန်ဘီ၏ထိန်းချုပ်မှုအောက်တွင် အရမ်းသွက်လက်မနေပေ။ အခန်းတစ်ခုလုံးနီးပါးပျံနှံကာ လေဖြင့်ရောနေတာဖြစ်သည်။ လင်းချင်း၏ အနက်ရောင်မြူခိုးများကတော့ အခန်းထဲတွင် လျှင်မြန်စွာ စီးဆင်းသွားကာ အနီရောင်မီးခိုးများကို ပိတ်ဆို့လိုက်သည်။ အနက်ရောင်မြူခိုးများဖြင့် ထိလိုက်သည့် မီးခိုးနီများသည် ချက်ချင်းပျောက်ကွယ်သွားကြပြီး ဇွန်ဘီအနားသို့ အနက်ရောင်မြူခိုးများက နီးကပ်လာသည်။
“ဂါး”
လင်းချင်း၏ မြူခိုးနက်များကြောင့် ဇွန်ဘီသည် အန္တရာယ်ကို သတိထားမိပုံရသွားကာ လင်းချင်းကို အော်သည်။
ဝူး မီးခိုးနီဇွန်ဘီသည် အသံနက်ကြီးဖြင့်အော်ရင်း နောက်သို့ဆုတ်သွားသည်။ ထိုအချိန်တွင် လင်းချင်းသည် ကိုယ်ဖျောက်လိုက်သည်။ သူမသည် ဇွန်ဘီ၏အနောက်တွင် ပြတင်းပေါက်၂ခုကို တွေ့လေရာ ဒီဇွန်ဘီသည် ခုန်ချပြီး ပြေးဖို့လုပ်နေကြောင်း သိလိုက်သည်။ လင်းချင်းသည် သူမ၏ မြူခိုးနက်များက ဘယ်လောက်အစွမ်းထက်သလဲ သတိထားမိသော်လည်း ဒီဇွန်ဘီက အရမ်းအထိမခံဖြစ်နေလိမ့်မည်မှန်းတော့ မမျှော်လင့်ထားပေ။ ထိုဇွန်ဘီသည် မြူခိုးနက်များဖြင့် မထိခင်တွင်ပဲ အန္တရာယ်ကို ကြိုသိသွားကာ ထွက်ပြေးဖို့ လုပ်နေလေပြီ။
ဦးနှောက်မရှိသည့် ဇွန်ဘီများသာ ဘယ်ရန်သူကိုမဆို ကြောက်ရကောင်းမှန်းမသိဘဲ တိုက်ခိုက်ကြတာ ဖြစ်သည်။ သူတို့နှင့်မတူညီစွာပဲ ဒီဇွန်ဘီကတော့ လင်းချင်းဖြင့် မယှဉ်နိုင်မှန်း သိသည့်အခါ ထွက်ပြေးဖို့ လုပ်လေပြီ။ သို့သော်လည်း လင်းချင်းက ဒီလိုအခွင့်အရေးမျိုးကို ပေးမည့်သူမျိုး မဟုတ်ပေ။