May Honey Logo May Honey
Previous Next

၁၇၄။ လက်ရေးနဲ့အရှိန်အဝါ

ထိုအချိန်တုန်းက ဇွန်ဘီပိုးဖြင့်ထောက်ပံ့ပေးထားသည့်  စွမ်းအားကလွဲ၍ ကျန်သည့်အကုန်လုံးကို စုပ်ယူခံလိုက်ရတာဖြစ်သည်။ ထို့ကြောင့် သူနိုးထာလာသည့်အခါ သူ့ကိုယ်သည် ခန်းခြောက်နေခဲ့တာဖြစ်သည်။ 

အကယ်၍နွယ်ပင်သာ ဇွန်ဘီပိုးကို မဖယ်ပေးနိုင်လျှင် သူ့ကိုယ်အခြေအနေကိုလည်း မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်သူသည် လူသားနှင့်တူသည့်ဇွန်ဘီ ဆက်ဖြစ်နေဦးမှာ ဖြစ်သည်။ ဒီအကြောင်းကို စိတ်ကြီးသည့်နွယ်ပင်ကလွဲ၍ လင်းချင်းနှင့် ရှဲ့တုန်းတို့ မသိကြပေ။ ရှဲ့တုန်းသည် သူဘယ်လိုဇွန်ဘီဖြစ်သွားသလဲကိုတောင် မှတ်မိသည့်သူ မဟုတ်ပါပေ။

ကျွင်းကျွင်းသည် ပါးစပ်ဟကာ လင်းချင်းကို ပြောဖို့လုပ်လိုက်သော်လည်း ဘာအသံမှထွက်မလာပေ။ သို့သော်လည်း လင်းချင်းကတော့ သူမဘာကိုပြောချင်သလဲ ဆိုသည်ကို သိသောကြောင့် အဖြေကို ရေးပြလိုက်သည်။
‘ဒီအကြောင်းကို ငါပြောကြည့်ဖို့လိုတယ်။ ဒါပင်မယ့် နင်တို့ကိုယ်တွေနဲ့အသံကို ထိန်းဖို့ဆိုရင် စွမ်းအားလိုတယ်။ လူသား၊ ဇွန်ဘီနဲ့ သန္ဓေပြောင်းအပင်တွေရဲ့ အမြူတေကို စွမ်းအားအဖြစ် ငါတို့သုံးလို့ရတယ်’

လင်းချင်းသည် ဒီကန်က တခြားဇွန်ဘီတွေကိုရော ကုနိုင်သလား မသိပေ။ ဒီအတွေးဖြင့် သူမဆက်ရေးသည်။   ‘နင်တို့အသံတွေကို ပြင်ပေးနိုင်လားဆိုတာကို သွားမေးဖို့လိုတယ်’   ပြောပြီးနောက် သူမသည် နယ်မြေထဲသို့ တန်းဝင်သွားသည်။

တစ်ဖက်တွင်တော့ လင်းချင်းထွက်သွားသည်နှင့် လင်းဖန်တို့သည် သူမ၏လက်ရေးကိစ္စကို ပြောနေကြတာဖြစ်သည်။

“မနေ့ကစာရွက်မှာရေးပြသွားတဲ့လက်ရေးကို အရမ်းရင်းနှီးနေသလို ခံစားရတယ်”   အမျိုးသမီးလင်းကပြောတယ်။   “အခုတော့ သူ့လက်ရေးက ချင်းလက်ရေးနဲ့ တထေရာတည်းပဲလို့ ငါထင်လာပြီ!”

လင်းဝမ်ဝမ်သည် ခေါင်းငြိမ့်ကာ   “ဘယ်သူကမှ သမီးတို့မကြီးလိုမျိုး ထက်ပြီးထင်းနေတဲ့ဆွဲချက်တွေကို ရေးနိုင်တာ မဟုတ်ဘူး။ ဒီဇွန်ဘီက လိုက်တုနေတယ်ဆိုရင်တောင်မှ လက်ရေးက မကြီးလက်ရေးနဲ့ လုံးဝတူနေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ကိုသမီးတစ်ချိန်လုံးကြည့်နေတာ။ ပုံမှန်လေးရေးနေတာကို မကြီးလက်ရေးနဲ့ တူနေတာ!”

လင်းဖန်သည် ခနတွေးပြီးနောက် ဒီစကားဝိုင်းကို ဝင်ပြောသည်။   “သူ့အရှိန်အဝါ၊ ထိုင်တဲ့ပုံနဲ့ အမှုအကျင့်သေးသေးလေးတွေကအစ လင်းချင်းနဲ့တူတယ်။ ပြီးတော့ သူ့မျက်နှာကို ငါသေချာကြည့်နေတာ။ သူ့အမှုအယာတွေကလည်း တူနေတာ ငါသတိထားမိတယ်။ အမှုအယာတွေက အရမ်းရင်းနှီးလွန်းတယ်။ သူပြောပုံတွေးပုံတွေကလည်း လင်းချင်းလိုပဲ။ မင်းရောဘယ်လိုထင်လဲ ထန်ရှင်း?”   သူပြောပြီးသည့်အခါ ယွမ်ထန်ရှင်းကို လှည့်မေးလိုက်သည်။

ယွမ်ထန်ရှင်းသည် ဖွဖွလေးပြုံးနေကာ သူ့၏တဖျက်ဖျက်တောက်နေသည့် မျက်လုံးများကြောင့် တစ်ခုခုကို သူတွေးနေကြောင်း လူတိုင်းက သိလိုက်သည်။

လင်းဖန်နှင့် အခြားသူများ ထောက်ပြသွားသမျှကို သူလည်း သတိထားမိခဲ့သည်။ လင်းချင်းကို သူခိုးချစ်နေမိတာ နှစ်အရမ်းကြာပြီဖြစ်သောကြောင့် သူမ၏အကြောင်းကို သူသေချာပေါက်သိသည်။ အခုနှစ်ပိုင်း သူမ၏အနားတွင် သိပ်မနေရသော်လည်း ဘာမှပြောင်းလဲမသွားပေ။

သို့သော်လည်း လုထန်ယုဟုခေါ်သည့် ဇွန်ဘီကတော့ အရမ်းထူးဆန်းနေသည်။ ဇွန်ဘီတစ်ကောင်အနေဖြင့် လင်းဖန်တို့ကိုကယ်ဖို့ အဝေးကြီးလာခဲ့သည်။ ဖြစ်နိုင်သည်မှာ သူမတွင် သီးသန့်အကြောင်းပြချက်တစ်ခုခုရှိနေနိုင်သည်။ သို့သော်လည်း ဇွန်ဘီ၏ ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မည်နည်း? သူတို့အသားကို စားချင်၍လား? အသဲနှလုံးလား? ဒါမှမဟုတ် အမြူတေကိုလား? ဒါတွေကို စားချင်တယ်ဆိုရင် သူမသည် လူကောင်းယောင်ဆောင်ကာ သူတို့ကိုကယ်ဖို့ မလိုအပ်ဘူးမလာ? ထို့အပြင် မနေ့တုန်းက သူမသည် ယောက်ျားနှင့်တူနေပြီးနောက် တစ်ညအတွင်းမှာ သူမသည် အမျိုးသမီးဖြစ်လာကာ သူမ၏ရုပ်သွင်သည်လည်း သိသိသာသာကို ပြောင်းလဲသွားသည်။ ဒါကစိတ်ရှုပ်စရာပင်။

လင်းချင်းသည် ကျွင်းကျွင်းနှင့်တုံတုံတို့ကို ရှဲ့တုန်းနှင့် တစ်ခန်းထဲထားခဲ့ပြီးနောက် နယ်မြေထဲသို့ ဝင်သွားတာဖြစ်သည်။ ကျွင်းကျွင်းသည် ရှဲ့တုန်းအား စိုးရိမ်စွာ ကြည့်လိုက်သည်။ ဒီဇွန်ဘီသည် သွေးဆာခြင်းနှင့် ရန်လိုခြင်းတို့ အနည်းငယ်ရှိနေသလို ဖြစ်နေသောကြောင့် သူမ၏သားအတွက် မကောင်းကြောင်းကို ခံစားမိသည်။ သို့သော်လည်း ဒီရန်လိုခြင်းက လူသားများစွာကိုသတ်စားထားသည့် ဇွန်ဘီများနှင့် သိပ်မတူသော်လည်း. . . သူမ၏ ခံစားချက်ကို သူမကိုယ်တိုင် သေချာမရှင်းပြတက်တော့ပေ။ သေချာသည်ကတော့ ရှဲ့တုန်းအား အန္တရာယ်ကောင်ဟု ခံစားရသည်။ လင်ချင်းနှင့် ချူးလီလီတို့သည် အဆင့်မြင့်များအနေဖြင့် သူမကို ဖိအားပေးနိုင်သော်လည်း သူတို့နှင့်မတူဘဲ ရှဲ့တုန်းသည် သူမအတွက် သားရဲကြီးတစ်ကောင်လို ကြောက်လန့်စေတာမျိုး ဖြစ်သည်။

ရှဲ့တုန်းသည် သူ့အား ကျွင်းကျွင်းက ကြောက်နေသည်ကို သိသဖြင့် သူ့အရှိန်အဝါကို ထိန်းထားပေးသည်။ သို့သော်လည်း သူမသည် ကြောက်နေဆဲဖြစ်ကာ ဘယ်လိုကူညီပေးရမလဲ မသိတော့ပေ။ သူသည် ဟိုဟိုဒီဒီကြည့်ပြီးနောက် အနံ့ခံကြည့်သည်။ ထို့နောက် တံခါးနားသို့သွားကာ သေချာအနံ့ခံကြည့်သည်။ အပြင်တွင် လူသားများစွာ ရှိနေကြောင်းကို သူအာရုံခံမိသည်။

ဒီလူတွေက ဘာတွေလဲသိချင်သွားသလို ဘာဖြစ်လို့ လင်းချင်းက ကျွင်းကျွင်းနှင့်အတူ ရှိနေသလဲကိုလည်း သိချင်သွားသည်။   ‘သူတို့က လင်းချင်းလိုက်ရှာနေတဲ့သူတွေလား? ဒီအခန်းကလူတွေက ဇွန်ဘီဆိုတာရော သူတို့သိကြရဲ့လား? ပြီးတော့ လင်းချင်းက ကျွင်းကျွင်းနဲ့ဒီကလေးကို ဘယ်ကနေ ခေါ်လာတာလဲ?’

အရင်တုန်းက လင်းချင်းသည် တစ်ကိုယ်တည်း လှုပ်ရှားတက်သူဖြစ်သည်။ အခုတော့ အခြားဇွန်ဘီတစ်ကောင်နှင့် ကလေးတစ်ယောက်ရှိနေသည်။ ရှဲ့တုန်းသည် ဝူယွဲ့လင်းလေး ဘယ်ရောက်သွားသလဲကို တွေးနေမိသည်။   ‘လင်းချင်းက ပြန်ပေးလိုက်ပြီလား? တောင်ဘက်သွားတာမလား? ကလေးမလေးကို သူ့အဖေဆီ ဘယ်လိုများပေးတာလဲ? ဒါမှမဟုတ် ခေါင်းဆောင်ဝူက သူ့ကိုမိသွားလို့လား?’

သူ့အတွက် ဘာကမှ အဖြေမရှိပေ။   ‘တကယ်လို့ ဒီကလူတွေက လင်းချင်းရှာနေတဲ့သူတွေ မဟုတ်ဘူးဆိုရင် သူတို့က ဘယ်သူတွေလဲ?’   သူသည် မေးခွန်းများအပြည့်ဖြင့် ကျွင်းကျွင်းနှင့် တုံတုံကို စိတ်ရှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်။   ‘ဘယ်လိုကံမျိုးရှိလို့ လင်းချင်းဆီကို ကလေးတွေက ရောက်လာကြတာလဲ?’

နယ်မြေထဲသို့ရောက်သည့်အခါ လင်းချင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမကိုယ်တိုင်သည်လည်း နယ်မြေက ကြီးလာသည်နှင့် အသားမကျသေးပေ။ သူမမထိန်းနိုင်သလို ခံစားစေနေရသေးသည်။   ‘ငါကဒီနေရာပိုင်ရှင်မလား? ဒါမှမဟုတ် ခနငှားသုံးနေရသူလား? နွယ်ပင်ကမှ ဒီနယ်မြေရဲ့ ပိုင်ရှင်အစစ်လား?’

ဒီအတွေးဖြင့် သူမသည် ကန်ရေမျက်နှာပြင်ကို ထိလိုက်သည်။ သူမ၏ဇွန်ဘီသူငယ်ချင်းများကို ကုသပေးရမလားသိချင်သဖြင့် နွယ်ပင်များဖြင့် ဆက်သွယ်ဖို့ ကြိုးစားနေတာ ဖြစ်သည်။ 

နွယ်ပင်များသည် သူမရှိနေသည်ကို အာရုံရသဖြင့် တဖြည်းဖြည်းတက်လာလာသည်။ လင်းချင်းသည် တအံ့တသြဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် ဘယ်လိုဆက်သွယ်ရမလဲ မသိသဖြင့် အကျပ်ရိုက်သွားသည်။ ဇွန်ဘီတွေ လူသားတွေဖြင့် သူမဆက်သွယ်ပြောဆိုဖူးသော်လည်း အပင်နှင့်တော့ မပြောဖူးပေ။ ဒီနွယ်များသည် လိပ်ကိုနှစ်ခါလောက် ကုန်းပေါ်သို့ ပစ်ထုတ်ဖူးသဖြင့် ဉာဏ်ကောင်းကြောင်းတော့ သိသည်။   ‘ဒီနွယ်တွေက ဘယ်ကလဲ? ကမ္ဘာပျက်ခေတ်မှာ သန္ဓေပြောင်းပင်တွေလည်း အသိဉာဏ်ရှိနေတာလား?’

အရင်တုန်းက လင်းချင်းသည် ဒီနွယ်ပင်များ၏ စိတ်တိုကြောင်းပြသည့်အနေဖြင့် ရေမျက်နှာပြင်ကို တဖြတ်ဖြတ်ရိုက်နေခြင်းအား ဆိုးသွမ်းသည့်ကလေးတစ်ယောက်ဟု ခံစားရသည်။ ဒါကိုတွေးမိသည့်အခါ လင်းချင်းသည် ရယ်ချင်သွားသည်။ ထို့အပြင် နွယ်သည်လည်း သူမထံမှ သစ်စေ့အမြူတေကို တောင်းခဲ့ပုံမှာ သကြားလုံးလိုချင်သည့် ကလေးလိုပင်။

လင်းချင်းသည် အပေါ်တက်လာဖို့ လက်ကိုလှုပ်ပြနေတုန်း နွယ်ပင်သည် ရေထဲကနေ ထွက်လာသည်။   ‘ဟင်? လိမ္မာသားပဲ’   လင်းချင်းသည် နွယ်ပင်ကိုကြည့်ရင်း အံ့သြသွားသည်။

‘ငါ့မိတ်ဆွေတွေကိုလည်း ကုပေးချင်တယ်ဆိုတာကို ဘယ်လိုပြောရမလဲ?’
ဒါကိုကုသသည်ဟု ထင်သော်လည်း အဆင့်မြှင့်ပေးခြင်းနှင့် ပိုတူသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမနည်းနည်းချင်း ကုသပြီးသွားတိုင်းလည်း ပိုသန်မာလာသလို ခံစားရသည်။
‘ရေးပြရမလား? နွယ်ကစာဖတ်တက်လား? စကားပြောရမလား? တော်ကြာ ငါပြောနေတဲ့ ဘာသာစကားကို နားမလည်ဘူးဆိုရင်ရော’

သို့သော်လည်း လင်းချင်းသည် ဒီနွယ်ပင်များက စိတ်ချင်းဆက်သွယ်မှုကို ပိုသဘောကျနိုင်မည်ဟု ထင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရင်၂ကြိမ်လုံးတွင် သူမ၏လက်ကောက်ဝတ် သို့မဟုတ် ခြေထောက်ကို ရစ်ပတ်ကာ သူမ၏ဦးနှောက်ထဲသို့ အကြောင်းကြားခဲ့ခြင်းကို ပြန်သတိရသွားသောကြောင့်ဖြစ်သည်။ ဆက်သွယ်ဖို့အတွက် သူမသည် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလိုအပ်ပုံရသည်။  
Previous Chapter 174 of 198 Next