၈၆။ ဇွန်ဘီမလေး ချူးလီလီ
လင်းချင်းသည် ဒီဇွန်ဘီမလေးမှာ သူမကိုဖက်ငိုနေစဉ်တွင် တစ်ကိုယ်လုံး တုန်ရီနေသည်ကို ခံစားလို့ရသည်။ သူမသည် သက်ပြင်းချကာ ပုခုံးလေးကို ပုတ်ပေးလိုက်သ်ည။
နိုးလာသည့်အခါ ဘယ်လောက်တောင် ကြောက်နေမလဲ ဆိုသည်ကို သူမတွေးလို့ရသည်။ သူမတောင်မှ ဇွန်ဘီဖြစ်လာတာတောင် မိသားစုက ရှိသေးသည်။ ဒီကောင်မလေး၏မိသားစုက သူမကိုမမှတ်မိတော့ကာ သူ့ကိုလည်းစောင့်ရှောက်ပေးမည့်သူ မရှိတော့ပေ။ လူသားများသည်လည်း သူမကိုတွေ့သည်နှင့် ပြင်းထန်စွာ တိုက်ခိုက်ကြ၍ ပုန်းကွယ်နေရသည်။ သူမသည် တစ်ယောက်တည်းသာ ရှင်သန်နေရသည်။ ဒါတွေအကုန်လုံးကို လက်ခံနိုင်စွမ်းရှိသည်မှာ လင်းချင်းသည် အရွယ်ရောက်နေသည့် လူကြီးတစ်ယောက်ဖြစ်နေ၍သာ။ ဒီကောင်မလေးကတော့ ငယ်သေးသည်။ သူမည် မိသားစုက အလိုလိုက်အကြိုက်ဆောင်ခံရသည့် မင်းသမီးလေးသာ ဖြစ်သင့်သည်။ ကြောက်ဖို့ကောင်းသည့် လောကကြီးတွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက် ကလေးမလေး တစ်ယောက်သည် ဇွန်ဘီဖြစ်ကာ တစ်ယောက်နေရခြင်းသည် အရမ်းကြောက်ဖို့ကောင်းခဲ့လိမ့်မည်။
လင်းချင်းသည် ဇွန်ဘီမလေးက သူမအားတင်းကြပ်စွာ ဖက်ကာငိုနေသည်ကို ဖယ်မထုတ်ရက်ပေ။ ငိုနေသည်ကို ကြားသော်လည်း မျက်ရည်ထွက်မထွက်တော့ သူမမမြင်ရပေ။ ဇွန်ဘီတွေက မျက်ရည်ရော ကျနိုင်လို့လား? လင်းချင်းသည် ခနစောင့်ပေးနေသော်လည်း ဇွန်ဘီမလေးသည် ရပ်မည့်ပုံမပေါ်ဘဲ ဆက်အော်ငိုနေဆဲဖြစ်သည်။
လင်းချင်းကို သူမ၏မိသားစုအကြောင်း ပြောပြီးသည့်အခါ ငါးနှစ်လုံးကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ ပြောပြသည်။ သူမသည် လူသားများကို အကူအညီသွားတောင်းသော်လည်း သူမကိုမြင်သည်နှင့် တိုက်ခိုက်ကြသည်။ သူမတွင် ပြန်တိုက်ဖို့ ရည်ရွယ်ချက်မရှိသော်လည်း လူများသည် ဆက်သွယ်ဖို့ အခွင့်အရေးတောင် မပေးကြပေ။ သူမသည် အကြိမ်ကြိမ်ကြိုးစားသော်လည်း ရလဒ်ကတော့ မပြောင်းမလဲပင်။ သဘာဝလွန်စွမ်းအားရှင်များ အားကောင်းလာသည်နှင့်အမျှ သူမကို ခြိမ်းခြောက်နိုင်လာသည်။ ထို့ကြောင့် လူသားများနှင့် ဆက်သွယ်ဖို့ကို လက်လျှော့လိုက်တော့သည်။
သို့သော်လည်း သူမသည် ဇွန်ဘီများနှင့် စကားပြောဖို့ကိုတော့ မကြိုက်ပေ။ သူမ၏စိတ်ထဲတွင် မကောင်းဆိုးဝါးများလို ခံစားရသောကြောင့်ဖြစ်သည်။ ထို့အပြင် ဇွန်ဘီများသည် အဆင့်မြင့်ဇွန်ဘီများနှင့် စွမ်းအားရှိသည့် ဇွန်ဘီများပါ အပါအဝင် အကုန်လုံးသည် လူစိတ်မရှိဘဲ စားချင်တာ တစ်ခုသာရှိသည်။ လူပတ်ဝန်းကျင်တွင် ကြီးပျင်းလာရသည့် ဇွန်ဘီမလေးသည် အဆင့်မြင့်ဇွန်ဘီများက ပိုပြီးတော့ မကောင်းဆိုးဝါးဆန်သည်ဟု သူမခံစားရသည်။
သူမသည် အခြားဇွန်ဘီများလို လူ့ဦးနှောက်ဖောက်ကာ၊ လူ့နှလုံးဝါးခြင်းနှင့် လူသားစားခြင်းတို့ကို မလုပ်ပေ။ ထို့ကြောင့် တိရိစ္ဆာန်များကိုသာ အမဲလိုက်သည်။ သူမသည် လိုက်ရသည့် အကောင်များကို အရသာက အရမ်းဆိုးဝါးနေသော်လည်း အတင်းစားရသည်။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီဖြစ်နေသောကြောင့် အသားမစားရင် သေသွားနိုင်သောကြောင့်ပင်။ သူမသည် လူတစ်ဝက် ဇွန်ဘီတစ်ဝက်ဖြစ်နေသော်လည်း ဆက်ရှင်ချင်သေးသည်။ အကြောင်းအရင်းကတော့ သေရမည်ကို ကြောက်၍သာ။
သူမသည် သုံးကြိမ်လောက် ငိုပြီးသွားခါမှ လင်းချင်းကို လွှတ်ပေးကာ နောက်ဆုတ်သွားသည်။ လင်းချင်းသည် သူမ၏မျက်နှာကို ကြည့်လိုက်သည့်အခါ မျက်ရည်မရှိဘဲ ခြောက်ကပ်နေသည်။ သို့သော်လည်း မျက်လုံးများက ပြောင်းသွားသည်။ အရင်က အနီဖျော့ဖျော့သန်းနေသည့် မျက်စံများသည် အခုတော့ အနီရောင်မီးသီးနှစ်လုံးလို နီရဲတောက်ပနေသည်။ ကံကောင်းသည်မှာ နေ့ဘက်မလို့သာ။ မဟုတ်ရင် ကြောက်ဖို့ကောင်းနေမည်။ လင်းချင်းသည် အခုသာမှောင်သွားပါက သူမမျက်လုံးများ ဘယ်လောက်တောက်မလဲ သိချင်သွားသည်။
လင်းချင်းသည် ဇွန်ဘီမလေး စိတ်ငြိမ်သွားသည်ကို မြင်ခါမှ စာရွက်နှင့် ဘောပင်ထုတ်ကာ ရေးဖို့လုပ်သည်။ သို့သော်လည်း သူမရေးလို့တောင် မပြီးသေးခင် ဇွန်ဘီမလေးသည် စူးရှနေသည့် အသံဖြင့် အော်ပြောပြန်သည်။ သူမပြောချင်သည်မှာ
‘မကြီးနောက်ကို လိုက်မယ်!ဘယ်ကိုသွားမှာလဲ? ဘယ်ကိုသွားသွား လိုက်မယ်နော်!’
လင်းချင်းသည် ဇွန်ဘီမလေးအား တအံ့တသြကြည့်ကာ သူမရေးထားသည်ကို ပြလိုက်သည်။ ‘နင့်နာမည်က ဘယ်သူလဲ?’
လင်းချင်းသည် သူမငိုချင်းချတာ သုံးခါလောက် နားထောင်လိုက်ပြီးတာတောင်မှ နာမည်ပြောမသွားသည်ကို သတိရလိုက်တာ ဖြစ်သည်။ ဇွန်ဘီမလေးသည် ဝူးဝူးဝါးဝါးဖြေသည်။ ‘လီလီ. . .ချူးလီလီပါ။ ဇွန်ဘီမဖြစ်ခင်တုန်းက အသက်၁၆နှစ် ပြည့်ခါနီးပြီ။ ဒါနဲ့ ဘာဖြစ်လို့ မကြီးက စကားမပြောတာလဲ? ဘာဖြစ်လို့ စာပဲရေးပြနေတာလဲ? စာရေးရတာ မပျင်းဘူးလား?’
ချူးလီလီဟုသည့် ဒီဇွန်ဘီမလေးသည် အတော်စပ်စုသည့် ကလေးမလေးဟု ခံစားရသည်။ သူမ၏မျက်လုံးမှ အနီအလင်းများသည် မှိန်သွားသော်လည်း အခုတော့ သိချင်စိတ်တို့က ပြင်းပြနေပြန်သည်။ ချူးလီလီကိုနဲ့ ပြောဆိုရသည်မှာ သုံးနှစ်အရွယ်ကလေးတစ်ယောက်နှင့် ပြောနေရသလိုပင်။
သူမတွေးလို့တောင် မဆုံးသေးခင် ချူးလီလီသည် ထပ်မေးပြန်သည်။ “ဂါး ဂါး ဂါး?”
‘မကြီးနဲ့ မကြီးဘေးက ဇွန်ဘီကို ထိန်းချုပ်ဖို့ လုပ်သေးတယ်။ ဒါပင်မယ့် သူ့ကိုပဲ ထိန်းလို့ရတယ်။ မကြီးကတော့ ညီမလေးရဲ့ အစွမ်းကို လုံးဝမတုန့်ပြန်ဘူး!!! မကြီးက အရမ်းမိုက်တာပဲ! ပြီးတော့ နယ်မြေလည်းရှိသေးတယ်မလား? ခုနလေးတင် ပျောက်သွားတာလေ။ မကြီးသူငယ်ချင်းကို ခေါ်ပြီးတော့’
လင်းချင်းသည် ခေါင်းကိုခါပြီးနောက် ခေါင်းငြိမ့်ပြကာ စာရေးပြသည်။ ‘ငါ့နာမည်က လင်းချင်း။ ငါအသံကို မသုံးတာက အသံကြီးက ကြားရတာ ထူးဆန်းနေလို့။ ခုနကတော့ ဘာမှမခံစားလိုက်ရတာ ဟုတ်တယ်။ ပြီးတော့ ငါ့မှာ တကယ်နယ်မြေရှိတယ်’
“ဂါး ဂါး ဂါး” ‘ဒါပင်မယ့် ဒီလိုပြောရတာက ပိုအဆင်ပြေသလားလို့။ ဒါနဲ့ ဘယ်ကိုသွားမှာ?’ ချူးလီလီသည် ထပ်မေးသည်။
လင်းချင်းသည် ပထမစာရွက်တွင် နေရာလွတ်မရှိတော့သည်ဖြစ်ရာ နယ်မြေထဲသို့ လွှတ်ပစ်လိုက်သည်။ အပြင်သို့ မလွှတ်ပစ်ရခြင်းမှာ သူမ၏လက်ရေးကို တစ်ယောက်ယောက်က မြင်မသွားစေချင်၍ဖြစ်သည်။ ထို့ကြောင့် သုံးပြီးသားစာရွက်များကို နယ်မြေထဲသို့သာ ပစ်လေ့ရှိသည်။ ထို့နောက် နောက်စာရွက်တွင် ရေးပြလိုက်သည်။ ‘တောင်ဘက်’
“ဂါး ဂါး” ‘လိုက်မယ်! လိုက်မယ်! တစ်ယောက်တည်း ထပ်မနေချင်တော့ဘူး’ ချူးလီလီက ပြောသည်။
ချူးလီလီ၏ အသနားခံကာ တောင်းဆိုနေသည့် မျက်လုံးတောက်တောက်လေးများကို မြင်ရသည့်အခါ လင်းချင်းမှာ ‘မရဘူး’ဟု မငြင်းနိုင်တော့ပေ။ မခေါ်သွားရင်တောင်မှ ချူးလီလီသည် သူမအနောက်သို့ ပတ်လိုက်နေမှာ ဖြစ်သည်။ ဒီလိုစိတ်ပိုင်းဖြတ်ထားခြင်းကို သူမမြင်နေရသည်။
သူမသည် ချူးလီလီက ဘာဖြစ်လို့ ဒီနေရာကို ပိတ်ထားသလဲ သိချင်သဖြင့် စာရွက်ပေါ်တွင် ရေးကာပြလိုက်သည်။ ‘ငါတို့ဖြတ်မယ်ဆိုတာကို ဘယ်လိုလုပ်သိနေတာလဲ? ဘာဖြစ်လို့ ဇွန်ဘီအများကြီးကို ထိန်းချုပ်ပြီး လမ်းပိတ်ထားတာလဲ? အရင်ကရော ဒီလိုလုပ်ဖူးလား?’
“ဂါး ဂါး”
ချူးလီလီသည် အော်သံပြုသော်လည်း လင်းချင်းက တစ်ချိန်လုံး စာရေးပြနေရသဖြင့် သူမ၏စိတ်ထဲတစ်မျိုးဖြစ်လာသည်။ လင်းချင်းနှင့် မတွေ့ခင်က သူမသည် အခြားဇွန်ဘီများကို ‘ဒီလာ’ ‘ထွက်သွား’ ‘ဟိုဘက်’ ‘ဒီဘက်’ ဒီလိုနှစ်လုံးလောက်သာရှိသည့် အတွေးများကို ပို့ပေးနေခဲ့တာ ဖြစ်သည်။ အခုတော့ လင်းချင်းနှင့် တွေ့သည့်အခါ သူမသည် စကားအရှည်ကြီးများကို ပြောလာရသည်။ သူမသည် အသံပြုရသည်ကို အကျင့်ရနေသော်လည်း အခုတော့ အနည်းငယ်ထူးဆန်းလာသည်။
ထို့ကြောင့် အသံမပြုတော့ဘဲ ခနတွေးပြီးနောက် လင်းချင်း၏စာအုပ်နှင့် ဘောပင်ကို လက်ညိုးထိုးပြသည်။ လင်းချင်းသည် ပေးလိုက်သည့်အခါ သူမသည် အနေရခက်စွာဖြင့် စာရေးသည်။ စာအုပ်ကို လက်တစ်ဖက်ကကိုင်ကာ ဘောပင်ကို နောက်တစ်ဖက်ကကိုင်ရင်း ထူးဆန်းသည့်ပုံစံဖြင့် စာရေးနေတာ ဖြစ်သည်။ လင်းချင်သည် သူမစာရေးပြီး ပြန်ပြမည်ကို စောင့်နေလိုက်သည်။
‘မကြီးတို့လာတာကို အာရုံခံမိတယ်။ အဲ့ဒါကြောင့် ဇွန်ဘီအုပ်ကြီးကို တားဖို့လွှတ်လိုက်တာ။ တခြားနေရာကနေ ဒီကိုရောက်လာတာ ဖြတ်သွားတာ လုပ်တဲ့ဇွန်ဘီတိုင်းကို တားတက်တယ်။ လူသားဆိုရင်တော့ လမ်းမပိတ်ပါဘူး။ တမြို့လုံးက ညီမလေးအပိုင်လေ’ လင်းချင်းကို သူမတားခြင်းသည် အခြားနေရာမှ ဇွန်ဘီက သူမနေရာသို့ ရောက်လာ၍ တားထားခြင်း ဖြစ်သည်။
အဆင့်မြင့်ဇွန်ဘီအများစုတွင် နယ်နမိတ်ရှိကြောင်းကို လင်းချင်းက ပြန်သတိရသွားသည်။ ချူးလီလီသည် ဒီမြို့ကိုသဘောကျလေရာ အခြားနေရာမှ ဇွန်ဘီများကို မောင်းထုတ်တက်တာ ဖြစ်မည်။ သူမသည် လူသားများကို ဒီလိုမလုပ်ခြင်းမှာ လူသားများတွင် အခြေစိုက်စခန်းမှာရှိပြီး သူမ၏နယ်နမိတ်မှာ ကြာကြာနေမှာ မဟုတ်သည်ကို သိ၍ဖြစ်သည်။
ထို့ကြောင့် သူမကိုယ်သူမ ထွက်မပြကာ လူသားများကို မတားခြင်း ဖြစ်သည်။ ထို့အပြင် လင်းချင်းသည် သူမထံမှ လူသားများကို အရမ်းကြောက်နေစိတ်ကို ခံစားမိသည်။ ‘လူသားကို ကြောက်နေတဲ့ ဇွန်ဘီလား?’
ချူးလီလီသည် ခေါင်းမာနေသဖြင့် ခေါ်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။ ချူးလီလီက တောင်ပိုင်းစခန်းများ၏ တည်နေရာကို သိသဖြင့် လမ်းပြလုပ်နိုင်သည်။ လုထန်ယု၏ မှတ်ညဏ်များအရ တောင်ဘက်တွင်ရှိကြောင်းသိသော်လည်း နေရာအတိအကျကိုတော့ လင်းချင်းမသိပေ။