၈၇။ ချူးလီလီ၏ လှုပ်ရှားမှု
လင်းချင်းသည် တွေ့စက တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားခဲ့သော်လည်း အခြေအနေက ဒီလိုဖြစ်သွားသည်။ သူမသည် စာရေးပြလိုက်ကာ ‘တောင်ဘက်က စခန်းနှစ်ခုရဲ့ တည်နေရာကို နင်သိလား? အဲ့ဒီကို ငါသွားချင်လို့’
ချူးလီလီသည် စာကိုဖတ်ကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ ပြန်ရေးပြသည်။ ‘အဲ့ဒီစခန်းနှစ်ခုကို သွားမလို့လား? ဘယ်မှာလဲဆိုတာသိတယ်။ ဒါပင်မယ့် မကြီးက ဘာသွားလုပ်မှာလဲ?”
သူမသည် လင်းချင်းမျက်နှာကို သေချာကြည့်လိုက်သည့်အခါ မျက်နှာသည် ပျက်စီးနေကြောင်း သိလိုက်ရသည်။ ဆံပင်များကို မဆေးမကြောဘဲ ကပိုကယိုစီးထားသည်။ သူမသည် လင်းချင်း၏မျက်လုံးကို ကြည့်ပြီးနောက် နှုတ်ခေါင်းနှင့် နှုတ်ခမ်းများကို သေချာကြည့်သည်။
လင်းချင်းသည် သူမ၏အကြည့်ကြောင့် အနေရခက်လာစဉ်တွင် သူမသည် စာရေးပြသည်။ ‘မကြီးက မျက်လုံးရော၊ နှာခေါင်းရော ၊နှုတ်ခမ်းနဲ့ မျက်နှာကျပုံကအစ အတော်လှတယ်။ ဒါပင်မယ့် အမာရွတ်တွေက အတော်ဆိုးတာပဲ! အဲ့ဒါကြောင် ရုပ်ဆိုးတယ်လို့ ထင်နေရတာ’
လင်းချင်းသည် ဆွံအသွားလေသည်။ ချူးလီလီကသာ သူမကို ရုပ်မဆိုးဘူးထင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ချူးလီလီသည် သူမကိုခနကြည့်ပြီးနောက် စာထပ်ရေးပြသည်။ ‘အခုတောင်ဘက်ကို သွားမလို့လား? ဒီမှာခနနားချင်လား?’
လင်းချင်းသည် သူမစာကိုဖတ်ပြီးနောက် ခေါင်းခါလိုက်သည်။ သူမသည် မိသားစုကို ရှာဖို့လိုလေရာ မြန်လေကောင်းလေဖြစ်သည်။ သူမသည် ခေါင်းခါလိုက်ကလေရာ ချူးလီလီသည် ခနတွေးသွားပြီးမှ စာဆက်ရေးပြသည်။ ‘ဒါဆိုရင်လည်း ညီမလေးနေနဲ့နေရာကို ခနလောက် လိုက်ခဲ့ပေးပါဦး။ မကြီးမှာ နယ်မြေရှိတယ်ဆိုရင်တော့ ပစ္စည်းတွေအကုန်လုံးကို မကြီးနယ်မြေထဲကို ထည့်လိုက်မယ်’
လင်းချင်းသည် ခေါင်းငြိမ့်လိုက်သည်။ ဒီလိုလုပ်ရသည်မှာ သူမအတွက် လွယ်ကူလွန်းသည်။ သူမခေါင်းငြိမ့်ပြသည်ကို မြင်သည့်အခါ ချူးလီလီသည် သူမကို လက်မောင်းကနေ ဆွဲခေါ်သွားသည်။ လင်းချင်းသည် သူမ၏ကိုယ်က လေလိုမျိုး ရှိနေသည့်နေရာမှနေ လွင့်သွားသလို ခံစားလိုက်ရသည်။ ချူးလီလီ၏ လှုပ်ရှားမှုသည် မြန်လွန်းလေရာ လင်းချင်းသည် ပတ်ဝန်းကျင်ကိုတောင် သေချာမမြင်လိုက်ရခင်တွင် သူတို့သည် အနောက်တိုင်းဆန်သည့် အဆောက်အအုံလေးရှေ့သို့ ရောက်လာကြသည်။
ရောက်သည်နှင့် လင်းချင်းသည် ထိုအဆောက်အဦးထဲမှ သူမလောက် အစွမ်းရှိမည့် သတ္တဝါနှစ်ကောင်ကို အာရုံခံမိလိုက်သည်။ ထိုအချိန်တွင် ချူးလီလီသည် ရုတ်တရက် အကျယ်ကြီးအော်ချလိုက်လေရာ လင်းချင်းသည် ခြေတောင်မခိုင်ဖြစ်သွားလေသည်။
‘ဟာ! ဘာဖြစ်လို့ ရုတ်တရက်ကြီး ထအော်ရပြန်တာလဲ? ငါဘာမှမပြင်ဆင်ရသေးဘူး ငါ့ကိုကြောက်သေအောင် လုပ်နေတာလား?’ သူမသည် စိတ်ထဲမှ အပြစ်တင်လိုက်သည်။
ချူးလီလီအော်လိုက်သည့်အခါ အဆောက်အအုံပေါ် သဏ္ဍာန်နှစ်ခုသည် ထွက်လာသည်။ သူတို့သ်ည လူသဏ္ဍာန်ရှိသော်လည်း လူနှင့်တော့ လုံးဝမတူတော့ပေ။ ဇွန်ဘီအထီးနှင့်အမတို့ဖြစ်သည်။ သူတို့ခြေထောက်များသည် ကွေးနေကာ ကျောများသည် ကုန်းနေပြီး လက်နှစ်ဖက်က တွဲလောင်းကျနေသည်။ သူတို့အဝတ်များသည် စုတ်ပြတ်နေကာ သူတို့ကိုကြည့်ရသည်မှာ ညစ်ပတ်လွန်းသည်။ တော်သေးတာတစ်ခုကတော့ သူတို့သည် ခြေထောက်ပေါ်တွင် ရပ်နိုင်ခြင်းပင်။
သူတို့မျက်နှာများသည် အရမ်းကြောက်ဖို့ကောင်းသည်။ လင်းချင်းလို အသိညဏ်ရှိဇွန်ဘီဖြစ်ကာ မျက်လုံးအနက်များနှင့် မျက်တွင်းများကျနေကြသည်။ နှုတ်ခေါင်းများက ပြားကပ်နေကာ ပါးစပ်များက နားနှစ်ဖက်အထိ ပြဲနေသည်။ သွားစွယ်များသည် သူတို့၏ပါးစပ်မှ ချွန်ထွက်နေကြသည်။ ထိုဇွန်ဘီနှစ်ကောင်သည် ချူးလီလီကို အရမ်းကြောက်ရပုံရသည်။ လင်းချင်းသည် သူတို့၏ အကြောက်တရားများကို ခံစားမိသည်။ ချူးလီလီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကာ သူမခေါ်၍ လာကြသော်လည်း သူမ၏အနားသို့ မကပ်ရဲကြပေ။ ၇မီတာ ၈မီတာလောက် အကွာမှနေသာ သူမကို ဂရုတစိုက်ကြည့်နေကြသည်။
“ဂါး” ချူးလီလီသည် သူတို့ကို အော်လိုက်သည်။ ထိုအခါ ဇွန်ဘီနှစ်ကောင်သည် လမ်းဖယ်ပေးကာ အစောင့်များလို ထိုအဆောက်အဦးအရှေ့တွင် စောင့်ကြပ်ပေးကြသည်။ ထို့နောက် သူမသည် လင်းချင်း၏ အကျီစကိုဆွဲကာ ထိုအဆောက်အဦးထဲသို့ ခေါ်လာသည်။
လင်းချင်းသည် အဆောက်အဦးတစ်ခုလုံးက တစ်စုံတစ်ယောက်သည် နေ့တိုင်းသန့်ရှင်းရေးလုပ်နေသဖြင့် အရမ်းသပ်ရပ်နေသလိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခြံတံခါးမှ ဝင်လိုက်လျှင် ခြံလေးရှိသေးသည်။ ကွန်ကရစ်များခင်းထားသည့် ထိုခြံလေးသည် သန့်ရှင်းနေကာ သစ်ရွက်ခြောက်များမပြောနှင့်။ ဖုန်နှင့်သဲများတောင် မရှိပေ။ သစ်ပင်ကြီးတစ်ပင်က ခြံလေးထဲတွင်ရှိနေကာ သစ်ပင်အောက်တွင် တံမြက်စီးကို ထောင်ထားသည်။
လူသားတွေလုပ်သလိုမျိုး မှတ်ညဏ်ရှိနေသည့် ချူးလီလီက လုပ်သည်က မထူးဆန်းပေ။ သို့သော်လည်း သူမသိချင်သည်မှာ ချူးလီလီကိုယ်တိုင် သန့်ရှင်းရေးလုပ်သလား ဒါမှမဟုတ် အပြင်က ဇွန်ဘီများကိုပဲ ခိုင်းနေသလားဆိုတာပင်။
ချူးလီလီသည် ဂါဝန်အဖြူဖားဖားလေးဖြင့် မင်းသမီးလေးလိုပင်။ ထို့ကြောင့် လင်းချင်းသည် ဇွန်ဘီများကို သူ့အတွက် အိမ်အလုပ်ခိုင်းထားတာပဲ ဖြစ်မည်ဟု ယူဆလိုက်သည်။ ဇွန်ဘီနှစ်ကောင်က တံမြက်စီးလှည်းနေသည်ကို တွေးမိသည့်အခါ လင်းချင်းသည် ရယ်ချင်လာသည်။ ဘာဖြစ်လို့လဲ မပြောတက်သော်လည်း ဒီမြင်ကွင်းက ရယ်ချင်စရာကြီးပင်။
သန့်ရှင်းနေသည့် ကွန်ကရစ်ကြမ်းပြင်ကို နင်းလိုက်သည့်အခါ လင်းချင်းသည် အရင်ကထက် ပိုသက်သောင့်သက်သာရှိသွားသည်။ ကမ္ဘာပျက်ခေတ်တွင် နေရာတိုင်းသည် ညစ်ပတ်နေကာ အမှိုက်ပုံကြီးလိုပင်။ သူမကိုယ်တိုင် မရောက်ဖူးပင်မယ့် လူသားအခြေစိုက်စခန်းများသာ သန့်မည်ဆိုသည်ကို သူမသိပါသည်။ ထို့ကြောင့် ကမ္ဘာပျက်ခေတ်ကြီးအပေါ် သူမ၏ပထမဆုံးအမြင်သည် ညစ်ပတ်သည်။
လင်းချင်းသည် ဧည့်ခန်းထဲတွင် ပရိဘောဂများ စီစီရီရီရှိနေသည်ကို လက်ခံနိုင်စရာတွေ့သော်လည်း ထူးဆန်းသည့်ပန်းအိုးများကို တွေ့သည့်အခါ သူမအနည်းငယ် အံ့သြသွားသည်။ ချူးလီလီသည် သန့်ရှင်းရေးကို အလေးထားကာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေသည့် ဇွန်ဘီမလေး ဖြစ်သည်။ ဒီမြို့ထဲမှ ရှင်သန်သူတိုင်းသည် ထွက်ပြေးသွားပြီဖြစ်လေရာ သူမသည် သံသယဝင်စရာမလိုအောင်ကို မြို့ထဲရှိအိမ်တိုင်းမှ သူမကြိုက်သည်တိုင်းကို ယူထားလေတာ ဖြစ်သည်။
သို့သော်လည်း ရေဘဝဲလို ပန်းပင်ကိုမြင်သည့်အခါ ချူးလီလီမှာ ထူးဆန်းသည့် အကြိုက်ရှိသည်ဟု လင်းချင်းက ခံစားလိုက်ရသည်။ ချူးလီလီ၏ ညွှန်ပြမှုဖြင့် လင်းချင်းသည် ဧည့်ခန်းထဲက ပစ္စည်းတိုင်းကို နယ်မြေထဲသို့ ထည့်လိုက်သည်။ စားပွဲ၊ထိုင်ခုံ၊ဗီရိုများနှင့် ရေဘဝဲလိုပန်းပင် အပါအဝင်ဖြစ်သည်။
ထို့နောက် ချူးလီလီသည် မီးဖိုခန်းသို့ခေါ်သွားကာ လှပလွန်းသည့် ပန်းကန်ခွက်ယောက်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းစေသည်။ ချူးလီလီသည် ကမ္ဘာပျက်ကြီးတွင် တစ်ယောက်တည်း နေခဲ့ရလေသဖြင့် ထိုအချိန်တွင် သူမသည် တန်ဖိုးကြီးပေ့ လှပေ့ဆိုသည့် ပစ္စည်းတိုင်းကို စုဆောင်းထားတာ ဖြစ်သည်။
မီးဖိုချောင်ကို သိမ်းပြီးသည့်အခါ ချူးလီလီသည် လင်းချင်းအား ဒုတိယထပ်သို့ ခေါ်သွားသည်။ မေးစရာမလိုအောင် ဒုတိယထပ်တစ်ထပ်လုံး၏ အခန်းသုံးခန်းလုံးမှ ပစ္စည်းများကို လင်းချင်းသိမ်းလိုက်သည်။ ထို့နောက် သုံးထပ်သို့တက်သွားကြသည်။
သူတို့သည် အဆောက်အဦးတစ်ခုလုံး၏ ပစ္စည်းမှန်သမျှကို နယ်မြေထဲသို့ ထည့်သိမ်းပြီးမှ အောက်သို့ပြန်ဆင်းလာကြသည်။ လင်းချင်းသည် ချူးလီလီ၏ ပစ္စည်းတိုင်းကို သိမ်းလိုက်ရသဖြင့် သူမ၏နယ်မြေတောင် ကျဉ်းသွားတော့မလို ခံစားလိုက်ရသည်။
အိမ်ထဲမှ ထွက်လာကြသည့်အခါ ချူးလီလီသည် ဂိတ်စောင့်နေသည့် ဇွန်ဘီနှစ်ကောင်ကို လက်ညိုးထိုးပြကာ လင်းချင်းကို အော်သည်။ သူမသည် ဒီဇွန်ဘီနှစ်ကောင်ကိုပါ ခေါ်လို့ရမလား မေးတာဖြစ်သည်။
လင်းချင်းသည် စိတ်ထဲမထားသဖြင့် ခနတွေးပြီးသည့်အခါ စာရေးပြလိုက်သည်။
‘နင့်သဘောပဲ။ ဒါပင်မယ့် ငါ့ကားထဲမှာ ထိုင်လို့မရဘူး’
ချူးလီလီသည် ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်ပြပြီး လင်းချင်းစာအုပ်နှင့် ဘောပင်ကိုယူကာရေးပြသည်။ ‘ရတယ်! ညီမလေး သူတို့ကို ကားခေါင်မိုးပေါ်က ထိုင်လိုက်ခိုင်းလိုက်မယ်’
လင်းချင်းသည် ဆွံ့အစွာဖြင့်သာ သဘောတူလိုက်ရတော့သည်။ ထို့နောက် ချူးလီလီသည် ဇွန်ဘီနှစ်ကောင်ကို အော်ပြီးနောက် လင်းချင်း၏ လက်မောင်းကို ဆွဲလိုက်သည်။ ထို့နောက် လေလိုမျိုး လင်းချင်းကိုခေါ်သွားကာ သူမ၏ကားနားသို့ ပြန်ရောက်လာသည်။ ထို့ကြောင့် ချူးလီလီတွင် လေစွမ်းအင်ရှိကြောင်း သိလိုက်ရသည်။
လင်းချင်း၏ကားဆီသို့ ပြန်ရောက်သည်နှင့် ချူးလီလီသည် ကားရှေ့ခန်းတွင် ဝင်ထိုင်သည်။ မထိုင်ခင်လည်း ခုံကိုသန့်နေအောင် လက်ဖြင့်သုတ်ပြီးမှ ထိုင်လိုက်တာဖြစ်သည်။ ထို့နောက် ကားတံခါးကိုပိတ်လိုက်သည့်အခါ အရှေ့မှ ဇွန်ဘီအုပ်ကြီးကို သူမမြင်သွားသည်။ ထိုအခါ ကားပြတင်းပေါက်မှ ခေါင်းလေးပြူထွက်လာကာ လှမ်းအော်လိုက်သည်။ “အား!”
ဒရိုက်ဘာခုံဘက်မှတံခါးကို ဖွင့်နေသည့် လင်းချင်းသည် သူမ၏အော်သံကြောင့် လက်တောင် တုန်သွားရသည်။ ကားတံခါးသည်လည်း အလိုလိုပြန်ပိတ်သွားလေရာ လင်းချင်းသည် ထပ်ပြီးဆွံ့အသွားရပြန်သည်။