May Honey Logo May Honey
Previous Next

၆၇။ မှတ်ညဏ်ပျောက်သွားတဲ့ဇွန်ဘီ

သာမန်ဇွန်ဘီတိုင်းက သံတံခါးမှနေ ဖယ်ပေးလိုက်ကြသည့်အခါ လင်းချင်းသည် ဘာရှိနေသလဲကို သေချာမြင်ရသည်။ 

ဆံပင်ဖရိုဖရဲဖြင့် ဇွန်ဘီမတစ်ကောင်သည် ဂိတ်နောက်တွင် ရပ်နေကြောင်းကို တွေ့လိုက်ရသည်။ မျက်နှာသည် မပျက်စီးသေးသော်လည်း သရဲမလိုဖြူဖပ်နေလေပြီ။ မျက်ခွံများသည် ခရမ်းရောင်ပုပ်ပုပ်ဖြစ်နေကာ နှုတ်ခမ်းများသည်လည်း ခရမ်းရောင်ရင့်ရင့်ဖြစ်နေပြီ။ သွားစွယ်များကို ဖြဲပြရင်း လင်းချင်းအား မီးခိုးရောင်မျက်လုံးများဖြင့် ကြည့်နေသည်။

ဇွန်ဘီမသည် အသက်၂၇နှစ်လောက်သာ ရှိလိမ့်ဦးမည်။ မပျက်စီးသေးသည့် မျက်နှာအရ လှပသူဖြစ်ခဲ့ပုံရသည်။ အခုတော့ ပိန်ကျသွားသဖြင့် ပါးရိုးများတောင် ချိုင့်ကျနေသည်။ အရပ်သည် ငါးပေခြောက်လက်မလောက် ရှိသည်။ သူမသည် ဖက်ရှင်ကျကာ စျေးပေါပုံမပေါ်သည့် ကုတ်အကျီနှင့် စကတ်တို့ကို ဝတ်ဆင်ထားသည်။ သူမသည် ခြေပြောင်ဖြင့် ဂိတ်နောက်တွင်ရပ်နေကာ လင်းချင်းလာသည်ကိုမြင်သော် ချက်ချင်းလှည့်မပြေးဘဲ သတိအပြည့်ဖြင့် နောက်သို့ဆုတ်လိုက်သည်။

လင်းချင်းသည် ခေါင်းကိုမော့၍ လေကိုရှုသည့်အခါ ဒုတိယထပ်ဘယ်ဘက်ခြမ်းမှ အခန်းတစ်ခုမှ လူသားအနံ့ကိုရလိုက်သည်။ သက်ရှိလူသားသည် ဒုတိယအထပ်တွင် ဖြစ်လောက်သည်။ သို့သော်လည်း သံတံခါးနောက်မှ ဇွန်ဘီမသည် အနံ့နောက်သို့ ချက်ချင်းမသွားသေးဘဲ ထွက်လာမှာကို စောင့်နေပုံရသည်။

လင်းချင်းသည် ဇွန်ဘီမကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည့်အခါ ဇွန်ဘီဖြစ်နေတာတောင်မှ အဝတ်တွေက ရှုပ်ပွမနေသေးပေ။ သူမ၏ပုခုံးနားလောက်တွင် သွေးစွန်းရှိနေသည်ကလွဲလျှင် လုံးဝသပ်ရပ်နေသည်။ ဖုန်တက်နေတာတော့ရှိသော်လည်း အခြားဇွန်ဘီများထက် အများကြီးသပ်ရပ်လေသည်။ သူ့အမှုအယာကိုကြည့်ဆုံးဖြတ်ရလျှင် အသိညဏ်ရှိပုံရသည်။ လင်းချင်းက အဆင့်သုံးကို ရောက်တော့မည့် အဆင့်နှစ်ဖြစ်လောက်သည်ဟု ထင်လိုက်သည်။

“ဂါး!”   အဆင့်နှစ်ဇွန်ဘီမသည် လင်းချင်းကပ်လာသည့်အခါ အသံကုန်ဟစ်အော်သည်။ သူမ၏အသံထဲတွင် ကြောက်လန့်ခြင်းတို့က ပါဝင်နေသော်လည်း နောက်တော့မဆုတ်ဘဲ သူမကိုမလာစေချင်လို့ တားနေပုံသာရသည်။

လင်းချင်းသည် ဒီဇွန်ဘီမကို သဘောမကျဘဲ မနေနိုင်ပေ။ အရမ်းကြောက်နေတာတောင် သူမအား ပြန်အော်နေနိုင်သေးသည်။ လင်းချင်းကို သက်ရှိလူသားအနားသို့ မသွားစေချင်ပုံရသည်။

ဒီဇွန်ဘီမသည် လူသားကို ကာကွယ်ချင်နေစိတ်ရှိကြောင်း သူမသေချာအာရုံရသည်။ သူမအံ့သြသည်မှာ လူသားကို ကာကွယ်ချင်နေသောကြောင့်သာ ဖြစ်သည်။ ဇွန်ဘီတစ်ကောင်က ဘယ်လိုများ လူသားစားချင်သည့်သဘာဝကို တားစီးကာ ထိန်းချုပ်ထားနိုင်သလဲဆိုသည်ကို တကယ်သိချင်သည်။ ဒီလိုတွေးနေရင်းဖြင့် လင်းချင်းသည် ဇွန်ဘီမကို လျစ်လျူရှုကာ သံတံခါးမှ သော့ကို လက်သည်းဖြင့် ဖျက်စီးလိုက်သည်။ ထို့နောက် သူမသည် တံခါးကိုတွန်းဖွင့်ကာ ဝင်လိုက်သည်။

“ဂါး?”   ဇွန်ဘီမသည် လင်းချင်းက သော့ဖျက်ဝင်လာသ်ညကို မြင်သည့်အခါ အံ့သြသွားသည်။ သူမကိုယ်တိုင် ဒီသော့ကိုဖျက်ဖို့ အချိန်အတော်ကြာအောင် ကြိုးစားခဲ့သော်လည်း မရသည်ကို လင်းချင်းက အလွယ်လေး ဖျက်နိုင်သောကြောင့် ဖြစ်သည်။  
   
“ဂါး!”   သို့သော်လည်း လင်းချင်းဝင်လာသည့်အခါ အရမ်းကြောက်သွားသည်။ တစ်လှမ်းချင်း လှေကားမှနေ နောက်သို့ဆုတ်ပေးနေရသည်။ 

လင်းချင်းကိုတားချင်သော်လည်း သူမသည်မိုက်ရူးရဲဆန်စွာ မလုပ်ရဲပေ။ လင်းချင်း၏အရှိန်အဝါသည် အန္တရာယ်ကြီးကြောင်းကို သိနေရသဖြင့်ဖြစ်သည်။ တိုက်လိုက်သည်နှင့် တစ်ခါတည်း သေသွားနိုင်သည်ကို သိလေသည်။

သို့သော်လည်း လင်းချင်းကို အပေါ်ထပ်သို့ သွားခွင့်မပြုနိုင်ပေ။ သူမအတွက် ကာကွယ်ရမည့်သူက ရှိနေသောကြောင့် ဖြစ်သည်။ လင်းချင်းတက်လာလေလေ သူမသည် နောက်ဆုတ်လေလေဖြင့် နှစ်ယောက်လုံး ဒုတိယထပ်သို့ ရောက်လာကြသည်။

သာမန်ဇွန်ဘီအုပ်ကြီးကလည်း သူတို့နောက်မှ လိုက်လာသေးသည်။ သို့သော်လည်း ဒီဇွန်ဘီများက လှုပ်ရှားဖို့ခဲယင်းနေကာ လှေကားတက်နေရတာ မလွယ်ကြပေ။ သူတို့သည် အချင်းချင်းတွန်းဖယ်နေကြသေးသဖြင့် ပြုတ်ကျလိုက် ပြန်တက်လိုက် ဖြစ်နေသည်။

“ဂါး!”
‘ဝေးဝေးနေ!’
ဇွန်ဘီမသည် လင်းချင်းအား နောက်ဆုတ်နေရင်း အော်သည်။

လင်းချင်းသည် အတွေးများကို သေချာကြားလိုက်ရသဖြင့် အံ့သြတကြီးကြည့်လိုက်သည်။ အတွေးများကို ရှင်းလင်းစွာပို့တက်သည့်အထိ ဒီဇွန်ဘီမသည် တော်နေပြီ။ လင်းချင်းလည်း ဆက်သွယ်ပြောဆိုလို့ရမလား တွေးမိသွားသည်။ လင်းချင်းသည် ရပ်လိုက်ကာ သူမတွင် ရန်ပြုချင်စိတ်မရှိကြောင်း သိအောင်လုပ်ဖို့ ကြိုးစားအော်လိုက်သည်။

“ဂါး?”   ‘ငါ့ကိုနားလည်လား?’   သူမမေးသည်။

လင်းချင်းရပ်သွားသည့်အခါ ဇွန်ဘီမသည် သူမ၏ရပ်လိုမှုကို မလျှော့သေးသော်လည်း လင်းချင်းမေးသည်ကို ကြားသည့်အခါ ရပ်သွားပြီး ပြန်ဖြေသည်။   “ဂါး?”   ‘ဘာကိုနားလည်ရမှာလဲ?’

လင်းချင်းသည် အံ့သြတကြီးကြည့်မိသည်။ သူမပြောသည်ကို နားလည်လိမ့်မည်ဟု မမျှော်လင့်ထားတာ ဖြစ်သည်။ သူမဆက်မေးတော့သည်။   “ဂါး?”   ‘ဘယ်သူလဲဆိုတာ မှတ်မိလား?’

ထိုမေးခွန်းသည် ဇွန်ဘီမအား စိတ်ရှုပ်သွားစေကာ သူမဟာသူမရေရွတ်နေလေသည်။   “ဟာ အူ”   ‘ငါဘယ်သူလဲ? ငါဘယ်သူလဲ? ငါဘယ်သူလဲ?’

ထပ်ခါတလဲလဲ သူမကိုယ်သူမပြန်မေးနေသည်ကို ကြားသည့်အခါ လင်းချင်းလည်း သူမစိတ်ရှုပ်နေသည်ကို သိလိုက်သည်။ ဇွန်ဘီမသည် မသေခင်က မှတ်ညဏ်များ ပျောက်သွားပြီ ဖြစ်လိမ့်မည်။ ထို့ကြောင့် လင်းချင်းသည် ဇွန်ဘီမအားကြည့်ရင်း အော်မေးလိုက်သည်။   “ဂါး?”   ‘အခုဘာလဲဆိုတာရောသိလား?’

သူမမေးသည်ကိုကြားသည့်အခါ ဇွန်ဘီမသည် သတိပြန်ကပ်သွားကာ ပြန်ဖြေသည်။   “ဂါး ဂါး”   ‘ငါသိတယ်။ ငါကဇွန်ဘီ။ ငါသေသွားခဲ့တာ’

ထိုအချိန်တွင် လင်းချင်းသည် သူမတို့အနားသို့ ကပ်လာသည့် သာမန်ဇွန်ဘီများကို လှည့်အော်လိုက်သည်။ သူမ၏အသံတွင် ဒေါသနှင့် ခြိမ်းခြောက်မှုတို့ပါသည်။ ထိုဇွန်ဘီများသည် သူမ၏အော်သံကိုကြားသည့်အခါ တုန်လှုပ်သွားကြကာ ခြေမခိုင်တော့ဘဲ လှေကားပေါ်မှ အပြုံလိုက်ကြီး ပြုတ်ကျကုန်ကြသည်။

“ဂါး”   ‘မှတ်ညဏ်တွေပျောက်သွားတာလား’   သူမမေးလိုက်သည်။

ဇွန်ဘီမသည် လင်းချင်းအား တွေဝေစွာကြည့်ပြီးနောက် ခေါင်းငြိမ့်ပြသည်။ သူမသည် ဇွန်ဘီအဖြစ် နိုးထလာသည်မှာ နှစ်ရက်လောက်သာ ရှိသေးသည်။ အခုက ကမ္ဘာပျက်ခေတ်ဖြစ်ပြီး လူသားတို့သိသင့်သည့်အသိများလည်း သူမတွင်ရှိသော်လည်း နာမည်နှင့် ကိုယ့်အကြောင်းကို မေ့သွားခဲ့တာ ဖြစ်သည်။ သူမအား ပြောပြမည့်သူလည်း မရှိပေ။ ဒီနေရာတွင်လည်း သာမန်ဇွန်ဘီများသာရှိကာ သူတို့နှင့်လည်း ဆက်သွယ်လို့မရ။

ဇွန်ဘီမသည် ဒုတိယထပ်တွင် လူသားရှိကြောင်း သိသည်။ ကလေးတစ်ယောက်ဖြစ်ကာ ငယ်သေးသည်။ ကလေးကိုတွေ့စဉ်တွင် သူမ၏ရင်ထဲမှာ အရမ်းရင်းနှီးသည့် ခံစားချက်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူမ၏ကလေးဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးနှင့် မသက်ဆိုင်သလို သူမမှာ မခံစားရတာ မရှိသောကြောင့်ပင်။ ပိုအရေးကြီးသည်မှာ ကလေးသည် ‘မေမေ’ဟု ခေါ်လာသည်။

ကလေး၏အနံ့က ဆာလောင်စေသော်လည်း ကလေးကိုစားဖို့တွေးမိတိုင်း အသံတစ်ခုကို ကြားရသည်။   ‘ငါစားလို့မရဘူး မရဘူး မစားရဘူး။ သားလေးကို လုံခြုံအောင်ထားရမယ် တခြားဇွန်ဘီတွေဆီက ကာကွယ်ပေးရမယ်’

သို့သော်လည်း ကလေးသည် အခြေအနေ မကောင်းတော့ပေ။ အစာနှင့်ရေမရှိသဖြင့် အဆာလွန်ကာ မေ့နေပြီဖြစ်သည်။ ထို့ကြောင့် ဇွန်ဘီမသည် စိုးရိမ်လာကာ အစာရှာထွက်ချင်သော်လည်း ကလေးကိုတော့ တစ်ယောက်တည်း မထားခဲ့နိုင်ပေ။ ပိုအရေးကြီးသည်မှာ အောက်ထပ်က သံတံခါးကို သူမမဖွင့်တက်ခြင်းပင်။ ထို့ကြောင့် ဒီရက်များတွင် သံတံခါးကိုဖွင့်ဖို့ အမြဲတမ်းကြိုးစားနေသော်လည်း မအောင်မြင်ပေ။ အဆင့်နိမ့်ဇွန်ဘီမလို့ ဖြစ်သည်။ စိတ်ကရှင်းနေသော်လည်း ခြေလက်များက သွက်မနေပေ။ သာမန်ဇွန်ဘီများထက်သာ သွက်သည်ပဲရှိသော်လည်း လမ်းလျှောက်ရာတွင်တော့ ဒရွတ်ဆွဲနေသေးသည်။  
Previous Chapter 67 of 198 Next