May Honey Logo May Honey
Previous Next

၁၂၉။ မလိုအပ်သည့်အချစ်ဖြင့်လူ

ယွမ်ထန်ရှင်းသည် ငရဲမီးခေါင်းဆောင်ကို ချစ်မိနေတာ ဖြစ်သည်။ ယန်းကျင်းဟွာလိုမျိုး ညစ်ညမ်းသည့်စိတ်ဝိညာဉ်ဖြင့်လူက မြေနဂါးစခန်းကလူများဖြင့် ပူပေါင်းနေမည်ဟု မထင်ခဲ့မိပေ။ 

လင်းယုတို့ကို လွှတ်လိုက်သည့်နေ့က ယန်ကျင်းဟွာသည် စခန်းမှနေ တစ်ယောက်တည်း ခိုးထွက်သွားသည်ကို သူမမျှော်လင့်ဘဲ တွေ့လိုက်သည်။ ယန်ကျင်းဟွာ၏ ခိုးထွက်ခြင်းကို သူစိတ်ထဲတွင် မှားနေသလို ခံစားရသည်။

မြေနဂါးစခန်းက သူတို့စခန်းကို လာတိုက်တော့မှာ ဖြစ်သဖြင့် လူတိုင်းက သတိအပြည့်ဖြစ်နေချိန် ဖြစ်သည်။ စခန်းကနေ ဘယ်သူက တစ်ယောက်ထဲ ထွက်မည်နည်း? ယန်ကျင်းဟွာလို စခန်း၏ ဒုခေါင်းဆောင်သည်လည်း ခြွင်းချက်မရှိပေ။ 

သို့သော်လည်း သူကိုယ်တိုင်သည် အပြင်သို့ တစ်ယောက်တည်း ထွက်လာတာ ဖြစ်သည်။ ဒါပင်မယ့် သူတွင် အကြောင်းပြချက်ကောင်းရှိသည်။ သူကခေါင်းဆောင်လွှတ်ထားသည့်သူများထံမှ သတင်းသွားစုံစမ်းခြင်းဖြစ်သည်။ ယန်ကျင်းဟွာကရော ဘာကိစ္စရှိနေ၍နည်း?

ယန်ကျင်းဟွာကို ဘယ်တုန်းကမှ သူမနှစ်သက်ပေ။ အကြောင်းပြချက်သည် သဝန်တိုခြင်းတစ်ခုကြောင့် မဟုတ်ဘဲ သူ့စရိုက်ကို မကြိုက်သည်လည်း ပါဝင်သည်။ ငရဲမီးခေါင်းဆောင်က ယန်ကျင်းဟွာကို အရမ်းဂရုစိုက်သောကြောင့် သူသဝန်တိုသည်။ သူမက ဒီလူကို အမြဲကောင်းမွန်စွာ ဆက်ဆံကာ ကာကွယ်ပေးတက်သည်။ ယန်ကျင်းဟွာသည် သူမ၏မောင်အရင်းမဟုတ်သည်ကိုတောင် သူမ၏အသက်ကိုကယ်သည်အတွက်နှင့် မောင်အရင်းထက်တောင် ပိုကောင်းမွန်စွာ ဆက်ဆံသည်။ 

သူမအား နှစ်များစွာ ခိုးသဘောကျနေရသည့်သူအနေနှင့် ယွမ်ထန်ရှင်းသည် ယန်းကျင်းဟွာက ငရဲမီးနှင့် သူမ၏မိသားစုက ထောက်ပံ့ပေးထားသည်များဖြင့် ကိုယ်ပိုင်တပ်ဖွဲ့ထားသည်ကို အခဲမကျေပေ။ ငရဲမီးခေါင်းဆောင်သည် သူလုပ်သမျှကို မသိသလို မမြင်သလိုလုပ်ကာ အကြောင်းပြချက်တောင် ရှာပေးထားသည်။ ထို့ကြောင့် ယန်းကျင်းဟွာက စခန်းအပြင်သို့ ခိုးထွက်သည့်အခါ ယွမ်ထန်ရှင်းသည် သူ့အနောက်သို့ ခိုးလိုက်ကြည့်သည်။

မမျှော်လင့်ဘဲ ယန်ကျင်းဟွာသည် မြေနဂါးစခန်း၏ခေါင်းဆောင် လုံယုပိုင်နှင့်တွေ့နေသည်ကို မြင်လိုက်သည်။ ဟေးဒီးစခန်း၏ ဒုခေါင်းဆောင်အနေဖြင့် ရန်သူခေါင်းဆောင်ဖြင့် သီးသန့်တွေ့စရာ ဘာအကြောင်းရှိလို့လဲ? ထိုအချိန်က ယွမ်ထန်ရှင်းသည် တစ်ခုခုက မှားနေသည်ကို သိလိုက်သည်။ ထို့ကြောင့် သူသည် ဘာဖြစ်နေသလဲကို သေချာသိရအောင် ခိုးသွားကြည့်သည်။ ရလဒ်အနေဖြင့် သူတို့ကြားက လှုပ်ရှားမှုများကို မျက်မြင်တွေ့လိုက်ရသဖြင့် အရမ်းအံ့သြသွားရသည်။

‘​ောက်ကျိုးနည်း! ငါတို့ဒုခေါင်းဆောင်က ရန်သူစခန်းခေါင်းဆောင်ကို နမ်းနေတယ်!!! ယောက်ျားနှစ်ယောက်ကလေ!’   ယောက်ျားနှစ်ယောက်နမ်းသည်က ကမ္ဘာပျက်ခေတ်တွင် သိပ်မထူးဆန်းသော်လည်း ရန်သူနှစ်ယောက်က ဘယ်လိုများတွဲမိသွားသနည်း? ဘယ်တည်းက သူတို့တွဲနေကြသနည်း?

ယွမ်ထန်ရှင်းသည် အဖြေကိုမသိခင် အဆင့်၇ဖြစ်သည့် လုံယုပိုင်က သူ့အားတွေ့သွားသည်။ ထို့နောက် တိုက်ပွဲဖြစ်လေသည်။ ယွမ်ထန်ရှင်းသည် ယန်ကျင်းဟွာလိုမျိုး အဆင့်၆ဖြစ်သည်။ အဆင့်၇တစ်ယောက်၊ အဆင့်၆တစ်ယောက်နှင့် အဆင့်ငါးသုံးယောက်တို့ဖြင့် တိုက်ခိုက်ရသည့်အခါ သူ့တွင်နိုင်ချေမရှိပေ။ ထို့ကြောင့် အဖမ်းခံလိုက်ရသည်။ သူပျောက်နေရခြင်းမှာ သူသည် ရန်သူများက ဖမ်းထားသောကြောင့်ပင်။ 

ကံကောင်းသည်က ယန်ကျင်းဟွာမသိသည့် လျို့ဝှက်လက်နက် သူ့တွင်ရှိနေရာ လဝက်အတွင်းမှာ သူထွက်ပြေးလွတ်မြောက်လာသည်။ သို့သော်လည်း အကုန်နောက်ကျသွားပြီ။ သူထွက်လာသည့်အခါ ဟေးဒီးစခန်းသည်ပျက်သွားကာ ခေါင်းဆောင်သည်လည်း ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ကာ ရန်သူတစ်ယောက်ကိုပါ အသေခေါ်သွားသည်ဟု ကြားရသည်။ ခေါင်းဆောင်၏ မိသားစုများသာ ထွက်ပြေးနိုင်ခဲ့သည်။

ငရဲမီး၏ သေဆုံးခြင်းသည် ယွမ်ထန်ရှင်းကို ဆိုးဆိုးဝါးဝါးထိခိုက်စေသည်။ သူချစ်ရသည့် အမျိုးသမီးသည် သေဆုံးသွားသဖြင့် ရင်ကွဲရသည်။ သို့သော်လည်း ရင့်ကျတ်သည့် ယောက်ျားတစ်ယောက်ဖြစ်သဖြင့် သောကရောက်ခြင်းမှ သူပြန်နလန်ထနိုင်ခဲ့သည်။ ထိုအခါ ယန်ကျင်းဟွာသည် ငရဲမီး၏မိသားစုကို လိုက်ဖမ်းနေကြောင်းကို သိလိုက်ရပြန်သည်။
ထိခိုက်ထားသည့် ယွမ်ထန်ရှင်းသည် လင်းဖန်တို့မိသားစုကို ကူညီဖို့ စီစဉ်ကာ ယန်ကျင်းဟွာကို လက်စားပြန်ချေမည်။ ယန်ကျင်းဟွာနှင့် လုံယုပိုင်တို့သည် သူ့ကိုဖမ်းထားကာ သူချစ်ရသည့်အမျိုးသမီးကို သတ်သွားသဖြင့် လက်စားပြန်ချေရမည်။ ယွမ်ထန်ရှင်းသည် လင်းဖန်တို့ကို အရင်ကယ်ပြီးမှ နောက်တစ်ဆင့်ကိုသွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လွတ်လာသည်နှင့် သူရသည့်အချက်အလက်များအရ လင်းဖန်တို့ကို လိုက်ရှာတော့သည်။ ရက်အချို့ကြာသည့်အခါ သူသည် မင်းခရိုင်ကို ရောက်လာသည်။

ထိုအချိန်တွင် လင်းချင်းသည် လုံချင်းယင်၏ လမ်းပြမှုဖြင့် သုံးရက်လောက် ခရီးဆက်ပြီးသည့်အခါ လူအချို့ကို မီလာသည်။ သူတို့သည် ဇီခရိုင်သို့ ရောက်နေပြီဖြစ်သည်။ သူတို့တွေ့သည်ကတော့ လင်းဖန်တို့မဟုတ်ဘဲ ယန်ကျင်းဟွာတို့၏ တပ်ဖွဲ့များသာ။ လင်းချင်းနှင့် ချူးလီလီတို့သည် အဆင့်မြင့်ဇွန်ဘီများဖြစ်သောကြောင့် သူတို့၏လမ်းခရီးတွင် ဘာအနှောင့်အယှက်မှ မရှိပေ။

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကတော့ ချူးလီလီတွင် မျက်လုံးနီနီလေးများ ရှိသည်ကို သိသော်လည်း မျက်လုံးနီဇွန်ဘီအကြောင်းကို မသိကြပေ။ အဆင့်၆ဇွန်ဘီတိုင်းသည် မျက်လုံးနီကြသည်ဖြစ်သော်လည်း အဆင့်ခြောက်နှင့်တွေ့သူတိုင်း သေသွားသဖြင့် သိသည့်သူ ရှားပါးသည်။ ထို့ကြောင့် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် ချူးလီလီက သန္ဓေပြောင်းသွားခြင်းကြောင့်သာဟု ထင်လိုက်ကြသည်။

လင်းချင်းနှင့် အခြားသူများသည် ဆယ်ထပ်တိုက်ပေါ်ကနေ မီတာရာချီသည့်နေရာကို လှမ်းကြည့်နေကြသည်။

“သူတို့က ဒီမှာရပ်နေတယ်။ ကြည့်ရတာ ကပ္ပတိန်တို့မိသားစုကို မလိုက်နိုင်တာ ဖြစ်မယ်”
တူယွမ်ရှင်းသည် ထိုနေရာကိုကြည့်ရင်း ပြေသည်။ သူကြည့်နေသည့်နေရာတွင် တပ်ဘက်မှကားကြီးများသည် လေးထောင့်ပုံရပ်ထားကြသည်။ ကားပေါ်မှ လက်နက်များဖြင့် ပတ်ဝန်းကျင်က ဇွန်ဘီများကို ရှင်းပြီးသည့်အခါ လူများက တစ်ယောက်ချင်း ထွက်လာကြသည်။

တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် အတူရပ်နေကြကာ တစ်ဖက်တွင်တော့ လင်းချင်း၊ ချူးလီလီနှင့် ကလေးချီထားသည့် ကျွင်းကျွင်းတို့က ရပ်နေကြသည်။ လူသားနှစ်ယောက်သည် ဇွန်ဘီသုံးကောင်ဖြင့် နှစ်မီတာလောက် အကွာတွင် ရပ်နေကြတာ ဖြစ်သည်။

ဒီရက်ပိုင်းတွင် လင်းချင်းသည် ကျွင်းကျွင်းနှင့် သူ့သားလေးကို နယ်မြေထဲတွင် တစ်ချိန်လုံးနေရသည်က ပျင်းနေမည်စိုး၍ အပြင်သို့ခေါ်ထုတ်လာတက်သည်။ အစက ကျွင်းကျွင်းသည် သူမကို ထိန်းချုပ်နိုင်သည့် ချူးလီလီကို ကြောက်သော်လည်း ချူးလီလီက လင်းချင်း၏ ပြောစကားကို နာခံတက်သည်ကို မြင်မှသာ မကြောက်တော့ပေ။

လင်းချင်းသည် ကားများဘက်သို့ နားစွန့်ထားသော်လည်း ဘာစကားပြောသံမှ မကြားရပေ။ သူမသည် ဒီနေ့လည်တွင် ဒီကားများကို မီလာတာဖြစ်သ်ည။ ဒီကားများကိုတွေ့ခြင်းသည် လင်းဖန်တို့သွားသည့်လမ်းကို ရောက်နေပြီဆိုသည့် အဓိပ္ပါယ်ပင်။ သို့သော်လည်း သူမသည် တူယွမ်ရှင်းတို့ပြောသည့် ယန်ကျင်းဟွာကို မတွေ့ရသေးပေ။

ဒီရက်များတွင် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့က ငရဲမီးခေါင်းဆောင်အကြောင်းကို ပြောချိန်တိုင်းသူမသည် သေချာနားထောင်ခဲ့သည်။ သူမနှင့် နာမည်တူက ဘဝမတူသည့်သူ အကြောင်းကို ကြားရသည်မှာ အရမ်းထူးဆန်းသည်။ သို့သော်လည်း မိသားစုနာမည်များပါ တူနေသဖြင့် သူမမှာ ပိုနားမလည်နိုင် ဖြစ်လာရသည်။

အခုတော့ သူမ၏မိသားစုနှင့် ဖြစ်နိုင်သမျှ မြန်မြန်တွေ့ချင်နေပြီ။ သူမမှတ်မိသလိုမျိုး သူတို့ရှိနေသေးမလား သူမသိချင်သည်။ အကယ်၍ သူတို့သာ သူမ၏မိသားစုအစစ်ဖြစ်လျှင် အခြားလင်းချင်းတစ်ယောက်၏ အဖြစ်မှန်ကို သူမရှာဖွေရတော့မည်။

လင်းချင်းသည် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကို ထိုဘက်သို့ လက်ညိုးထိုးပြပြီးနောက် ကျွင်းကျွင်း၏ပုခုံးကိုထိကာ နယ်မြေထဲသို့ ပြန်လိုက်ပို့လိုက်သည်။ သူမထွက်လာသည့်အခါ ထိုကားများရပ်ထားသည့်ဘက်သို့ အဆောက်အဦးများပေါ်မှတစ်ဆင့် ခုန်ချကာ သွားလေသည်။

ချူးလီလီသည်လည်း လင်းချင်း၏အနောက်မှနေ လိုက်လာသည်။  
Previous Chapter 129 of 198 Next