May Honey Logo May Honey
Previous Next

၁၆၂။ ရန်သူက သန်မာနေရင် လက်လျှော့

ရှဲ့တုန်းက ကြည့်နေသည်ကို ခံစားမိသည့်အခါ လင်းချင်းသည် သူ့အားခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ နှစ်ယောက်သည် မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။ 

ရှဲ့တုန်းသည် သူမ၏ မျက်နှာကို မြင်သည့်အခါ အံ့သြသွားသည်။
‘အမာရွတ်တွေက ဘယ်ရောက်ကုန်တာလဲ?’

အဝေးကနှစ်ယောက်ကတော့ ပေါ်လာသည်နှင့် အဆင့်ငါးစွမ်းအားရှင်ကို သတ်ပစ်နိုင်သည့် လင်းချင်းကို အံ့သြစွာ ကြည့်နေကြသည်။ လင်းချင်းသည် နေကာမျက်မှန်တပ်ထားကာ ဦးထုပ်​ဆောင်းထားသည်။ သူမလှည့်လာသည့်အခါ အဝတ်တွင် သိသာစွာ ထွက်နေသည့် ရင်ဘတ်နေရာကို မြင်သွားကြသည်။   ‘မိန်းမလား? ထူးဆန်းပြီးတော့ အင်အားကောင်းတဲ့မိန်းမ ပြီးတော့လည်း ရန်သူ့ဘက်က’

“ဘယ်သူလဲ? ဘာလိုချင်လို့လဲ?”   နှစ်ယောက်ထဲကတစ်ယောက်သည် လင်းချင်းကို မေးသည်။ သူတို့သည် လင်းချင်းက အဆင့်ငါးကို အလွယ်လေးသတ်ပစ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်းဖြစ်လေရာ သူမအား အဆင့်ခြောက်စွမ်းအားရှင် လူသားဟု ထင်မှတ်သွားကြသည်။

လင်းချင်းသည် သူတို့အမေးကို မဖြေဘဲ ကြည့်သာနေလိုက်သည်။ ထိုအချိန်တွင် အားပြန်ရနေသည့် ရှဲ့တုန်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ထိုအခါ လင်းချင်းသည် ခေါင်းကိုထပ်လှည့်ကြည့်လာကာ နေကာမျက်မှန်ကို လျောချလိုက်ပြီး မျက်ဝန်းနက်များဖြင့် သနားသလို ကြည့်လိုက်သည်။

ရှဲ့တုန်းသည် သူမ၏မျက်လုံများကို မြင်လိုက်ရသော်လည်း ဟိုနှစ်ယောက်ကတော့ မမြင်လိုက်ပေ။ ရှဲ့တုန်းသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသော်လည်း နာကျင်မှုကို မခံစားရပေ။ သို့သော်လည်း အားကတော့ ကုန်သဖြင် သူ့ကိုယ်အာသူ မနည်းထိန်းနေရသည်။ လင်းချင်း၏ မျက်ဝန်းနက်များကို မြင်မှ ရှဲ့တုန်းသည် စိတ်သက်သာရာ ရသွားသည်။ အစတုန်းက လင်းချင်းသည် ဒီနားတွင် ရှိနေမည်ကို မသိခဲ့ပေ။ သို့သော်လည်း ခံစားချက်တစ်ခုကြောင့် သူမဆီသို့ ဦးတည်ကာ ပြေးနေခဲ့တာဖြစ်သည်။ 

ထိုခံစားချက်ကို အစက သူဘာမှန်းမသိသော်လည်း အနားနီးလာလေလေ ထိုရင်းနှီးသည့်အရှိန်အဝါက အရင်ထက်အားကောင်းလာလေလေကို သူသိလိုက်ဿဉ်။ မကြာခင်တွင်ပဲ ထိုရင်းနှီးနေသည့် အရှိန်အဝါမှာ လင်းချင်းဖြစ်ကြောင်း သူသိသွားသည်။ ထို့ကြောင့် မျှော်လင့်ချက်သေးသေးလေးဖြင့် အတက်နိုင်ဆုံးကြိုးစားကာ လင်းချင်းရှိရာသို့ ဦးတည်ပြေးနေခဲ့သည်။ သူအနားသို့ရောက်လာလျှင် လင်းချင်းသည်လည်း သူ့အားအာရုံခံမိကာ လာကယ်ပေးလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

ရေခဲအစွမ်းဇွန်ဘီခေါင်းဆောင်ကြောင့် လင်းချင်းနှင့် သူကွဲကွာသွားတည်းက ရှဲ့တုန်းသည် အလွန်တရာ့ကို သတိအပြည့်ထားခဲ့ရသည်။ သူသည် ဇွန်ဘီပေါက်စဖြစ်လေရာ အစွမ်းလည်း အရမ်းမထက်သေးသဖြင့် လူသားများနှင့် အဆင့်မြင့်ဇွန်ဘီများကို ရှောင်ရှားဖို့ လိုအပ်သည်။ အားနည်းသည့်ဇွန်ဘီဖြစ်လေရာ ပုန်းဖို့အပြင် အခြားသူမတက်နိုင်ပေ။ အရင်၂ရက်တုန်းက အဆင့်၄ဇွန်ဘီနှစ်ကောင် နေရာလုတိုက်ပွဲဖြစ်နေသည်ကို သူတွေ့ခဲ့ရသည်။ တစ်ကောင်သည် ဆိုးဆိုးဝါးဝါး ဒဏ်ရာရ၍ ပြေးသွားခဲ့သော်လည်း အနိုင်ရသည့်ဇွန်ဘီက လိုက်မဖမ်းတော့ပေ။ ရှဲ့တုန်းက ထိုဇွန်ဘီနောက်သို့လိုက်ကာ အခွင့်ရေးရသည်နှင့် ခိုးတိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ဇွန်ဘီအမြူတေထုတ်ပြီးသည့်အခါ လူတစ်စုက ပေါ်လာသည်။ ဇွန်ဘီအမြူတေကို မြင်သွားသဖြင့် ထိုလူများက လုယက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ရှဲ့တုန်းက တစ်ယောက်တည်းမှန်းသေချာသွားသည်နှင့် သူတို့သည် သူ့အားဝိုင်းကာ သတ်ဖို့လုပ်တော့သည်။

ကံကောင်းသည်မှာ ရှဲ့တုန်းက ဇွန်ဘီဖြစ်နေ၍ ထိုလူများ၏ သေလောက်အောင် တိုက်ခိုက်မှုများသည် သူ့အားမသေစေခြင်းပင်။ သူသည် အခွင့်ရေးရသည်နှင့် ထွက်ပြေးခဲ့သည်။ ဘယ်လိုလွတ်လာသလဲတော့ သူလည်းမပြောတက်ပင်မယ့် သူသည်အခွင့်ရေးတိုင်းကို အသုံးချနိုင်သဖြင့် လွတ်မြောက်လာသည်ဟု ပြောရမည်။ အံ့သြဖို့အကောင်းဆုံးက လင်းချင်းဆီသို့ သူအမြန်ပြေးလာနိုင်ခြင်းပင်။

သနားစဖွယ်ဖြစ်နေသည့် ရှဲ့တုန်းကို တစ်ချက်ကြည့်ပြီးနောက် လင်းချင်းသည် နေကာမျက်မှန်ကို ပြန်ပင့်တင်လိုက်ကာ အရှေ့ကနှစ်ယောက်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် အောက်ကကားထဲကလူများသည် အမိုးပေါ်က အပြောင်းအလဲကို သတိမထားမိကြပေ။ သူတို့သည် အမိုးပေါ်ကလူများလောက် မသန်မာလေရာ လင်းချင်းက သူမ၏အရှိန်အဝါကို ထိန်းထားသဖြင့် ဘယ်သူကမှ မသိကြတာ ဖြစ်သည်။

ခနစောင့်ပြီးသည့်အခါ သူတို့သည် ရှဲ့တုန်းအား သတ်ပြီးပြီ ထင်သွား၍ တစ်ယောက်က ထမေးသည်။   “ဆရာ ဟိုကောင်ကို သတ်ပြီးပြီလား? ကျွန်တော်တို့ မြို့လည်နဲ့ သုံးမိုင်လောက်ပဲ လိုတော့တယ်။ အစာရမလားသွားရှာကြည့်ရအောင်”

ထိုအသံကိုကြားသည့်အခါ အမိုးပေါ်ကလူများသည် ဆိတ်ဆိတ်သာနေရဲကြတော့သည်။

“ဟင်? ဘာဖြစ်လို့ သူတို့တိတ်နေတာလဲ? ရှင်းပြီးပြီမလား? ဆင်းလာဖို့ လုပ်နေလို့လား?”

“ဘာဖြစ်လို့ မဖြေတာလဲ?”

“ဆရာ? အပေါ်မှာရှိလားဗျို့?”

“တော်တော့။ အော်မနေနဲ့။ မင်းအသံက ဇွန်ဘီတွေကို ခေါ်နေသလိုပဲ”   အခြားတစ်ယောက်က အော်နေသည့်သူကို သတိပေးလိုက်သည်။ သူပြောလိုက်ပြီးမှ အနားက ဇွန်ဘီများသည် သူတို့ရှိရာသို့ တဖြည်းဖြည်းရွေ့လာနေသည်ကို ပြလိုက်သည်။

“ငါ့အသံကပဲ သူတို့ကို ခေါ်ရဦးမယ်။ ငါတို့အနံ့ကြောင့် လာတာပါကွာ”   ထိုလူသည် ခွန်းတုံ့ပြန်ပြီးနောက် သေနတ်ကိုထုတ်ကာ  ထိုဇွန်ဘီများကို ဆက်တိုက်ပစ်လိုက်သည်။ အနားက ဇွန်ဘီများသည် ခေါင်းကိုထိမှန်သွားသဖြင့် လဲကျသွားသည်။

ကျန်သည့်သူများကလည်း သေနတ်များထုတ်ကာ ဇွန်ဘီများကို ပစ်တော့သည်။   “အပေါ်မှာ ဘာဖြစ်နေတာလဲ? သူတို့ပြန်လည်းမဖြေ ဆင်းလည်းမလာဘဲ ဘာလုပ်နေကြတာလဲမသိဘူး”

ထိုအချိန်တွင် သူတို့ဆရာခေါ်နေသည့်သူကတော့ သူတို့ကို ပြန်အော်ချင်နေသည်။   ‘ချီးကို သတ်ပြီးရမယ်! ငါတို့တောင် သတ်ခံရတော့မလို ဖြစ်နေတာကွ!’

ထိုနှစ်ယောက်သည် လင်းချင်းက သူတို့ထက်အစွမ်းထက်ကြောင်းကို နားလည်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အဆင့်ငါးသုံးယောက်အနောက်သို့ တိတ်တိတ်လေးရောက်လာကာ သူတို့ဘာမှမသိသဖြင့် သေမလိုဖြစ်သွားခဲ့သောကြောင့်ပင်။

ရှဲ့တုန်းအကိုက်ခံရသည့်သူဆိုလျှင် သူတို့ထက် ၂စက္ကန့်လောက်ပဲ နောက်ကျသွားသည်ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် ခေါင်းဖြတ်ခံလိုက်ရသည်။ ဘယ်လိုသေသွားသလဲကို မသေခင် သိလိုက်မှာတောင် မဟုတ်လောက်ပေ။

စွမ်းအားကွာနေသည့်အခါ အဆင့်ငါးနှစ်ယောက်သည် ကြောက်လန့်ကုန်ကြသည်။ သူတို့၏ သေသွားသည့် မိတ်ဆွေအတွက် လက်စားချေပေးဖို့ကတော့ အဓိပ္ပါယ်မရှိဘူးဟု သူတို့ယုံကြည်ကြသည်။ စခန်းကနေ အတူအဖွဲ့ဖွဲ့ကာ ထွက်လာကြသော်လည်း ဘယ်သူမဆို အချိန်မရွေးသေဆုံးနိုင်သည်။ ဒါကိုအသားကျနေပြီဖြစ်ရာ သူတို့သည် သေချာမရင်းနှီးသည့်သူတစ်ယောက်အတွက်ဖြင့် အဆင့်၆စွမ်းအားရှင်ဖြင့် တိုက်ခိုက်စရာ မလိုဘူးဟု ယုံကြည်ကြသည်။

“သူက မင်းသူငယ်ချင်းထင်တယ်။ ငါတို့သူ့ကို အရမ်းထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ ပြီးတော့လည်း ငါတို့လူတစ်ယောက်ကို မင်းသတ်လိုက်ပြီပဲ။ ကျေပြီပဲ ထားလိုက်ရအောင် မင်းသူတို့ခေါ်သွားရတယ်။ ငါတို့သူ့ကို အခုမတားထားတော့ပါဘူး”   ထိုလူက လင်းချင်းအား အရမ်းယဉ်ကျေးမှုထားကာ ပြောလာသည်။ 

လင်းချင်းက ရှဲ့တုန်းအား အထူးတပ်ဖွဲ့ လက်ဟန်ပြကာ မေးလိုက်သည်။   ‘အစီအစဉ်ကဘာလဲ?’

ရှဲ့တုန်းသည် ခေါင်းပြတ်ကြီးကို ကြည့်လိုက်ကာ လက်ပြန်ပြသည်။   ‘သွားရအောင်’

သူ့တွင်ဇွန်ဘီအမြူတေရှိနေသေးလေရာ သူအဆင့်မြှင့်ပြီးမှ ဒီလူများကို ကိုယ်တိုင်ရှင်းဖို့ စီစဉ်ထားသည်။ သူသည် မျက်နှာများကို သေချာမှတ်ထားသည်။ လင်းချင်းကို သူ့အစား ဒီလူများကို မသတ်ခိုင်းတော့ပေ။ သူကိုယ်တိုင်သာ လက်စားပြန်ချေ၍ သတ်မည်။

သူ့လက်ဟန်ကြောင့် လင်းချင်းသည် ဘာမှမပြောတော့ဘဲ သူ့ပုခုံးကို ထိလိုက်သည်။ ထို့နောက် နှစ်ယောက်လုံးသည် နယ်မြေထဲကိုဝင်ရောက်၍ ပျောက်ကွယ်သွားကြတော့သည်။  
Previous Chapter 162 of 198 Next